ဗဟုသုတ | Posted by နှင်းအိခင်
[Unicode]
မီးသွေးမှုန့် ဟာ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ ဆေးပညာ၊ ကျန်းမာရေး၊ အလှအပရေးရာတွေမှာ တွင်ကျယ်စွာ အသုံးပြုလာတာ ကြာလှပါပြီနော်။ အလွယ်တကူရနိုင်တဲ့ မီးသွေးမှုန့်ကို နေ့စဉ် ဘဝ မှာ ဘယ်လိုအသုံးပြုရမလဲ၊ ဘယ်လောက်တောင် အသုံးဝင်လဲဆိုတာ ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။
(၁) အသားအရေကို ကြည်လင်စေတယ် - ပျားရည်တစ်ဇွန်းနဲ့ မီးသွေးမှုန့်အနည်းငယ်ကို ရောပြီးလိုအပ်ရင် ရေနွေးအနည်းငယ်ကိုပါ ရောပေးနိုင်ပါတယ်။ ပြီးရင်တော့ ရလာတဲ့ အနှစ်ကို မျက်နှာမှာလိမ်းပြီး (၁၀) မိနစ်အကြာမှာ ရေဆေးပေးလိုက်ပါ။ ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို ရရှိမှာပါ။
(၂) အဆိပ်အတောက်တွေ ပြေစေတယ် - မီးသွေးမှုန့်အနည်းငယ်ကို သံပုယိုသီး၊ သကြားအနည်းငယ်နဲ့ ရောပြီး သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲကအဆိပ် အတောက်တွေကို ဖယ်ရှားပေးရုံသာမက အဆီကိုလည်း ကျစေပါတယ်။ နောက်ပြီး ကျောက်ကပ်ကိုလည်း အထူးကျန်းမာစေပါတယ်။
(၃) ဆံပင်ကို သန့်ရှင်းစေတယ် - သင့်ခေါင်းမှာ အောက်သိုးသိုးအနံ့မျိုး ဒါမှမဟုတ် အနံ့တစ်ခုခု စွဲသွားခဲ့ရင် ခေါင်းလျှော်ရည်ထဲ မီးသွေးမှုန့်အနည်းငယ် ထည့်ပြီး လျှော်ပေးခြင်းဖြင့် ဆံပင်အနံ့လေးကို ကောင်းမွန်စေပြီး ဦးရေပြားကိုလည်း သန့်ရှင်းစင်ကြယ်စေပါတယ်။
(၄) သွားတွေကို ဖြူဖွေးစေတယ် - မီးသွေးမှုန့် အနည်းငယ်ကိုယူပြီး သွားပွတ်တံလေးနဲ့ သွားတိုက်ပေးခြင်းဖြင့် ဖြူဖွေးတဲ့ သွားလေးတွေကို ရရှိမှာပါ။ မီးသွေးမှုန့်ဟာ သွားမှာ စွဲကျန်နေတဲ့ အရောင်တွေကို ချွတ်ပေးနိုင်တာကြောင့်ပါ။
(၅) မြေသြဇာဖြစ်တယ် – အပင်စိုက်သူတွေ အနေနဲ့ မြေကြီးထဲကို မီးသွေးမှုန့်ရောပေးခြင်းဖြင့် မြေသြဇာဖြစ်စေလို့ အပင်တွေကို ရှင်သန်ကြီးထွားစေပါတယ်။
(၆) အနာတွေကို ပျောက်ကင်းစေတယ် – အကောင်ပလောင်တွေ အကိုက်ခံရတဲ့အခါဖြစ်ဖြစ်၊ ထိမိရှမိတဲ့ နေရာတွေမှာ မီးသွေးမှုန့်ကို အုန်းဆီအနည်းငယ်နဲ့ ရောပြီးလိမ်းပေးခြင်းဖြင့် အနာအကျက် မြန်စေပါတယ်
(၇) အိုးခွက်တွေကို ပြောင်လက်စေတယ် – မီးသွေးမှုန့်ကို စတီးဝူးနဲ့တို့ကာ အိုးတွေ၊ ကြွေပြားတွေကို တိုက်ပေးခြင်းဖြင့် ပြောင်လက်သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: aunty may
[Zawgyi]
မီးေသြးခဲ့ရဲ႕ လူသိနည္းတဲ့ အံ့မခန္းအသံုးဝင္ပံု (၇)မ်ိဳး
မီးေသြးမႈန္႔ ဟာ အေ႐ွ႕တိုင္းမွာေရာ အေနာက္တိုင္းမွာပါ ေဆးပညာ၊ က်န္းမာေရး၊ အလွအပေရးရာေတြမွာ တြင္က်ယ္စြာ အသုံးျပဳလာတာ ၾကာလွပါၿပီေနာ္။ အလြယ္တကူရႏိုင္တဲ့ မီးေသြးမႈန္႔ကို ေန႔စဥ္ ဘဝ မွာ ဘယ္လိုအသုံးျပဳရမလဲ၊ ဘယ္ေလာက္ေတာင္ အသုံးဝင္လဲဆိုတာ ဗဟုသုတအျဖစ္ေဖာ္ျပေပးလိုက္ပါတယ္။
(၁) အသားအေရကို ၾကည္လင္ေစတယ္ - ပ်ားရည္တစ္ဇြန္းနဲ႔ မီးေသြးမႈန္႔အနည္းငယ္ကို ေရာၿပီးလိုအပ္ရင္ ေရေႏြးအနည္းငယ္ကိုပါ ေရာေပးႏိုင္ပါတယ္။ ၿပီးရင္ေတာ့ ရလာတဲ့ အႏွစ္ကို မ်က္ႏွာမွာလိမ္းၿပီး (၁၀) မိနစ္အၾကာမွာ ေရေဆးေပးလိုက္ပါ။ ၾကည္လင္ဝင္းပတဲ့ အသားအေရေလးကို ရ႐ွိမွာပါ။
(၂) အဆိပ္အေတာက္ေတြ ေျပေစတယ္ - မီးေသြးမႈန္႔အနည္းငယ္ကို သံပုယိုသီး၊ သၾကားအနည္းငယ္နဲ႔ ေရာၿပီး ေသာက္သုံးေပးျခင္းျဖင့္ ခႏၶာကိုယ္ထဲကအဆိပ္ အေတာက္ေတြကို ဖယ္႐ွားေပး႐ုံသာမက အဆီကိုလည္း က်ေစပါတယ္။ ေနာက္ၿပီး ေက်ာက္ကပ္ကိုလည္း အထူးက်န္းမာေစပါတယ္။
(၃) ဆံပင္ကို သန္႔႐ွင္းေစတယ္ - သင့္ေခါင္းမွာ ေအာက္သိုးသိုးအနံ႔မ်ိဳး ဒါမွမဟုတ္ အနံ႔တစ္ခုခု စြဲသြားခဲ့ရင္ ေခါင္းေလွ်ာ္ရည္ထဲ မီးေသြးမႈန္႔အနည္းငယ္ ထည့္ၿပီး ေလွ်ာ္ေပးျခင္းျဖင့္ ဆံပင္အနံ႔ေလးကို ေကာင္းမြန္ေစၿပီး ဦးေရျပားကိုလည္း သန္႔႐ွင္းစင္ၾကယ္ေစပါတယ္။
(၄) သြားေတြကို ျဖဴေဖြးေစတယ္ - မီးေသြးမႈန္႔ အနည္းငယ္ကိုယူၿပီး သြားပြတ္တံေလးနဲ႔ သြားတိုက္ေပးျခင္းျဖင့္ ျဖဴေဖြးတဲ့ သြားေလးေတြကို ရ႐ွိမွာပါ။ မီးေသြးမႈန္႔ဟာ သြားမွာ စြဲက်န္ေနတဲ့ အေရာင္ေတြကို ခြၽတ္ေပးႏိုင္တာေၾကာင့္ပါ။
(၅) ေျမၾသဇာျဖစ္တယ္ – အပင္စိုက္သူေတြ အေနနဲ႔ ေျမႀကီးထဲကို မီးေသြးမႈန္႔ေရာေပးျခင္းျဖင့္ ေျမၾသဇာျဖစ္ေစလို႔ အပင္ေတြကို ႐ွင္သန္ႀကီးထြားေစပါတယ္။
(၆) အနာေတြကို ေပ်ာက္ကင္းေစတယ္ – အေကာင္ပေလာင္ေတြ အကိုက္ခံရတဲ့အခါျဖစ္ျဖစ္၊ ထိမိ႐ွမိတဲ့ ေနရာေတြမွာ မီးေသြးမႈန္႔ကို အုန္းဆီအနည္းငယ္နဲ႔ ေရာၿပီးလိမ္းေပးျခင္းျဖင့္ အနာအက်က္ ျမန္ေစပါတယ္
(၇) အိုးခြက္ေတြကို ေျပာင္လက္ေစတယ္ – မီးေသြးမႈန္႔ကို စတီးဝူးနဲ႔တို႔ကာ အိုးေတြ၊ ေႂကြျပားေတြကို တိုက္ေပးျခင္းျဖင့္ ေျပာင္လက္သန္႔႐ွင္းသြားမွာ ျဖစ္ပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
Credit: aunty may