အသားအရေအတွက် တရုတ်နံနံရဲ့ အသုံးဝင်ပုံ

အသားအရေအတွက် တရုတ်နံနံရဲ့ အသုံးဝင်ပုံ - Property Knowledge in Myanmar from iMyanmarHouse.com
29 Apr 2022 12:28 pm တွင် တင်ခဲ့သည်
1144 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

တရုတ်နံနံလို့ပြောလိုက်ရင် ဟင်းချိုနဲ့ အစိမ်းကြော်၊ ကြာဇံကြော်၊ ခေါက်ဆွဲကြော်တွေထဲမှာ ထည့်စားတဲ့အခါ အနံ့အရသာပြည့်စုံစေတဲ့ အရွက်လို့ ပြေးမြင်မယ်ထင်ပါတယ်နော်။ ဒီအရွက်လေးက ဟင်းတွေကိုတင် အရသာတိုးစေတာမဟုတ်ပါဘူး။ အသားအရေအတွက်လည်း အသုံးဝင်ပါသေးတယ်။

တရုတ်နံနံကပေးတဲ့ အသားအရေလှပမှု

တရုတ်နံနံက ဟင်းခတ်အမွှေးအကြိုင်ဆိုတာထက်ပိုပါတယ်။ အသားအရေအတွက် အခုလိုမျိုး အကျိုးကျေးဇူးတွေ ပေးပါသေးတယ်။

နုပျိုစေတယ်

တရုတ်နံနံမှာ အသားအရေအတွက် အရေးပါတဲ့ဗီတာမင် တစ်မျိုးဖြစ်တဲ့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေပြီး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကြောင့် အသားအရေထိခိုက်မှုမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။ အရေပြားကို တင်းရင်းစေပြီးနာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်ပါတယ်။ အရေပြားကင်ဆာ မဖြစ်အောင်လည်း အထိရောက်ဆုံးကာကွယ်ပေးပါတယ်။

တရုတ်နံနံ နုနုလေး ၂ ပင် ၃ ပင်လောက်ကို နုတ်နုတ်စဉ်းပါ။ ရှားစောင်းလက်ပပ် အနှစ်သား လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ဒိန်ချဉ် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ အုန်းနို့ လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဆန်မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာတို့ကို ရောပြီး သမအောင်မွှေပါ။ အရေပြားပေါ်မှာ လိမ်းပေးပြီး ၁၅ မိနစ် မိနစ် ၂၀ လောက်ထားပေးပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ မျက်နှာသန့်စင်လိုက်ပါ။

ဆားဝက်ခြံ သက်သာစေနိုင်တယ်

နားလည်အလွယ်ဆုံးဖြစ်အောင်ပြောပြရရင် ဆားဝက်ခြံဆိုတာက မျက်နှာပေါ်ကချွေးပေါက်တွေထဲမှာ အဆီပိုတွေနဲ့ မျက်နှာအရေပြားပေါ်က ဆဲလ်သေတွေ ပိတ်ဆို့ရာကနေဖြစ်လာတဲ့အရာတွေပါ။ ဆားဝက်ခြံကလည်း ဝက်ခြံအမျိုးအစားတစ်ခုပါပဲ။ များသောအားဖြင့်ကတော့ မျက်နှာမှာအဖြစ်များပါတယ်။ကျော၊ ရင်ဘတ် နဲ့ ပုခုံးတွေမှာလည်း ဆားဝက်ခြံတွေဖြစ်တတ်ပါတယ်။ ညစ်ပတ်တဲ့ဖုန်မှုန့်တွေနဲ့ အဆီတွေထိတွေ့တာကြောင့် အနက်ရောင်ဖြစ်သွားတယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ မဟုတ်ပါဘူး။ အရေပြားအတွင်းပိုင်းက အဆီနဲ့ ပြင်ပလေထုထဲကအောက်ဆီဂျင်တို့ထိတွေ့မိတာကြောင့် အနက်ရောင်အဖြစ်ပြောင်းလဲသွားတာပါ။

ဒီကြည့်ရဆိုးတဲ့ဆားဝက်ခြံတွေကို သက်သာချင်တယ်ဆိုရင်တော့ ဗီတာမင် C ကြွယ်ဝစွာပါဝင်နေတဲ့ တရုတ်နံနံကိုကြိတ်ထားတဲ့အရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာကို သံပရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာနဲ့ရောလိုက်ပါ။ ဆားဝက်ခြံတွေပေါ်မှာ လိမ်းပေးပြီး တစ်နာရီလောက်ထားလိုက်ပါ။ ပြီးရင် ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

ဝက်ခြံ သက်သာစေနိုင်တယ်

တရုတ်နံနံက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်သလို ချွေးပေါက်တွေကို သန့်စင်စေပြီး အရေပြားရောင်ရမ်းတာကိုသက်သာစေနိုင်ပါတယ်။ တရုတ်နံနံက ဝက်ခြံတွေကို သက်သာစေနိုင်သလို ထပ်မဖြစ်လာအောင်လည်း ကာကွယ်ပေးပါတယ်။

တရုတ်နံနံ လက်တစ်ဆုတ်စာကို စပါးလင်ပါးပါးလှီးထားတာ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ။ ချာမိုမိုင်းလက်ဖက်ခြောက် လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ရေနွေးဆူဆူထဲမှာ ၁ နာရီကြာစိမ်ထားပါ။ ပြီးရင်ဆယ်ယူပြီး အနှစ်ဖြစ်အောင် ကြိတ်ခြေပါ။ ရလာတဲ့အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ လောက်ထားပြီး ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ ပြီးရင်ခြောက်သွေ့အောင် သုတ်ပေးပါ။

အရေးအကြောင်းတွေ သက်သာစေတယ်

အသက်အရွယ်ရလာတဲ့အခါ မျက်နှာမှာ အရေးအကြောင်းတွေက သူ့အလိုလိုပေါ်လာတတ်ပါတယ်။ ဇရာကြောင့်ဖြစ်တဲ့ အရေးအကြောင်းတွေကို သက်သာချင်တယ်ဆိုရင်တော့ ဗီတာမင် C ကြွယ်ဝပြီး အရေပြားကျန်းမာစေတဲ့ ကော်လာဂျင်တွေထွက်ရှိအောင် လှုံ့ဆော်ပေးနိုင်တဲ့ တရုတ်နံနံကို အသုံးပြုပေးလို့ရပါတယ်။

အရေးအကြောင်းကင်းတဲ့ မျက်နှာလေးဖြစ်စေဖို့ တရုတ်နံနံ ၂ ပင် ၃ ပင်စာလောက်ကို ကြိတ်ခြေပါ။ ကြက်ဥအကာ နှစ်လုံး၊ အုတ်ဂျုံ ခွက်တစ်ဝက်စာတို့ကိုရောလို့ အနှစ်ဖြစ်အောင်ရောမွှေပါ။ ရလာတဲ့အနှစ်ကို အရေပြားပေါ်မှာ လိမ်းပေးပြီး ၁၀ မိနစ် ကနေ ၁၅ မိနစ်လောက်ထားလိုက်ပါ။ ပြီးရင်ရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။

တစ်ပတ်ကိုတစ်ကြိမ်လောက် ပုံမှန်လုပ်ပေးရုံနဲ့ ကျန်းမာလှပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်မှာပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

အသားအေရအတြက္ တ႐ုတ္နံနံရဲ႕ အသုံးဝင္ပုံ

 

တ႐ုတ္နံနံလို႔ေျပာလိုက္ရင္ ဟင္းခ်ိဳနဲ႔ အစိမ္းေၾကာ္၊ ၾကာဇံေၾကာ္၊ ေခါက္ဆြဲေၾကာ္ေတြထဲမွာ ထည့္စားတဲ့အခါ အနံ႔အရသာျပည့္စုံေစတဲ့ အ႐ြက္လို႔ ေျပးျမင္မယ္ထင္ပါတယ္ေနာ္။ ဒီအ႐ြက္ေလးက ဟင္းေတြကိုတင္ အရသာတိုးေစတာမဟုတ္ပါဘူး။ အသားအေရအတြက္လည္း အသုံးဝင္ပါေသးတယ္။

တ႐ုတ္နံနံကေပးတဲ့ အသားအေရလွပမႈ

တ႐ုတ္နံနံက ဟင္းခတ္အေမႊးအႀကိဳင္ဆိုတာထက္ပိုပါတယ္။ အသားအေရအတြက္ အခုလိုမ်ိဳး အက်ိဳးေက်းဇူးေတြ ေပးပါေသးတယ္။

ႏုပ်ိဳေစတယ္

တ႐ုတ္နံနံမွာ အသားအေရအတြက္ အေရးပါတဲ့ဗီတာမင္ တစ္မ်ိဳးျဖစ္တဲ့ ဗီတာမင္ C ႂကြယ္ဝစြာပါဝင္ေနၿပီး ဓာတ္တိုးဆန္႔က်င္ပစၥည္းေတြေၾကာင့္ အသားအေရထိခိုက္မႈမျဖစ္ေအာင္ အထိေရာက္ဆုံးကာကြယ္ေပးႏိုင္ပါတယ္။ အေရျပားကို တင္းရင္းေစၿပီးနာက်င္ေရာင္ရမ္းမႈကို သက္သာေစႏိုင္ပါတယ္။ အေရျပားကင္ဆာ မျဖစ္ေအာင္လည္း အထိေရာက္ဆုံးကာကြယ္ေပးပါတယ္။

တ႐ုတ္နံနံ ႏုႏုေလး ၂ ပင္ ၃ ပင္ေလာက္ကို ႏုတ္ႏုတ္စဥ္းပါ။ ႐ွားေစာင္းလက္ပပ္ အႏွစ္သား လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ အုန္းႏို႔ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ဆန္မႈန္႔ လက္ဖက္ရည္ဇြန္း ၁ ဇြန္းစာတို႔ကို ေရာၿပီး သမေအာင္ေမႊပါ။ အေရျပားေပၚမွာ လိမ္းေပးၿပီး ၁၅ မိနစ္ မိနစ္ ၂၀ ေလာက္ထားေပးပါ။ ၿပီးရင္ ေရေႏြးေႏြးေလးနဲ႔ မ်က္ႏွာသန္႔စင္လိုက္ပါ။

ဆားဝက္ျခံ သက္သာေစႏိုင္တယ္

နားလည္အလြယ္ဆုံးျဖစ္ေအာင္ေျပာျပရရင္ ဆားဝက္ျခံဆိုတာက မ်က္ႏွာေပၚကေခြၽးေပါက္ေတြထဲမွာ အဆီပိုေတြနဲ႔ မ်က္ႏွာအေရျပားေပၚက ဆဲလ္ေသေတြ ပိတ္ဆို႔ရာကေနျဖစ္လာတဲ့အရာေတြပါ။ ဆားဝက္ျခံကလည္း ဝက္ျခံအမ်ိဳးအစားတစ္ခုပါပဲ။ မ်ားေသာအားျဖင့္ကေတာ့ မ်က္ႏွာမွာအျဖစ္မ်ားပါတယ္။ေက်ာ၊ ရင္ဘတ္ နဲ႔ ပုခုံးေတြမွာလည္း ဆားဝက္ျခံေတြျဖစ္တတ္ပါတယ္။ ညစ္ပတ္တဲ့ဖုန္မႈန္႔ေတြနဲ႔ အဆီေတြထိေတြ႕တာေၾကာင့္ အနက္ေရာင္ျဖစ္သြားတယ္လို႔ ထင္ေကာင္းထင္ႏိုင္ပါတယ္။ မဟုတ္ပါဘူး။ အေရျပားအတြင္းပိုင္းက အဆီနဲ႔ ျပင္ပေလထုထဲကေအာက္ဆီဂ်င္တို႔ထိေတြ႕မိတာေၾကာင့္ အနက္ေရာင္အျဖစ္ေျပာင္းလဲသြားတာပါ။

ဒီၾကည့္ရဆိုးတဲ့ဆားဝက္ျခံေတြကို သက္သာခ်င္တယ္ဆိုရင္ေတာ့ ဗီတာမင္ C ႂကြယ္ဝစြာပါဝင္ေနတဲ့ တ႐ုတ္နံနံကိုႀကိတ္ထားတဲ့အရည္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းစာကို သံပရာရည္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာနဲ႔ေရာလိုက္ပါ။ ဆားဝက္ျခံေတြေပၚမွာ လိမ္းေပးၿပီး တစ္နာရီေလာက္ထားလိုက္ပါ။ ၿပီးရင္ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။

ဝက္ျခံ သက္သာေစႏိုင္တယ္

တ႐ုတ္နံနံက ဘက္တီးရီးယားေတြကို တိုက္ဖ်က္ေပးႏိုင္သလို ေခြၽးေပါက္ေတြကို သန္႔စင္ေစၿပီး အေရျပားေရာင္ရမ္းတာကိုသက္သာေစႏိုင္ပါတယ္။ တ႐ုတ္နံနံက ဝက္ျခံေတြကို သက္သာေစႏိုင္သလို ထပ္မျဖစ္လာေအာင္လည္း ကာကြယ္ေပးပါတယ္။

တ႐ုတ္နံနံ လက္တစ္ဆုတ္စာကို စပါးလင္ပါးပါးလွီးထားတာ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာ။ ခ်ာမိုမိုင္းလက္ဖက္ေျခာက္ လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာတို႔ကို ေရေႏြးဆူဆူထဲမွာ ၁ နာရီၾကာစိမ္ထားပါ။ ၿပီးရင္ဆယ္ယူၿပီး အႏွစ္ျဖစ္ေအာင္ ႀကိတ္ေျခပါ။ ရလာတဲ့အႏွစ္ကို မ်က္ႏွာေပၚမွာ လိမ္းေပးပါ။ မိနစ္ ၂၀ ေလာက္ထားၿပီး ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။ ၿပီးရင္ေျခာက္ေသြ႕ေအာင္ သုတ္ေပးပါ။

အေရးအေၾကာင္းေတြ သက္သာေစတယ္

အသက္အ႐ြယ္ရလာတဲ့အခါ မ်က္ႏွာမွာ အေရးအေၾကာင္းေတြက သူ႕အလိုလိုေပၚလာတတ္ပါတယ္။ ဇရာေၾကာင့္ျဖစ္တဲ့ အေရးအေၾကာင္းေတြကို သက္သာခ်င္တယ္ဆိုရင္ေတာ့ ဗီတာမင္ C ႂကြယ္ဝၿပီး အေရျပားက်န္းမာေစတဲ့ ေကာ္လာဂ်င္ေတြထြက္႐ွိေအာင္ လႈံ႕ေဆာ္ေပးႏိုင္တဲ့ တ႐ုတ္နံနံကို အသုံးျပဳေပးလို႔ရပါတယ္။

အေရးအေၾကာင္းကင္းတဲ့ မ်က္ႏွာေလးျဖစ္ေစဖို႔ တ႐ုတ္နံနံ ၂ ပင္ ၃ ပင္စာေလာက္ကို ႀကိတ္ေျခပါ။ ၾကက္ဥအကာ ႏွစ္လုံး၊ အုတ္ဂ်ံဳ ခြက္တစ္ဝက္စာတို႔ကိုေရာလို႔ အႏွစ္ျဖစ္ေအာင္ေရာေမႊပါ။ ရလာတဲ့အႏွစ္ကို အေရျပားေပၚမွာ လိမ္းေပးၿပီး ၁၀ မိနစ္ ကေန ၁၅ မိနစ္ေလာက္ထားလိုက္ပါ။ ၿပီးရင္ေရေႏြးေႏြးေလးနဲ႔ေဆးခ်လိုက္ပါ။

တစ္ပတ္ကိုတစ္ႀကိမ္ေလာက္ ပုံမွန္လုပ္ေပး႐ုံနဲ႔ က်န္းမာလွပတဲ့အသားအေရကို ပိုင္ဆိုင္ႏိုင္မွာပါ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။Credit: hellosayarwon

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service