မရွှေ့မပြောင်းနိုင်သောပစ္စည်း အိမ်ခြံမြေများနှင့်ပတ်သက်သည့် ပညတ်ဝရမ်းခေါ်သည့် တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၁၊ နည်း ၅၄ နှင့် တားဝရမ်းခေါ်သည့် အမိန့် ၃၉၊ နည်း ၁ အ‌ကြောင်း

မရွှေ့မပြောင်းနိုင်သောပစ္စည်း အိမ်ခြံမြေများနှင့်ပတ်သက်သည့် ပညတ်ဝရမ်းခေါ်သည့် တရားမကျင့်ထုံး ဥပဒေ အမိန့် ၂၁၊ နည်း ၅၄ နှင့် တားဝရမ်းခေါ်သည့် အမိန့် ၃၉၊ နည်း ၁ အ‌ကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
25 Apr 2022 11:32 am တွင် တင်ခဲ့သည်
1944 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

တရားကျင့်ထုံးအမိန့် ၂၁ နည်း ၅၄ အရ စွဲကပ်သည့်ဝရမ်းကို ပညတ်ဝရမ်းဟုမြန်မာလိုခေါ်ဆိုပြီး အမိန့် ၃၉ နည်း ၁ အရ စွဲကပ်သည့်ဝရမ်းကို တားဝရမ်းဟုလည်းကောင်း ယာယီ တားဝရမ်းဟုလည်းကောင်းခေါ်ဝေါ်ကြသည်။

တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ နည်း ၅၄ အရ ပညတ်ဝရမ်းကို ဇာရီမှု၌လေလံတင်ရောင်းချရမည့် မရွှေ့မပြောင်းနိုင်သောပစ္စည်း အိမ်ခြံမြေအား တရားရုံးက လေလံမရောင်းချနိုင်သေးမီ တရားရှုံးထုခွဲရောင်းချ ခြင်း လွှဲပြောင်းခြင်းများ မပြုလုပ်နိုင်စေရန်အတွက် တားမြစ်သည့်ဝရမ်းဖြစ်ပါသည်။ အမိန့် ၂၁ နည်း ၅၄ အရ ကပ်သည့် ဝရမ်းကို တရားရှုံးပိုင်ပစ္စည်းကိုသာ ကပ်ခွင့်ရှိပါသည်။ တရားရှုံပိုင်မဟုတ်သည့် ပစ္စည်းကိုမူ ကပ်ခွင့် မရှိပါ ။

တရားမကျင့်ထုံးဥပဒေ အမိန့် ၃၉ နည်း ၁ အရစွဲကပ်သည့် ယာယီတားဝရမ်းကိုမူ တရားကြီးမှုအား အပြီးသတ်မဆုံးဖြတ်ရသေးမီ အမှု့ဖြစ် မရွှေ့မပြောင်းနိုင်သောပစ္စည်း အိမ်ခြံမြေအား တရားပြိုင်က တစ်နည်းနည်းလွှဲပြောင်းခြင်း မပြုစေရန်အတွက် ကြိုတင်တားဆီးသည့်အနေဖြင့် ထုတ်ဆင့်သည့်ဝရမ်းဖြစ်ပါသည်။ အမိန့် ၃၉ နည်း ၁ အရ ထုတ်ဆင့်သည့်ဝရမ်းကို ဖောက်ဖျက်လျင်ဖြစ်စေ မလိုက်နာလျင် အမိန့် ၃၉ နည်း ၂ (၃)အရအရေးနိုင်ပါသည်။ ထိုသို့အရေးယူရာတွင် ဖောက်ဖျက်သူအား ၆လထက်မပိုသည့် ထောင်ဒဏ်ကို ချမှတ်နိုင်ပါသည်။

အမိန့် ၃၉ နည်း ၁ အရ ထုတ်ပြန်ထားသည့် ယာယီတားဝရမ်းကို ဖောက်ဖျက်ခြင်းနှင့် အမိန့် ၂၁ နည်း ၅၄ အရ ပညတ်ဝရမ်းကို ဖောက်ဖျက်ခြင်း လိုက်နာရန်ပျက်ကွက်ခြင်းသည် တရားရုံးတစ်ရုံးကချမှတ် သည့် အမိန့်ကိုဖောက်ဖျက်ခြင်းဖြစ်၍ တရားရုံးမထီမဲ့မြင်ပြုလုပ်ခြင်းဖြစ်၍ တရားရုံးမထီမဲ့မြင်ပြုမှုဥပဒေဖြင့် အရေးယူခံရနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]











 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
စင်္ကာပူတွင် လာမည့် သြဂုတ်လ၌ ဝင်ငွေနည်းပါးသော အသက် ၂၁ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ဒေါ်လာ ၈၅၀ ထောက်ပံ့ရန်စီစဉ်
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service