ရော့ခ်ကြယ်ပွင့်ကြီး Bryan Adams ၏ ကာရစ်ဘီယံပင်လယ်ထဲက စံအိမ်

ရော့ခ်ကြယ်ပွင့်ကြီး Bryan Adams ၏ ကာရစ်ဘီယံပင်လယ်ထဲက စံအိမ် - Property News in Myanmar from iMyanmarHouse.com
29 Apr 2022 10:34 am တွင် တင်ခဲ့သည်
3360 ကြိမ် ကြည့်ရှု့ပြီး

[Unicode] ၁၉၈၀ ပြည့်လွန်ကာလများက အလွန်ကျော်ကြားခဲ့ပြီး မြန်မာနိုင်ငံတွင်လည်း ယနေ့တိုင် ၎င်း၏သီချင်းများကို ပြန်လည်သီဆိုမှုများရှိနေသည့် ရော့ခ်ကြယ်ပွင့်ကြီး Bryan Adams သည် ဗင်နီဇွဲလားနိုင်ငံ၏ မြောက်ဘက် ကာရစ်ဘီယံပင်လယ်အတွင်းမှ ကျွန်းစုနိုင်ငံငယ်ဖြစ်သော St.Vinent မှ ကိုယ်ပိုင်ကျွန်းတစ်ကျွန်းဖြစ်သည့် Mustique တွင် စံအိမ်တစ်လုံး ပိုင်ဆိုင်ထားသည်။

ထိုကျွန်းသည် ဖြူလွလွသဲသောင်တို့ဖြင့် ကမ္ဘာကျော်သည့် ကျွန်းတစ်ကျွန်းဖြစ်သည်။

ယခုအခါ Bryan Adams က အဆိုပါစံအိမ်ကို high-end အပန်းဖြေနေရာအဖြစ် အငှားဈေးကွက်တင်လာသည်။

လူသူမပေါက်ရောက်သေးဘဲ သဘာဝဝန်းကျင်ပျက်စီးမှု မရှိသေးသည့် ကမ်းခြေ ၂ ခုကို ဆက်သွယ်ပေးထားသည့် ကျွန်းဆက်ကလေးပေါ်တွင် Bryan Adams ၏ စံအိမ်တည်ရှိသည်။

တသီးတခြားတည်ရှိကာ ပရိဘောဂများ ထည့်သွင်းထားပြီးဖြစ်သော စံအိမ်၏ အငှားဈေးကား ဈေးမနည်းလှ။

ခရီးသွား ရာသီမဟုတ်သောကာလများတွင် ရက်သတ္တပတ်လျှင် ငှားရမ်းခ ကန်ဒေါ်လာ ၁၆၅၀၀ မှစတင်ပြီး နွေဦးနှင့် နွေကာလများတွင် ရက်သတ္တပတ်လျှင် ကန်ဒေါ်လာ ၃၀၀၀၀ ထိ မြင့်တက်သွားသည်။

၁၉၇၀ ပြည့်လွန်အလယ်ပိုင်းကာလများအတွင်း ကျွန်းပေါ်မှ နာမည်ကျော် ဗိသုကာပညာရှင်များဖြစ်သော Oliver Messel နှင့် Arne Hasselqvist တို့က ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

တစ်ထပ်အဆောက်အအုံဖြစ်ပြီး မုန်တိုင်းဒဏ်ခံထားရသည့် ကျောက်တုံးပြင်ပမျက်နှာစာနှင့် လင်းချင်းတောက်ပသည့် အတွင်းပိုင်းမွမ်းမံမှုများ တွေ့ရပြီး ပြတင်းကာတပ်ဆင်ထားသည့် ပြတင်းများ၊ ကော်လံတိုင်များဖြင့် လသာဆောင်၊ လဟာပြင် ညစာစား ကွက်လပ်တို့ ပါဝင်သည်။

စံအိမ်၏ တသီးတခြား အေးချမ်းဆိတ်ငြိမ်စွာ တည်ရှိမှုအနေအထားကို ခေတ်ပေါ်များဖြစ်သော မြန်နှုန်းမြင့် Wi-Fi ၊ iPod docking station များ၊ လေအေးပေးစက် တပ်ဆင်ထားသော အိပ်ခန်းများ၊ ကျွန်းပေါ်တွင် လှည့်ပတ်ကြည့်ရှုရန် Land Rover ကားတစ်စီးတို့ဖြင့် မတူညီသည့်အရာများ ပေါင်းစပ်ပေးထားသည်။

စံအိမ်တွင် ကိုယ်ပိုင်ကမ်းခြေ ၂ ခုပါဝင်ရာ တစ်ခုမှာ အရှေ့အရပ်ကို မျက်နှာပြုပြီး တစ်ခုမှာ အနောက်အရပ်ကို မျက်နှာပြုသည်။

စံအိမ်ဝန်းအတွင်း အော်ဂဲနစ်စိုက်ခင်းတစ်ခုလည်း ပါဝင်ပြီး ရေကူးကန်တစ်ခုပါဝင်ကာ ပင်လယ်အတွင်း ထိုးထွက်နေသည်။

ကနေဒါနိုင်ငံဖွား အဆိုတော် Bryan Adams သည် ထူးချွန်ပြောင်မြောက်သော ဓာတ်ပုံဆရာတစ်ဦးလည်း ဖြစ်သည်။

Bryan Adams အဓိကနေထိုင်သည်မှာ လန်ဒန်မြို့လယ်ရှိ သိမ်းမြစ်ကို တွေ့မြင်နေရသည့် စံအိမ်တစ်လုံးတွင် ဖြစ်သည်။

အဆိုပါစံအိမ်သည် ၁၈ ရာစုနှစ်က ဆောက်လုပ်ခဲ့သော အဆောက်အအုံဖြစ်သည်။

(Bryan Adams ၏ သီချင်းများကို မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

.Home Again- နောက်ထပ်တို့မဝေးဘူး (လေးဖြူ)

I Think About You - (ဟန်ထွန်း)

Fearless- မလိုချင်ပြန်ပေးခဲ့ (အငဲ)

Cloud No 9- နူးညံ့တဲ့အမိန့်တော် (အငဲ)

When You're Gone- အိမ်ကိုပြန်ခဲ့တော့ (လေးဖြူ+မျိုးကြီး)

Back to You- ထပ်မဝေးဘူး(အငဲ)

All for Love- (ဇော်ဝင်းထွဋ်၊ဟယ်ရီလင်း၊ရင်ဂို)

Hey Honey I M Packing You- မောပြီလား(ရင်ဂို)

I'll always be Right There- သန့်ရှင်းချစ်(ထွဏ်းထွဏ်း)

The Best was yet to Come- မနက်ဖြန် (လေးဖြူ)

The Only that Look Good on Me is You - မင်းတယောက်တည်း (ခရစ္စတိုဖာ)

Thought I Die and Gone to Heaven - ဖြတ်သန်းခြင်း (ဘိုဘို)

I'll Always Return- အလွမ်းနဲ့အပြန် (အငဲ)

Run to You- လာခဲ့မယ်မင်းဆီကို (ဂျေမောင်မောင်)

Have You Really Loved A Woman -မေးခွန်း (ဘိုဘို) / ပုံပြင်ထဲမှာ (ထွဏ်းထွဏ်း)

Summer of 69- နွေရာသီ ၈၅ ( ဂရေဟမ်)

Do I Have to Say the Words - အိမ်အပြန်နောက်ကျခဲ့ပြီလား (ဘိုဘို)

Kids Wanna Rock - သီချင်းနဲ့ခင်းတဲ့လမ်း (အငဲ)

Heat of the Night- ကိုယ်တိုင်ပျော်ဝင်ဖူးသောည (ဟန်ထွန်း)

Please Forgive Me- မင်းလေးခွင့်လွှတ် (ဇော်ဝင်းထွဋ်) / ရှို့မီး (ထွဏ်းထွဏ်း)

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Bryan Adams Leases Mustique Hideaway (EXCLUSIVE)(yahoo)

[Zawgyi]

ေရာ့ခ္ၾကယ္ပြင့္ၾကီး Bryan Adams ၏ ကာရစ္ဘီယံပင္လယ္ထဲက စံအိမ္

၁၉၈၀ ျပည့္လြန္ကာလမ်ားက အလြန္ေက်ာ္ၾကားခဲ့ျပီး ျမန္မာႏိုင္ငံတြင္လည္း ယေန႔တိုင္ ၎၏သီခ်င္းမ်ားကို ျပန္လည္သီဆိုမႈမ်ားရွိေနသည့္ ေရာ့ခ္ၾကယ္ပြင့္ၾကီး Bryan Adams သည္ ဗင္နီဇြဲလားႏိုင္ငံ၏ ေျမာက္ဘက္ ကာရစ္ဘီယံပင္လယ္အတြင္းမွ ကြၽန္းစုႏိုင္ငံငယ္ျဖစ္ေသာ St.Vinent မွ ကိုယ္ပိုင္ကြၽန္းတစ္ကြၽန္းျဖစ္သည့္ Mustique တြင္ စံအိမ္တစ္လံုး ပိုင္ဆိုင္ထားသည္။

ထိုကၽြန္းသည္ ျဖဴလြလြသဲေသာင္တို႔ျဖင့္ ကမၻာေက်ာ္သည့္ ကၽြန္းတစ္ကၽြန္းျဖစ္သည္။

ယခုအခါ Bryan Adams က အဆိုပါစံအိမ္ကို high-end အပန္းေျဖေနရာအျဖစ္ အငွားေစ်းကြက္တင္လာသည္။

လူသူမေပါက္ေရာက္ေသးဘဲ သဘာဝဝန္းက်င္ပ်က္စီးမႈ မရွိေသးသည့္ ကမ္းေျခ ၂ ခုကို ဆက္သြယ္ေပးထားသည့္ ကၽြန္းဆက္ကေလးေပၚတြင္ Bryan Adams ၏ စံအိမ္တည္ရွိသည္။

တသီးတျခားတည္ရွိကာ ပရိေဘာဂမ်ား ထည့္သြင္းထားျပီးျဖစ္ေသာ စံအိမ္၏ အငွားေစ်းကား ေစ်းမနည္းလွ။

ခရီးသြား ရာသီမဟုတ္ေသာကာလမ်ားတြင္ ရက္သတၱပတ္လွ်င္ ငွားရမ္းခ ကန္ေဒၚလာ ၁၆၅၀၀ မွစတင္ျပီး ေႏြဦးႏွင့္ ေႏြကာလမ်ားတြင္ ရက္သတၱပတ္လွ်င္ ကန္ေဒၚလာ ၃၀၀၀၀ ထိ ျမင့္တက္သြားသည္။

၁၉၇၀ ျပည့္လြန္အလယ္ပိုင္းကာလမ်ားအတြင္း ကၽြန္းေပၚမွ နာမည္ေက်ာ္ ဗိသုကာပညာရွင္မ်ားျဖစ္ေသာ Oliver Messel ႏွင့္ Arne Hasselqvist တို႔က ဒီဇိုင္းေရးဆြဲ ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

တစ္ထပ္အေဆာက္အအံုျဖစ္ျပီး မုန္တိုင္းဒဏ္ခံထားရသည့္ ေက်ာက္တံုးျပင္ပမ်က္ႏွာစာႏွင့္ လင္းခ်င္းေတာက္ပသည့္ အတြင္းပိုင္းမြမ္းမံမႈမ်ား ေတြ႔ရျပီး ျပတင္းကာတပ္ဆင္ထားသည့္ ျပတင္းမ်ား၊ ေကာ္လံတိုင္မ်ားျဖင့္ လသာေဆာင္၊ လဟာျပင္ ညစာစား ကြက္လပ္တို႔ ပါဝင္သည္။

စံအိမ္၏ တသီးတျခား ေအးခ်မ္းဆိတ္ျငိမ္စြာ တည္ရွိမႈအေနအထားကို ေခတ္ေပၚမ်ားျဖစ္ေသာ ျမန္ႏႈန္းျမင့္ Wi-Fi ၊ iPod docking station မ်ား၊ ေလေအးေပးစက္ တပ္ဆင္ထားေသာ အိပ္ခန္းမ်ား၊ ကၽြန္းေပၚတြင္ လွည့္ပတ္ၾကည့္ရႈရန္ Land Rover ကားတစ္စီးတို႔ျဖင့္ မတူညီသည့္အရာမ်ား ေပါင္းစပ္ေပးထားသည္။

စံအိမ္တြင္ ကိုယ္ပိုင္ကမ္းေျခ ၂ ခုပါဝင္ရာ တစ္ခုမွာ အေရွ႕အရပ္ကို မ်က္ႏွာျပဳျပီး တစ္ခုမွာ အေနာက္အရပ္ကို မ်က္ႏွာျပဳသည္။

စံအိမ္ဝန္းအတြင္း ေအာ္ဂဲနစ္စိုက္ခင္းတစ္ခုလည္း ပါဝင္ျပီး ေရကူးကန္တစ္ခုပါဝင္ကာ ပင္လယ္အတြင္း ထိုးထြက္ေနသည္။

ကေနဒါႏိုင္ငံဖြား အဆိုေတာ္ Bryan Adams သည္ ထူးခၽြန္ေျပာင္ေျမာက္ေသာ ဓာတ္ပံုဆရာတစ္ဦးလည္း ျဖစ္သည္။

Bryan Adams အဓိကေနထိုင္သည္မွာ လန္ဒန္ျမိဳ႕လယ္ရွိ သိမ္းျမစ္ကို ေတြ႔ျမင္ေနရသည့္ စံအိမ္တစ္လံုးတြင္ ျဖစ္သည္။

အဆိုပါစံအိမ္သည္ ၁၈ ရာစုႏွစ္က ေဆာက္လုပ္ခဲ့ေသာ အေဆာက္အအံုျဖစ္သည္။

(Bryan Adams ၏ သီခ်င္းမ်ားကို ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)

.Home Again- ေနာက္ထပ္တို႔မေဝးဘူး (ေလးျဖဴ)

I Think About You - (ဟန္ထြန္း)

Fearless- မလိုခ်င္ျပန္ေပးခဲ့ (အငဲ)

Cloud No 9- ႏူးညံ့တဲ့အမိန္႔ေတာ္ (အငဲ)

When You're Gone- အိမ္ကိုျပန္ခဲ့ေတာ့ (ေလးျဖဴ+မ်ိဳးႀကီး)

Back to You- ထပ္မေဝးဘူး(အငဲ)

All for Love- (ေဇာ္၀င္းထြဋ္၊ဟယ္ရီလင္း၊ရင္ဂို)

Hey Honey I M Packing You- ေမာၿပီလား(ရင္ဂို)

I'll always be Right There- သန္႔ရွင္းခ်စ္(ထြဏ္းထြဏ္း)

The Best was yet to Come- မနက္ျဖန္ (ေလးျဖဴ)

The Only that Look Good on Me is You - မင္းတေယာက္တည္း (ခရစၥတိုဖာ)

Thought I Die and Gone to Heaven - ျဖတ္သန္းျခင္း (ဘိုဘို)

I'll Always Return- အလြမ္းနဲ႔အျပန္ (အငဲ)

Run to You- လာခဲ့မယ္မင္းဆီကို (ေဂ်ေမာင္ေမာင္)

Have You Really Loved A Woman -ေမးခြန္း (ဘိုဘို) / ပံုျပင္ထဲမွာ (ထြဏ္းထြဏ္း)

Summer of 69- ေႏြရာသီ ၈၅ ( ဂေရဟမ္)

Do I Have to Say the Words - အိမ္အျပန္ေနာက္က်ခဲ့ၿပီလား (ဘိုဘို)

Kids Wanna Rock - သီခ်င္းနဲ႔ခင္းတဲ့လမ္း (အငဲ)

Heat of the Night- ကိုယ္တိုင္ေပ်ာ္ဝင္ဖူးေသာည (ဟန္ထြန္း)

Please Forgive Me- မင္းေလးခြင့္လႊတ္ (ေဇာ္ဝင္းထြဋ္) / ရိႈ႕မီး (ထြဏ္းထြဏ္း)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Bryan Adams Leases Mustique Hideaway (EXCLUSIVE)(yahoo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service