အိမ်ခြံမြေကို အပေါင်ထား၍ ငွေချေးငှားကြ၊ ပေါင်နှံကြမည်ဆိုလျှင်

အိမ်ခြံမြေကို အပေါင်ထား၍ ငွေချေးငှားကြ၊ ပေါင်နှံကြမည်ဆိုလျှင် - Property Knowledge in Myanmar from iMyanmarHouse.com
26 Apr 2022 10:28 am တွင် တင်ခဲ့သည်
1154 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode] ငွေချေးငှားခြင်းအလုပ်ကိုလုပ်ကိုင်ကြရာတွင် အိမ်ခြံမြေတို့ကို အပေါင်ထား၍ ဆောင်ရွက် လေ့ရှိကြသည်။ ဥပဒေအရဆိုလျှင် လိုင်စင်မရှိပါက အပေါင်လုပ်ငန်းကို လုပ်ကိုင်၍ မရပေ။ သို့ရာတွင် အပေါင်ခံလိုသော အိမ်ခြံမြေတို့ကို မြေပုံနှင့်မြေရာဇဝင်ရေးကူးရန်အတွက် ရန်ကုန်မြို့တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေရာစီမံခန့်ခွဲမှုဌာန၊ မန္တလေးမြို့တွင် မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေရာစီမံခန့်ခွဲမှုဌာန၊ နေပြည်တော်တွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြနှင့်မြေရာစီမံခန့်ခွဲမှုဌာနနှင့် အခြားသောနယ်မြို့ များတွင် မြေယာစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနသို့သွားရောက်ကာ ‌မြေအမည်‌ပေါက်ပိုင်ရှင် ကိုယ်တိုင် မှန်ကန်ကြောင်းသက်သေခံသည့် ငွေချေိးရန်အကြောင်းအရာဖြင့် မြေပုံနှင့်မြေရာဇဝင်ကို ရေးကူးခွင့်ပြုရန် လျှောက်ထားရပါမည်။

ထိုသို့မြေပုံရေးကူးပြီးနောက် (၁)နှစ်သက်တမ်းရှိသည့် အပေါင်စာချုပ်ကို နားလည် တတ်ကျွမ်းသူများနှင့်ချုပ်ဆိုရပါမည်။ စာချုပ်တွင် မြေပုံနှင့်မြေရာဇဝင်တို့ကို ပူးတွဲထားရပါမည်။ ထို့နောက်စာချုပ်ကို စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပြုလုပ်ရမည်ဖြစ်သည်။ မှတ်ပုံတင် ခမှာ အပေါင်တန်ဖိုး၏ (၀.၅) ရာခိုင်နှုန်းဖြစ်သည်။ ထိုသို့ပြုလုပ်ဆောင်ရွက်ထားမှသာ ချေးငွေပြန် မဆပ်ပါက အပေါင်ထားသည့် အိမ်ခြံမြေနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်၍ ရနိုင်မည်ဖြစ်သည်။ ထိုသို့ဥပဒေနှင့်အညီ တရားဝင်အပေါင်လုပ်ငန်း ဆောင်ရွက်ရန်အတွက် ပုဂ္ဂလိကအပေါင် ဆိုင်လုပ်ငန်းလျှောက်ထားလိုပါက အောက်ပါအတိုင်းလျှောက်ထားရမည်ဖြစ်သည်။

ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်းလျောက်ထားမှု။

ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်လိုပါက အပေါင်ဆိုင်လုပ်ငန်းလိုင်စင်ကို မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ကိုယ်တိုင်ရေးလျှောက်လွှာဖြင့် အောက်ပါအချက် အလက်များ ပြည့်စုံစွာဖော်ပြ၍ တင်ပြရပါသည်-

- ပုဂ္ဂလိကအပေါင်ဆိုင်လုပ်ငန်း ဖွင့်လှစ်လုပ်ကိုင်မည့် လိပ်စာအပြည့်အစုံ

- လျှောက်ထားသူ၏ နေရပ်လိပ်စာအပြည့်အစုံနှင့် ဖုန်းနံပါတ်

- လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်းစာရင်းမိတ္တူ (ပူးတွဲ)

ကော်မတီ၏ ခွင့်ပြုချက်ရရှိပြီးမှသာ ခွင့်ပြုသည့်နေရာတွင် လုပ်ကိုင်ခွင့်ရှိပါသည်။ ခွင့်ပြု သည့်မြို့နယ်မှအပ အခြားမြို့နယ်သို့ ပြောင်းရွှေ့ဖွင့်လှစ် လုပ်ကိုင်ခွင့်မရှိပါ။ ခွင့်ပြုသည့် မြို့နယ်တွင် သာ လုပ်ကိုင်ခွင့်ရှိပြီး ယင်းမြို့နယ်အတွင်း ပြောင်းရွှေ့ဖွင့်လှစ် လုပ်ကိုင်လိုပါက ဌာနသို့ တင်ပြ လျှောက်ထားခွင့်ပြုချက် ရရှိမှသာ ပြောင်းရွှေ့ ဖွင့်လှစ်လုပ်ကိုင်ခွင့်ရှိပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]















နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
မြင်လိုက်တာနဲ့ ရှင်းလင်းပြီး နေချင်စဖွယ်အိမ်လေးဖြစ်အောင် ဖန်တီးမယ်
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
အပတ်စဉ်အိမ်ခြံမြေ ဥပဒေအမေးအဖြေ
ဟန်ဆောင်စာချုပ်များအကြောင်း
ဟန်ဆောင်စာချုပ်များအကြောင်း
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
မှားပစ်မိနေတဲ့ ပြန်လည်အသုံးချပစ္စည်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
ဂန်ဆောဟု လူသိများသော ကိုရီးယား ရုပ်ရှင်မင်းသမီး Kang Seo Ha အစာအိမ်ကင်ဆာ အဆင့် ၄ ဖြင့် ကွယ်လွန်ရှာ
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
ပရလောကသုတေသီက သရဲအလွန်ခြောက်သည်ဟု ကမ္ဘာကျော်သော Annabelle အရုပ်နှင့်အတူ ပရလောက လေ့လာရေးခရီးထွက်စဉ် ရုတ်တရက်ဆန်းကြယ်စွာသေ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
[ငါးဟင်းကြိုက်သူတွေ သတိပြုစရာ] ထိုင်းတွင် ငါးရိုးစူးသော အမျိုးသမီးတစ်ဦး လည်ပင်းအပြင်ဘက်သို့ ငါးရိုးဖောက်ထွက်လာမှု နာမည်က
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service