(အသုံးမပြုချိန်၌ပင်) ဂတ်စ်မီးဖိုများ၏ အသက်ရှူလမ်းကြောင်းဆိုင်ရာအန္တရာယ်များ

(အသုံးမပြုချိန်၌ပင်) ဂတ်စ်မီးဖိုများ၏ အသက်ရှူလမ်းကြောင်းဆိုင်ရာအန္တရာယ်များ - Property Knowledge in Myanmar from iMyanmarHouse.com
2 May 2022 11:05 am တွင် တင်ခဲ့သည်
3358 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ဂတ်စ်မီးဖိုအသုံးပြုမှုမှ ထုတ်လွှတ်လိုက်တဲ့ပစ္စည်းတွေကြောင့် ဖြစ်ပေါ်တဲ့ အခန်းတွင်းလေထုညစ်ညမ်းမှုနဲ့ပတ်သက်ပြီး သိပ္ပံပညာရှင်တွေရဲ့တွေ့ရှိချက်များအရ ဂတ်စ်မီးဖိုမရှိတဲ့အိမ်တွေထက် ဂတ်စ်မီးဖိုရှိတဲ့အိမ်တွေမှာ အခန်းတွင်းလေထုညစ်ညမ်းမှုက ရာခိုင်နှုန်း ၅၀ ကနေ ၄၀၀ အကြား ပိုမိုများပြားတယ်လို့ သိရပါတယ်။ ဒီထုတ်လွှတ်မှုတွေဟာ ဂတ်စ်မီးဖိုကို အသုံးမပြုတဲ့အချိန်မှာတောင်မှ ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။ အကယ်၍ သင့်အိမ်မှာ ကလေးတွေ ရှိတယ် ဒါမှမဟုတ် သင့်မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတစ်ခုခုရှိတယ်ဆိုရင် ဘေးကင်း‌အောင် ဘယ်လိုနေမလဲ?

ပြီးခဲ့တဲ့ရာစုနှစ်အစောပိုင်းကတည်းက ကမ္ဘာပေါ်မှာ ဂတ်စ်မီးဖိုတွေကို ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနေကြပါပြီ။ ဒါကြောင့်လည်းပဲ လူအများစုက ဂတ်စ်မီးဖိုတွေကို ဘေးကင်းစိတ်ချရတယ်လို့ ယူဆကြတာပဲဖြစ်ပါတယ်။

ဒါပေမဲ့ ဒါဟာ တကယ်ကိုပဲ မှန်ကန်ပါရဲ့လား?

ဂတ်စ်မီးဖိုအသုံးပြုမှုကြောင့်ဖြစ်တဲ့ အခန်းတွင်းလေထုညစ်ညမ်းမှုနဲ့ပတ်သက်လို့ လေ့လာမှုအသစ်အချို့က ဂတ်စ်အခြေပြုမီးဖိုချောင်သုံးပစ္စည်းတွေနဲ့ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့အတွက် အကြောင်းပြချက်ကို ပေးပါတယ်။

‘ဂတ်စ်မီးဖိုရှိသောအိမ်များတွင် သိသိသာသာပို၍ညစ်ညမ်းသော အခန်းတွင်းလေထု ရှိကြသည်’

Rocky Mountain Institute မှ ပြုလုပ်တဲ့ ၂၀၂၀ ပြည့်နှစ် မေလ အစီရင်ခံစာတစ်ရပ်က ဂတ်စ်မီးဖိုသုံးတဲ့အိမ်တွေဟာ ပြင်ပလေထုထက် ၂ဆကနေ ၅ဆအကြား ပိုမိုညစ်ညမ်းတဲ့အခန်းတွင်းလေထုရှိကြတယ်လို့ သိရပါတယ်။

ဒီပြန်လည်သုံးသပ်ချက်အစီရင်ခံစာသစ်ဟာ တကယ်တော့ ဂတ်စ်မီးဖိုတွေကို အသုံးပြုနေတဲ့အချိန်မှာ အဆိပ်သင့်ညစ်ညမ်းစေတဲ့ပစ္စည်းတွေ ထွက်ရှိထုတ်လွှတ်ကြောင်း ပြသတဲ့ ဆယ်စုနှစ်ချီ သိပ္ပံနည်းကျသုတေသနတွေကို ပေါင်းစုထားတာပဲဖြစ်ပါတယ်။ ဒီထုတ်လွှတ်ပစ္စည်းတွေဟာ လူ့ကျန်းမာရေးအပေါ် မကောင်းတဲ့ဘက်မှ သက်ရောက်မှုရှိပါတယ်။

ဂတ်စ်မီးဖိုသုံးပြီးတော့ အိမ်မှာ အစားအစာချက်ပြုတ်တဲ့အကြိမ်၊ အချိန်ပိုများလေလေ ဂတ်စ်မီးဖိုကြောင့် လေထုညစ်ညမ်းမှုအန္တရာယ်က ပိုများလေလေပါပဲ။

 

‘လေထုညစ်ညမ်းစေတဲ့ပစ္စည်းအမျိုးအစားများ’

ဂတ်စ်မီးဖိုတွေမှ ထုတ်လွှတ်တဲ့ လေထုညစ်ညမ်းစေတဲ့ပစ္စည်း သုံးမျိုးရှိပါတယ်။

၁။ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက် (NO2)

၂။ ကာဗွန်မိုနောက်ဆိုက်

၃။ အမှုန်ညစ်ညမ်းမှု

ထိတွေ့မှုက အထူးသဖြင့် ကလေးတွေနဲ့ လေဝင်လေထွက်မကောင်းတဲ့ (သို့) စတုရန်းပေကျဉ်းမြောင်းတဲ့ အိမ်ငယ်/အိမ်အိုတွေမှာ နေထိုင်နေရသူတွေအတွက် အကြီးအကျယ်ပျက်စီးစေပါတယ်။

အဆိုပါလေထုညစ်ညမ်းစေတဲ့ပစ္စည်းတွေရဲ့ ကျန်းမာရေးအပေါ်သက်ရောက်မှုအချို့ကို အောက်ပါအတိုင်းဖော်ပြပေးလိုက်ပါတယ်။

‘ဂတ်စ်မီးဖိုများ၏ ကျန်းမာရေးသက်ရောက်မှုများ’

ဂတ်စ်မီးဖိုကနေ ထွက်ရှိတဲ့ လေထုညစ်ညမ်းစေတဲ့ပစ္စည်းတွေမှာ (အထူးသဖြင့် အဓိကထွက်ရှိတဲ့ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်မှာ) အထူးသဖြင့် ကလေးတွေအတွက် အောက်ပါကျန်းမာရေးသက်ရောက်မှုဆိုးကျိုးတွေ ဖြစ်စေဖို့ အလားအလာရှိပါတယ်။

- ကလေးဘဝပန်းနာရင်ကျပ်ရောဂါအန္တရာယ်တိုးလာခြင်း (လက်ရှိနှင့် ဘဝတစ်သက်တာနှစ်ခုစလုံး)

- ပိုမိုဆိုးရွားမှုကိုဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ (သလိပ်သံနှင့် ခက်ခက်ခဲခဲအသက်ရှူခြင်း၊ ချောင်းဆိုးခြင်း၊ ရင်ဘတ်တစ်ဆို့တင်းကျပ်ခြင်း၊ အသက်ရှူရခက်ခြင်း)

- အသက်ရှူလမ်းကြောင်းမအီမသာဖြစ်ခြင်း

- လေ့လာသင်ယူမှုဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးလိုခြင်း၊ လျော့ခြင်း

- အဆုတ်ကူးစက်ရောဂါများ ကူးစက်လွယ်မှုတိုးလာခြင်း

- (အသက်ရှူလမ်းကြောင်းကို ကာကွယ်ပေးသော) တစ်သျှူးဓာတ်တိုးဆန့်ကျင်ပစ္စည်းအကာအကွယ်များ ပယ်ဖျက်ခံရခြင်း

- အဆုတ်လုပ်ဆောင်ချက်ပြောင်းလဲခြင်း

- နှလုံးသွေးကြောပိုင်းဆိုင်ရာ သက်ရောက်မှုများ

- ဓာတ်မတည့်မှုဖြစ်စေသော အရာများအား ခံနိုင်ရည်မရှိ၊ ကူးစက်လွယ်မှု တိုးလာခြင်း

ဂတ်စ်မီးဖိုကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှုကို အရွယ်ရောက်ပြီးသူတွေထက် ကလေးသူငယ်တွေမှာ ပိုပြီးတော့ ခံနိုင်ရည်မရှိဖြစ်ကြရတဲ့ အကြောင်းရင်းသုံးခုရှိပါတယ်။

ပထမတစ်ခုကတော့ ကလေးတွေမှာ အသက်ရှူနှုန်းပိုမိုမြင့်မားပြီး ယေဘုယျအားဖြင့် ရုပ်ပိုင်းဆိုင်ရာများစွာပိုမိုတက်ကြွကြတာကြောင့် ဖြစ်ပါတယ်။

ဒုတိယအချက်အနေနဲ့ သူတို့ရဲ့အသက်ရှူလမ်းကြောင်းစနစ်နဲ့ ခုခံအားစနစ်တွေက ဖွံ့ဖြိုးနေဆဲဖြစ်တာကြောင့်ဖြစ်ပါတယ်။

တတိယအနေနဲ့တင်ပြရရင် သူတို့ရဲ့ခန္ဓာကိုယ်တွေဟာ ပိုမိုသေးငယ်ကြပါတယ်၊ ဒါကြောင့် ကလေးတွေမှာ အရွယ်ရောက်ပြီးသူတွေထက် ခန္ဓာကိုယ်အလေးချိန်နဲ့ အဆုတ်မျက်နှာပြင်အချိုးအစား ပိုကြီးတာကြောင့်ပဲဖြစ်တယ်လို့ သိရပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Respiratory Risks of Gas Stoves (even when not in use) (thehealthyhomeeconomist)

 

[Zawgyi]

(အသုံးမျပဳခ်ိန္၌ပင္) ဂတ္စ္မီးဖိုမ်ား၏ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာအႏၲရာယ္မ်ား

ဂတ္စ္မီးဖိုအသုံးျပဳမႈမွ ထုတ္လႊတ္လိုက္တဲ့ပစၥည္းေတြေၾကာင့္ ျဖစ္ေပၚတဲ့ အခန္းတြင္းေလထုညစ္ညမ္းမႈနဲ႔ပတ္သက္ၿပီး သိပၸံပညာ႐ွင္ေတြရဲ႕ေတြ႕႐ွိခ်က္မ်ားအရ ဂတ္စ္မီးဖိုမ႐ွိတဲ့အိမ္ေတြထက္ ဂတ္စ္မီးဖို႐ွိတဲ့အိမ္ေတြမွာ အခန္းတြင္းေလထုညစ္ညမ္းမႈက ရာခိုင္ႏႈန္း ၅၀ ကေန ၄၀၀ အၾကား ပိုမိုမ်ားျပားတယ္လို႔ သိရပါတယ္။ ဒီထုတ္လႊတ္မႈေတြဟာ ဂတ္စ္မီးဖိုကို အသုံးမျပဳတဲ့အခ်ိန္မွာေတာင္မွ ျဖစ္ေပၚေနတာပဲျဖစ္ပါတယ္။ အကယ္၍ သင့္အိမ္မွာ ကေလးေတြ ႐ွိတယ္ ဒါမွမဟုတ္ သင့္မွာ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ျပႆနာတစ္ခုခု႐ွိတယ္ဆိုရင္ ေဘးကင္း‌ေအာင္ ဘယ္လိုေနမလဲ?

ၿပီးခဲ့တဲ့ရာစုႏွစ္အေစာပိုင္းကတည္းက ကမ႓ာေပၚမွာ ဂတ္စ္မီးဖိုေတြကို က်ယ္က်ယ္ျပန္႔ျပန္႔အသုံးျပဳေနၾကပါၿပီ။ ဒါေၾကာင့္လည္းပဲ လူအမ်ားစုက ဂတ္စ္မီးဖိုေတြကို ေဘးကင္းစိတ္ခ်ရတယ္လို႔ ယူဆၾကတာပဲျဖစ္ပါတယ္။

ဒါေပမဲ့ ဒါဟာ တကယ္ကိုပဲ မွန္ကန္ပါရဲ႕လား?

ဂတ္စ္မီးဖိုအသုံးျပဳမႈေၾကာင့္ျဖစ္တဲ့ အခန္းတြင္းေလထုညစ္ညမ္းမႈနဲ႔ပတ္သက္လို႔ ေလ့လာမႈအသစ္အခ်ိဳ႕က ဂတ္စ္အေျချပဳမီးဖိုေခ်ာင္သုံးပစၥည္းေတြနဲ႔ပတ္သက္ၿပီး ျပန္လည္သုံးသပ္ဖို႔အတြက္ အေၾကာင္းျပခ်က္ကို ေပးပါတယ္။

‘ဂတ္စ္မီးဖို႐ွိေသာအိမ္မ်ားတြင္ သိသိသာသာပို၍ညစ္ညမ္းေသာ အခန္းတြင္းေလထု ႐ွိၾကသည္’

Rocky Mountain Institute မွ ျပဳလုပ္တဲ့ ၂၀၂၀ ျပည့္ႏွစ္ ေမလ အစီရင္ခံစာတစ္ရပ္က ဂတ္စ္မီးဖိုသုံးတဲ့အိမ္ေတြဟာ ျပင္ပေလထုထက္ ၂ဆကေန ၅ဆအၾကား ပိုမိုညစ္ညမ္းတဲ့အခန္းတြင္းေလထု႐ွိၾကတယ္လို႔ သိရပါတယ္။

ဒီျပန္လည္သုံးသပ္ခ်က္အစီရင္ခံစာသစ္ဟာ တကယ္ေတာ့ ဂတ္စ္မီးဖိုေတြကို အသုံးျပဳေနတဲ့အခ်ိန္မွာ အဆိပ္သင့္ညစ္ညမ္းေစတဲ့ပစၥည္းေတြ ထြက္႐ွိထုတ္လႊတ္ေၾကာင္း ျပသတဲ့ ဆယ္စုႏွစ္ခ်ီ သိပၸံနည္းက်သုေတသနေတြကို ေပါင္းစုထားတာပဲျဖစ္ပါတယ္။ ဒီထုတ္လႊတ္ပစၥည္းေတြဟာ လူ႕က်န္းမာေရးအေပၚ မေကာင္းတဲ့ဘက္မွ သက္ေရာက္မႈ႐ွိပါတယ္။

ဂတ္စ္မီးဖိုသုံးၿပီးေတာ့ အိမ္မွာ အစားအစာခ်က္ျပဳတ္တဲ့အႀကိမ္၊ အခ်ိန္ပိုမ်ားေလေလ ဂတ္စ္မီးဖိုေၾကာင့္ ေလထုညစ္ညမ္းမႈအႏၲရာယ္က ပိုမ်ားေလေလပါပဲ။

‘ေလထုညစ္ညမ္းေစတဲ့ပစၥည္းအမ်ိဳးအစားမ်ား’

ဂတ္စ္မီးဖိုေတြမွ ထုတ္လႊတ္တဲ့ ေလထုညစ္ညမ္းေစတဲ့ပစၥည္း သုံးမ်ိဳး႐ွိပါတယ္။

၁။ ႏိုက္ထ႐ိုဂ်င္ဒိုင္ေအာက္ဆိုက္ (NO2)

၂။ ကာဗြန္မိုေနာက္ဆိုက္

၃။ အမႈန္ညစ္ညမ္းမႈ

ထိေတြ႕မႈက အထူးသျဖင့္ ကေလးေတြနဲ႔ ေလဝင္ေလထြက္မေကာင္းတဲ့ (သို႔) စတုရန္းေပက်ဥ္းေျမာင္းတဲ့ အိမ္ငယ္/အိမ္အိုေတြမွာ ေနထိုင္ေနရသူေတြအတြက္ အႀကီးအက်ယ္ပ်က္စီးေစပါတယ္။

အဆိုပါေလထုညစ္ညမ္းေစတဲ့ပစၥည္းေတြရဲ႕ က်န္းမာေရးအေပၚသက္ေရာက္မႈအခ်ိဳ႕ကို ေအာက္ပါအတိုင္းေဖာ္ျပေပးလိုက္ပါတယ္။

‘ဂတ္စ္မီးဖိုမ်ား၏ က်န္းမာေရးသက္ေရာက္မႈမ်ား’

ဂတ္စ္မီးဖိုကေန ထြက္႐ွိတဲ့ ေလထုညစ္ညမ္းေစတဲ့ပစၥည္းေတြမွာ (အထူးသျဖင့္ အဓိကထြက္႐ွိတဲ့ ႏိုက္ထ႐ိုဂ်င္ဒိုင္ေအာက္ဆိုက္မွာ) အထူးသျဖင့္ ကေလးေတြအတြက္ ေအာက္ပါက်န္းမာေရးသက္ေရာက္မႈဆိုးက်ိဳးေတြ ျဖစ္ေစဖို႔ အလားအလာ႐ွိပါတယ္။

- ကေလးဘဝပန္းနာရင္က်ပ္ေရာဂါအႏၲရာယ္တိုးလာျခင္း (လက္႐ွိႏွင့္ ဘဝတစ္သက္တာႏွစ္ခုစလုံး)

- ပိုမိုဆိုး႐ြားမႈကိုျဖစ္ေစႏိုင္ေသာ အသက္႐ွဴလမ္းေၾကာင္းဆိုင္ရာ ေရာဂါလကၡဏာမ်ား (သလိပ္သံႏွင့္ ခက္ခက္ခဲခဲအသက္႐ွဴျခင္း၊ ေခ်ာင္းဆိုးျခင္း၊ ရင္ဘတ္တစ္ဆို႔တင္းက်ပ္ျခင္း၊ အသက္႐ွဴရခက္ျခင္း)

- အသက္႐ွဴလမ္းေၾကာင္းမအီမသာျဖစ္ျခင္း

- ေလ့လာသင္ယူမႈဆိုင္ရာ ဉာဏ္ရည္ဉာဏ္ေသြးလိုျခင္း၊ ေလ်ာ့ျခင္း

- အဆုတ္ကူးစက္ေရာဂါမ်ား ကူးစက္လြယ္မႈတိုးလာျခင္း

- (အသက္႐ွဴလမ္းေၾကာင္းကို ကာကြယ္ေပးေသာ) တစ္သွ်ဴးဓာတ္တိုးဆန္႔က်င္ပစၥည္းအကာအကြယ္မ်ား ပယ္ဖ်က္ခံရျခင္း

- အဆုတ္လုပ္ေဆာင္ခ်က္ေျပာင္းလဲျခင္း

- ႏွလုံးေသြးေၾကာပိုင္းဆိုင္ရာ သက္ေရာက္မႈမ်ား

- ဓာတ္မတည့္မႈျဖစ္ေစေသာ အရာမ်ားအား ခံႏိုင္ရည္မ႐ွိ၊ ကူးစက္လြယ္မႈ တိုးလာျခင္း

ဂတ္စ္မီးဖိုေၾကာင့္ျဖစ္တဲ့ ေလထုညစ္ညမ္းမႈကို အ႐ြယ္ေရာက္ၿပီးသူေတြထက္ ကေလးသူငယ္ေတြမွာ ပိုၿပီးေတာ့ ခံႏိုင္ရည္မ႐ွိျဖစ္ၾကရတဲ့ အေၾကာင္းရင္းသုံးခု႐ွိပါတယ္။

ပထမတစ္ခုကေတာ့ ကေလးေတြမွာ အသက္႐ွဴႏႈန္းပိုမိုျမင့္မားၿပီး ေယဘုယ်အားျဖင့္ ႐ုပ္ပိုင္းဆိုင္ရာမ်ားစြာပိုမိုတက္ႂကြၾကတာေၾကာင့္ ျဖစ္ပါတယ္။

ဒုတိယအခ်က္အေနနဲ႔ သူတို႔ရဲ႕အသက္႐ွဴလမ္းေၾကာင္းစနစ္နဲ႔ ခုခံအားစနစ္ေတြက ဖြံ႕ၿဖိဳးေနဆဲျဖစ္တာေၾကာင့္ျဖစ္ပါတယ္။

တတိယအေနနဲ႔တင္ျပရရင္ သူတို႔ရဲ႕ခႏၶာကိုယ္ေတြဟာ ပိုမိုေသးငယ္ၾကပါတယ္၊ ဒါေၾကာင့္ ကေလးေတြမွာ အ႐ြယ္ေရာက္ၿပီးသူေတြထက္ ခႏၶာကိုယ္အေလးခ်ိန္နဲ႔ အဆုတ္မ်က္ႏွာျပင္အခ်ိဳးအစား ပိုႀကီးတာေၾကာင့္ပဲျဖစ္တယ္လို႔ သိရပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Respiratory Risks of Gas Stoves (even when not in use) (thehealthyhomeeconomist)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service