နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက်

နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက် - Property Knowledge in Myanmar from iMyanmarHouse.com
23 Apr 2022 2:22 pm တွင် တင်ခဲ့သည်
776 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

နွေရာက်ပြီလေ…ဆိုတာက သီချင်းစာသားအနေနဲ့ပဲ နားထောင်လို့ ကောင်းတာပါနော်။ နဖူးတွေ့ဒူးတွေ့ ခံစားရတဲ့နွေရဲ့ အပူချိန်က ပူပြင်းလွန်းပါတယ်။ နေရထိုင်ရ ပူတဲ့အပြင် အသားတွေပါ မည်းတာနော်။ နွေရာသီ မှာ ဖြေရှင်းရတဲ့ အသားအရေပြဿနာကလည်း အများသားနော်။ ဒီတစ်ခေါက်တော့ နွေရာသီရဲ့ အပူဒဏ်ကြာင့် အသားအရေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်နည်းလေးတွေ ပြောပြမယ်နော်။

နွေရာသီ မှာ အသားအရေလေးကို ဒီလိုဂရုစိုက်

နေအပူကြောင့် အသားအရေထိခိုက်တာမျိုး မဖြစ်စေဖို့ဆိုရင် အခုပြောပြမယ့်အချက်လေးတွေကို လက်တွေ့လုပ်ဆောင်ကြည့်ဖို့ပြောပါရစေနော်။

ဗီတာမင် စီ (Vitamin C) များများစားပါ

ကော်လာဂျင် ကောင်းကောင်းထုတ်နိုင်ဖို့အတွက် ဗီတာမင် စီ ပြည့်ပြည့်ဝဝရှိဖို့လိုအပ်ပါမယ်။ ဗီတာမင် စီ ပြည့်ဝမှလည်း အသားအရေက စိုစိုပြည်ပြည်နဲ့ တင်းရင်းလှပနေမှာပါ။ အစိုဓာတ်လည်း ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့် နွေရာသီ အပူဒဏ်ကို အံတုနိုင်ဖို့ လိမ္မော်သီး၊ သံပရိုသီး၊ ဇီးဖြူသီး၊ ဂရိတ်ဖရုခ်၊ ခရမ်းချဉ်သီးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကို စားပေးပါနော်။

ဆဲလ်သေတွေဖယ်ရှားပါ

ရာသီတိုင်းမှာ အရေးပါတဲ့ အသားအရေ ထိန်းသိမ်းနည်းတစ်ခုပါ။ ဆဲလ်သေတွေကို ဖယ်ရှားပေးမှ အသားအရေက ကျန်းမာပြီး အသားအရေထိန်းတဲ့ပစ္စည်းတွေကို အကောင်းဆုံးစုပ်ယူနိုင်မှာပါ။ ဒါကြောင့် အသားအရေပေါ်က ဆဲလ်သေတွေကို ဖယ်ရှားဖို့မမေ့ပါနဲ့။

နေလောင်ကာခရင်မ်မမေ့ပါနဲ့

နွေရာသီ မှာ အပြင်ထွက်မယ်ဆိုရင် လုံးဝမေ့လို့မဖြစ်တာက နေလောင်ကာခရင်မ်ပါနော်။ အပြင်မထွက်ခင် နာရီဝက်အလိုမှာ လိမ်းပေးမှ အသားအရေကို နေရောင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးတာမျိုးမဖြစ်စေမှာပါ။ နေလောင်တာကြောင့် အသားအရေမှာ အရေးအကြောင်းတွေပေါ်တာ၊ အမည်းစက်နဲ့ အသားအရေမညီညာတာတွေလည်း ကာကွယ်ပေးနိုင်ပါတယ်။

မျက်လုံးနဲ့ နှုတ်ခမ်းကိုမေ့မထားပါနဲ့

အသားအရေကို ဂရုစိုက်ဆိုလို့ နှုတ်ခမ်းနဲ့ မျက်လုံးကို မေ့မထားပါနဲ့။ ဒီအစိတ်အပိုင်းတွေကလည်း နေရောင်ကြောင့် ထိခိုက်နိုင်ပါတယ်နော်။ ဒါကြောင့် နေကာမျက်မှန်တပ်တာမျိုး၊ ဦးထုပ်ဆောင်းတာမျိုး လုပ်ပေးပါ။ နှုတ်ခမ်းအတွက်ကတော့ နေရောင်ဒဏ်ကနေ ကာကွယ်ပေးတဲ့ နှုတ်ခမ်းနီအဆီတစ်မျိုးမျိုး ဆိုးပေးပါ။ အပြင်က ပြန်လာတဲ့အခါ ခဏနားပြီး ရေအေးအေးလေးနဲ့ မျက်လုံးနဲ့ နှုတ်ခမ်းကိုဆေးကြောပေးပါ။

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်

နေပူဒဏ်ကြောင့် ချွေးတွေထွက်တာ၊ အနံ့ဆိုးတွေ ဖြစ်တာမျိုး ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက အသားအရေမှာ ဖုန်မှုန့်တွေနဲ့ ရောဂါပိုးတွေ ကပ်ညှိတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ကို နှစ်ကြိမ်ရေချိုးသန့်စင်ပေးပါ။ ဒါမှလည်း နွေအပူကြောင့်ဖြစ်တဲ့ မိတ်ပြဿနာကို ဖြေရှင်းနိုင်မှာပါ။

အရည်ရွှမ်းတဲ့ အစားအစာတွေ စားပေးပါ

နွေပူတဲ့အချိန်မှာ ခန္ဓာကိုယ်ရေဓာတ်ပြည့်နေစေဖို့အတွက် ဖရဲသီး၊ သခွားမွှေးနဲ့ အခြားအရည်ရွှမ်းတဲ့ အသီးအနှံတွေကို စားပေးပါ။ တစ်နေ့ကို ရေ ၈ ခွက်ကနေ ၁၀ ခွက်အထိ သောက်ပေးဖို့လည်း မမေ့ပါနဲ့။ အပူဒဏ်ကို သက်သာစေမယ့် အစားအစာတွေကို စားသုံးပေးပါ။

ချည်သားပွပွချောင်ချောင်တွေ ဝတ်ဆင်ပေးပါ

အရောင်ဖျော့ပြီး ချွေးစုပ်တဲ့ ချည်သားပွပွချောင်ချောင်လေးတွေကို ဝတ်ပေးပါ။ တင်းကျပ်တဲ့ အဝတ်အစားတွေက နေရထိုင်ရတာ သက်သောင့်သက်သာမဖြစ်စေတဲ့အပြင် ချွေးပိုထွက်စေနိုင်ပါတယ်။ ဒီအခြေအနေက အရေပြားကို ယားယံစေပြီး မိတ်တွေပိုထွက်စေနိုင်သလို ပြင်းထန်တဲ့ အရေပြားပြဿနာတွေကိုဖြစ်စေနိုင်ပါတယ်။

သဘာဝအသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေကို အသုံးပြုပေးပါ

မီးဖိုချောင်ထဲမှာရှိနေတဲ့ အသားအရေကို ကောင်းကျိုးပြုတဲ့ ပစ္စည်းတွေကိုလည်း မေ့မထားဖို့ပြောချင်ပါတယ်။ ဥပမာ သံပရိုသီး၊ ခရမ်းချဉ်သီးတို့ကို အသုံးပြုပြီး အသားအရေကို ထိန်းသိမ်းတာမျိုးပေါ့။ ခရမ်းချဉ်သီးကို အရည်ညှစ်လို့ အခဲခံပြီး မျက်နှာမှာ ပွတ်ပေးတာမျိုးပေါ့။

ကဲ… ဒီနည်းလမ်းလေးတွေသုံးလို့ ပူပြင်းတဲ့နွေရာသီမှာ အသားအရေ ထိခိုက်ပျက်စီးတာမျိုးမဖြစ်အောင် ကာကွယ်လိုက်ပါနော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

 

[Zawgyi]

ေႏြရာသီ မွာ အသားအေရေလးကို ဒီလိုဂ႐ုစိုက္

 

ေႏြရာက္ၿပီေလ…ဆိုတာက သီခ်င္းစာသားအေနနဲ႔ပဲ နားေထာင္လို႔ ေကာင္းတာပါေနာ္။ နဖူးေတြ႕ဒူးေတြ႕ ခံစားရတဲ့ေႏြရဲ႕ အပူခ်ိန္က ပူျပင္းလြန္းပါတယ္။ ေနရထိုင္ရ ပူတဲ့အျပင္ အသားေတြပါ မည္းတာေနာ္။ ေႏြရာသီ မွာ ေျဖ႐ွင္းရတဲ့ အသားအေရျပႆနာကလည္း အမ်ားသားေနာ္။ ဒီတစ္ေခါက္ေတာ့ ေႏြရာသီရဲ႕ အပူဒဏ္ၾကာင့္ အသားအေရ ထိခိုက္ပ်က္စီးတာမ်ိဳးမျဖစ္ေအာင္ ကာကြယ္နည္းေလးေတြ ေျပာျပမယ္ေနာ္။

ေႏြရာသီ မွာ အသားအေရေလးကို ဒီလိုဂ႐ုစိုက္

ေနအပူေၾကာင့္ အသားအေရထိခိုက္တာမ်ိဳး မျဖစ္ေစဖို႔ဆိုရင္ အခုေျပာျပမယ့္အခ်က္ေလးေတြကို လက္ေတြ႕လုပ္ေဆာင္ၾကည့္ဖို႔ေျပာပါရေစေနာ္။

ဗီတာမင္ စီ (Vitamin C) မ်ားမ်ားစားပါ

ေကာ္လာဂ်င္ ေကာင္းေကာင္းထုတ္ႏိုင္ဖို႔အတြက္ ဗီတာမင္ စီ ျပည့္ျပည့္ဝဝ႐ွိဖို႔လိုအပ္ပါမယ္။ ဗီတာမင္ စီ ျပည့္ဝမွလည္း အသားအေရက စိုစိုျပည္ျပည္နဲ႔ တင္းရင္းလွပေနမွာပါ။ အစိုဓာတ္လည္း ထိန္းေပးႏိုင္ပါတယ္။ ဒါေၾကာင့္ ေႏြရာသီ အပူဒဏ္ကို အံတုႏိုင္ဖို႔ လိေမၼာ္သီး၊ သံပ႐ိုသီး၊ ဇီးျဖဴသီး၊ ဂရိတ္ဖ႐ုခ္၊ ခရမ္းခ်ဥ္သီးနဲ႔ အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္ေတြကို စားေပးပါေနာ္။

ဆဲလ္ေသေတြဖယ္႐ွားပါ

ရာသီတိုင္းမွာ အေရးပါတဲ့ အသားအေရ ထိန္းသိမ္းနည္းတစ္ခုပါ။ ဆဲလ္ေသေတြကို ဖယ္႐ွားေပးမွ အသားအေရက က်န္းမာၿပီး အသားအေရထိန္းတဲ့ပစၥည္းေတြကို အေကာင္းဆုံးစုပ္ယူႏိုင္မွာပါ။ ဒါေၾကာင့္ အသားအေရေပၚက ဆဲလ္ေသေတြကို ဖယ္႐ွားဖို႔မေမ့ပါနဲ႔။

ေနေလာင္ကာခရင္မ္မေမ့ပါနဲ႔

ေႏြရာသီ မွာ အျပင္ထြက္မယ္ဆိုရင္ လုံးဝေမ့လို႔မျဖစ္တာက ေနေလာင္ကာခရင္မ္ပါေနာ္။ အျပင္မထြက္ခင္ နာရီဝက္အလိုမွာ လိမ္းေပးမွ အသားအေရကို ေနေရာင္ဒဏ္ေၾကာင့္ ထိခိုက္ပ်က္စီးတာမ်ိဳးမျဖစ္ေစမွာပါ။ ေနေလာင္တာေၾကာင့္ အသားအေရမွာ အေရးအေၾကာင္းေတြေပၚတာ၊ အမည္းစက္နဲ႔ အသားအေရမညီညာတာေတြလည္း ကာကြယ္ေပးႏိုင္ပါတယ္။

မ်က္လုံးနဲ႔ ႏႈတ္ခမ္းကိုေမ့မထားပါနဲ႔

အသားအေရကို ဂ႐ုစိုက္ဆိုလို႔ ႏႈတ္ခမ္းနဲ႔ မ်က္လုံးကို ေမ့မထားပါနဲ႔။ ဒီအစိတ္အပိုင္းေတြကလည္း ေနေရာင္ေၾကာင့္ ထိခိုက္ႏိုင္ပါတယ္ေနာ္။ ဒါေၾကာင့္ ေနကာမ်က္မွန္တပ္တာမ်ိဳး၊ ဦးထုပ္ေဆာင္းတာမ်ိဳး လုပ္ေပးပါ။ ႏႈတ္ခမ္းအတြက္ကေတာ့ ေနေရာင္ဒဏ္ကေန ကာကြယ္ေပးတဲ့ ႏႈတ္ခမ္းနီအဆီတစ္မ်ိဳးမ်ိဳး ဆိုးေပးပါ။ အျပင္က ျပန္လာတဲ့အခါ ခဏနားၿပီး ေရေအးေအးေလးနဲ႔ မ်က္လုံးနဲ႔ ႏႈတ္ခမ္းကိုေဆးေၾကာေပးပါ။

တစ္ကိုယ္ေရသန္႔႐ွင္းေရး ဂ႐ုစိုက္

ေနပူဒဏ္ေၾကာင့္ ေခြၽးေတြထြက္တာ၊ အနံ႔ဆိုးေတြ ျဖစ္တာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ေနာက္တစ္ခုက အသားအေရမွာ ဖုန္မႈန္႔ေတြနဲ႔ ေရာဂါပိုးေတြ ကပ္ညႇိတာမ်ိဳး ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ တစ္ေန႔ကို ႏွစ္ႀကိမ္ေရခ်ိဳးသန္႔စင္ေပးပါ။ ဒါမွလည္း ေႏြအပူေၾကာင့္ျဖစ္တဲ့ မိတ္ျပႆနာကို ေျဖ႐ွင္းႏိုင္မွာပါ။

အရည္႐ႊမ္းတဲ့ အစားအစာေတြ စားေပးပါ

ေႏြပူတဲ့အခ်ိန္မွာ ခႏၶာကိုယ္ေရဓာတ္ျပည့္ေနေစဖို႔အတြက္ ဖရဲသီး၊ သခြားေမႊးနဲ႔ အျခားအရည္႐ႊမ္းတဲ့ အသီးအႏွံေတြကို စားေပးပါ။ တစ္ေန႔ကို ေရ ၈ ခြက္ကေန ၁၀ ခြက္အထိ ေသာက္ေပးဖို႔လည္း မေမ့ပါနဲ႔။ အပူဒဏ္ကို သက္သာေစမယ့္ အစားအစာေတြကို စားသုံးေပးပါ။

ခ်ည္သားပြပြေခ်ာင္ေခ်ာင္ေတြ ဝတ္ဆင္ေပးပါ

အေရာင္ေဖ်ာ့ၿပီး ေခြၽးစုပ္တဲ့ ခ်ည္သားပြပြေခ်ာင္ေခ်ာင္ေလးေတြကို ဝတ္ေပးပါ။ တင္းက်ပ္တဲ့ အဝတ္အစားေတြက ေနရထိုင္ရတာ သက္ေသာင့္သက္သာမျဖစ္ေစတဲ့အျပင္ ေခြၽးပိုထြက္ေစႏိုင္ပါတယ္။ ဒီအေျခအေနက အေရျပားကို ယားယံေစၿပီး မိတ္ေတြပိုထြက္ေစႏိုင္သလို ျပင္းထန္တဲ့ အေရျပားျပႆနာေတြကိုျဖစ္ေစႏိုင္ပါတယ္။

သဘာဝအသားအေရ ထိန္းသိမ္းမႈ ပစၥည္းေတြကို အသုံးျပဳေပးပါ

မီးဖိုေခ်ာင္ထဲမွာ႐ွိေနတဲ့ အသားအေရကို ေကာင္းက်ိဳးျပဳတဲ့ ပစၥည္းေတြကိုလည္း ေမ့မထားဖို႔ေျပာခ်င္ပါတယ္။ ဥပမာ သံပ႐ိုသီး၊ ခရမ္းခ်ဥ္သီးတို႔ကို အသုံးျပဳၿပီး အသားအေရကို ထိန္းသိမ္းတာမ်ိဳးေပါ့။ ခရမ္းခ်ဥ္သီးကို အရည္ညႇစ္လို႔ အခဲခံၿပီး မ်က္ႏွာမွာ ပြတ္ေပးတာမ်ိဳးေပါ့။

ကဲ… ဒီနည္းလမ္းေလးေတြသုံးလို႔ ပူျပင္းတဲ့ေႏြရာသီမွာ အသားအေရ ထိခိုက္ပ်က္စီးတာမ်ိဳးမျဖစ္ေအာင္ ကာကြယ္လိုက္ပါေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
ခြောက်ခြားဖွယ် လျို့ဝှက်အခန်းပေါင်းများစွာနဲ့ Winchester စံအိမ်
ခြောက်ခြားဖွယ် လျို့ဝှက်အခန်းပေါင်းများစွာနဲ့ Winchester စံအိမ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
အိန္ဒိယ influencer အမျိုးသမီးတစ်ဦးက သူ၏ အင်စတာဂရမ်အကောင့် follower ၂ ဦး ကျဆင်းသွားမှုအတွက် ခင်ပွန်းသည်အား ရဲစခန်းတွင် အမ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service