သုသာန်မြေကို မည်သည့်အချက်အလက်များဖြင့် သတ်မှတ်ချထားသလဲ။

သုသာန်မြေကို မည်သည့်အချက်အလက်များဖြင့် သတ်မှတ်ချထားသလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
4 May 2022 12:16 pm တွင် တင်ခဲ့သည်
959 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

မြို့နှင့်ကျေးရွာများတွင် သုသာန်မြေအဖြစ် သတ်မှတ်ချထားခြင်းကို အောက်ပါအတိုင်း လိုက်နာ ဆောင်ရွက်ရန်ဖြစ်ပါသည်။

(က) နိုင်ငံတော်အစိုးရက စီမံခန့်ခွဲနိုင်သောမြေဖြစ်ပါက မြေပေးမိန့်ရရှိရေး ဆောင်ရွက်ရန်၊

(ခ) သက်ဆိုင်ရာဝန်ကြီးဌာနများက စီမံခန့်ခွဲသော မြေဖြစ်လျှင် မြေအမျိုးအစားအလိုက် သုသာန် မြေအဖြစ် အသုံးပြုရန်အလို့ငှာ အောက်ပါအထောက်အထား တစ်မျိုးမျိုး ရယူရန်၊

(၁) ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ မပြဌာန်းမီကာလကဖြစ်ပါက လယ်ယာမြေ၊ မြေ လွတ်၊ မြေရိုင်းများနှင့် ပတ်သက်၍ လ/န ၃၉ ခွင့်ပြုမိန့်၊

(၂) ၂၀၁၂ ခုနှစ်၊ လယ်ယာမြေဥပဒေ ပြဌာန်းပြီးကာလအတွင်း လယ်မြေဖြစ်ပါက ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ခွင့်ပြုမိန့်၊ ယာမြေနှင့် ဥယျာဉ်ခြံမြေများ ဖြစ်ပါက နေပြည်တော်ကောင်စီနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ လယ်မြေမှတစ်ပါး လယ်ယာမြေအား အခြားနည်း အသုံးပြုခွင့်၊

(၃) ၂၀၁၂ ခုနှစ်၊ မြေလွတ်မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ ပြဋ္ဌာန်းပြီး ကာလတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ ခွင့်ပြုမိန့်၊

(၄) စားကျက်မြေဖြစ်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စားကျက်မြေ ပယ်ဖျက်မိန့် မိတ္တူမှန်၊

(၅) သစ်တောမြေဖြစ်ပါက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ သစ်တောမြေအဖြစ်မှ ပယ်ဖျက်မိန့် မိတ္တူမှန်၊

(၆) ကျန်အခြားမြေများဖြစ်ပါက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစိုးရစီမံ ခန့်ခွဲပိုင်ခွင့် ရှိသောမြေအဖြစ် ခွင့်ပြုမိန့်၊

(ရှင်းလင်းချက်။ “ကျန်အခြားမြေ" ဆိုသည့် စကားရပ်တွင် လယ်ယာလုပ်ကိုင်ခြင်း မပြုနိုင်သည့် သဲကန္တာရ၊ ကျောက်ကုန်း၊ ပြောင်တလင်းပြင်၊ ကျောက်တောင်၊ ကျောက် ဆောင်၊ ကျောက်ကမ်းပါး၊ ကျောက်စရစ်ကုန်း၊ ဂဝံကုန်း၊ ဂျင်းကျောက်မြေ၊ ကျတ်တီး ကုန်း၊ ဆားပေါက် မြေ၊ ဆပ်ပြာပေါက်မြေ၊ စိမ့်ပေါက်မြေ၊ နွံပေါက်မြေ၊ ရေခဲတောင်၊ ဖွတ်ချေးမြေ စသည့် လုံးဝ စိုက်ပျိုးခြင်းမပြုနိုင်သည့် ဧရိယာများပါဝင်သည်။)

(ဂ) အပိုဒ်ခွဲ(က)ပါ မြေပေးမိန့် သို့မဟုတ် အပိုဒ်ခွဲ(ခ)ပါ အထောက်အထားတစ်မျိုးမျိုး ရရှိပြီး မြေတို့အား နိုင်ငံသားတစ်ဦး၊ သက်ဆိုင်သည့် အဖွဲ့အစည်း၊ သက်ဆိုင်ရာစည်ပင် သာယာရေး ကော်မတီ၊ စည်ပင်သာယာရေးအဖွဲ့က ခရိုင်အုပ်ချုပ်ရေးမှူးထံ သုသာန်မြေအဖြစ် သတ်မှတ်ချထားနိုင်ရေး လျှောက်ထားရန်၊

(ဃ) ခရိုင်အုပ်ချုပ်ရေးမှူးသည် လျှောက်ထားချက်ကို လက်ခံရရှိပါက အောက်မြန်မာနိုင်ငံ မြေနှင့် အခွန်နည်းဥပဒေ ၃၇၊ အထက်မြန်မာနိုင်ငံ မြေနှင့်အခွန်နည်း ဥပဒေ ၅၆၊ မြေနှင့် အခွန်အမိန့်ဆင့်ဆိုချက် ၃၅ တို့နှင့်အညီ အမှုတွဲဖွင့်လှစ် ဆောင်ရွက်ပြီး ၅ ဧကထက် မပိုသောမြေများအတွက် နေပြည်တော်အုပ်ချုပ်ရေးမှူး သို့မဟုတ် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အစိုးရအဖွဲ့၏ အတည်ပြုချက်ကိုရယူ၍ အပိုင်ဂရန် သို့မဟုတ် အငှားဂရန် ခွင့်ပြုချထားပေးရန်၊

(င) ၅ ဧကထက်ပိုသော မြေများအတွက် ခရိုင်အုပ်ချုပ်ရေးမှူးသည် နေပြည်တော် အုပ်ချုပ်ရေးမှူး သို့မဟုတ် ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် အုပ်ချုပ်ရေးမှူးမှတဆင့် နေပြည်တော်ကောင်စီ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့၏ သဘော ထားမှတ်ချက်နှင့်အတူ ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနထံသို့လည်း ကောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးထံသို့ လည်းကောင်း တင်ပြ၍ သဘောထားမှတ်ချက်ရယူပြီး ခွင့်ပြုမိန့် ရရှိပါက အပိုင်ဂရန် သို့မဟုတ် အငှားဂရန် ခွင့်ပြုချထား ပေးရန်၊

(စ) ခရိုင်အုပ်ချုပ်ရေးမှူးသည် ခွင့်ပြုထားသာမြေအား မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေး နှင့်စာရင်း အင်းဦးစီးဌာန၏ ဦးပိုင်မှတ်ပုံတင်စာရင်းတွင် စာရင်းရေးသွင်းမှတ်သားနိုင်ရေး ဆောင်ရွက်ရန်၊

(ဆ) နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် သုသာန်မြေမှ အပ ကျန်သုသာန်မြေကို ဆက်လက်အသုံးမပြုတော့သည့်အခါ နိုင်ငံတော်သို့ ပြန်လည်အပ်နှံ စေရန်နှင့် ခရိုင်အုပ်ချုပ်ရေးမှူးက အပိုဒ်ခွဲငယ် (ဂ)၊ (ဃ) အတိုင်းတင်ပြပြီး သုသာန်မြေအဖြစ်မှ ပယ်ဖျက်၍ အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေအဖြစ် အမိန့်ထုတ်ပြန် ထိန်းသိမ်းထားရှိရန် ဖြစ်သည်။

အထက်ပါအတိုင်း အသုံးပြုမည့် မြေအမျိုးအစားပေါ်မူတည်ပြီး ခွင့်ပြုချက်ရယူခြင်းနှင့် ဆက်လက် အသုံးမပြုတော့သည့်အခါ နိုင်ငံတော်သို့ ပြန်လည်အပ်နှံစေခြင်းများကို ပြုလုပ်ဆောင်ရွက် ကြောင်း ဥပဒေ ဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

သုသာန္ေျမကို မည္သည့္အခ်က္အလက္မ်ားျဖင့္ သတ္မွတ္ခ်ထားသလဲ။

ၿမိဳ႕ႏွင့္ေက်း႐ြာမ်ားတြင္ သုသာန္ေျမအျဖစ္ သတ္မွတ္ခ်ထားျခင္းကို ေအာက္ပါအတိုင္း လိုက္နာ ေဆာင္႐ြက္ရန္ျဖစ္ပါသည္။

(က) ႏိုင္ငံေတာ္အစိုးရက စီမံခန္႔ခြဲႏိုင္ေသာေျမျဖစ္ပါက ေျမေပးမိန္႔ရ႐ွိေရး ေဆာင္႐ြက္ရန္၊

(ခ) သက္ဆိုင္ရာဝန္ႀကီးဌာနမ်ားက စီမံခန္႔ခြဲေသာ ေျမျဖစ္လွ်င္ ေျမအမ်ိဳးအစားအလိုက္ သုသာန္ ေျမအျဖစ္ အသုံးျပဳရန္အလို႔ငွာ ေအာက္ပါအေထာက္အထား တစ္မ်ိဳးမ်ိဳး ရယူရန္၊

(၁) ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒ မျပဌာန္းမီကာလကျဖစ္ပါက လယ္ယာေျမ၊ ေျမ လြတ္၊ ေျမ႐ိုင္းမ်ားႏွင့္ ပတ္သက္၍ လ/န ၃၉ ခြင့္ျပဳမိန္႔၊

(၂) ၂၀၁၂ ခုႏွစ္၊ လယ္ယာေျမဥပေဒ ျပဌာန္းၿပီးကာလအတြင္း လယ္ေျမျဖစ္ပါက ဗဟိုလယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕၏ ခြင့္ျပဳမိန္႔၊ ယာေျမႏွင့္ ဥယ်ာဥ္ျခံေျမမ်ား ျဖစ္ပါက ေနျပည္ေတာ္ေကာင္စီႏွင့္ သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕၏ လယ္ေျမမွတစ္ပါး လယ္ယာေျမအား အျခားနည္း အသုံးျပဳခြင့္၊

(၃) ၂၀၁၂ ခုႏွစ္၊ ေျမလြတ္ေျမလပ္ႏွင့္ေျမ႐ိုင္းမ်ားစီမံခန္႔ခြဲေရးဥပေဒ ျပ႒ာန္းၿပီး ကာလတြင္ ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားစီမံခန္႔ခြဲေရးဗဟိုေကာ္မတီ၏ ခြင့္ျပဳမိန္႔၊

(၄) စားက်က္ေျမျဖစ္ပါက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ စားက်က္ေျမ ပယ္ဖ်က္မိန္႔ မိတၱဴမွန္၊

(၅) သစ္ေတာေျမျဖစ္ပါက သယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီးဌာန၏ သစ္ေတာေျမအျဖစ္မွ ပယ္ဖ်က္မိန္႔ မိတၱဴမွန္၊

(၆) က်န္အျခားေျမမ်ားျဖစ္ပါက အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ အစိုးရစီမံ ခန္႔ခြဲပိုင္ခြင့္ ႐ွိေသာေျမအျဖစ္ ခြင့္ျပဳမိန္႔၊

(႐ွင္းလင္းခ်က္။ “က်န္အျခားေျမ" ဆိုသည့္ စကားရပ္တြင္ လယ္ယာလုပ္ကိုင္ျခင္း မျပဳႏိုင္သည့္ သဲကႏၲာရ၊ ေက်ာက္ကုန္း၊ ေျပာင္တလင္းျပင္၊ ေက်ာက္ေတာင္၊ ေက်ာက္ ေဆာင္၊ ေက်ာက္ကမ္းပါး၊ ေက်ာက္စရစ္ကုန္း၊ ဂဝံကုန္း၊ ဂ်င္းေက်ာက္ေျမ၊ က်တ္တီး ကုန္း၊ ဆားေပါက္ ေျမ၊ ဆပ္ျပာေပါက္ေျမ၊ စိမ့္ေပါက္ေျမ၊ ႏြံေပါက္ေျမ၊ ေရခဲေတာင္၊ ဖြတ္ေခ်းေျမ စသည့္ လုံးဝ စိုက္ပ်ိဳးျခင္းမျပဳႏိုင္သည့္ ဧရိယာမ်ားပါဝင္သည္။)

(ဂ) အပိုဒ္ခြဲ(က)ပါ ေျမေပးမိန္႔ သို႔မဟုတ္ အပိုဒ္ခြဲ(ခ)ပါ အေထာက္အထားတစ္မ်ိဳးမ်ိဳး ရ႐ွိၿပီး ေျမတို႔အား ႏိုင္ငံသားတစ္ဦး၊ သက္ဆိုင္သည့္ အဖြဲ႕အစည္း၊ သက္ဆိုင္ရာစည္ပင္ သာယာေရး ေကာ္မတီ၊ စည္ပင္သာယာေရးအဖြဲ႕က ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးထံ သုသာန္ေျမအျဖစ္ သတ္မွတ္ခ်ထားႏိုင္ေရး ေလွ်ာက္ထားရန္၊

(ဃ) ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးသည္ ေလွ်ာက္ထားခ်က္ကို လက္ခံရ႐ွိပါက ေအာက္ျမန္မာႏိုင္ငံ ေျမႏွင့္ အခြန္နည္းဥပေဒ ၃၇၊ အထက္ျမန္မာႏိုင္ငံ ေျမႏွင့္အခြန္နည္း ဥပေဒ ၅၆၊ ေျမႏွင့္ အခြန္အမိန္႔ဆင့္ဆိုခ်က္ ၃၅ တို႔ႏွင့္အညီ အမႈတြဲဖြင့္လွစ္ ေဆာင္႐ြက္ၿပီး ၅ ဧကထက္ မပိုေသာေျမမ်ားအတြက္ ေနျပည္ေတာ္အုပ္ခ်ဳပ္ေရးမႉး သို႔မဟုတ္ သက္ဆိုင္ရာ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးမွ တစ္ဆင့္ ေနျပည္ေတာ္ေကာင္စီ သို႔မဟုတ္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ အစိုးရအဖြဲ႕၏ အတည္ျပဳခ်က္ကိုရယူ၍ အပိုင္ဂရန္ သို႔မဟုတ္ အငွားဂရန္ ခြင့္ျပဳခ်ထားေပးရန္၊

(င) ၅ ဧကထက္ပိုေသာ ေျမမ်ားအတြက္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးသည္ ေနျပည္ေတာ္ အုပ္ခ်ဳပ္ေရးမႉး သို႔မဟုတ္ ဆိုင္ရာတိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးမွတဆင့္ ေနျပည္ေတာ္ေကာင္စီ သို႔မဟုတ္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕၏ သေဘာ ထားမွတ္ခ်က္ႏွင့္အတူ ၫႊန္ၾကားေရးမႉးခ်ဳပ္၊ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာနထံသို႔လည္း ေကာင္း၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးထံသို႔ လည္းေကာင္း တင္ျပ၍ သေဘာထားမွတ္ခ်က္ရယူၿပီး ခြင့္ျပဳမိန္႔ ရ႐ွိပါက အပိုင္ဂရန္ သို႔မဟုတ္ အငွားဂရန္ ခြင့္ျပဳခ်ထား ေပးရန္၊

(စ) ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးသည္ ခြင့္ျပဳထားသာေျမအား ၿမိဳ႕နယ္လယ္ယာေျမ စီမံခန္႔ခြဲေရး ႏွင့္စာရင္း အင္းဦးစီးဌာန၏ ဦးပိုင္မွတ္ပုံတင္စာရင္းတြင္ စာရင္းေရးသြင္းမွတ္သားႏိုင္ေရး ေဆာင္႐ြက္ရန္၊

(ဆ) ေနျပည္ေတာ္၊ ရန္ကုန္၊ မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီပိုင္ သုသာန္ေျမမွ အပ က်န္သုသာန္ေျမကို ဆက္လက္အသုံးမျပဳေတာ့သည့္အခါ ႏိုင္ငံေတာ္သို႔ ျပန္လည္အပ္ႏွံ ေစရန္ႏွင့္ ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉးက အပိုဒ္ခြဲငယ္ (ဂ)၊ (ဃ) အတိုင္းတင္ျပၿပီး သုသာန္ေျမအျဖစ္မွ ပယ္ဖ်က္၍ အစိုးရစီမံခန္႔ခြဲပိုင္ခြင့္႐ွိေသာေျမအျဖစ္ အမိန္႔ထုတ္ျပန္ ထိန္းသိမ္းထား႐ွိရန္ ျဖစ္သည္။

အထက္ပါအတိုင္း အသုံးျပဳမည့္ ေျမအမ်ိဳးအစားေပၚမူတည္ၿပီး ခြင့္ျပဳခ်က္ရယူျခင္းႏွင့္ ဆက္လက္ အသုံးမျပဳေတာ့သည့္အခါ ႏိုင္ငံေတာ္သို႔ ျပန္လည္အပ္ႏွံေစျခင္းမ်ားကို ျပဳလုပ္ေဆာင္႐ြက္ ေၾကာင္း ဥပေဒ ဗဟုသုတရ႐ွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service