မြေဆွေး အမြန်ဖန်တီးနိုင်မယ့် လျှို့ဝှက်ချက် (၃) ခု

မြေဆွေး အမြန်ဖန်တီးနိုင်မယ့် လျှို့ဝှက်ချက် (၃) ခု - Property Knowledge in Myanmar from iMyanmarHouse.com
23 Apr 2022 11:53 am တွင် တင်ခဲ့သည်
4033 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

နွေရာသီအချိန်ဟာ မြေဆွေးဖန်တီးပြုလုပ်ဖို့အတွက် အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ပူနွေးလှတဲ့ အပူချိန်နဲ့ စိုထိုင်းဆများခြင်းတို့ဟာ မြေဆွေးပုံတွေရဲ့ အပူချိန်ကို ပိုမိုတက်စေနိုင်ပြီး လျင်မြန်စွာပြိုကွဲနိုင်တာကြောင့် ဖြစ်ပါတယ်။

နောက်ပြီး နွေရာသီအချိန်ဟာ မြေဆွေးပြုလုပ်ရာမှာ လိုအပ်တဲ့ပစ္စည်းတွေ ရှာဖွေဖို့ လွယ်ကူတဲ့အချိန်လည်း ဖြစ်ပါတယ်။ “မြေဆွေး ပြုလုပ်တဲ့အခါ ဘာတွေထည့်ရမလဲ ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ထည့်သွင်းအသုံးပြုနိုင်တဲ့ သဘာဝပစ္စည်းတွေအကြောင်းကို ယခင်က မျှဝေခဲ့ပြီးပြီ ဖြစ်ပါတယ်။ မြေဆွေးပုံတွေ ပြုလုပ်တဲ့အခါ မိမိထည့်သွင်းလိုက်တဲ့ ပါဝင်ပစ္စည်း၊ ပြုလုပ်တဲ့နေရာ၊ အရွယ်အစား၊ ရာသီဥတုနဲ့ နည်းစနစ်တွေအပေါ် မူတည်ပြီး မြေဆွေးပုံရဲ့ ဆွေးမြေ့ချိန်က ကွာခြားမှု ရှိနိုင်ပါတယ်။ ယေဘူယျအားဖြင့် မြေဆွေးပုံပြုလုပ်တဲ့အခါ အနည်းဆုံးတော့ ရက်သတ္တပတ် ၆ ပတ်ကနေ ၈ ပတ်လောက်အထိ ကြာမြင့်နိုင်ပြီး အဲ့ထက်ပိုများမယ်ဆိုရင်တော့ ၁ နှစ် နဲ့ အထက် ကြာမြင့်တာမျိုးတွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ယခုဆောင်းပါးမှာတော့ မြေဆွေးအမြန်ရရှိနိုင်ဖို့အတွက် သိထားသင့်တဲ့ လျှို့ဝှက်ချက် ၃ ခုကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

၁။ ကာဗွန်၊ နိုက်ထရိုဂျင် အခြေခံပစ္စည်းများကို မှန်ကန်စွာရောစပ်ပါ

အပူဓာတ်ကောင်းကောင်းရှိပြီး လျင်မြန်စွာဆွေးမြေ့နိုင်တဲ့ မြေဆွေးပုံဆိုတာဟာ ကာဗွန်နဲ့ နိုက်ထရိုဂျင်ကို အခြေခံတဲ့ ပါဝင်ပစ္စည်းတွေကို မှန်မှန်ကန်ကန် ရောစပ်အသုံးပြုထားခြင်းကြောင့် ဖြစ်ပါတယ်။ ကာဗွန်ကို အခြေခံတဲ့ ပစ္စည်းတွေက ဘာတွေလဲဆိုတော့ သစ်ရွက်ခြောက်၊ ကောက်ရိုး၊ သစ်သား၊ ပြာ၊ သစ်သားအပိုင်းအစတွေနဲ့ မြက်ခြောက် စတဲ့ ခြောက်သွေ့တဲ့ ပစ္စည်းတွေပဲ ဖြစ်ပါတယ်။ ဖော်ပြပါ ပစ္စည်းတွေဟာ မြေဆွေးပုံကို ပိုမိုအစွမ်းထက်စေတဲ့ ပစ္စည်းများ (သို့မဟုတ်) အညိုရောင်ပစ္စည်းများလို့ ခေါ်ဆိုကြပါတယ်။ နိုက်ထရိုဂျင်ကို အခြေခံတဲ့ ပစ္စည်းတွေကတော့ အစိမ်းရောင်ပစ္စည်းတွေ ဖြစ်ကြပြီး ၎င်းတို့ဟာ မြေဆွေးပုံကို ပိုမိုအသက်ဝင်စေကာ အပူဓာတ်ကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်အပိုင်းအစတွေ၊ အစိမ်းရောင်မြက်ပင်တွေ၊ ကော်ဖီမှုန်နဲ့ တိရစ္ဆာန်စွန့်ပစ် ပစ္စည်းတွေပဲ ဖြစ်ပါတယ်။

အပူဓာတ်များပြီး လျင်မြန်စွာပြိုကွဲနိုင်တဲ့ မြေဆွေးပုံတစ်ခုကိုဖန်တီးဖို့ဆိုတာ မှန်ကန်တဲ့အချိုးအစားနဲ့ ပါဝင်ပစ္စည်းတွေကို ထည့်သွင်းပေးဖို့ လိုအပ်ပါတယ်။ မြေဆွေးပုံပြုလုပ်တဲ့အခါ သင့်တော်တဲ့ အချိုးအစားကတော့ နိုက်ထရိုဂျင်အခြေခံပစ္စည်း ၁ ဆကို ကာဗွန်အခြေခံပစ္စည်း ၄ ဆနဲ့ ရောစပ်သင့်တာ ဖြစ်ပါတယ်။ မြေဆွေးလျင်မြန်စွာ ရရှိနိုင်ဖို့အတွက် စတင်ပြုလုပ်ချိန်ကတည်းက ၎င်းပစ္စည်းအားလုံးကို တစ်ကြိမ်တည်းနဲ့ နှံ့စပ်အောင် ကြိုတင်ရောမွှေပေးခြင်းက မြန်မြန်ဆွေးမြေ့ဖို့ ကူညီနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး ကောင်းစွာဆွေးမြေ့ပြီးသား မြေဆွေးပုံကနေ မြေဆွေးအနည်းငယ်ယူပြီး ထည့်သွင်းခြင်းဖြင့် ဘက်တီးရီးယားနဲ့ အကျိုးပြုသက်ရှိတွေဟာ မြေဆွေးကို အမြန်ဖန်တီးပေးနိုင်ဖို့ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။

၂။ ပါဝင်ပစ္စည်းများကို အပိုင်းစငယ်လေးတွေ ပြုလုပ်ပြီး ထည့်သွင်းပါ

ပါဝင်ပစ္စည်းတွေကို နှံ့စပ်အောင် သေချာရောနှောပြီးပြီဆိုရင် မြေဆွေးပြုလုပ်ဖို့ အချိန်ကျရောက်ပြီ ဖြစ်ပါတယ်။ နောက်ပြီး မြေဆွေးပုံကနေ အပူဓာတ်ကောင်းကောင်းထုတ်လွှတ်နိုင်ဖို့အတွက် မိမိပြုလုပ်မယ့် မြေဆွေးပုံရဲ့ အရွယ်အစားကလည်း အရေးကြီးပါတယ်။ အသင့်တော်ဆုံး မြေဆွေးပုံ အရွယ်အစားကတော့ (အလျား၊ အနံနဲ့ အမြင့်) ၃ ပေ (သို့မဟုတ်) ၄ ပေ ပတ်လည် ဖြစ်ပါတယ်။ ၎င်းအရွယ်အစားဟာ ပါဝင်ပစ္စည်းတွေကနေ အပူဓာတ်ထုတ်လွှတ်ဖို့ လုံလောက်တဲ့အရွယ်အစားဖြစ်ပြီး အထက်အောက်လှန်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက်လည်း သင့်တော်တဲ့ အရွယ်အစား ဖြစ်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့ အချက်က ပြိုကွဲမှုမြန်ဆန်နိုင်ပြီး မြေဆွေးလျင်မြန်စွာရရှိဖို့အတွက် ပါဝင်ပစ္စည်းတွေရဲ့ အရွယ်အစားကို သေးနိုင်သမျှသေးအောင် ပြုလုပ်ရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ပါဝင်ပစ္စည်းတွေကို ဖြစ်နိုင်ရင် ကြေညက်အောင်ပြုလုပ် လှီးဖြတ်ပြီးမှ ထည့်သွင်းသင့်ပါတယ်။ ကြေညက်အောင် မလုပ်နိုင်ရင်လည်း အနည်းဆုံး ၁ - ၂ လက်မ ဝန်းကျင်ရှိတဲ့ အစိတ်အပိုင်းလေးတွေ ပြုလုပ်ပီးမှ မြေဆွေးလုပ်ရာမှာ ထည့်သွင်းမယ်ဆိုရင် ရက်ပေါင်း ၃၀ မှ ၆၀ အတွင်းမှာ ကောင်းကောင်းဆွေးမြေ့တဲ့ မြေဆွေးကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။

၃။ အောက်စီဂျင်နဲ့ အစိုဓာတ် မျှတအောင် ပြုလုပ်ပါ

သင့်တော်တဲ့ မြေဆွေးပုံအရွယ်အစားနဲ့ ပါဝင်ပစ္စည်းတွေကို ကောင်းစွာရောနှောပြီးပြီဆိုရင် မြေဆွေးပုံရဲ့ အောက်စီဂျင်နဲ့ အစိုဓာတ်ကို မျှတအောင်လုပ်ပေးဖို့ လိုအပ်ပါတယ်။ မြေဆွေးပုံကနေ အပူတွေထုတ်လွှတ်နိုင်ဖို့ဆိုတာ ရေရော အောက်စီဂျင်ရော ၂ မျိုးစလုံး လိုအပ်ပါတယ်။ ရေနဲ့ အောက်စီဂျင်မရှိတဲ့အခါ ရလဒ်အနေနဲ့ အနံ့အသက်ဆိုးတွေကို စတင်ဖြစ်ပေါ်လာစေမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြေဆွေးပုံကို နေ့စဉ် (သို့မဟုတ်) ၂ ရက်လျှင် ၁ ကြိမ် အထက်အောက်လှန်ပေးခြင်းဖြင့် မြေဆွေးပုံရဲ့ အစိတ်အပိုင်းအားလုံးကို အောက်စီဂျင် ရရှိစေမှာ ဖြစ်ပါတယ်။ အောက်စီဂျင်ရရှိခြင်းဖြင့် မြေဆွေးပုံထဲမှာရှိနေတဲ့ အကျိုးပြုသက်ရှိတွေကို ကောင်းမွန်စွာ အသက်ရှင်နေထိုင်နိုင်စေမှာ ဖြစ်ပါတယ်။ အောက်စီဂျင်လိုအပ်သလိုပဲ မြေဆွေးပုံမှာ အစိုဓာတ်လည်းလိုအပ်ပါတယ်။ မြေဆွေးပုံဟာဆိုရင် လက်နဲ့ထိကြည့်လိုက်တာနဲ့ အစိုဓာတ်ရှိနေဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် စိုစွတ်နေတဲ့ ရေမြှုပ်ကဲ့သို့ ရှိသင့်တာ ဖြစ်ပါတယ်။ လုံးဝခြောက်သွေ့သွားပြီဆိုရင်တော့ အပူထုတ်တာလည်း ရပ်တန့်သွားမှာဖြစ်ပြီး ပြိုကွဲခြင်း ဖြစ်စဉ်လည်း ရပ်တန့်သွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မြေဆွေးပုံလုံးဝမခြောက်သွေ့ခင်မှာ ရေလောင်းပေးဖို့ လိုအပ်ပါတယ်။ ရေလောင်းတဲ့အခါ အသင့်အတင့်လောင်းဖို့သာ လိုအပ်တာဖြစ်ပြီး အလွန်စိုစွတ်မယ်ဆိုရင်လည်း ပြိုကွဲဖို့ လုပ်ဆောင်နိုင်တော့မှာ မဟုတ်တာကြောင့် သတိပြုသင့်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

[Zawgyi]

ေျမေဆြး အျမန္ဖန္တီးႏိုင္မယ့္ လွ်ိဳ႕ဝွက္ခ်က္ (၃) ခု

 

ေႏြရာသီအခ်ိန္ဟာ ေျမေဆြးဖန္တီးျပဳလုပ္ဖို႔အတြက္ အသင့္ေတာ္ဆုံး အခ်ိန္ျဖစ္ပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ပူေႏြးလွတဲ့ အပူခ်ိန္နဲ႔ စိုထိုင္းဆမ်ားျခင္းတို႔ဟာ ေျမေဆြးပုံေတြရဲ႕ အပူခ်ိန္ကို ပိုမိုတက္ေစႏိုင္ၿပီး လ်င္ျမန္စြာၿပိဳကြဲႏိုင္တာေၾကာင့္ ျဖစ္ပါတယ္။

ေနာက္ၿပီး ေႏြရာသီအခ်ိန္ဟာ ေျမေဆြးျပဳလုပ္ရာမွာ လိုအပ္တဲ့ပစၥည္းေတြ ႐ွာေဖြဖို႔ လြယ္ကူတဲ့အခ်ိန္လည္း ျဖစ္ပါတယ္။ “ေျမေဆြး ျပဳလုပ္တဲ့အခါ ဘာေတြထည့္ရမလဲ ” ဆိုတဲ့ ေခါင္းစဥ္နဲ႔ ထည့္သြင္းအသုံးျပဳႏိုင္တဲ့ သဘာဝပစၥည္းေတြအေၾကာင္းကို ယခင္က မွ်ေဝခဲ့ၿပီးၿပီ ျဖစ္ပါတယ္။ ေျမေဆြးပုံေတြ ျပဳလုပ္တဲ့အခါ မိမိထည့္သြင္းလိုက္တဲ့ ပါဝင္ပစၥည္း၊ ျပဳလုပ္တဲ့ေနရာ၊ အ႐ြယ္အစား၊ ရာသီဥတုနဲ႔ နည္းစနစ္ေတြအေပၚ မူတည္ၿပီး ေျမေဆြးပုံရဲ႕ ေဆြးေျမ့ခ်ိန္က ကြာျခားမႈ ႐ွိႏိုင္ပါတယ္။ ေယဘူယ်အားျဖင့္ ေျမေဆြးပုံျပဳလုပ္တဲ့အခါ အနည္းဆုံးေတာ့ ရက္သတၱပတ္ ၆ ပတ္ကေန ၈ ပတ္ေလာက္အထိ ၾကာျမင့္ႏိုင္ၿပီး အဲ့ထက္ပိုမ်ားမယ္ဆိုရင္ေတာ့ ၁ ႏွစ္ နဲ႔ အထက္ ၾကာျမင့္တာမ်ိဳးေတြလည္း ႐ွိပါတယ္။ ဒါ့ေၾကာင့္ ယခုေဆာင္းပါးမွာေတာ့ ေျမေဆြးအျမန္ရ႐ွိႏိုင္ဖို႔အတြက္ သိထားသင့္တဲ့ လွ်ိဳ႕ဝွက္ခ်က္ ၃ ခုကို မွ်ေဝေပးသြားမွာ ျဖစ္ပါတယ္။

၁။ ကာဗြန္၊ ႏိုက္ထ႐ိုဂ်င္ အေျခခံပစၥည္းမ်ားကို မွန္ကန္စြာေရာစပ္ပါ

အပူဓာတ္ေကာင္းေကာင္း႐ွိၿပီး လ်င္ျမန္စြာေဆြးေျမ့ႏိုင္တဲ့ ေျမေဆြးပုံဆိုတာဟာ ကာဗြန္နဲ႔ ႏိုက္ထ႐ိုဂ်င္ကို အေျခခံတဲ့ ပါဝင္ပစၥည္းေတြကို မွန္မွန္ကန္ကန္ ေရာစပ္အသုံးျပဳထားျခင္းေၾကာင့္ ျဖစ္ပါတယ္။ ကာဗြန္ကို အေျခခံတဲ့ ပစၥည္းေတြက ဘာေတြလဲဆိုေတာ့ သစ္႐ြက္ေျခာက္၊ ေကာက္႐ိုး၊ သစ္သား၊ ျပာ၊ သစ္သားအပိုင္းအစေတြနဲ႔ ျမက္ေျခာက္ စတဲ့ ေျခာက္ေသြ႕တဲ့ ပစၥည္းေတြပဲ ျဖစ္ပါတယ္။ ေဖာ္ျပပါ ပစၥည္းေတြဟာ ေျမေဆြးပုံကို ပိုမိုအစြမ္းထက္ေစတဲ့ ပစၥည္းမ်ား (သို႔မဟုတ္) အညိဳေရာင္ပစၥည္းမ်ားလို႔ ေခၚဆိုၾကပါတယ္။ ႏိုက္ထ႐ိုဂ်င္ကို အေျခခံတဲ့ ပစၥည္းေတြကေတာ့ အစိမ္းေရာင္ပစၥည္းေတြ ျဖစ္ၾကၿပီး ၎တို႔ဟာ ေျမေဆြးပုံကို ပိုမိုအသက္ဝင္ေစကာ အပူဓာတ္ကို ျမႇင့္တင္ေပးတာ ျဖစ္ပါတယ္။ လတ္ဆတ္တဲ့ ဟင္းသီးဟင္း႐ြက္အပိုင္းအစေတြ၊ အစိမ္းေရာင္ျမက္ပင္ေတြ၊ ေကာ္ဖီမႈန္နဲ႔ တိရစၧာန္စြန္႔ပစ္ ပစၥည္းေတြပဲ ျဖစ္ပါတယ္။

အပူဓာတ္မ်ားၿပီး လ်င္ျမန္စြာၿပိဳကြဲႏိုင္တဲ့ ေျမေဆြးပုံတစ္ခုကိုဖန္တီးဖို႔ဆိုတာ မွန္ကန္တဲ့အခ်ိဳးအစားနဲ႔ ပါဝင္ပစၥည္းေတြကို ထည့္သြင္းေပးဖို႔ လိုအပ္ပါတယ္။ ေျမေဆြးပုံျပဳလုပ္တဲ့အခါ သင့္ေတာ္တဲ့ အခ်ိဳးအစားကေတာ့ ႏိုက္ထ႐ိုဂ်င္အေျခခံပစၥည္း ၁ ဆကို ကာဗြန္အေျခခံပစၥည္း ၄ ဆနဲ႔ ေရာစပ္သင့္တာ ျဖစ္ပါတယ္။ ေျမေဆြးလ်င္ျမန္စြာ ရ႐ွိႏိုင္ဖို႔အတြက္ စတင္ျပဳလုပ္ခ်ိန္ကတည္းက ၎ပစၥည္းအားလုံးကို တစ္ႀကိမ္တည္းနဲ႔ ႏွံ႔စပ္ေအာင္ ႀကိဳတင္ေရာေမႊေပးျခင္းက ျမန္ျမန္ေဆြးေျမ့ဖို႔ ကူညီႏိုင္မွာ ျဖစ္ပါတယ္။ ေနာက္ၿပီး ေကာင္းစြာေဆြးေျမ့ၿပီးသား ေျမေဆြးပုံကေန ေျမေဆြးအနည္းငယ္ယူၿပီး ထည့္သြင္းျခင္းျဖင့္ ဘက္တီးရီးယားနဲ႔ အက်ိဳးျပဳသက္႐ွိေတြဟာ ေျမေဆြးကို အျမန္ဖန္တီးေပးႏိုင္ဖို႔ ကူညီေပးႏိုင္မွာ ျဖစ္ပါတယ္။

၂။ ပါဝင္ပစၥည္းမ်ားကို အပိုင္းစငယ္ေလးေတြ ျပဳလုပ္ၿပီး ထည့္သြင္းပါ

ပါဝင္ပစၥည္းေတြကို ႏွံ႔စပ္ေအာင္ ေသခ်ာေရာေႏွာၿပီးၿပီဆိုရင္ ေျမေဆြးျပဳလုပ္ဖို႔ အခ်ိန္က်ေရာက္ၿပီ ျဖစ္ပါတယ္။ ေနာက္ၿပီး ေျမေဆြးပုံကေန အပူဓာတ္ေကာင္းေကာင္းထုတ္လႊတ္ႏိုင္ဖို႔အတြက္ မိမိျပဳလုပ္မယ့္ ေျမေဆြးပုံရဲ႕ အ႐ြယ္အစားကလည္း အေရးႀကီးပါတယ္။ အသင့္ေတာ္ဆုံး ေျမေဆြးပုံ အ႐ြယ္အစားကေတာ့ (အလ်ား၊ အနံနဲ႔ အျမင့္) ၃ ေပ (သို႔မဟုတ္) ၄ ေပ ပတ္လည္ ျဖစ္ပါတယ္။ ၎အ႐ြယ္အစားဟာ ပါဝင္ပစၥည္းေတြကေန အပူဓာတ္ထုတ္လႊတ္ဖို႔ လုံေလာက္တဲ့အ႐ြယ္အစားျဖစ္ၿပီး အထက္ေအာက္လွန္ဖို႔နဲ႔ ထိန္းသိမ္းဖို႔အတြက္လည္း သင့္ေတာ္တဲ့ အ႐ြယ္အစား ျဖစ္ပါတယ္။

ေနာက္ထပ္အေရးႀကီးတဲ့ အခ်က္က ၿပိဳကြဲမႈျမန္ဆန္ႏိုင္ၿပီး ေျမေဆြးလ်င္ျမန္စြာရ႐ွိဖို႔အတြက္ ပါဝင္ပစၥည္းေတြရဲ႕ အ႐ြယ္အစားကို ေသးႏိုင္သမွ်ေသးေအာင္ ျပဳလုပ္ရမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ပါဝင္ပစၥည္းေတြကို ျဖစ္ႏိုင္ရင္ ေၾကညက္ေအာင္ျပဳလုပ္ လွီးျဖတ္ၿပီးမွ ထည့္သြင္းသင့္ပါတယ္။ ေၾကညက္ေအာင္ မလုပ္ႏိုင္ရင္လည္း အနည္းဆုံး ၁ - ၂ လက္မ ဝန္းက်င္႐ွိတဲ့ အစိတ္အပိုင္းေလးေတြ ျပဳလုပ္ပီးမွ ေျမေဆြးလုပ္ရာမွာ ထည့္သြင္းမယ္ဆိုရင္ ရက္ေပါင္း ၃၀ မွ ၆၀ အတြင္းမွာ ေကာင္းေကာင္းေဆြးေျမ့တဲ့ ေျမေဆြးကို ရ႐ွိႏိုင္မွာပဲ ျဖစ္ပါတယ္။

၃။ ေအာက္စီဂ်င္နဲ႔ အစိုဓာတ္ မွ်တေအာင္ ျပဳလုပ္ပါ

သင့္ေတာ္တဲ့ ေျမေဆြးပုံအ႐ြယ္အစားနဲ႔ ပါဝင္ပစၥည္းေတြကို ေကာင္းစြာေရာေႏွာၿပီးၿပီဆိုရင္ ေျမေဆြးပုံရဲ႕ ေအာက္စီဂ်င္နဲ႔ အစိုဓာတ္ကို မွ်တေအာင္လုပ္ေပးဖို႔ လိုအပ္ပါတယ္။ ေျမေဆြးပုံကေန အပူေတြထုတ္လႊတ္ႏိုင္ဖို႔ဆိုတာ ေရေရာ ေအာက္စီဂ်င္ေရာ ၂ မ်ိဳးစလုံး လိုအပ္ပါတယ္။ ေရနဲ႔ ေအာက္စီဂ်င္မ႐ွိတဲ့အခါ ရလဒ္အေနနဲ႔ အနံ႔အသက္ဆိုးေတြကို စတင္ျဖစ္ေပၚလာေစမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေျမေဆြးပုံကို ေန႔စဥ္ (သို႔မဟုတ္) ၂ ရက္လွ်င္ ၁ ႀကိမ္ အထက္ေအာက္လွန္ေပးျခင္းျဖင့္ ေျမေဆြးပုံရဲ႕ အစိတ္အပိုင္းအားလုံးကို ေအာက္စီဂ်င္ ရ႐ွိေစမွာ ျဖစ္ပါတယ္။ ေအာက္စီဂ်င္ရ႐ွိျခင္းျဖင့္ ေျမေဆြးပုံထဲမွာ႐ွိေနတဲ့ အက်ိဳးျပဳသက္႐ွိေတြကို ေကာင္းမြန္စြာ အသက္႐ွင္ေနထိုင္ႏိုင္ေစမွာ ျဖစ္ပါတယ္။ ေအာက္စီဂ်င္လိုအပ္သလိုပဲ ေျမေဆြးပုံမွာ အစိုဓာတ္လည္းလိုအပ္ပါတယ္။ ေျမေဆြးပုံဟာဆိုရင္ လက္နဲ႔ထိၾကည့္လိုက္တာနဲ႔ အစိုဓာတ္႐ွိေနဖို႔ လိုအပ္ပါတယ္။ တစ္နည္းအားျဖင့္ စိုစြတ္ေနတဲ့ ေရျမႇဳပ္ကဲ့သို႔ ႐ွိသင့္တာ ျဖစ္ပါတယ္။ လုံးဝေျခာက္ေသြ႕သြားၿပီဆိုရင္ေတာ့ အပူထုတ္တာလည္း ရပ္တန္႔သြားမွာျဖစ္ၿပီး ၿပိဳကြဲျခင္း ျဖစ္စဥ္လည္း ရပ္တန္႔သြားမွာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ေျမေဆြးပုံလုံးဝမေျခာက္ေသြ႕ခင္မွာ ေရေလာင္းေပးဖို႔ လိုအပ္ပါတယ္။ ေရေလာင္းတဲ့အခါ အသင့္အတင့္ေလာင္းဖို႔သာ လိုအပ္တာျဖစ္ၿပီး အလြန္စိုစြတ္မယ္ဆိုရင္လည္း ၿပိဳကြဲဖို႔ လုပ္ေဆာင္ႏိုင္ေတာ့မွာ မဟုတ္တာေၾကာင့္ သတိျပဳသင့္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
တောင်များ၏ထိပ် လေထဲတွင် လွင့်တက်နေဟန် ဆောက်လုပ်ထားသော တရုတ်ပြည်က အံ့မခန်း Floating Hotel
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
အိမ်ဂေဟာလေး သန့်ရှင်းရေးအတွက် တိကျတဲ့အချိန်ဇယား
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
ခန္ဓာကိုယ်မှ သွေးစီးဆင်းသံကိုပြန်ကြားရနိုင်သည်အထိ တိတ်ဆိတ်လွန်းသောအခန်းထဲတွင် အချိန်တစ်နာရီထက်ပို၍ မည်သူမှမနေနိုင်...
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
အိမ်ခြံမြေဥပဒေအရေး အပတ်စဉ်ဆွေးနွေး အဖြေရှာ.....
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စွန့်လွှတ်ခြင်းစာချုပ် ပြုလုပ်ချုပ်ဆိုသည့်အခါ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Innwa Pyae Sone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service