ကိုရီးယားအချမ်းသာဆုံး အကျော်အမော်စုံတွဲ ရိန်းနှင့် ကင်တေဟီးတို့၏ စံအိမ်

ကိုရီးယားအချမ်းသာဆုံး အကျော်အမော်စုံတွဲ ရိန်းနှင့် ကင်တေဟီးတို့၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
25 Apr 2022 11:10 am တွင် တင်ခဲ့သည်
1766 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာပေါ်ရှိ များစွာသော အကျော်အမော်တို့သည် အိမ်ခြံမြေများစွာဝယ်ယူခြင်း၊ ပြန်လည်ငှားရမ်းခြင်းများ ပြုလုပ်ကာ အိမ်ခြံမြေနယ်ဘက်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လေ့ရှိသည်။

အနုပညာလောကသတင်းများကို တင်ဆက်နေသည့် ကိုရီးယားသတင်းဌာနတစ်ခုဖြစ်သော Entertainment Weekly Live က အိမ်ခြံမြေများ အများဆုံး ပိုင်ဆိုင်ထားကြသည့် ကိုရီးယားထိပ်တန်း အကျော်အမော်စုံတွဲများစာရင်းကို ထုတ်ပြန်ခဲ့သည်။

အဆိုပါစာရင်းတွင် ရိန်းနှင့် ကင်တေဟီးတို့စုံတွဲ၏ အိမ်ခြံမြေပိုင်ဆိုင်ထားမှုမှာ ဝမ်ငွေ ၈၁ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၇၁ ဒသမ ၄ သန်း) ဖိုးဖြင့် ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။

ရိန်းတို့စုံတွဲသည် ၂၀၁၇ အတွင်း လက်ထပ်ခဲ့ကြပြီးနောက်ပိုင်းမှစတင်ကာ ကြွယ်ဝမှုတဟုန်ထိုးမြင့်တက်လာ ခဲ့ရာ ကိုရီးယား၏ အကြွယ်ဝဆုံးအနုပညာရှင်စုံတွဲအထိ ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ကင်တေဟီးနှင့် ရိန်းတို့စုံတွဲတွင် သမီး ၂ ဦးထွန်းကားသည်။

အဆိုပါသတင်းဌာန၏ ထုတ်ပြန်ချက်အရ ရိန်းတို့စုံတွဲ လက်ထပ်ပြီးနောက်မှ ပိုင်ဆိုင်လာခဲ့သည်မှာ ဆိုးလ်မြို့တော်တွင် ဝမ်ငွေ ၄၂ ဘီလီယံ ( ကန်ဒေါ်လာ ၃၇ သန်းကျော်) တန်ကြေးရှိအိမ်ခြံမြေများအပြင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင်လည်း ဝမ်ငွေ ၂ ဒသမ ၄ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၉ သန်း) တန်ကြေးရှိ အိမ်ခြံမြေများ ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။

၎င်းတို့ လက်မထပ်မီက ကင်တေဟီး ပိုင်ဆိုင်ထားခဲ့သည်မှာ ဆိုးလ်မြို့တော်၊ ဂမ်းနမ်းခရိုင်ရှိ ကူးသန်းရောင်းဝယ်ရေး အဆောက်အအုံ ၃ လုံးရှိပြီး တန်ကြေးအားဖြင့် ဝမ်ငွေ ၁၃ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၁၁ ဒသမ ၆ သန်း) ရှိသည်။

အဆိုပါ ပိုင်ဆိုင်မှုကို ပြန်လည်အငှားချထားမှုမှ လစဉ်ရရှိငွေမှာ ဝမ်ငွေ သန်း ၆၀ (ကန်ဒေါ်လာ ၅၂၀၀၀) ခန့် ရှိသည်။

ရိန်းကလည်း လက်မထပ်မီ ပိုင်ဆိုင်ထားသည်မှာ ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းတန်ကြေးရှိ စံအိမ်တစ်လုံးနှင့် Cheongdam အရပ်ရှိ ကန်ဒေါ်လာ ၂၁ ဒသမ ၄ သန်းတန်သော ဈေးဝယ်စင်တာကြီးတစ်ခု ပိုင်ဆိုင်ထားသည်။

(ဇနီးဖြစ်သူ ကင်တေဟီးနှင့်အတူ နေထိုင်လျက်ရှိသော ရိန်း၏ ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းတန်ကြေးရှိ စံအိမ်)

ပရိသတ်တို့သည် အနုပညာရှင်တို့၏ ကိုယ်ရေးကိုယ်တာနှင့် ၎င်းတို့၏ စံအိမ်များကို စိတ်ဝင်စားကြသည်။

သို့အတွက် ရိန်းတို့စုံတွဲ၏ ဝမ်ငွေ ၅ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၃ သန်း) တန်ကြေးရှိ စံအိမ်ကို စိတ်ဝင်စားကြသည်မှာ မဆန်းချေ။

ရိန်း၏ စံအိမ်မှာ ၃ ထပ်ဖြစ်ပြီး စတုရန်းပေ ၃၅၀၀ ကျယ်ဝန်းကာ ကိုရီးယားရုပ်သံအစီအစဉ် Omniscient Interfering View တွင် ပါဝင်ဖူးသည်။ ရိန်းက Omniscient Interfering View အစီအစဉ်မှတဆင့် သူ၏တစ်နေ့တာဘဝကို တင်ဆက်ခဲ့ခြင်းလည်း ဖြစ်သည်။

ရိန်းသည် နေ့တိုင်း ယခုစံအိမ်အနီးရှိ Mount Nam တောင်ကို တက်၏။ ပြီးလျှင် တာဘတ (Tabata) စံနှုန်းဖြင့် လေ့ကျင့်ခန်းလုပ်သည်။

တာဘတ စံနှုန်း၏ Equation မှာ 20/10× 8=4 ဖြစ်ပြီး ဆိုလိုရင်းမှာ စက္ကန့် ၂၀ လေ့ကျင့်ခန်းလုပ်၊ ၁၀ စက္ကန့်နား၊ ယင်းအတိုင်း ၈ ကြိမ်လုပ်ရမည်ဖြစ်ရာ စုစုပေါင်းကြာချိန်မှာ ၄ မိနစ်ဖြစ်သည်။

လေ့ကျင့်ခန်းတစ်မျိုးကို ထိုစံနှုန်းအတိုင်း ၄ မိနစ်လုပ်ရမည်ဟု ဆိုလိုသည်။

ဥပမာ- ဒိုက်ထိုးလေ့ကျင့်ခန်းဆိုလျှင် စက္ကန့် ၂၀ လေ့ကျင့်ပြီး ၁၀ စက္ကန့်နားကာ ယင်းအတိုင်း ၈ ကြိမ်လုပ်ရမည် ဖြစ်သည်။

ယင်းနောက် ထိုင်ထလုပ်ခြင်း အစရှိသည့် လေ့ကျင့်ခန်းများကိုလည်း 20/10× 8=4 စံနှုန်းဖြင့် ပြုလုပ်ရခြင်းဖြစ်သည်။ အဆိုပါနည်းသည် ဂျပန်နိုင်ငံတွင် စတင်အသုံးပြုခဲ့ပြီးနောက် အမေရိကမှသည် ကမ္ဘာအနှံ့ ပျံ့နှံ့သွားသည်။ ထိုနည်းအတိုင်း လေ့ကျင့်လျှင် ရလဒ်လွန်စွာထူးခြားသည်ဟု ဆိုသည်။

ရိန်းက တာဘတ စံနှုန်းဖြင့် နေ့စဉ် မိနစ် ၃၀ လေ့ကျင့်ခန်း ပြုလုပ်ကြောင်း ၎င်းကိုယ်တိုင်ပြောဖူးသည်။

ရိန်း လေ့ကျင့်ခန်းပြုလုပ်ရာအခန်းတွင် အားကစားပစ္စည်း မျိုးစုံရှိသည့်အပြင် ဆိုဖာတစ်ခုနှင့် ရုပ်မြင်သံကြားစက်တစ်လုံးလည်း ထားရှိသည်။

စံအိမ်အတွင်း ရိန်းနှင့် ကင်တေဟီးတို့ ရရှိခဲ့သော ဆုတံဆိပ်ပေါင်းများစွာလည်း ပြသထားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Rain & Kim Tae Hee Are Korea’s Richest Celeb Real Estate Moguls With S$98mil Worth Of Properties (todayonline)

[Zawgyi]

ကိုရီးယားအခ်မ္းသာဆံုး အေက်ာ္အေမာ္စံုတြဲ ရိန္းႏွင့္ ကင္ေတဟီးတို႔၏ စံအိမ္

ကမၻာေပၚရွိ မ်ားစြာေသာ အေက်ာ္အေမာ္တို႔သည္ အိမ္ျခံေျမမ်ားစြာဝယ္ယူျခင္း၊ ျပန္လည္ငွားရမ္းျခင္းမ်ား ျပဳလုပ္ကာ အိမ္ျခံေျမနယ္ဘက္တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ေလ့ရွိသည္။

အႏုပညာေလာကသတင္းမ်ားကို တင္ဆက္ေနသည့္ ကိုရီးယားသတင္းဌာနတစ္ခုျဖစ္ေသာ Entertainment Weekly Live က အိမ္ျခံေျမမ်ား အမ်ားဆံုး ပိုင္ဆိုင္ထားၾကသည့္ ကိုရီးယားထိပ္တန္း အေက်ာ္အေမာ္စံုတြဲမ်ားစာရင္းကို ထုတ္ျပန္ခဲ့သည္။

အဆိုပါစာရင္းတြင္ ရိန္းႏွင့္ ကင္ေတဟီးတို႔စံုတြဲ၏ အိမ္ျခံေျမပိုင္ဆိုင္ထားမႈမွာ ဝမ္ေငြ ၈၁ ဒသမ ၄ ဘီလီယံ (ကန္ေဒၚလာ ၇၁ ဒသမ ၄ သန္း) ဖိုးျဖင့္ ထိပ္ဆံုးတြင္ ရပ္တည္လ်က္ရွိသည္။

ရိန္းတို႔စံုတြဲသည္ ၂၀၁၇ အတြင္း လက္ထပ္ခဲ့ၾကျပီးေနာက္ပိုင္းမွစတင္ကာ ၾကြယ္ဝမႈတဟုန္ထိုးျမင့္တက္လာ ခဲ့ရာ ကိုရီးယား၏ အၾကြယ္ဝဆံုးအႏုပညာရွင္စံုတြဲအထိ ျဖစ္လာခဲ့ျခင္း ျဖစ္သည္။

ကင္ေတဟီးႏွင့္ ရိန္းတို႔စံုတြဲတြင္ သမီး ၂ ဦးထြန္းကားသည္။

အဆိုပါသတင္းဌာန၏ ထုတ္ျပန္ခ်က္အရ ရိန္းတို႔စံုတြဲ လက္ထပ္ျပီးေနာက္မွ ပိုင္ဆိုင္လာခဲ့သည္မွာ ဆိုးလ္ျမိဳ႕ေတာ္တြင္ ဝမ္ေငြ ၄၂ ဘီလီယံ ( ကန္ေဒၚလာ ၃၇ သန္းေက်ာ္) တန္ေၾကးရွိအိမ္ျခံေျမမ်ားအျပင္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယား ျပည္နယ္တြင္လည္း ဝမ္ေငြ ၂ ဒသမ ၄ ဘီလီယံ (ကန္ေဒၚလာ ၁ ဒသမ ၉ သန္း) တန္ေၾကးရွိ အိမ္ျခံေျမမ်ား ပိုင္ဆိုင္ထားသည္ဟု ဆိုသည္။

၎တို႔ လက္မထပ္မီက ကင္ေတဟီး ပိုင္ဆိုင္ထားခဲ့သည္မွာ ဆိုးလ္ျမိဳ႕ေတာ္၊ ဂမ္းနမ္းခရိုင္ရွိ ကူးသန္းေရာင္းဝယ္ေရး အေဆာက္အအံု ၃ လံုးရွိျပီး တန္ေၾကးအားျဖင့္ ဝမ္ေငြ ၁၃ ဒသမ ၂ ဘီလီယံ (ကန္ေဒၚလာ ၁၁ ဒသမ ၆ သန္း) ရွိသည္။

အဆိုပါ ပိုင္ဆိုင္မႈကို ျပန္လည္အငွားခ်ထားမႈမွ လစဥ္ရရွိေငြမွာ ဝမ္ေငြ သန္း ၆၀ (ကန္ေဒၚလာ ၅၂၀၀၀) ခန္႔ ရွိသည္။

ရိန္းကလည္း လက္မထပ္မီ ပိုင္ဆိုင္ထားသည္မွာ ကန္ေဒၚလာ ၄ ဒသမ ၃ သန္းတန္ေၾကးရွိ စံအိမ္တစ္လံုးႏွင့္ Cheongdam အရပ္ရွိ ကန္ေဒၚလာ ၂၁ ဒသမ ၄ သန္းတန္ေသာ ေစ်းဝယ္စင္တာၾကီးတစ္ခု ပိုင္ဆိုင္ထားသည္။

(ဇနီးျဖစ္သူ ကင္ေတဟီးႏွင့္အတူ ေနထိုင္လ်က္ရွိေသာ ရိန္း၏ ကန္ေဒၚလာ ၄ ဒသမ ၃ သန္းတန္ေၾကးရွိ စံအိမ္)

ပရိသတ္တို႔သည္ အႏုပညာရွင္တို႔၏ ကိုယ္ေရးကိုယ္တာႏွင့္ ၎တို႔၏ စံအိမ္မ်ားကို စိတ္ဝင္စားၾကသည္။

သို႔အတြက္ ရိန္းတို႔စံုတြဲ၏ ဝမ္ေငြ ၅ ဘီလီယံ (ကန္ေဒၚလာ ၄ ဒသမ ၃ သန္း) တန္ေၾကးရွိ စံအိမ္ကို စိတ္ဝင္စားၾကသည္မွာ မဆန္းေခ်။

ရိန္း၏ စံအိမ္မွာ ၃ ထပ္ျဖစ္ျပီး စတုရန္းေပ ၃၅၀၀ က်ယ္ဝန္းကာ ကိုရီးယားရုပ္သံအစီအစဥ္ Omniscient Interfering View တြင္ ပါဝင္ဖူးသည္။ ရိန္းက Omniscient Interfering View အစီအစဥ္မွတဆင့္ သူ၏တစ္ေန႔တာဘဝကို တင္ဆက္ခဲ့ျခင္းလည္း ျဖစ္သည္။

ရိန္းသည္ ေန႔တိုင္း ယခုစံအိမ္အနီးရွိ Mount Nam ေတာင္ကို တက္၏။ ျပီးလွ်င္ တာဘတ (Tabata) စံႏႈန္းျဖင့္ ေလ့က်င့္ခန္းလုပ္သည္။

တာဘတ စံႏႈန္း၏ Equation မွာ 20/10× 8=4 ျဖစ္ျပီး ဆိုလိုရင္းမွာ စကၠန္႔ ၂၀ ေလ့က်င့္ခန္းလုပ္၊ ၁၀ စကၠန္႔နား၊ ယင္းအတိုင္း ၈ ၾကိမ္လုပ္ရမည္ျဖစ္ရာ စုစုေပါင္းၾကာခ်ိန္မွာ ၄ မိနစ္ျဖစ္သည္။

ေလ့က်င့္ခန္းတစ္မ်ဳိးကို ထိုစံႏႈန္းအတိုင္း ၄ မိနစ္လုပ္ရမည္ဟု ဆိုလိုသည္။ ဥပမာ- ဒိုက္ထုိးေလ့က်င့္ခန္းဆိုလွ်င္ စကၠန္႔ ၂၀ ေလ့က်င့္ျပီး ၁၀ စကၠန္႔နားကာ ယင္းအတိုင္း ၈ ၾကိမ္လုပ္ရမည္ ျဖစ္သည္။

ယင္းေနာက္ ထိုင္ထလုပ္ျခင္း အစရွိသည့္ ေလ့က်င့္ခန္းမ်ားကိုလည္း 20/10× 8=4 စံႏႈန္းျဖင့္ ျပဳလုပ္ရျခင္းျဖစ္သည္။ အဆိုပါနည္းသည္ ဂ်ပန္ႏိုင္ငံတြင္ စတင္အသံုးျပဳခဲ့ျပီးေနာက္ အေမရိကမွသည္ ကမၻာအႏွံ႔ ပ်ံ႕ႏွံ႔သြားသည္။ ထိုနည္းအတိုင္း ေလ့က်င့္လွ်င္ ရလဒ္လြန္စြာထူးျခားသည္ဟု ဆိုသည္။

ရိန္းက တာဘတ စံႏႈန္းျဖင့္ ေန႔စဥ္ မိနစ္ ၃၀ ေလ့က်င့္ခန္း ျပဳလုပ္ေၾကာင္း ၎ကိုယ္တိုင္ေျပာဖူးသည္။

ရိန္း ေလ့က်င့္ခန္းျပဳလုပ္ရာအခန္းတြင္ အားကစားပစၥည္း မ်ဳိးစံုရွိသည့္အျပင္ ဆိုဖာတစ္ခုႏွင့္ ရုပ္ျမင္သံၾကားစက္တစ္လံုးလည္း ထားရွိသည္။

စံအိမ္အတြင္း ရိန္းႏွင့္ ကင္ေတဟီးတို႔ ရရွိခဲ့ေသာ ဆုတံဆိပ္ေပါင္းမ်ားစြာလည္း ျပသထားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Rain & Kim Tae Hee Are Korea’s Richest Celeb Real Estate Moguls With S$98mil Worth Of Properties (todayonline)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service