ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
လယ်ယာမြေဥပဒေကို ၂၀၁၂ခုနှစ်တွင်မှ ပြဌာန်းခဲ့ပါသည်။ ယင်းမတိုင်မီက လယ်ယာ လုပ်ကိုင်သူများသည် သီးစားချထားရေးဥပဒေအရ လိုက်နာဆောင်ရွက်ရပါသည်။
လယ်ယာမြေကို ပိုင်ဆိုင်သဖြင့် လုပ်ကိုင်ကြခြင်း မဟုတ်ဘဲ၊ လယ်လုပ်သူသာ လယ်လုပ်ပိုင်ခွင့် (လယ်ပိုင်ခွင့်မဟုတ်) ရှိရမည်ဟူသည့် မူအရ၊ လယ်ယာမြေကို ပိုင်ဆိုင်စေကာမူ လယ်မလုပ်သူများကို လယ်လုပ်ပိုင်ခွင့်မပေးပါ။
ထို့အတွက် ၁၉၆၃ခုနှစ်မှ ၂၀၁၂ခုနှစ်အထိ နှစ်ပေါင်း (၅၀) အတွင်း လယ်ကို လုပ်ကိုင်လာ သူများသည် အဆိုပါဥပဒေအရ သီးစားချထားခြင်းခံရသူများသာဖြစ်ပါသည်။ လယ်ယာမြေကို ပိုင်ဆိုင် သူအဖြစ် အောက်မြန်မာပြည်တွင် လက်ဝယ်ထားပိုင်ခွင့်ရမြေ၊ အထက်မြန်မာပြည်တွင် ဘိုးဘပိုင်မြေ အဖြစ် သက်သေထင်ရှား ပြနိုင်သူများကိုသာ ဥပဒေက မြေရှင်အဖြစ် အသိအမှတ်ပြုပါသည်။ မြေခွန် ပြေစာနှင့် ၁၀၅/၁၀၆ သည် ပိုင်ဆိုင် မှု အထောက်အထား မဟုတ်ပါ။
၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေ မတိုင်မီအချိန်က လယ်လုပ်နေသူများသည် ထိုအချိန်က သီးစားချ ထားရေးဥပဒေအရ သီးစား (အငှားချထားခြင်းခံရသည့်) လယ်သမားများသာ ဖြစ်ပါသည်။ မြေယာကော်မတီက သီးစားမှတ်ပုံတင်ဖြင့် သီးစားချမပေးဘဲ လယ်ကိုဝင်လုပ်လျှင် ပုဒ်မ-၁၂ အရ ခြောက်လအထိ ထောင်ဒဏ် ချမှတ်ခံရမည် ဖြစ်ပါသည်။
သီးစားချထားရေး နည်းဥပဒေ၏ နည်းဥပဒေ-၁၁၊ နည်းဥပဒေခွဲ (ဂ) အရ သီးစားချထားခြင်း ခံရသူ မရှိတော့လျှင် (ကွယ်လွန်သွားလျှင်) အောက်ပါအတိုင်း သီးစားချထားရမည် ဟူသည့် ပြဌာန်း ချက်တွင် အမွေခံသားသမီးဟူ၍ ပြဌာန်းမထားပါ။ သို့ဖြစ်၍ ထိုဥပဒေ၊ နည်းဥပဒေ အာဏာသက်ရောက်နေသည့် ကာလအတွင်း မိဘက မြေခွန်ဆောင်၍ လုပ်ကိုင်နေရာမှ ကွယ်လွန်လျှင် အမွေခံ သားသမီးကိုဆက်၍ သီးစားချထားမည် မဟုတ်ပါ။ အကယ်၍ မိဘ (လက်ရှိလက်ငုတ်)နှင့်အတူ မကွယ် လွန်မီက အတူလုပ်ကိုင်နေခြင်း (ပူးတွဲ လက်ငုတ်)ဖြစ်ပါမှ သီးစားချပေးမှုကို ရရှိမည်ဖြစ်ပါသည်။ သားသမီးအရင်းပင်ဖြစ်စေ ပူးတွဲစိုက်ပျိုးလုပ်ကိုင်ခြင်း မရှိပါက စဉ်းစားရန် လုံးဝ မလိုခဲ့ပါ။ သို့ဖြစ်၍ ထိုဥပဒေအရ လုပ်ကိုင်သည့် လယ်ကို အမွေဟု တောင်းဆိုရန် ဥပဒေ မရှိပါ။
၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေကိုပြဌာန်းသည့်အခါ၊ ထိုသို့ လုပ်ကိုင်နေရသူများသည် ပုံစံ-၇ လျှောက်ထားရရှိသည့် အခါမှသာ လယ်ယာမြေကို လက်ဝယ်ထားရှိ၍ စိုက်ပျိုးလုပ်ကိုင်ခွင့်ဟူသည့် ရပိုင်ခွင့် ရရှိလာပါသည်။ ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပုဒ်မ ၉(ဂ) ပြဋ္ဌာန်းချက်အရ အမွေ ဆက်ခံခြင်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှုကို ဥပဒေနှင့်အညီ တရားရုံး၏ အဆုံးအဖြတ်ခံယူနိုင်သော အခွင့် အရေးသည် ယင်းဥပဒေပုဒ်မ ၉ အရ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသူများသာ ရရှိသောအခွင့်အရေး ဖြစ်သည်။
သို့ဖြစ်၍ ပုံစံ-၇ ရရှိထားသူ ကွယ်လွန်လျှင်မူ ယင်း၏ သားသမီးများက အမွေသက်ဆိုင်လာပါသည်။ ထို့ကြောင့် ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေအရ လယ်ယာမြေကို အမွေပုံပစ္စည်းတွင် ထည့်သွင်းခွဲဝေပေးရန် တရားစွဲဆိုနိုင်ပါကြောင်း ဥပဒေဗဟုသုတရရှိစေရန် ရေးသာဖော်ပြအပ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
လယ္ယာေျမကို အေမြပုံပစၥည္းတြင္ ထည့္သြင္းခြဲေဝျခင္း ျပဳလုပ္လို႔ရသလား။
လယ္ယာေျမဥပေဒကို ၂၀၁၂ခုႏွစ္တြင္မွ ျပဌာန္းခဲ့ပါသည္။ ယင္းမတိုင္မီက လယ္ယာ လုပ္ကိုင္သူမ်ားသည္ သီးစားခ်ထားေရးဥပေဒအရ လိုက္နာေဆာင္႐ြက္ရပါသည္။
လယ္ယာေျမကို ပိုင္ဆိုင္သျဖင့္ လုပ္ကိုင္ၾကျခင္း မဟုတ္ဘဲ၊ လယ္လုပ္သူသာ လယ္လုပ္ပိုင္ခြင့္ (လယ္ပိုင္ခြင့္မဟုတ္) ႐ွိရမည္ဟူသည့္ မူအရ၊ လယ္ယာေျမကို ပိုင္ဆိုင္ေစကာမူ လယ္မလုပ္သူမ်ားကို လယ္လုပ္ပိုင္ခြင့္မေပးပါ။
ထို႔အတြက္ ၁၉၆၃ခုႏွစ္မွ ၂၀၁၂ခုႏွစ္အထိ ႏွစ္ေပါင္း (၅၀) အတြင္း လယ္ကို လုပ္ကိုင္လာ သူမ်ားသည္ အဆိုပါဥပေဒအရ သီးစားခ်ထားျခင္းခံရသူမ်ားသာျဖစ္ပါသည္။ လယ္ယာေျမကို ပိုင္ဆိုင္ သူအျဖစ္ ေအာက္ျမန္မာျပည္တြင္ လက္ဝယ္ထားပိုင္ခြင့္ရေျမ၊ အထက္ျမန္မာျပည္တြင္ ဘိုးဘပိုင္ေျမ အျဖစ္ သက္ေသထင္႐ွား ျပႏိုင္သူမ်ားကိုသာ ဥပေဒက ေျမ႐ွင္အျဖစ္ အသိအမွတ္ျပဳပါသည္။ ေျမခြန္ ေျပစာႏွင့္ ၁၀၅/၁၀၆ သည္ ပိုင္ဆိုင္ မႈ အေထာက္အထား မဟုတ္ပါ။
၂၀၁၂ခုႏွစ္၊ လယ္ယာေျမဥပေဒ မတိုင္မီအခ်ိန္က လယ္လုပ္ေနသူမ်ားသည္ ထိုအခ်ိန္က သီးစားခ် ထားေရးဥပေဒအရ သီးစား (အငွားခ်ထားျခင္းခံရသည့္) လယ္သမားမ်ားသာ ျဖစ္ပါသည္။ ေျမယာေကာ္မတီက သီးစားမွတ္ပုံတင္ျဖင့္ သီးစားခ်မေပးဘဲ လယ္ကိုဝင္လုပ္လွ်င္ ပုဒ္မ-၁၂ အရ ေျခာက္လအထိ ေထာင္ဒဏ္ ခ်မွတ္ခံရမည္ ျဖစ္ပါသည္။
သီးစားခ်ထားေရး နည္းဥပေဒ၏ နည္းဥပေဒ-၁၁၊ နည္းဥပေဒခြဲ (ဂ) အရ သီးစားခ်ထားျခင္း ခံရသူ မ႐ွိေတာ့လွ်င္ (ကြယ္လြန္သြားလွ်င္) ေအာက္ပါအတိုင္း သီးစားခ်ထားရမည္ ဟူသည့္ ျပဌာန္း ခ်က္တြင္ အေမြခံသားသမီးဟူ၍ ျပဌာန္းမထားပါ။ သို႔ျဖစ္၍ ထိုဥပေဒ၊ နည္းဥပေဒ အာဏာသက္ေရာက္ေနသည့္ ကာလအတြင္း မိဘက ေျမခြန္ေဆာင္၍ လုပ္ကိုင္ေနရာမွ ကြယ္လြန္လွ်င္ အေမြခံ သားသမီးကိုဆက္၍ သီးစားခ်ထားမည္ မဟုတ္ပါ။ အကယ္၍ မိဘ (လက္႐ွိလက္ငုတ္)ႏွင့္အတူ မကြယ္ လြန္မီက အတူလုပ္ကိုင္ေနျခင္း (ပူးတြဲ လက္ငုတ္)ျဖစ္ပါမွ သီးစားခ်ေပးမႈကို ရ႐ွိမည္ျဖစ္ပါသည္။ သားသမီးအရင္းပင္ျဖစ္ေစ ပူးတြဲစိုက္ပ်ိဳးလုပ္ကိုင္ျခင္း မ႐ွိပါက စဥ္းစားရန္ လုံးဝ မလိုခဲ့ပါ။ သို႔ျဖစ္၍ ထိုဥပေဒအရ လုပ္ကိုင္သည့္ လယ္ကို အေမြဟု ေတာင္းဆိုရန္ ဥပေဒ မ႐ွိပါ။
၂၀၁၂ခုႏွစ္၊ လယ္ယာေျမဥပေဒကိုျပဌာန္းသည့္အခါ၊ ထိုသို႔ လုပ္ကိုင္ေနရသူမ်ားသည္ ပုံစံ-၇ ေလွ်ာက္ထားရ႐ွိသည့္ အခါမွသာ လယ္ယာေျမကို လက္ဝယ္ထား႐ွိ၍ စိုက္ပ်ိဳးလုပ္ကိုင္ခြင့္ဟူသည့္ ရပိုင္ခြင့္ ရ႐ွိလာပါသည္။ ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒ ပုဒ္မ ၉(ဂ) ျပ႒ာန္းခ်က္အရ အေမြ ဆက္ခံျခင္းႏွင့္စပ္လ်ဥ္း၍ အျငင္းပြားမႈကို ဥပေဒႏွင့္အညီ တရား႐ုံး၏ အဆုံးအျဖတ္ခံယူႏိုင္ေသာ အခြင့္ အေရးသည္ ယင္းဥပေဒပုဒ္မ ၉ အရ လယ္ယာေျမလုပ္ပိုင္ခြင့္ရ႐ွိထားသူမ်ားသာ ရ႐ွိေသာအခြင့္အေရး ျဖစ္သည္။
သို႔ျဖစ္၍ ပုံစံ-၇ ရ႐ွိထားသူ ကြယ္လြန္လွ်င္မူ ယင္း၏ သားသမီးမ်ားက အေမြသက္ဆိုင္လာပါသည္။ ထို႔ေၾကာင့္ ၂၀၁၂ခုႏွစ္၊ လယ္ယာေျမဥပေဒအရ လယ္ယာေျမကို အေမြပုံပစၥည္းတြင္ ထည့္သြင္းခြဲေဝေပးရန္ တရားစြဲဆိုႏိုင္ပါေၾကာင္း ဥပေဒဗဟုသုတရ႐ွိေစရန္ ေရးသာေဖာ္ျပအပ္ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
iMyanmarHouse.com ၏ ဥပေဒအၾကံေပး ပညာ႐ွင္အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com