တည်ထောင်ဆောက်လုပ်သူ (Developer) နှင့် ကွန်ဒိုတိုက်ခန်းဝယ်ယူသူများအကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မီးအသုံးပြုမှုပြဿနာတစ်ခု

တည်ထောင်ဆောက်လုပ်သူ (Developer) နှင့် ကွန်ဒိုတိုက်ခန်းဝယ်ယူသူများအကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မီးအသုံးပြုမှုပြဿနာတစ်ခု - Property Knowledge in Myanmar from iMyanmarHouse.com
27 Apr 2022 12:14 pm တွင် တင်ခဲ့သည်
791 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကျွန်မထံသို့ ကွန်ဒိုတိုက်ခန်းဝယ်ယူထားသူ မိတ်ဆွေတစ်ဦးမှ မီတာကိစ္စနဲ့ပတ်သက်ပြီး လာရောက်တိုင်ပင်ခဲ့သည့်အပေါ် ဥပဒေဗဟုသုတရရှိစေရန် ရေးသားဖော်ပြအပ်ပါသည်။

တည်ထောင်ဆောက်လုပ်သူ (Developer) နှင့် ကျွန်မမိတ်ဆွေ ကွန်ဒိုတိုက်ခန်းဝယ်ယူသူတို့ ချုပ်ဆိုထားသည့် အရောင်းအဝယ်စာချုပ်တွင် မီးအသုံးပြုမှုနှင့်ပတ်သက်၍ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးကော်ပိုရေးရှင်း၏ အစိုးရမီးအသုံးပြုခြင်း (EPC)နှင့် မီးစက် (Generator) ဖြင့် အသုံးပြုခြင်း (၂)မျိုး ရရှိအောင် Developer မှ ဆောင်ရွက်ပေးမည်ဖြစ်ပြီး မီးစက် (Generator) ဖြင့် မီးအသုံးပြုခြင်းအတွက် တစ်ယူနစ်လျှင် (၂၅၀)ကျပ်နှုန်းထားဖြင့် ပေးရမည်။ မီးတာခ ပေးချေရန် နောက်ကျခြင်းအတွက် နောက်ကျကြေး ပေးရမည်ဟု ထည့်သွင်းချုပ်ဆိုထားပါသည်။

ယခုအခါ Developer မှ အစိုးရမီး (EPC) ရရှိအောင် ဆောင်ရွက်ပေးခြင်းမရှိပါ။ မီးစက် (Generator) မီးကိုလည်း တစ်ယူနစ် (၇၅၀)ကျပ် ကောက်ခံတဲ့အပြင် မီတာဘောက်တွေကိုလည်း သစ်သားနဲ့သော့ခတ်ထားပါတယ်။ တိုက်ခန်းဝယ်သူတွေလည်း မမြင်ရဘဲ သူတို့ မီတာလာဖတ်ချင်တဲ့ အချိန် လာဖတ်ပါတယ်။ အဆိုးဆုံးက မီတာဆောင်တာနောက်ကျရင် မီးဖြတ်ပြစ်ပါသည်။ Braker ဖြုတ်ပစ်ပါတယ်။

Developers က တိုက်ခန်းဝယ်ထားသူတွေ နေထိုင်နေတဲ့တိုက်ခန်း မီတာဘောက်ထဲက Braker ကို သူသဘောနဲ့သူ ဖြုတ်ခွင့်ရှိလား မီးဖျက်ခွင့်ရှိလား။

ယခုပြသာနာကို ဥပဒေကြောင်းအရ တင်ပြရမည်ဆိုလျှင် တည်ထောင်ဆောက်လုပ်သူ (Developer)သည် ကွန်ဒိုတိုက်ခန်းတည်ထောင်ဆောက်လုပ်ပြီးသည့်အခါ အဆောက်အဉီဆောက် လုပ်ခြင်းအတွက် သက်ဆိုင်ရာအခွန်များပေးသွင်းပြီး အဆောက်အဉီပြီးစီးကြောင်းလက်မှတ် (BCC) ရရှိအောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ထိုသို့ BCC အထောက်အထားရရှိမှသာ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးကော်ပိုရေးရှင်းတွင် အိမ်သုံးမီတာလျှောက်ထားရမည်ဖြစ်သည်။ မီးစက် (Generator) ဖြင့် မီးအသုံး ပြုခြင်းသည် အရေးပေါ် အရန်အသုံးပြုခြင်းအဖြစ်သာ သုံးစွဲနိုင်မှာဖြစ်ပါသည်။

လျှပ်စစ်အား ဖြန့်ဖြူးရောင်းချလိုသူသည် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် လျှပ်စစ်ဓာတ်အား လက်လီ‌ရောင်းချခွင့် ခွင့်ပြမိန့် လျှောက်ထားရန်လိုအပ်မည်ဖြစ်ပြီး ခွင့်ပြုမိန့်ရရှိမှ လုပ်ကိုင်ခွင့်ရှိမည် ဖြစ်သည်။ ခွင့်ပြမိန့်မရှိဘဲ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများလုပ်ကိုင်ပါက လျှပ်စစ်ဥပဒေအရ အောက်ပါ အတိုင်းအရေးယူခံရမည်ဖြစ်ပါသည်။

လျှပ်စစ်ဥပဒေ ပုဒ်မ-၄၄ အရ မည်သူမျှခွင့်ပြုမိန့်မရှိဘဲ လျှပ်စစ်ဆိုင်ရာလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်ခြင်းမပြုရ။ လျှပ်စစ်ဥပဒေ ပုဒ်မ-၅၄ အရ မည်သူမဆို ပုဒ်မ-၄၄ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးကျပ်တစ်သိန်းမှ အများဆုံးကျပ်ငါးသိန်းအထိ ငွေဒဏ်ချမှတ်ရမည်။ ယင်းပြစ်မှုကို ထပ်မံကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်ဟု ပြဌာန်းထားပါသည်။ အထက်ပါ ကိစ္စအတွက် လျှပ်စစ်ဝန်ကြီးဌာန၊ ရန်ကုန်လျှပ်စစ်ဓာတ်အား ပေးကော်ပိုရေးရှင်းသို့ တိုင်ကြားစာပေးပိုရမှာဖြစ်ပါသည်။ မီးဖျက်ခြင်းနှင့်ပတ်သက်ပြီး Developers မှ အစိုးရမီးသွယ်တန်းထားခြင်းကို ဖြတ်တောက်ခြင်း ဆိုပါက အောက်ပါအတိုင်းအရေးယူခံရမည်ဖြစ်ပါသည်။

လျှပ်စစ်ဥပဒေပုဒ်မ- ၅၃ အရ မည်သူမျှလျှပ်စစ်စီးကြောင်းလွှဲပေးခြင်း၊ လျှပ်စစ်ဓာတ်အားပေးသည့်လိုင်းကို ဖြတ်တောက်ခြင်း၊ လျှပ်စစ်ဆိုင်ရာလုပ်ငန်းတစ်ခုခုတွင် အသုံးပြုသည့် လျှပ်စစ်ပစ္စည်း ကိရိယာများကို ဖျက်ဆီးခြင်းမပြုရ ဟု ပြဌာန်းထားပါသည်။ လျှပ်စစ်ဥပဒေ ပုဒ်မ-၆၃ အရ မည်သူမဆို ပုဒ်မ-၅၃ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံးငါးနှစ်မှ အများဆုံးဆယ်နှစ်အထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည် ဟု ပြဌာန်းထားပါသည်။ သို့သော် ယခုဖြစ်ပွားနေသည့် အခြေအနေအရ Developers မှ အစိုးရမီးသွယ်တန်းထားခြင်းကို ဖြတ်‌တောက်ခြင်းမဟုတ်ဘဲ မီးစက် (Generator) မီးကို ဖြတ်တောက်ခြင်းဖြစ်တဲ့အတွက် အထက်ပါ ပုဒ်မဖြင့် အရေးယူနိုင်မည်မဟုတ်ပါ။

Developers သည် အရောင်းအဝယ်စာချုပ်တွင် ထည့်သွင်းချုပ်ဆိုထားသည့်အတိုင်း အစိုးရ လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်မပေးခြင်းနှင့် မီးစက် (Generator) မီးအသုံးပြုခြင်းအတွက် တစ်ယူနစ်ကောက်ခံမည့် နှုန်းထားများ တိုးရွေ့ကောက်ခံခြင်းများအတွက် စာချုပ်ပါ သဘောတူညီချက်ကို ပျက်ကွက်ခြင်းဖြစ်သည့်အတွက် Developers ကို ကွန်ဒိုတိုက်ခန်းဝယ်ယူသူမှ ပဋိညာဉ်ဥပဒေအရ တရားမမှုတရားစွဲဆိုပြီး နစ်နာကြေးတောင်းခံရမှာဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]

တည္ေထာင္ေဆာက္လုပ္သူ (Developer) ႏွင့္ ကြန္ဒိုတိုက္ခန္းဝယ္ယူသူမ်ားအၾကားမွာ ျဖစ္ေလ့ျဖစ္ထ႐ွိတဲ့ မီးအသုံးျပဳမႈျပႆနာတစ္ခု

ကြၽန္မထံသို႔ ကြန္ဒိုတိုက္ခန္းဝယ္ယူထားသူ မိတ္ေဆြတစ္ဦးမွ မီတာကိစၥနဲ႔ပတ္သက္ၿပီး လာေရာက္တိုင္ပင္ခဲ့သည့္အေပၚ ဥပေဒဗဟုသုတရ႐ွိေစရန္ ေရးသားေဖာ္ျပအပ္ပါသည္။

တည္ေထာင္ေဆာက္လုပ္သူ (Developer) ႏွင့္ ကြၽန္မမိတ္ေဆြ ကြန္ဒိုတိုက္ခန္းဝယ္ယူသူတို႔ ခ်ဳပ္ဆိုထားသည့္ အေရာင္းအဝယ္စာခ်ဳပ္တြင္ မီးအသုံးျပဳမႈႏွင့္ပတ္သက္၍ ရန္ကုန္လွ်ပ္စစ္ဓာတ္အား ေပးေကာ္ပိုေရး႐ွင္း၏ အစိုးရမီးအသုံးျပဳျခင္း (EPC)ႏွင့္ မီးစက္ (Generator) ျဖင့္ အသုံးျပဳျခင္း (၂)မ်ိဳး ရ႐ွိေအာင္ Developer မွ ေဆာင္႐ြက္ေပးမည္ျဖစ္ၿပီး မီးစက္ (Generator) ျဖင့္ မီးအသုံးျပဳျခင္းအတြက္ တစ္ယူနစ္လွ်င္ (၂၅၀)က်ပ္ႏႈန္းထားျဖင့္ ေပးရမည္။ မီးတာခ ေပးေခ်ရန္ ေနာက္က်ျခင္းအတြက္ ေနာက္က်ေၾကး ေပးရမည္ဟု ထည့္သြင္းခ်ဳပ္ဆိုထားပါသည္။

ယခုအခါ Developer မွ အစိုးရမီး (EPC) ရ႐ွိေအာင္ ေဆာင္႐ြက္ေပးျခင္းမ႐ွိပါ။ မီးစက္ (Generator) မီးကိုလည္း တစ္ယူနစ္ (၇၅၀)က်ပ္ ေကာက္ခံတဲ့အျပင္ မီတာေဘာက္ေတြကိုလည္း သစ္သားနဲ႔ေသာ့ခတ္ထားပါတယ္။ တိုက္ခန္းဝယ္သူေတြလည္း မျမင္ရဘဲ သူတို႔ မီတာလာဖတ္ခ်င္တဲ့ အခ်ိန္ လာဖတ္ပါတယ္။ အဆိုးဆုံးက မီတာေဆာင္တာေနာက္က်ရင္ မီးျဖတ္ျပစ္ပါသည္။ Braker ျဖဳတ္ပစ္ပါတယ္။

Developers က တိုက္ခန္းဝယ္ထားသူေတြ ေနထိုင္ေနတဲ့တိုက္ခန္း မီတာေဘာက္ထဲက Braker ကို သူသေဘာနဲ႔သူ ျဖဳတ္ခြင့္႐ွိလား မီးဖ်က္ခြင့္႐ွိလား။

ယခုျပသာနာကို ဥပေဒေၾကာင္းအရ တင္ျပရမည္ဆိုလွ်င္ တည္ေထာင္ေဆာက္လုပ္သူ (Developer)သည္ ကြန္ဒိုတိုက္ခန္းတည္ေထာင္ေဆာက္လုပ္ၿပီးသည့္အခါ အေဆာက္အဉီေဆာက္ လုပ္ျခင္းအတြက္ သက္ဆိုင္ရာအခြန္မ်ားေပးသြင္းၿပီး အေဆာက္အဉီၿပီးစီးေၾကာင္းလက္မွတ္ (BCC) ရ႐ွိေအာင္ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ထိုသို႔ BCC အေထာက္အထားရ႐ွိမွသာ ရန္ကုန္လွ်ပ္စစ္ဓာတ္အား ေပးေကာ္ပိုေရး႐ွင္းတြင္ အိမ္သုံးမီတာေလွ်ာက္ထားရမည္ျဖစ္သည္။ မီးစက္ (Generator) ျဖင့္ မီးအသုံး ျပဳျခင္းသည္ အေရးေပၚ အရန္အသုံးျပဳျခင္းအျဖစ္သာ သုံးစြဲႏိုင္မွာျဖစ္ပါသည္။

လွ်ပ္စစ္အား ျဖန္႔ျဖဴးေရာင္းခ်လိုသူသည္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနတြင္ လွ်ပ္စစ္ဓာတ္အား လက္လီ‌ေရာင္းခ်ခြင့္ ခြင့္ျပမိန္႔ ေလွ်ာက္ထားရန္လိုအပ္မည္ျဖစ္ၿပီး ခြင့္ျပဳမိန္႔ရ႐ွိမွ လုပ္ကိုင္ခြင့္႐ွိမည္ ျဖစ္သည္။ ခြင့္ျပမိန္႔မ႐ွိဘဲ လွ်ပ္စစ္ဆိုင္ရာလုပ္ငန္းမ်ားလုပ္ကိုင္ပါက လွ်ပ္စစ္ဥပေဒအရ ေအာက္ပါ အတိုင္းအေရးယူခံရမည္ျဖစ္ပါသည္။

လွ်ပ္စစ္ဥပေဒ ပုဒ္မ-၄၄ အရ မည္သူမွ်ခြင့္ျပဳမိန္႔မ႐ွိဘဲ လွ်ပ္စစ္ဆိုင္ရာလုပ္ငန္းမ်ားကို လုပ္ကိုင္ ေဆာင္႐ြက္ျခင္းမျပဳရ။ လွ်ပ္စစ္ဥပေဒ ပုဒ္မ-၅၄ အရ မည္သူမဆို ပုဒ္မ-၄၄ ပါ တားျမစ္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္႐ွားစီရင္ျခင္းခံရလွ်င္ ထိုသူကို အနည္းဆုံးက်ပ္တစ္သိန္းမွ အမ်ားဆုံးက်ပ္ငါးသိန္းအထိ ေငြဒဏ္ခ်မွတ္ရမည္။ ယင္းျပစ္မႈကို ထပ္မံက်ဴးလြန္ေၾကာင္း ျပစ္မႈထင္႐ွား စီရင္ျခင္းခံရလွ်င္ ထိုသူကို တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္သည္ဟု ျပဌာန္းထားပါသည္။ အထက္ပါ ကိစၥအတြက္ လွ်ပ္စစ္ဝန္ႀကီးဌာန၊ ရန္ကုန္လွ်ပ္စစ္ဓာတ္အား ေပးေကာ္ပိုေရး႐ွင္းသို႔ တိုင္ၾကားစာေပးပိုရမွာျဖစ္ပါသည္။ မီးဖ်က္ျခင္းႏွင့္ပတ္သက္ၿပီး Developers မွ အစိုးရမီးသြယ္တန္းထားျခင္းကို ျဖတ္ေတာက္ျခင္း ဆိုပါက ေအာက္ပါအတိုင္းအေရးယူခံရမည္ျဖစ္ပါသည္။

လွ်ပ္စစ္ဥပေဒပုဒ္မ- ၅၃ အရ မည္သူမွ်လွ်ပ္စစ္စီးေၾကာင္းလႊဲေပးျခင္း၊ လွ်ပ္စစ္ဓာတ္အားေပးသည့္လိုင္းကို ျဖတ္ေတာက္ျခင္း၊ လွ်ပ္စစ္ဆိုင္ရာလုပ္ငန္းတစ္ခုခုတြင္ အသုံးျပဳသည့္ လွ်ပ္စစ္ပစၥည္း ကိရိယာမ်ားကို ဖ်က္ဆီးျခင္းမျပဳရ ဟု ျပဌာန္းထားပါသည္။ လွ်ပ္စစ္ဥပေဒ ပုဒ္မ-၆၃ အရ မည္သူမဆို ပုဒ္မ-၅၃ ပါ တားျမစ္ခ်က္ကို ေဖာက္ဖ်က္က်ဴးလြန္ေၾကာင္း ျပစ္မႈထင္႐ွားစီရင္ျခင္းခံရလွ်င္ ထိုသူကို အနည္းဆုံးငါးႏွစ္မွ အမ်ားဆုံးဆယ္ႏွစ္အထိ ေထာင္ဒဏ္ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္သည္ ဟု ျပဌာန္းထားပါသည္။ သို႔ေသာ္ ယခုျဖစ္ပြားေနသည့္ အေျခအေနအရ Developers မွ အစိုးရမီးသြယ္တန္းထားျခင္းကို ျဖတ္‌ေတာက္ျခင္းမဟုတ္ဘဲ မီးစက္ (Generator) မီးကို ျဖတ္ေတာက္ျခင္းျဖစ္တဲ့အတြက္ အထက္ပါ ပုဒ္မျဖင့္ အေရးယူႏိုင္မည္မဟုတ္ပါ။ Developers သည္ အေရာင္းအဝယ္စာခ်ဳပ္တြင္ ထည့္သြင္းခ်ဳပ္ဆိုထားသည့္အတိုင္း အစိုးရ လွ်ပ္စစ္မီး ရ႐ွိေအာင္ ေဆာင္႐ြက္မေပးျခင္းႏွင့္ မီးစက္ (Generator) မီးအသုံးျပဳျခင္းအတြက္ တစ္ယူနစ္ေကာက္ခံမည့္ ႏႈန္းထားမ်ား တိုးေ႐ြ႕ေကာက္ခံျခင္းမ်ားအတြက္ စာခ်ဳပ္ပါ သေဘာတူညီခ်က္ကို ပ်က္ကြက္ျခင္းျဖစ္သည့္အတြက္ Developers ကို ကြန္ဒိုတိုက္ခန္းဝယ္ယူသူမွ ပဋိညာဥ္ဥပေဒအရ တရားမမႈတရားစြဲဆိုၿပီး နစ္နာေၾကးေတာင္းခံရမွာျဖစ္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service