တိုက်ခန်းဝယ်ရင် အခွန်ဆောင်ဖို့လိုပါသလား။

တိုက်ခန်းဝယ်ရင် အခွန်ဆောင်ဖို့လိုပါသလား။ - Property Knowledge in Myanmar from iMyanmarHouse.com
4 May 2022 12:01 pm တွင် တင်ခဲ့သည်
937 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ နိုင်ငံသား မည်သူမဆို အခြေပစွည်း တစ်ရပ်ရပ်ကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းသစ်တည်ထောင်ခြင်း၊ လုပ်ငန်းသစ်ထပ်မံ တိုးချဲ့ခြင်း ကိစွရပ်များအတွက် အခွန်ပေးဆောင်ရန်လိုအပ်မည်ဖြစ်ပါသည်။

အခြေပစွည်းဆိုတဲ့နေရာကို အဓိပ္ပာယ်ဖွင့်ရမည်ဆိုလျှင် အိမ်ခြံမြေ၊ တိုက်ခန်းကိုဆိုလိုပါသည်။ ထို့ကြောင့်တိုက်ခန်းဝယ်ရင် ဥပဒေအရတော့ အခွန်ပေးဆောင်ရန်လိုအပ်ပါသည်။

များသောအားဖြင့် မြေကွက်ဝယ်ယူခြင်းတွင် မိမိအမည်သို့ ဂရန်အမည်ပြောင်းရန်အတွက် မှတ်ပုံတင် စာချုပ်ချုပ်ဆိုရန် ဝယ်ခွန်ပေးဆောင်ရန်လိုအပ်သည့်အတွက် မဖြစ်မနေအခွန်ဆောင်ကြပြီး တိုက်ခန်းဝယ်ယူခြင်းကို အများစုက ဝယ်ခွန်မဆောင်ကြပါဘူး။ ဘာကြောင့်လဲဆို မြေကွက်ကဲ့သို့ အမည်ပြောင်းဆောင်ရွက်၍ မရသည့်အတွက်ဖြစ်ပါသည်။

လက်ရှိအချိန်ထိ တိုက်ခန်းတွေမှာတော့ မဖြစ်မနေ ဝယ်ခွန်ဆောင်ရမယ်ဆိုပြီး တင်းကျပ်ထားသည့် စည်းမျဉ်းလုပ်ထုံး လုပ်နည်းထုတ်ပြန်ထားတာမတွေ့ရဘူး။ ဒီအချက်ကြောင့်လဲ ဝယ်ခွန် မဆောင်ဘဲ အရောင်းအဝယ်ပြုလုပ်နေကြခြင်းဖြစ်ပါသည်။

တိုက်ခန်းကို ဝယ်ခွန်ဆောင်ထားခြင်းအားဖြင့် မည်သည့်အကျိုးကျေးဇူးရနိုင်သလဲဆိုလျှင် မိမိ ဝယ်ယူထားသည့်တိုက်ခန်းသည် အကြောင်းအမျိုးမျိုးကြောင့် တစ်ဦးထပ်ပိုပြီးရောင်းချထားခြင်း၊ ပေါင်နှံထားခြင်း၊ ပိုင်ဆိုင်မှုအငြင်းပွားမှုတစ်စုံတစ်ခုဖြစ်ပွားခြင်း စသည့်ကိစ္စရပ်များဖြစ်ပေါ်ခဲ့သည် ရှိသော် မိမိသည်တိုက်ခန်း ဝယ်ယူခြင်းအတွက် နိုင်ငံတော်အစိုးရထံတွင် တရားဝင်အခွန်ပေးဆောင် ထားပြီးဖြစ်သည့်အတွက် မိမိဝယ်ယူထားခြင်းသည် တရားဝင်အထောက်အထားခိုင်လုံပြီး အဆိုပါအခြေအနေတွင် လက်လွတ်ဆုံးရှုံးမှုဖြစ်ပေါ်ခြင်း မရှိဘဲ တရားဝင်ပိုင်ဆိုင်ခွင့်ရရှိမှာဖြစ်ပါသည်။

တိုက်ခန်းဝယ်ယူခြင်းအတွက် ဝယ်ခွန်ဆောင်မယ်ဆိုရင်တော့ သက်ဆိုင်ရာကာလတန်ဖိုးစိစစ် ရေး အဖွဲ့ထံ တိုက်ခန်းဝယ်ပြီး ရက်ပေါင်း ၁၂၀ အတွင်း အောက်ပါစာရွက်စာတမ်းများ တင်ပြလျှောက်ထားရမှာဖြစ်ပါသည်။

- အရောင်းအဝယ်စာချုပ်မူရင်း/မိတ္တူ။

- ရောင်းသူ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မိတ္တူ။

- ဝယ်ယူသူ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း မူရင်း/မိတ္တူ။

- အရောင်းအဝယ်ပြုလုပ်သည့် တိုက်ခန်း၏ (အရှေ့၊ အနောက်၊ ဘယ်၊ ညာ) ဓာတ်ပုံ (၄)ပုံ။

နှစ်စဉ်ထုတ်ပြန်သည့် မြို့နယ်အလိုက် တိုက်ခန်းအလွှာပေါ်မူတည်ပြီး တစ်စတုရန်းပေးပေါ်တွင် တန်ဖိုးစံနှုန်း သတ်မှတ်ပေးထားပြီး ကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှ အစည်းအဝေးဆုံးဖြတ်သည့် တိုက်ခန်းတန်ဖိုးအပေါ်တွင် ဝယ်ခွန်နှင့် တံဆိပ်ခေါင်းခွန်ပေးဆောင်ရမည်ဖြစ်ပါသည်။

သက်ဆိုင်ရာမြို့နယ်အခွန်ရုံးတွင် ဝယ်ခွန်နှင့် တံဆိပ်ခေါင်းခွန်ပေးဆောင်ရမည်ဖြစ်ပြီး အခွန်ရုံးမှ ဝယ်ယူသူအမည်ဖြင့် တိုက်ခန်းဝယ်ယူခြင်းအတွက် အခွန်ပေးသွင်းပြီးကြောင်း ငွေသွင်းပြေစာ အထောက်အထား ပြန်လည်ထုတ်ပေးမှာ ဖြစ်ပါသည်။

ထို့ကြောင့် ဥပဒေပညာရှင်တစ်ဦးအနေဖြင့် အကြံဉာဏ်ပေးရမည်ဆိုလျှင်တော့ တိုက်ခန်း ဝယ်ယူခြင်းအပေါ် ဝယ်ခွန်ဆောင်ထားခြင်းသည် ဝယ်ယူသူအတွက် ပိုင်ဆိုင်မှုအပေါ်တွင်များစွာ အားသာချက်ရနိုင်သောကြောင့် တိုက်ခန်းဝယ်ယူခြင်းအတွက် အခွန်ပေးဆောင်ကြပါရန် အကြံပြုအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တိုက္ခန္းဝယ္ရင္ အခြန္ေဆာင္ဖို႔လိုပါသလား။

ျပည္ေထာင္စု၏အခြန္အေကာက္ဥပေဒအရ ႏိုင္ငံသား မည္သူမဆို အေျခပစြည္း တစ္ရပ္ရပ္ကို ဝယ္ယူျခင္း၊ တည္ေဆာက္ျခင္း၊ ရယူျခင္းႏွင့္ လုပ္ငန္းသစ္တည္ေထာင္ျခင္း၊ လုပ္ငန္းသစ္ထပ္မံ တိုးခ်ဲ႕ျခင္း ကိစြရပ္မ်ားအတြက္ အခြန္ေပးေဆာင္ရန္လိုအပ္မည္ျဖစ္ပါသည္။

အေျခပစြည္းဆိုတဲ့ေနရာကို အဓိပၸာယ္ဖြင့္ရမည္ဆိုလွ်င္ အိမ္ျခံေျမ၊ တိုက္ခန္းကိုဆိုလိုပါသည္။ ထို႔ေၾကာင့္တိုက္ခန္းဝယ္ရင္ ဥပေဒအရေတာ့ အခြန္ေပးေဆာင္ရန္လိုအပ္ပါသည္။

မ်ားေသာအားျဖင့္ ေျမကြက္ဝယ္ယူျခင္းတြင္ မိမိအမည္သို႔ ဂရန္အမည္ေျပာင္းရန္အတြက္ မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆိုရန္ ဝယ္ခြန္ေပးေဆာင္ရန္လိုအပ္သည့္အတြက္ မျဖစ္မေနအခြန္ေဆာင္ၾကၿပီး တိုက္ခန္းဝယ္ယူျခင္းကို အမ်ားစုက ဝယ္ခြန္မေဆာင္ၾကပါဘူး။ ဘာေၾကာင့္လဲဆို ေျမကြက္ကဲ့သို႔ အမည္ေျပာင္းေဆာင္႐ြက္၍ မရသည့္အတြက္ျဖစ္ပါသည္။

လက္႐ွိအခ်ိန္ထိ တိုက္ခန္းေတြမွာေတာ့ မျဖစ္မေန ဝယ္ခြန္ေဆာင္ရမယ္ဆိုၿပီး တင္းက်ပ္ထားသည့္ စည္းမ်ဥ္းလုပ္ထုံး လုပ္နည္းထုတ္ျပန္ထားတာမေတြ႕ရဘူး။ ဒီအခ်က္ေၾကာင့္လဲ ဝယ္ခြန္ မေဆာင္ဘဲ အေရာင္းအဝယ္ျပဳလုပ္ေနၾကျခင္းျဖစ္ပါသည္။

တိုက္ခန္းကို ဝယ္ခြန္ေဆာင္ထားျခင္းအားျဖင့္ မည္သည့္အက်ိဳးေက်းဇူးရႏိုင္သလဲဆိုလွ်င္ မိမိ ဝယ္ယူထားသည့္တိုက္ခန္းသည္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ တစ္ဦးထပ္ပိုၿပီးေရာင္းခ်ထားျခင္း၊ ေပါင္ႏွံထားျခင္း၊ ပိုင္ဆိုင္မႈအျငင္းပြားမႈတစ္စုံတစ္ခုျဖစ္ပြားျခင္း စသည့္ကိစၥရပ္မ်ားျဖစ္ေပၚခဲ့သည္ ႐ွိေသာ္ မိမိသည္တိုက္ခန္း ဝယ္ယူျခင္းအတြက္ ႏိုင္ငံေတာ္အစိုးရထံတြင္ တရားဝင္အခြန္ေပးေဆာင္ ထားၿပီးျဖစ္သည့္အတြက္ မိမိဝယ္ယူထားျခင္းသည္ တရားဝင္အေထာက္အထားခိုင္လုံၿပီး အဆိုပါအေျခအေနတြင္ လက္လြတ္ဆုံး႐ႈံးမႈျဖစ္ေပၚျခင္း မ႐ွိဘဲ တရားဝင္ပိုင္ဆိုင္ခြင့္ရ႐ွိမွာျဖစ္ပါသည္။

တိုက္ခန္းဝယ္ယူျခင္းအတြက္ ဝယ္ခြန္ေဆာင္မယ္ဆိုရင္ေတာ့ သက္ဆိုင္ရာကာလတန္ဖိုးစိစစ္ ေရး အဖြဲ႕ထံ တိုက္ခန္းဝယ္ၿပီး ရက္ေပါင္း ၁၂၀ အတြင္း ေအာက္ပါစာ႐ြက္စာတမ္းမ်ား တင္ျပေလွ်ာက္ထားရမွာျဖစ္ပါသည္။

- အေရာင္းအဝယ္စာခ်ဳပ္မူရင္း/မိတၱဴ။

- ေရာင္းသူ၏ မွတ္ပုံတင္၊ သန္းေခါင္စာရင္း မိတၱဴ။

- ဝယ္ယူသူ၏ မွတ္ပုံတင္၊ သန္းေခါင္စာရင္း မူရင္း/မိတၱဴ။

- အေရာင္းအဝယ္ျပဳလုပ္သည့္ တိုက္ခန္း၏ (အေ႐ွ႕၊ အေနာက္၊ ဘယ္၊ ညာ) ဓာတ္ပုံ (၄)ပုံ။

ႏွစ္စဥ္ထုတ္ျပန္သည့္ ၿမိဳ႕နယ္အလိုက္ တိုက္ခန္းအလႊာေပၚမူတည္ၿပီး တစ္စတုရန္းေပးေပၚတြင္ တန္ဖိုးစံႏႈန္း သတ္မွတ္ေပးထားၿပီး ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕မွ အစည္းအေဝးဆုံးျဖတ္သည့္ တိုက္ခန္းတန္ဖိုးအေပၚတြင္ ဝယ္ခြန္ႏွင့္ တံဆိပ္ေခါင္းခြန္ေပးေဆာင္ရမည္ျဖစ္ပါသည္။

သက္ဆိုင္ရာၿမိဳ႕နယ္အခြန္႐ုံးတြင္ ဝယ္ခြန္ႏွင့္ တံဆိပ္ေခါင္းခြန္ေပးေဆာင္ရမည္ျဖစ္ၿပီး အခြန္႐ုံးမွ ဝယ္ယူသူအမည္ျဖင့္ တိုက္ခန္းဝယ္ယူျခင္းအတြက္ အခြန္ေပးသြင္းၿပီးေၾကာင္း ေငြသြင္းေျပစာ အေထာက္အထား ျပန္လည္ထုတ္ေပးမွာ ျဖစ္ပါသည္။

ထို႔ေၾကာင့္ ဥပေဒပညာ႐ွင္တစ္ဦးအေနျဖင့္ အၾကံဉာဏ္ေပးရမည္ဆိုလွ်င္ေတာ့ တိုက္ခန္း ဝယ္ယူျခင္းအေပၚ ဝယ္ခြန္ေဆာင္ထားျခင္းသည္ ဝယ္ယူသူအတြက္ ပိုင္ဆိုင္မႈအေပၚတြင္မ်ားစြာ အားသာခ်က္ရႏိုင္ေသာေၾကာင့္ တိုက္ခန္းဝယ္ယူျခင္းအတြက္ အခြန္ေပးေဆာင္ၾကပါရန္ အၾကံျပဳအပ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service