မြေအမည်ပေါက်သူများလှတဲ့ (၉)မိုင်က “ ဘိုးဘပိုင်ခြံကွက်များ ဝယ်သူအမည်ပြောင်းဖို့ မလွယ်ပါလား ”

မြေအမည်ပေါက်သူများလှတဲ့ (၉)မိုင်က “ ဘိုးဘပိုင်ခြံကွက်များ ဝယ်သူအမည်ပြောင်းဖို့ မလွယ်ပါလား ” - Property Knowledge in Myanmar from iMyanmarHouse.com
27 Apr 2022 11:48 am တွင် တင်ခဲ့သည်
1308 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

အိမ်ခြံမြေ ဝယ်တော့မယ်ဆိုရင် ရန်ကုန်-ပြည်လမ်း ဘေးက (၆)မိုင် (၇)မိုင် (၈)မိုင် (၉)မိုင်မှာရှိတဲ့ ခြံကွက်တွေဆိုရင် လူတိုင်းသဘောကျပါတယ်။ ဝယ်ချင်သူတွေလည်း စိတ်ဝင်စားကြတယ်။ အဲဒီမှာရှိတဲ့ ခြံတွေက ထင်ရှားတဲ့အတွက် လူအများကိုစိတ်ဝင်စားစေပါတယ်။ တကယ်ဝယ်မယ်ဆိုရင်လည်း သိန်းထောင်ဂဏန်းကနေ သိန်းပေါင်းသောင်းဂဏန်းအထိရှိပါတယ်။ နေရာအကျယ်အဝန်းပေါ်မူတည်ပြီး ဈေးကွာသွားတဲ့ သဘောပါဘဲ။

(၉)မိုင်ကခြံကွက်နဲ့ မြောက်ဒဂုံ မြေကွက်ဈေး ဘာကြောင့် မကွာတာလဲ

“မောင်ကောင်းဖေ” ရဲ့ မိတ်ဆွေ “ကိုဇော်မင်းထွန်း” တို့ဇနီးမောင်နှံကတော့ (၉)မိုင်ဘက်က ခြံတစ်ခြံကို အလွန်ဘဲ သဘောကျနေပါတယ်။ ဗမာလူမျိုး ဗုဒ္ဓဘာသာပီပီ အေးချမ်းဆိတ်ငြိမ်တဲ့နေရာ ဖြစ်တော့ စိတ်ဝင်စားတာပေါ့။ ရောင်းဈေး မေးကြည့်မိပြန်တော့ သိန်းတစ်ထောင်ကျော် သတဲ့ မြေအကျယ် (ပေ ၃၀ x ပေ ၆၀) ရှိတယ်လို့ သိရပါတယ်။ ဒီလိုဆို မြောက်ဒဂုံ (၃၄) (၃၅) ရပ်ကွက်က မြေကွက်ဈေးတွေနဲ့ သိပ်ပြီးမကွာသလိုဘဲ။

မြောက်ဒဂုံ ခြံကွက်တွေကတော့ အနှစ် (၆၀) ဂရန်အမည်ပေါက်တာများတယ်။ ဝယ်ပြီး မိမိနာမည်ပြောင်းလိုက်ရင် ကိုယ့်အမည်ပေါက်ဖြစ်သွားတယ် ဆိုတော့ တသက်လုံးစိတ်ချမ်းသာတာပေါ့။ အခု(၉)မိုင်က ခြံမြေကွက်ကို ဝယ်မယ်ဆိုရင်တော့ ဘာမြေအမျိုးအစားလဲ.. အမည်ပေါက်ဘယ်သူလဲ.. အခုရောင်းမယ့်သူကရော သူ့နာမည်ပေါက်ဟုတ်ရဲ့လား …ဝယ်ရင်ရော ခိုင်မာမှုမှရှိပါ့မလား… သိချင်လာတယ်။ နောက်ဆုံး အကျိုးဆောင်ပွဲစားတွေရဲ့ စည်းရုံးလှုံ့ဆော်မှုကြောင့် “ကိုဇော်မင်းထွန်း “ တို့ဇနီးမောင်နှံ ခြံကွက်ကိုသွားကြည့်ကြတယ်။

ခြံကွက်ရဲ့ အနေအထားက ပတ်ပတ်လည်အုတ်တံတိုင်းခတ်ထားတာကိုတွေ့ရတယ်။ ခြံတံခါးက လှမ်းကြည့်လိုက်တော့ ခြံကွက်ထဲမှာ တိုက်ဆောက်ဖို့ရှင်းလင်းထားတာကိုတွေ့ရတယ်။ ခြေရင်း/ခေါင်းရင်းနဲ့ အရှေ့ဘက်/ အနောက်ဘက်တွေအခြေအနေ အကဲခတ်ကြည့်ပြန်တော့လည်း ခြံနဲ့ဝင်နဲ့ ကိုယ်ပိုင်(၂)ထပ်တိုက်တွေနဲ့ အေးအေးချမ်းချမ်းနေထိုင်ကြတာကို တွေ့ရတယ်။ ခြံကွက်က လမ်းသွယ်ထဲမှာဆိုပေမဲ့ ပြည်လမ်းဘက်ကို ထွက်လို့ရတဲ့ လမ်း(၂)လမ်းရှိတာတွေ့ရတယ်။ (A1)ခြံနဲ့လည်း မနီးမဝေးလို့ ဆိုပါတယ်။

မြေအမည်ပေါက်တွေများလှတဲ့ (၉)မိုင်က ဘိုးဘပိုင်ခြံကွက်များ

ဒီလိုနဲ့ ကိုဇော် တို့ဇနီးမောင်နှံစိတ်ဝင်စားသွားကြလို့ မောင်ကောင်းဖေ ထံရောက်လာပြီး မြေရာဇဝင် စစ်ဆေးပေးဖို့ ပြောကြပါတယ်။ အကျိုးဆောင်ပွဲစားတွေရှာဖွေပေးလိုက်တဲ့ Viber က ဓါတ်ပုံအထောက်အထားတွေအရ စည်ပင်မြို့မြေစာရင်မှာ ဘိုးဘပိုင်မြေအမည်ပေါက်နေတာကိုတွေ့ရတယ်။ အမည်ပေါက်က တစ်ယောက်ထဲ မဟုတ်ဘူးဗျ။ (၅၄)ဦးတောင်ရှိတယ်ဆိုတော့ မျက်လုံးတောင်ပြူးသွားတယ်။ ဒီလိုအမည်ပေါက်များတဲ့ မြေမျိုး အခုမှတွေ့ဘူးတာလေ။ အဲဒီမြေကွက်ကြီးထဲကမှ (30’x60’) အစိတ်အပိုင်းကို ဝယ်ရမှာ ဖြစ်နေတော့စဉ်းစားစရာပေါ့။

မှန်တာပြောရရင် “ကိုဇော” ်တို့ ဇနီးမောင်နှံဝယ်ဖို့ လက်တွန့်နေကြတယ်။ ပွဲစားတွေကလည်း “ကိုဇော် “ တို့နောက်ပြန်မဆုတ်မီ ရောင်းမယ်သူနဲ့ အရင်တွေ့ကြည့်ပါဦးဆိုပြီး အတင်းစည်းရုံးကြလို့ အားနာနာနဲ့ ရောင်းသူထံလိုက်သွားကြည့်တဲ့အခါ ရောင်းသူထုတ်ပြတဲ့ စာရွက်စာတမ်းတွေအရ အရပ်ကတိစာချုပ်အထက်အထက်နဲ့ ထူးထူးခြားခြား မူလမြေပိုင်ရှင်များက မိမိတို့ပိုင်ဆိုင်သည့် မြေဧရိယာ အကျယ်ဧကအလိုက် ယုံကြည်ရသူတို့အား မှတ်ပုံတင် အထူးကိုယ်စားလှယ်လွှဲစာ ပေးအပ် ထားတာကိုတွေ့ရပါတယ်။

 

အမည်မပေါက်သေးတဲ့ လက်ရှိထားနေထိုင်ခွင့်ရထားတဲ့မြေ

ပို၍ထူးခြားတာက ယခုရောင်းမယ့်မြေ အစိတ်အပိုင်းကိုရောင်းသူကလက်ရှိထားနေထိုင်ခွင့် (Possessory title) ရထားတဲ့အကြောင်း ခရိုင်တရားရုံးအမိန့်ကို ထုတ်ပြပါတယ်။ ဒီလိုဆိုတော့ ဒီမြေကွက်အစိတ်အပိုင်းကို တရားဝင်နေထိုင်ခွင့်ရအောင် ရောင်းသူက Special Power ရသူကို တရားစွဲပြီး အပိုင်ရထားသူဖြစ်တဲ့ အတွက် ဝယ်လို့ရတယ်ပေါ့။ တကယ်လို့ တိုက်ဆောက်ချင်တယ်ဆိုရင် လက်ရှိထားနေထိုင်ခွင့် အမည်နဲ့ အိမ်ဆောက်ရမှာပေါ့။

ဝယ်သူအမည်ပေါက်ဖို့အရေး မှန်းချက်နဲ့နှမ်းထွက်မကိုင်သေး

ဒီလိုနဲ့ ကိုဇော်တို့လည်း သဘောကျသွားပြီး ဝယ်ဖို့ဆုံးဖြတ်ကာ စာချုပ်ပေးဖို့ “မောင်ကောင်းဖေကို” လာခေါ်တော့တာဘဲ။ စရန်ပေးစာချုပ်ပြီးတာနဲ့ ကန့်ကွက်ရန်ရှိမရှိ သတင်းစာကြော်ငြာလိုက်တာပေါ့။ (၅)ရက်မြောက်နေ့ရောက်တဲ့အခါ ရှေ့နေမောင်ကောင်းဖေ ထံ အမြန်ချောပို့နဲ့ စာတစ်စောင်ရောက်လာတယ်။ ကိုဇော် တို့ ဝယ်မယ့် မြေအစိတ်အပိုင်းကို အမည်ပေါက်ပိုင်ဆိုင်သူ မြေရှင်များလို့ဆိုပါတယ်။

ကိုဇော်တို့ အိမ်ဆောက်ချင်တာဘဲဖြစ်ဖြစ် ကိုဇော်တို့ မြေအမည်ပေါက် လုပ်ချင်တာဘဲဖြစ်ဖြစ် မြေရှင်များရဲ့ ကိုယ်စားလှယ်လွှဲစာရသူနဲ့ လာရောက်ညှိနှိုင်းဖို့အကြောင်းကြားစာပို့လိုက်တာဖြစ်ပါတယ်။ ကိုဇော်တို့ အမည်ပေါက် ခြံကွက်ဖြစ်မယ်ဆိုတော့ စိတ်ဝင်စားမိတယ်။ ဒါနဲ့ မောင်ကောင်းဖေရယ် ကိုဇော်တို့ဇနီးမောင်နှံရယ် မြေရှင်တွေနဲ့ သွားပြီးတွေ့ဆုံကြည့်တာပေါ့။ ကုန်ကျစရတ်သက်သာရင်လည်း မိမိမြေကွက်အမည်ပေါက် လျှောက်လိုက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။ ဒါပေမယ့် တကယ်တွေ့ဆုံတဲ့အခါ က်ိုယ့်အမည်ပေါက်မြေဖြစ်လာဖို့အတွက် အဆင့်ဆင့်ကုန်ကျစရိတ်က သိန်းရာနှင့်ချီ ရင်းနှီးမြှပ်နှံရမှာဖြစ်တဲ့အတွက် စဉ်းစားပါရစေ ဦးခင်ဗျာ ဟု နှုတ်ဆက်၍ပြန်ခဲ့ကြရပါတယ်။

လက်ရှိထားနေထိုင်ခွင့် ရထားတာနဲ့ စာရင် ဝယ်သူရဲ့ အမည်ပေါက် ဘိုးဘပိုင်မြေဖြစ်သွားရင်တော့ သားစဉ်မြေးဆက် အေးအေးဆေးဆေး ဖြစ်သွားပြီပေါ့။ မြေတန်ဖိုးကလည်း ဒီ့ထက်အများကြီး ဈေးတန်သွားပြီဆိုတာ ကိုဇော် တို့လည်းသဘောပေါက်ပါတယ်။ လက်ရှိအနေအထားအရ ကိုဗစ်-၁၉ ရောဂါဆိုးကပ်ကြီးကြောင့်ရယ် နိုင်ငံတည်ငြိမ်ဖို့ စောင့်ကြည့်နေရတဲ့ အခြေအနေကြောင့်ရယ် ခြံမြေအမည်ပေါက်လျှောက်ထားဖို့ ကိစ္စကို လောလောဆယ် မစဉ်းစားနိုင်သေးတာကြောင့် ကျန်ငွေပေးချေပြီး လက်ရောက်ယူထားလိုက်ဖို့ဘဲ ဆုံးဖြတ်လိုက်ကြပါတယ်။

အပြီးငွေချေဖို့သတ်မှတ်တဲ့ နေ့ရက်မှာတော့ ရှေ့နေနဲ့တကွ ပွဲစားတွေပါ မကျန် လူစုံတက်စုံရှေ့မှာ ကျန်ငွေကို ပေးချေလိုက်ပါတယ်။ ငွေချေတဲ့အခါမှာလည်း သိန်းထောင်ဂဏန်းကို ငွေသားနဲ့ချေနိုင်အောင် အတော်ကြိုးစားရှာဖွေယူရတယ်လို့ ကိုဇော် တို့က ပြောပါတယ်။ ဘာဘဲပြောပြော လက်ရှိထားနေထိုင်ခွင့်ရထားတဲ့ အမိန့်ဟာလည်း ဝယ်သူအတွက် တရားဝင်နေထိုင်ခွင့်ရတဲ့ အမိန့်ပါဘဲ။ ကိုယ်နာမည်ပေါက်မြေဖြစ်ချင်ရင်တော့ မြေရှင်တွေနဲ့ ဆက်လက်ညှိနှိုင်းဆွေးနွေးရုံပါဘဲ။ စီရင်ထုံးတစ်ခုအရ မြေအမည်ပေါက်တိုင်းမြေပိုင်ဆိုင်သူ မဟုတ်ဘူး ဆိုစကားလည်းရှိထားပြီးသာ မဟုတ်လား......။

ရောင်းသူဝယ်သူ နှစ်ဘက်အဆင်ပြေကြပါစေ........

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမအမည္ေပါက္သူမ်ားလွတဲ့ (၉)မိုင္က “ ဘိုးဘပိုင္ျခံကြက္မ်ား ဝယ္သူအမည္ေျပာင္းဖို႔ မလြယ္ပါလား ”

 

အိမ္ျခံေျမ ဝယ္ေတာ့မယ္ဆိုရင္ ရန္ကုန္-ျပည္လမ္း ေဘးက (၆)မိုင္ (၇)မိုင္ (၈)မိုင္ (၉)မိုင္မွာရွိတဲ့ ျခံကြက္ေတြဆိုရင္ လူတိုင္းသေဘာက်ပါတယ္။ ဝယ္ခ်င္သူေတြလည္း စိတ္ဝင္စားၾကတယ္။ အဲဒီမွာရွိတဲ့ ျခံေတြက ထင္ရွားတဲ့အတြက္ လူအမ်ားကိုစိတ္ဝင္စားေစပါတယ္။ တကယ္ဝယ္မယ္ဆိုရင္လည္း သိန္းေထာင္ဂဏန္းကေန သိန္းေပါင္းေသာင္းဂဏန္းအထိရွိပါတယ္။ ေနရာအက်ယ္အဝန္းေပၚမူတည္ၿပီး ေဈးကြာသြားတဲ့ သေဘာပါဘဲ။

(၉)မိုင္ကျခံကြက္နဲ႔ ေျမာက္ဒဂံု ေျမကြက္ေဈး ဘာေၾကာင့္ မကြာတာလဲ

“ေမာင္ေကာင္းေဖ” ရဲ႕ မိတ္ေဆြ “ကိုေဇာ္မင္းထြန္း” တို႔ဇနီးေမာင္ႏွံကေတာ့ (၉)မိုင္ဘက္က ျခံတစ္ျခံကို အလြန္ဘဲ သေဘာက်ေနပါတယ္။ ဗမာလူမ်ိဳး ဗုဒၶဘာသာပီပီ ေအးခ်မ္းဆိတ္ၿငိမ္တဲ့ေနရာ ျဖစ္ေတာ့ စိတ္ဝင္စားတာေပါ့။ ေရာင္းေဈး ေမးၾကည့္မိျပန္ေတာ့ သိန္းတစ္ေထာင္ေက်ာ္ သတဲ့ ေျမအက်ယ္ (ေပ ၃၀ x ေပ ၆၀) ရွိတယ္လို႕ သိရပါတယ္။ ဒီလိုဆို ေျမာက္ဒဂံု (၃၄) (၃၅) ရပ္ကြက္က ေျမကြက္ေဈးေတြနဲ႕ သိပ္ၿပီးမကြာသလိုဘဲ။

ေျမာက္ဒဂုံ ျခံကြက္ေတြကေတာ့ အႏွစ္ (၆၀) ဂရန္အမည္ေပါက္တာမ်ားတယ္။ ဝယ္ၿပီး မိမိနာမည္ေျပာင္းလိုက္ရင္ ကိုယ့္အမည္ေပါက္ျဖစ္သြားတယ္ ဆိုေတာ့ တသက္လုံးစိတ္ခ်မ္းသာတာေပါ့။ အခု(၉)မိုင္က ျခံေျမကြက္ကို ဝယ္မယ္ဆိုရင္ေတာ့ ဘာေျမအမ်ိဳးအစားလဲ.. အမည္ေပါက္ဘယ္သူလဲ.. အခုေရာင္းမယ့္သူကေရာ သူ႔နာမည္ေပါက္ဟုတ္ရဲ႕လား …ဝယ္ရင္ေရာ ခိုင္မာမႈမွ႐ွိပါ့မလား… သိခ်င္လာတယ္။ ေနာက္ဆုံး အက်ိဳးေဆာင္ပြဲစားေတြရဲ႕ စည္း႐ုံးလႈံ႕ေဆာ္မႈေၾကာင့္ “ကိုေဇာ္မင္းထြန္း “ တို႔ဇနီးေမာင္ႏွံ ျခံကြက္ကိုသြားၾကည့္ၾကတယ္။

ျခံကြက္ရဲ႕ အေနအထားက ပတ္ပတ္လည္အုတ္တံတိုင္းခတ္ထားတာကိုေတြ႕ရတယ္။ ျခံတံခါးက လွမ္းၾကည့္လိုက္ေတာ့ ျခံကြက္ထဲမွာ တိုက္ေဆာက္ဖို႔႐ွင္းလင္းထားတာကိုေတြ႕ရတယ္။ ေျခရင္း/ေခါင္းရင္းနဲ႔ အေ႐ွ႕ဘက္/ အေနာက္ဘက္ေတြအေျခအေန အကဲခတ္ၾကည့္ျပန္ေတာ့လည္း ျခံနဲ႔ဝင္နဲ႔ ကိုယ္ပိုင္(၂)ထပ္တိုက္ေတြနဲ႔ ေအးေအးခ်မ္းခ်မ္းေနထိုင္ၾကတာကို ေတြ႕ရတယ္။ ျခံကြက္က လမ္းသြယ္ထဲမွာဆိုေပမဲ့ ျပည္လမ္းဘက္ကို ထြက္လို႔ရတဲ့ လမ္း(၂)လမ္း႐ွိတာေတြ႕ရတယ္။ (A1)ျခံနဲ႔လည္း မနီးမေဝးလို႔ ဆိုပါတယ္။

ေျမအမည္ေပါက္ေတြမ်ားလွတဲ့ (၉)မိုင္က ဘိုးဘပိုင္ျခံကြက္မ်ား

ဒီလိုနဲ႕ ကိုေဇာ္ တို႕ဇနီးေမာင္ႏွံစိတ္ဝင္စားသြားၾကလို႕ ေမာင္ေကာင္းေဖ ထံေရာက္လာၿပီး ေျမရာဇဝင္ စစ္ေဆးေပးဖို႕ ေျပာၾကပါတယ္။ အက်ိဳးေဆာင္ပြဲစားေတြရွာေဖြေပးလိုက္တဲ့ Viber က ဓါတ္ပံုအေထာက္အထားေတြအရ စည္ပင္ၿမိဳ႕ေျမစာရင္မွာ ဘိုးဘပိုင္ေျမအမည္ေပါက္ေနတာကိုေတြ႕ရတယ္။ အမည္ေပါက္က တစ္ေယာက္ထဲ မဟုတ္ဘူးဗ်။ (၅၄)ဦးေတာင္ရွိတယ္ဆိုေတာ့ မ်က္လံုးေတာင္ျပဴးသြားတယ္။ ဒီလိုအမည္ေပါက္မ်ားတဲ့ ေျမမ်ိဳး အခုမွေတြ႕ဘူးတာေလ။ အဲဒီေျမကြက္ႀကီးထဲကမွ (30’x60’) အစိတ္အပိုင္းကို ဝယ္ရမွာ ျဖစ္ေနေတာ့စဥ္းစားစရာေပါ့။

မွန္တာေျပာရရင္ “ကိုေဇာ” ္တို႕ ဇနီးေမာင္ႏွံဝယ္ဖို႕ လက္တြန္႕ေနၾကတယ္။ ပြဲစားေတြကလည္း “ကိုေဇာ္ “ တို႕ေနာက္ျပန္မဆုတ္မီ ေရာင္းမယ္သူနဲ႕ အရင္ေတြ႕ၾကည့္ပါဦးဆိုၿပီး အတင္းစည္း႐ုံးၾကလို႕ အားနာနာနဲ႕ ေရာင္းသူထံလိုက္သြားၾကည့္တဲ့အခါ ေရာင္းသူထုတ္ျပတဲ့ စာရြက္စာတမ္းေတြအရ အရပ္ကတိစာခ်ဳပ္အထက္အထက္နဲ႕ ထူးထူးျခားျခား မူလေျမပိုင္ရွင္မ်ားက မိမိတို႕ပိုင္ဆိုင္သည့္ ေျမဧရိယာ အက်ယ္ဧကအလိုက္ ယံုၾကည္ရသူတို႕အား မွတ္ပံုတင္ အထူးကိုယ္စားလွယ္လႊဲစာ ေပးအပ္ ထားတာကိုေတြ႕ရပါတယ္။

 

အမည္မေပါက္ေသးတဲ့ လက္ရွိထားေနထိုင္ခြင့္ရထားတဲ့ေျမ

ပို၍ထူးျခားတာက ယခုေရာင္းမယ့္ေျမ အစိတ္အပိုင္းကိုေရာင္းသူကလက္ရွိထားေနထိုင္ခြင့္ (Possessory title) ရထားတဲ့အေၾကာင္း ခ႐ိုင္တရား႐ုံးအမိန္႕ကို ထုတ္ျပပါတယ္။ ဒီလိုဆိုေတာ့ ဒီေျမကြက္အစိတ္အပိုင္းကို တရားဝင္ေနထိုင္ခြင့္ရေအာင္ ေရာင္းသူက Special Power ရသူကို တရားစြဲၿပီး အပိုင္ရထားသူျဖစ္တဲ့ အတြက္ ဝယ္လို႕ရတယ္ေပါ့။ တကယ္လို႕ တိုက္ေဆာက္ခ်င္တယ္ဆိုရင္ လက္ရွိထားေနထိုင္ခြင့္ အမည္နဲ႕ အိမ္ေဆာက္ရမွာေပါ့။

ဝယ္သူအမည္ေပါက္ဖို႕အေရး မွန္းခ်က္နဲ႕ႏွမ္းထြက္မကိုင္ေသး

ဒီလိုနဲ႔ ကိုေဇာ္တို႔လည္း သေဘာက်သြားၿပီး ဝယ္ဖို႔ဆုံးျဖတ္ကာ စာခ်ဳပ္ေပးဖို႔ “ေမာင္ေကာင္းေဖကို” လာေခၚေတာ့တာဘဲ။ စရန္ေပးစာခ်ဳပ္ၿပီးတာနဲ႔ ကန္႔ကြက္ရန္႐ွိမ႐ွိ သတင္းစာေၾကာ္ျငာလိုက္တာေပါ့။ (၅)ရက္ေျမာက္ေန႔ေရာက္တဲ့အခါ ေ႐ွ႕ေနေမာင္ေကာင္းေဖ ထံ အျမန္ေခ်ာပို႔နဲ႔ စာတစ္ေစာင္ေရာက္လာတယ္။ ကိုေဇာ္ တို႔ ဝယ္မယ့္ ေျမအစိတ္အပိုင္းကို အမည္ေပါက္ပိုင္ဆိုင္သူ ေျမ႐ွင္မ်ားလို႔ဆိုပါတယ္။

ကိုေဇာ္တို႔ အိမ္ေဆာက္ခ်င္တာဘဲျဖစ္ျဖစ္ ကိုေဇာ္တို႔ ေျမအမည္ေပါက္ လုပ္ခ်င္တာဘဲျဖစ္ျဖစ္ ေျမ႐ွင္မ်ားရဲ႕ ကိုယ္စားလွယ္လႊဲစာရသူနဲ႔ လာေရာက္ညႇိႏိႈင္းဖို႔အေၾကာင္းၾကားစာပို႔လိုက္တာျဖစ္ပါတယ္။ ကိုေဇာ္တို႔ အမည္ေပါက္ ျခံကြက္ျဖစ္မယ္ဆိုေတာ့ စိတ္ဝင္စားမိတယ္။ ဒါနဲ႔ ေမာင္ေကာင္းေဖရယ္ ကိုေဇာ္တို႔ဇနီးေမာင္ႏွံရယ္ ေျမ႐ွင္ေတြနဲ႔ သြားၿပီးေတြ႕ဆုံၾကည့္တာေပါ့။ ကုန္က်စရတ္သက္သာရင္လည္း မိမိေျမကြက္အမည္ေပါက္ ေလွ်ာက္လိုက္မယ္ဆိုတဲ့ စိတ္ကူးနဲ႔ေပါ့။ ဒါေပမယ့္ တကယ္ေတြ႕ဆုံတဲ့အခါ က္ိဳယ့္အမည္ေပါက္ေျမျဖစ္လာဖို႔အတြက္ အဆင့္ဆင့္ကုန္က်စရိတ္က သိန္းရာႏွင့္ခ်ီ ရင္းႏွီးျမႇပ္ႏွံရမွာျဖစ္တဲ့အတြက္ စဥ္းစားပါရေစ ဦးခင္ဗ်ာ ဟု ႏႈတ္ဆက္၍ျပန္ခဲ့ၾကရပါတယ္။

လက္ရွိထားေနထိုင္ခြင့္ ရထားတာနဲ႕ စာရင္ ဝယ္သူရဲ႕ အမည္ေပါက္ ဘိုးဘပိုင္ေျမျဖစ္သြားရင္ေတာ့ သားစဥ္ေျမးဆက္ ေအးေအးေဆးေဆး ျဖစ္သြားၿပီေပါ့။ ေျမတန္ဖိုးကလည္း ဒီ့ထက္အမ်ားႀကီး ေဈးတန္သြားၿပီဆိုတာ ကိုေဇာ္ တို႕လည္းသေဘာေပါက္ပါတယ္။ လက္ရွိအေနအထားအရ ကိုဗစ္-၁၉ ေရာဂါဆိုးကပ္ႀကီးေၾကာင့္ရယ္ ႏိိုင္ငံတည္ၿငိမ္ဖို႕ ေစာင့္ၾကည့္ေနရတဲ့ အေျခအေနေၾကာင့္ရယ္ ျခံေျမအမည္ေပါက္ေလွ်ာက္ထားဖို႕ ကိစၥကို ေလာေလာဆယ္ မစဥ္းစားႏိုင္ေသးတာေၾကာင့္ က်န္ေငြေပးေခ်ၿပီး လက္ေရာက္ယူထားလိုက္ဖို႔ဘဲ ဆံုးျဖတ္လိုက္ၾကပါတယ္။

အၿပီးေငြေခ်ဖို႕သတ္မွတ္တဲ့ ေန႕ရက္မွာေတာ့ ေရွ႕ေနနဲ႕တကြ ပြဲစားေတြပါ မက်န္ လူစံုတက္စံုေရွ႕မွာ က်န္ေငြကို ေပးေခ်လိုက္ပါတယ္။ ေငြေခ်တဲ့အခါမွာလည္း သိန္းေထာင္ဂဏန္းကို ေငြသားနဲ႕ေခ်ႏိုင္ေအာင္ အေတာ္ႀကိဳးစားရွာေဖြယူရတယ္လို႕ ကိုေဇာ္ တို႕က ေျပာပါတယ္။ ဘာဘဲေျပာေျပာ လက္ရွိထားေနထိုင္ခြင့္ရထားတဲ့ အမိန္႕ဟာလည္း ဝယ္သူအတြက္ တရားဝင္ေနထိုင္ခြင့္ရတဲ့ အမိန္႕ပါဘဲ။ ကိုယ္နာမည္ေပါက္ေျမျဖစ္ခ်င္ရင္ေတာ့ ေျမရွင္ေတြနဲ႕ ဆက္လက္ၫွိႏိႈင္းေဆြးေႏြး႐ုံပါဘဲ။ စီရင္ထံုးတစ္ခုအရ ေျမအမည္ေပါက္တိုင္းေျမပိုင္ဆိုင္သူ မဟုတ္ဘူး ဆိုစကားလည္းရွိထားၿပီးသာ မဟုတ္လား......။

ေရာင္းသူဝယ္သူ ႏွစ္ဘက္အဆင္ေျပၾကပါေစ........

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service