ကိုယ်ဝန်နုစဉ် (ပထမသုံးလပတ်) အတွင်း ရှောင်ကြဉ်ရမည့် သစ်သီး ၃ မျိုး

ကိုယ်ဝန်နုစဉ် (ပထမသုံးလပတ်) အတွင်း ရှောင်ကြဉ်ရမည့် သစ်သီး ၃ မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
28 Apr 2022 12:12 pm တွင် တင်ခဲ့သည်
2029 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အပြောင်းအလဲသိပ်များတဲ့ခရီးတစ်ခုလို့ တင်စားရလောက်တဲ့ ကိုယ်ဝန်ဆောင်ကာလကို သုံးလစီ သုံးပိုင်းခွဲခြားနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလရဲ့ ပထမဆုံးသုံးလကို ပထမသုံးလပတ်လို့ မှတ်ယူတာဖြစ်ပါတယ်။

သင့်ဗိုက်က သိသိသာသာမပူသေးလင့်ကစား ဗိုက် (သားအိမ်) ထဲမှာ သင့်ကလေး (သန္ဓေသား)က တဖြည်းဖြည်းကြီးထွားနေတာကြောင့် ပထမသုံးလပတ်က အရေးကြီးပါတယ်။ ပထမသုံးလပတ်ကုန်ချိန်မှာတော့ သင့်သန္ဓေသားလေးရဲ့ ကိုယ်အင်္ဂါအများစု ဖြစ်ပေါ်ဖွဲ့စည်းပြီးကာ ရုပ်လုံးပေါ်ပြီပဲဖြစ်ပါတယ်။

သန္ဓေသားက ကြီးထွားဖွံ့ဖြိုးနေဆဲအဆင့်မှာသာရှိနေသေးတာကြောင့် သူ့မှာ ကိုယ်ပိုင်ခုခံအားစနစ် မရှိသေးပါဘူး။ သူ့ရဲ့ ဖွံ့ဖြိုးဆဲကိုယ်အင်္ဂါအားလုံးဟာ မူးယစ်ဆေးဝါး၊ ရောဂါကူးစက်မှု၊ ဓာတ်ရောင်ခြည်သင့်မှု၊ ဆေးရွက်ကြီးနှင့် ယင်းမှထုတ်လုပ်သည့် ဆေးလိပ်၊ ဆေးတံ၊ ဆေး စတာတွေနဲ့ အဆိပ်သင့်ဓာတုပစ္စည်းတွေ ကဲ့သို့ အရာမျိုးစုံကြောင့် ထိခိုက်ဒဏ်ရာရရှိနိုင်ပါတယ်။

သင်နဲ့ သင့်သန္ဓေသားကျန်းမာနေစေဖို့အတွက် အရက်၊ ကဖင်းဓာတ်၊ ဆေးလိပ်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းတွေကနေ ရှောင်ကြဉ်ရမှာဖြစ်သလို ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တဲ့ ကိုယ်လက်လှုပ်ရှားမှုပုံမှန်ပြုလုပ်ခြင်း၊ ရေလုံလုံလောက်လောက်သောက်ခြင်းနဲ့ အာဟာရရှိတဲ့အစားအသောက်တွေကို စားသုံးခြင်း စတဲ့ ကောင်းမွန်မှန်ကန်တဲ့ ဘဝနေထိုင်မှုအလေ့အကျင့်တွေကို လိုက်ကိုင်ပြုရမှာဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်အတွင်း စားသုံးဖို့ စိတ်မချရတဲ့ အစားအစာတွေလို့ပြောရင် အစာအဆိပ်သင့်စေနိုင်တဲ့၊ ကျန်းမာရေးနဲ့မညီညွတ်တဲ့အစားအစာတွေဆိုတာကို သဘောပေါက်ကြပြီးသားပါ။ ဒါတွေအပြင် ကိုယ်ဝန်ဆောင်စဉ် အထူးသဖြင့် ပထမသုံးလပတ်မှာ ရှောင်ကြဉ်သင့်တဲ့ သစ်သီးအချို့ရှိတယ်ဆိုတာကိုရော သိထားပါသလား?

ကိုယ်ဝန်ဆောင်ပထမသုံးလပတ်အတွင်း ရှောင်ကြဉ်ရမည့် သစ်သီး ၃ မျိုး

၁။ စပျစ်သီး

အချို့ကျွမ်းကျင်သူတွေက စပျစ်သီးကို ရှောင်ခိုင်းကြသလို အချို့ကျွမ်းကျင်သူတွေကတော့ စပျစ်သီးစားလို့ရတယ်လို့ အကြံပြုကြပါတယ်။ စပျစ်သီးမှာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အရေးကြီးအာဟာရဓာတ်တွေဖြစ်တဲ့ ဗီတာမင်အေနဲ့ စီ ပမာဏမြင့်မားစွာ ပါဝင်ပေမဲ့ ပထမသုံးလပတ်မှာ စပျစ်သီးကို ရှောင်ကြဉ်သင့်တဲ့ အကြောင်းပြချက်အနည်းငယ်ကတော့ -

Resveratrol အဆိပ်သင့်ခြင်း

- စပျစ်သီးခွံမှာ resveratrol လို့ခေါ်တဲ့ ဒြပ်ပေါင်းတစ်မျိုးပေါကြွယ်ဝပါတယ်။ resveratrol ကို ကျန်းမာစေတဲ့အာဟာရတစ်ခုအဖြစ် သိပ္ပံနည်းကျသုတေသနတွေက တွေ့ရှိထားပေမဲ့ ကိုယ်ဝန်ဆောင်တွေအတွက်ကတော့ အဆိပ်သင့်နိုင်ပါတယ်။

စပျစ်သီးခွံပေါ်မှာ ပိုးသတ်ဆေးတွေ ကြွင်းကျန်နေတယ်

- ယေဘုယျအားဖြင့် စပျစ်သီးတွေကို အလွယ်တကူဆေးကြောသန့်စင်ပစ်လို့မရတဲ့ ပိုးသတ်ဆေးတွေ ဖျန်းကြပါတယ်။

- အဲဒီပိုးသတ်ဆေးတွေက သန္ဓေသားမှာ ကျန်းမာရေးပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။

- စပျစ်သီးခွံက အစာကြေဖို့ခက်တာကြောင့် ဝမ်းချုပ်ခြင်းကို ဖြစ်ပေါ်စေနိုင်ပါတယ်။

၂။ စိမ်းသော၊ သေချာမမှည့်သေးသော သင်္ဘောသီး

သင်္ဘောသီးတွေဟာ သူတို့ရဲ့ ချိုမြခြင်း၊ အရည်ရွမ်းခြင်း၊ လိမ္မောရောင်အိအိတင်းတင်းအသားလေးကြောင့် လူကြိုက်များလှသလို အစာမကြေခြင်း၊ ဝမ်းချုပ်ခြင်းတို့အတွက် သဘာဝကုထုံးတစ်ခုအဖြစ် လူသိများပါတယ်။ အပူပိုင်းနိုင်ငံတွေမှာ အတွေ့ရများပြီး အရွယ်မျိုးစုံနဲ့ အမျိုးအစားပေါင်းစုံရှိပါတယ်။ ဒါပေမဲ့ စိမ်းတဲ့၊ သေချာမမှည့်သေးတဲ့ သင်္ဘောသီးကို အောက်ဖော်ပြပါအကြောင်းရင်းတွေကြောင့် ကိုယ်ဝန်ပထမသုံးလပတ်အတွင်း လုံးဝလုံးဝ ဝေးဝေးရှောင်ပါ။

- သင်္ဘောသီးစိမ်းမှာ အစောပိုင်းသားအိမ်ကမ္မဇလေလှုပ်ခြင်းကို အားပေးတဲ့ အစေးပေါများပါတယ်။ ယင်းက ကိုယ်ဝန်ပျက်ကျစေနိုင်ပါတယ်။

- ဒါ့အပြင် ၎င်းအစေးက ဓာတ်မတည့်မှုဖြစ်စေတတ်တဲ့အရာတစ်မျိုးဖြစ်ပါတယ်။ ဖြစ်တတ်တဲ့ဓာတ်မတည့်မှုလက္ခဏာတွေကတော့ နှာရည်ယိုခြင်း၊ ပါးစပ်ဧရိယာရောင်ရမ်းခြင်းနဲ့ အရေပြားအနီကွက်ထခြင်းတို့ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခါတစ်ရံမှာ အသက်ရှူရခက်ခြင်းတွေနဲ့ အသက်အန္တရာယ်ရှိစေနိုင်သော ပြင်းထန်ဓာတ်မတည့်ရောဂါတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

အစိမ်းကိုသာ ကိုယ်ဝန်ဆောင်ကာလ မစားသုံးသင့်ပေမဲ့ သင်္ဘောသီးမှည့်ကတော့ အာဟာရဓာတ်တွေပေါကြွယ်ဝစွာပါဝင်ကာ ကိုယ်ဝန်ဆောင်ကျန်းမာရေးအတွက် စားသုံးဖို့ လုံးဝကို စိတ်ချရပါတယ်။ ဒါပေမဲ့လည်း တန်ဆေးလွန်ဘေးဆိုတာကိုတော့ သတိချပ်ပေါ့နော်။

၃။ နာနတ်သီး

နာနတ်သီးမကြိုက်သူ ရှိပါသလား? အဝါ‌ရောင်တောက်တောက်အဆင်းရှိကာ ချိုမြအရသာရှိလှတဲ့ နာနတ်သီးကို သူ့ချည့်သက်သက်စားသောက်ကြသလို နာနတ်သီးထမင်းကြော်လိုမျိုး ဟင်းပွဲတွေမှာလည်း အသုံးပြုကြပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းစွာပဲ နာနတ်သီးဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် မသင့်လျော်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူ့မှာပါတဲ့ bromelain ဆိုတဲ့ အင်ဇိုင်းဟာ ပရိုတင်းဓာတ်ကို ပြိုကွဲစေပါတယ်။ အဲဒီအင်ဇိုင်းက သားအိမ်ခေါင်းကို နူးညံ့ပျော့ပျောင်းစေပြီး အချိန်မတိုင်မီ ကလေးမီးဖွားခြင်းကို ဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 3 fruits to avoid during the first trimester of your pregnancy (anmum)

 

 

 

[Zawgyi]

ကိုယ္ဝန္ႏုစဥ္ (ပထမသုံးလပတ္) အတြင္း ေ႐ွာင္ၾကဥ္ရမည့္ သစ္သီး ၃ မ်ိဳး

အေျပာင္းအလဲသိပ္မ်ားတဲ့ခရီးတစ္ခုလို႔ တင္စားရေလာက္တဲ့ ကိုယ္ဝန္ေဆာင္ကာလကို သုံးလစီ သုံးပိုင္းခြဲျခားႏိုင္ပါတယ္။ ကိုယ္ဝန္ေဆာင္ကာလရဲ႕ ပထမဆုံးသုံးလကို ပထမသုံးလပတ္လို႔ မွတ္ယူတာျဖစ္ပါတယ္။

သင့္ဗိုက္က သိသိသာသာမပူေသးလင့္ကစား ဗိုက္ (သားအိမ္) ထဲမွာ သင့္ကေလး (သေႏၶသား)က တျဖည္းျဖည္းႀကီးထြားေနတာေၾကာင့္ ပထမသုံးလပတ္က အေရးႀကီးပါတယ္။ ပထမသုံးလပတ္ကုန္ခ်ိန္မွာေတာ့ သင့္သေႏၶသားေလးရဲ႕ ကိုယ္အဂၤါအမ်ားစု ျဖစ္ေပၚဖြဲ႕စည္းၿပီးကာ ႐ုပ္လုံးေပၚၿပီပဲျဖစ္ပါတယ္။

သေႏၶသားက ႀကီးထြားဖြံ႕ၿဖိဳးေနဆဲအဆင့္မွာသာ႐ွိေနေသးတာေၾကာင့္ သူ႕မွာ ကိုယ္ပိုင္ခုခံအားစနစ္ မ႐ွိေသးပါဘူး။ သူ႕ရဲ႕ ဖြံ႕ၿဖိဳးဆဲကိုယ္အဂၤါအားလုံးဟာ မူးယစ္ေဆးဝါး၊ ေရာဂါကူးစက္မႈ၊ ဓာတ္ေရာင္ျခည္သင့္မႈ၊ ေဆး႐ြက္ႀကီးႏွင့္ ယင္းမွထုတ္လုပ္သည့္ ေဆးလိပ္၊ ေဆးတံ၊ ေဆး စတာေတြနဲ႔ အဆိပ္သင့္ဓာတုပစၥည္းေတြ ကဲ့သို႔ အရာမ်ိဳးစုံေၾကာင့္ ထိခိုက္ဒဏ္ရာရ႐ွိႏိုင္ပါတယ္။

သင္နဲ႔ သင့္သေႏၶသားက်န္းမာေနေစဖို႔အတြက္ အရက္၊ ကဖင္းဓာတ္၊ ေဆးလိပ္ေသာက္ျခင္း၊ မူးယစ္ေဆးဝါးသုံးစြဲျခင္းေတြကေန ေ႐ွာင္ၾကဥ္ရမွာျဖစ္သလို ကိုယ္ဝန္ေဆာင္ေတြအတြက္ သင့္ေတာ္တဲ့ ကိုယ္လက္လႈပ္႐ွားမႈပုံမွန္ျပဳလုပ္ျခင္း၊ ေရလုံလုံေလာက္ေလာက္ေသာက္ျခင္းနဲ႔ အာဟာရ႐ွိတဲ့အစားအေသာက္ေတြကို စားသုံးျခင္း စတဲ့ ေကာင္းမြန္မွန္ကန္တဲ့ ဘဝေနထိုင္မႈအေလ့အက်င့္ေတြကို လိုက္ကိုင္ျပဳရမွာျဖစ္ပါတယ္။

ကိုယ္ဝန္ေဆာင္စဥ္အတြင္း စားသုံးဖို႔ စိတ္မခ်ရတဲ့ အစားအစာေတြလို႔ေျပာရင္ အစာအဆိပ္သင့္ေစႏိုင္တဲ့၊ က်န္းမာေရးနဲ႔မညီၫြတ္တဲ့အစားအစာေတြဆိုတာကို သေဘာေပါက္ၾကၿပီးသားပါ။ ဒါေတြအျပင္ ကိုယ္ဝန္ေဆာင္စဥ္ အထူးသျဖင့္ ပထမသုံးလပတ္မွာ ေ႐ွာင္ၾကဥ္သင့္တဲ့ သစ္သီးအခ်ိဳ႕႐ွိတယ္ဆိုတာကိုေရာ သိထားပါသလား?

ကိုယ္ဝန္ေဆာင္ပထမသုံးလပတ္အတြင္း ေ႐ွာင္ၾကဥ္ရမည့္ သစ္သီး ၃ မ်ိဳး

၁။ စပ်စ္သီး

အခ်ိဳ႕ကြၽမ္းက်င္သူေတြက စပ်စ္သီးကို ေ႐ွာင္ခိုင္းၾကသလို အခ်ိဳ႕ကြၽမ္းက်င္သူေတြကေတာ့ စပ်စ္သီးစားလို႔ရတယ္လို႔ အၾကံျပဳၾကပါတယ္။ စပ်စ္သီးမွာ ကိုယ္ဝန္ေဆာင္မိခင္ေတြအတြက္ အေရးႀကီးအာဟာရဓာတ္ေတြျဖစ္တဲ့ ဗီတာမင္ေအနဲ႔ စီ ပမာဏျမင့္မားစြာ ပါဝင္ေပမဲ့ ပထမသုံးလပတ္မွာ စပ်စ္သီးကို ေ႐ွာင္ၾကဥ္သင့္တဲ့ အေၾကာင္းျပခ်က္အနည္းငယ္ကေတာ့ -

Resveratrol အဆိပ္သင့္ျခင္း

- စပ်စ္သီးခြံမွာ resveratrol လို႔ေခၚတဲ့ ျဒပ္ေပါင္းတစ္မ်ိဳးေပါႂကြယ္ဝပါတယ္။ resveratrol ကို က်န္းမာေစတဲ့အာဟာရတစ္ခုအျဖစ္ သိပၸံနည္းက်သုေတသနေတြက ေတြ႕႐ွိထားေပမဲ့ ကိုယ္ဝန္ေဆာင္ေတြအတြက္ကေတာ့ အဆိပ္သင့္ႏိုင္ပါတယ္။

စပ်စ္သီးခြံေပၚမွာ ပိုးသတ္ေဆးေတြ ႂကြင္းက်န္ေနတယ္

- ေယဘုယ်အားျဖင့္ စပ်စ္သီးေတြကို အလြယ္တကူေဆးေၾကာသန္႔စင္ပစ္လို႔မရတဲ့ ပိုးသတ္ေဆးေတြ ဖ်န္းၾကပါတယ္။

- အဲဒီပိုးသတ္ေဆးေတြက သေႏၶသားမွာ က်န္းမာေရးျပႆနာေတြကို ျဖစ္ေပၚေစႏိုင္ပါတယ္။

- စပ်စ္သီးခြံက အစာေၾကဖို႔ခက္တာေၾကာင့္ ဝမ္းခ်ဳပ္ျခင္းကို ျဖစ္ေပၚေစႏိုင္ပါတယ္။

၂။ စိမ္းေသာ၊ ေသခ်ာမမွည့္ေသးေသာ သေဘၤာသီး

သေဘၤာသီးေတြဟာ သူတို႔ရဲ႕ ခ်ိဳျမျခင္း၊ အရည္႐ြမ္းျခင္း၊ လိေမၼာေရာင္အိအိတင္းတင္းအသားေလးေၾကာင့္ လူႀကိဳက္မ်ားလွသလို အစာမေၾကျခင္း၊ ဝမ္းခ်ဳပ္ျခင္းတို႔အတြက္ သဘာဝကုထုံးတစ္ခုအျဖစ္ လူသိမ်ားပါတယ္။ အပူပိုင္းႏိုင္ငံေတြမွာ အေတြ႕ရမ်ားၿပီး အ႐ြယ္မ်ိဳးစုံနဲ႔ အမ်ိဳးအစားေပါင္းစုံ႐ွိပါတယ္။ ဒါေပမဲ့ စိမ္းတဲ့၊ ေသခ်ာမမွည့္ေသးတဲ့ သေဘၤာသီးကို ေအာက္ေဖာ္ျပပါအေၾကာင္းရင္းေတြေၾကာင့္ ကိုယ္ဝန္ပထမသုံးလပတ္အတြင္း လုံးဝလုံးဝ ေဝးေဝးေ႐ွာင္ပါ။

- သေဘၤာသီးစိမ္းမွာ အေစာပိုင္းသားအိမ္ကမၼဇေလလႈပ္ျခင္းကို အားေပးတဲ့ အေစးေပါမ်ားပါတယ္။ ယင္းက ကိုယ္ဝန္ပ်က္က်ေစႏိုင္ပါတယ္။

- ဒါ့အျပင္ ၎အေစးက ဓာတ္မတည့္မႈျဖစ္ေစတတ္တဲ့အရာတစ္မ်ိဳးျဖစ္ပါတယ္။ ျဖစ္တတ္တဲ့ဓာတ္မတည့္မႈလကၡဏာေတြကေတာ့ ႏွာရည္ယိုျခင္း၊ ပါးစပ္ဧရိယာေရာင္ရမ္းျခင္းနဲ႔ အေရျပားအနီကြက္ထျခင္းတို႔ ျဖစ္ပါတယ္။ ဒါေပမဲ့ တစ္ခါတစ္ရံမွာ အသက္႐ွဴရခက္ျခင္းေတြနဲ႔ အသက္အႏၲရာယ္႐ွိေစႏိုင္ေသာ ျပင္းထန္ဓာတ္မတည့္ေရာဂါတို႔ကိုလည္း ျဖစ္ေစႏိုင္ပါတယ္။

အစိမ္းကိုသာ ကိုယ္ဝန္ေဆာင္ကာလ မစားသုံးသင့္ေပမဲ့ သေဘၤာသီးမွည့္ကေတာ့ အာဟာရဓာတ္ေတြေပါႂကြယ္ဝစြာပါဝင္ကာ ကိုယ္ဝန္ေဆာင္က်န္းမာေရးအတြက္ စားသုံးဖို႔ လုံးဝကို စိတ္ခ်ရပါတယ္။ ဒါေပမဲ့လည္း တန္ေဆးလြန္ေဘးဆိုတာကိုေတာ့ သတိခ်ပ္ေပါ့ေနာ္။

၃။ နာနတ္သီး

နာနတ္သီးမႀကိဳက္သူ ႐ွိပါသလား? အဝါ‌ေရာင္ေတာက္ေတာက္အဆင္း႐ွိကာ ခ်ိဳျမအရသာ႐ွိလွတဲ့ နာနတ္သီးကို သူ႕ခ်ည့္သက္သက္စားေသာက္ၾကသလို နာနတ္သီးထမင္းေၾကာ္လိုမ်ိဳး ဟင္းပြဲေတြမွာလည္း အသုံးျပဳၾကပါတယ္။ ဒါေပမဲ့ ဝမ္းနည္းစရာေကာင္းစြာပဲ နာနတ္သီးဟာ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးေတြအတြက္ မသင့္ေလ်ာ္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ သူ႕မွာပါတဲ့ bromelain ဆိုတဲ့ အင္ဇိုင္းဟာ ပ႐ိုတင္းဓာတ္ကို ၿပိဳကြဲေစပါတယ္။ အဲဒီအင္ဇိုင္းက သားအိမ္ေခါင္းကို ႏူးညံ့ေပ်ာ့ေပ်ာင္းေစၿပီး အခ်ိန္မတိုင္မီ ကေလးမီးဖြားျခင္းကို ျဖစ္ေစႏိုင္လို႔ပဲျဖစ္ပါတယ္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 3 fruits to avoid during the first trimester of your pregnancy (anmum)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service