ကြွက်နားရွက်မှို ကြိုက်ကြလား။

ကြွက်နားရွက်မှို ကြိုက်ကြလား။ - Property Knowledge in Myanmar from iMyanmarHouse.com
2 May 2022 10:21 am တွင် တင်ခဲ့သည်
1098 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

ကြာဇံချက်၊ ကြာဇံဟင်းခါး၊ ကော်ရည်ခေါက်ဆွဲတွေထဲမှာ အများဆုံး ပါလေ့ရှိပြီး ထမင်းပေါင်း၊ အစိမ်းကြော်တွေထဲမှာလည်း ထည့်စား​ကြသလို ဒီအတိုင်း သုပ်စားရင်လည်း စားကောင်းတဲ့ ကြွက်နားရွက်မှိုကို ကြိုက်ကြလား။ အဖြေက ကြိုက်တယ်ဆိုရင်တော့ ဒီဆောင်းပါးလေးက သင့်အတွက်ပါ။

စားလိုက်ရင် တထုတ်ထုတ်နဲ့ စားလို့ကောင်းတဲ့ ကြွက်နားရွက်မှိုလေးက စားလို့ ကောင်းရုံတင် မဟုတ်ဘဲ ကျန်းမာရေးကိုလည်း ထောက်ကူပေးပါတယ်။ အသေးစိတ်ကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ကြွက်နားရွက်မှို ဆိုတာ

ကြွက်နားရွက်မှို ဆိုတာက မှိုတစ်မျိုးပါ။ အညိုရောင် ကနေ အမည်းရောင်အထိ အမျိုးမျိုး ရှိပြီး ခပ်ပျော့ပျော့နဲ့ နားရွက်လေးတွေမျိုး သစ်တုံးလေးတွေမှာ ကပ်ပေါက်တတ်သလို ကောက်ရိုးမြေဆွေးတွေ လုပ်ထားတဲ့ အထုပ်လေးတွေမှာလည်း ကပ်ပြီး ပေါက်တတ်ပါတယ်။

ကြွက်နားရွက်မှိုက အရှေ့တောင်အာရှဒေသ မျိုးရင်းပင်တစ်မျိုးပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်က စတင်တွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။ ကြွက်နားရွက်မှိုက အနာကျက်စေနိုင်တဲ့ အစွမ်းအာနိသင်ရှိတာကြောင့် စားသုံးသုံးစွဲခဲ့ကြတာပဲဖြစ်ပါတယ်။ ကြွက်နားရွက်မှိုကို ရောင်ရမ်းမှုသက်သာစေတဲ့ သဘာဝဆေးတစ်လက် အနေနဲ့ အသုံးပြုခဲ့ကြသလို မျက်စိရောဂါတွေနဲ့ ကင်ဆာရောဂါတွေကုဖို့အတွက်ပါ အသုံးပြုခဲ့ကြပါတယ်။

ကြွက်နားရွက်မှိုမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ

စားလို့ ကောင်းတဲ့ ကြွက်နားရွက်မှိုမှာ အခုလို အာဟာရဓာတ်လေးတွေ ပါဝင်နေပါတယ်။

ပရိုတင်း

ကယ်လ်လိုရီ

အဆီဓာတ်

ဗီတာမင် B1 (thiamin)

ဗီတာမင် B2 (riboflavin)

ဗီတာမင် vitamin B5

ဗီတာမင် vitamin B6

ဗီတာမင် vitamin B9 (folate)

copper

သံဓာတ်

မဂ္ဂနီဆီယမ်

ဆီလီနီယမ်

ဇင့်

အမျှင်ဓာတ်

omega fatty acids

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်နေပါတယ်။

ကြွက်နားရွက်မှို ကြိုက်ကြလား။

ကြွက်နားရွက်မှို ကြိုက်တယ်ဆိုရင်တော့ အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိစေနိုင်မှာပါ။

ကိုယ်ခံအား ကောင်းစေတယ်။

ပရိုတင်း ပါဝင်နေမှုက အရိုးနဲ့ကြွက်သားတွေကို သန်မာစေနိုင်ပြီး ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးနိုင်ပါတယ်။ အအေးမျ၊ ဖျားနာတာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်တယ်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝစွာ ပါဝင်နေတာကြောင့် ကင်ဆာ မဖြစ်စေဖို့ ကာကွယ်ပေးသလို ကင်ဆာကျိတ်တွေ ကြီးထွားမှုကိုလည်း ဟန့်တားပေးနိုင်ပါတယ်။

ဆီးချို ကာကွယ်ပေးနိုင်တယ်။

သကြားဓာတ် လုံးဝ မပါဝင်တဲ့ ကြွက်နားရွက်မှိုက ဆီးချို ကာကွယ်ပေးသလို ဆီးချို သက်သာစေဖို့လည်း စားပေးလို့ ရပါတယ်။ အာဟာရ ပြည့်ဝစေပြီး သွေးတွင်းသကြားဓာတ် မြင့်တက်မှု ကင်းစေမယ့် အစားအစာ တစ်မျိုးပါ။

အမျှင်ဓာတ်ပါဝင်နေတာကြောင့်လည်း ကြွက်နားရွက်မှိုက အစာစားပြီးချိန်မှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

အနာကျက်စေနိုင်တယ်။

ကြွက်နားရွက်မှိုက အရေပြားပေါ်က အနာတွေ ကျက်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။ အနာတွေ ပိုးမာင်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်။

ကြွက်နားရွက်မှိုက အရေပြားပေါ်က ရောင်ရမ်းမှုကိုရော ကိုယ်တွင်းက ရောင်ရမ်းမှုတွေကိုပါ သက်သာစေနိုင်ပါတယ်။ အရိုးအဆစ်တွေ ရောင်ရမ်းတာ၊ ကြွက်သားတွေ ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။

နှလုံးကျန်းမာစေနိုင်တယ်။

အဆီဓာတ် ပါဝင်မှု နည်းတဲ့ ကြွက်နားရွက်မှိုက သွေးတွင်း ကိုလက်စထရောကို ကျဆင်းစေပြီး ပိုတက်ဆီယမ် ပါဝင်နေမှုကလည်း သွေးပေါင်ချိန်ကို ထိန်းညှိပေးတာကြောင့် သွေးတိုး မဖြစ်စေဖို့ ကာကွယ်ပေးသလို နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။

အစာခြေစနစ် ကျန်းမာစေနိုင်တယ်။

အမျှင်ဓာတ် ပါဝင်နေတာကြောင့် အူတွေရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အူနံရံတွေရဲ့ အာဟာရ စုပ်ယူမှုကို ကောင်းမွန်စေသလို အစာခြေစနစ်ကို ကျန်းမာစေနိုင်ပါတယ်။

ဝမ်းချုပ်မှု ကင်းစေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။ အူမကြီးကို သန့်စင်ပေးပြီး အစာခြေစနစ် ပြဿနာ ကင်းစေနိုင်ပါတယ်။

အရွယ်တင်စေနိုင်တယ်။

နောက်ထပ် ကျန်းမာရေး အာနိသင် တစ်ရပ်အနေနဲ့ ကြွက်နားရွက်မှိုက အရေပြားတွေကို တင်းရင်းကျန်းမာစေပြီး အရွယ်မတိုင်ခင် အိုမင်းတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။

ဘယ်သူတွေ မစားသုံးသင့်ဘူးလဲ။

ကြွက်နားရွက်မှိုက ကျန်းမာရေးအတွက် အကျိုးများတာ မှန်ပေမယ့်

အရမ်းငယ်သေးတဲ့ ကလေးငယ်တွေ

ကိုယ်ဝန်ဆောင်တွေ

နို့တိုက်မိခင်တွေ

ရောဂါအခံရှိသူတွေ

ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေက ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။ ပမာဏများများ စားခြင်းကိုလည်း ဆင်ခြင်သင့်ပါတယ်။

ကဲ ……. စားလို့ကောင်းတဲ့ ကြွက်နားရွက်မှိုက အခုလိုမျိုး ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]









ပရိုတင်း

ကယ်လ်လိုရီ

အဆီဓာတ်

ဗီတာမင် B1 (thiamin)

ဗီတာမင် B2 (riboflavin)

ဗီတာမင် vitamin B5

ဗီတာမင် vitamin B6


copper

သံဓာတ်

မဂ္ဂနီဆီယမ်

ဆီလီနီယမ်

ဇင့်

အမျှင်ဓာတ်

omega fatty acids











အနာကျက်စေနိုင်တယ်။









အရွယ်တင်စေနိုင်တယ်။





ကိုယ်ဝန်ဆောင်တွေ

နို့တိုက်မိခင်တွေ

ရောဂါအခံရှိသူတွေ






Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service