အရောင်းအဝယ်လောကမှာသတိထားရမည့် ကိုယ်စားလှယ်လွှဲစာဖြစ်သည့် SP/GP အတုကိစ္စ

အရောင်းအဝယ်လောကမှာသတိထားရမည့် ကိုယ်စားလှယ်လွှဲစာဖြစ်သည့် SP/GP အတုကိစ္စ - Property Knowledge in Myanmar from iMyanmarHouse.com
23 Apr 2022 11:35 am တွင် တင်ခဲ့သည်
1205 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကိုယ်စားလှယ်လွှဲစာအတုပြုလုပ်ပုံ နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက မြေအမည်ပေါက်ပိုင်ရှင် အယောင်ဆောင်ပြီး စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် လူစားလဲ၍ ကိုယ်စားလှယ်လွှဲစာပြုလုပ် ဆောင်ရွက်ခြင်း။ (အဆိုပါကိစ္စမှာ မလွယ်ကူပါ ဥပမာ- မြေအမည်ပေါက်ပိုင်ရှင်သည် ‌ဒေါ်မြဖြစ်သည် ဆိုပါစို့ ဒေါ်မြကိုင်ဆောင်ခဲ့သောနိုင်ငံသားစိစစ်ရေးကတ်တွင် ‌ဒေါ်လှသည် ၎င်း၏ဓါတ်ပုံကပ်၍ ဒေါ်မြ ဟန်ဆောင်၍ မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာလွှဲခြင်း သို့ပေမဲ့ စာချုပ်စာတမ်းရုံးမှ အရာရှိများသည် မှတ်ပုံတင်အစစ်များအား အမြဲကိုင်ဆောင်ရသဖြင့် အတုကိုင်ဆောင်လာပါက ချက်ချင်းသိကာ ထောင်ကျသည်အထိအရေးယူဆောင်ရွက်ပါတယ်)

ဒုတိယတစ်မျိုးက မြေအမည်ပေါက်ပိုင်ရှင်ကိုင်ဆောင်ခဲ့သော မှတ်ပုံတင်ဖြင့် ကိုယ်စားလှယ် လွှဲစာ အတုလုပ်သူထံအပ်နှံခြင်း။ ထိုသို့ပြုလုပ်ခြင်းသည် စာချုပ်စာတမ်းများမှတ်ပုံတင်ရုံးတွင် ရုံးလက်ခံ မရှိဘဲ နိုင်ငံတော်တံဆိပ်တုံးအတု၊ စာချုပ်ရုံးရဲ့ ဌာနမှူးလက်မှတ်အတုများ ဆောင်ရွက်ခြင်းဖြစ်သည်။

အထက်ပါ ဒုတိယနည်းလမ်းဖြင့် ပွဲစားများက အတုပြုလုပ်ပြီး ပုံမှားရိုက်ခြင်းများ ဖြစ်တတ်ပါသည်။ ထိုသို့ပြုလုပ်ထားသည့် စာရွက်စာတမ်းသည် စာရွက်စာတမ်းမှတ်ပုံတင်ရုံး၌ အရောင်းအဝယ် မှတ်ပုံတင်စာချုပ်ချုပ်ရန်သွားရောက်သည့်အခါတွင် မြေကွက်အားကန့်ကွက်ထားခြင်းရှိ/မရှိစစ်ဆေး ခြင်းနှင့် ကိုယ်စားလှယ်လွှဲစာအား ကန့်ကွက်ထားခြင်းရှိ/မရှိစစ်ဆေးခြင်းများ ဆောင်ရွက်သည့်အခါ စာချုပ်ရုံးတွင် ရုံးလက်ခံမရှိခြင်းကို သိရှိနိုင်မှာဖြစ်ပါသည်။

ထိုသို့ ကိုယ်စားလှယ်လွှဲစာသည် အတုဖြစ်နေပါက အဆိုပါကိုယ်စားလှယ်လွှဲစာဖြင့် မှတ်ပုံတင် စာချုပ်ချုပ်မရသည့်အတွက် မြေဂရန်တွင် ဝယ်ယူသူအမည်သို့ပြောင်းမရနိုင်ပါ။ ‌ရောင်းသူ၊ ဝယ်ယူသူတို့ အနေဖြင့် သာမာန်ပြည်သူများဖြစ်သဖြင့် စာရွက်စာတမ်းများအတု အစစ်မခွဲနိုင်ပါ။

‌ရောင်းသူကို ပြန်လည်ရှာဖွေပြီး ကိုယ်စားလှယ်လွှဲစာပြန်လည်ပြုလုပ်ရမည်ဖြစ်သော်လည်း အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် ရောင်းသူအား ရှာဖွေမရခြင်းဖြစ်ပေါ်လာပါက ဝယ်ယူသူသည် တရားမမှုတရားစွဲဆိုခြင်းများ ဆက်လက်ဆောင်ရွက်ရမှာဖြစ်ပါသည်။

‌မြေကွက်ကို လက်ရောက်ရယူပြီး မြေငှားစာချုပ်ဂရန်မူရင်းကို လက်ဝယ်ရရှိသည့်တိုင်အောင် ကိုယ်စားလှယ်လွှဲစာသည် အတုဖြစ်နေပါက ဝယ်ယူသူသည် အခက်အခဲများဖြစ်ပေါ်နိုင်သည့်အတွက် မိတ်ဆွေများအနေဖြင့် အိမ်ခြံမြေများဝယ်ယူသည့်အခါ ကျွမ်းကျင်သူ ရှေ့နေများဖြင့်သာ ဝယ်ယူကြပါရန် အကြံပေးအပ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]













 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်တွင်းအလှစိုက်ပင်တွေကို ဘယ်နေရာမှာထားကြမလဲ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
လယ်ယာမြေလုပ်ပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
ဆေးအိုးပုတ်အပင်ရဲ့ဆေးအစွမ်း အာနိသင်နှင့် အကျိုးကျေးဇူးများ
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
တရားမမှုများတွင် အနိုင်ဒီကရီအား အတည်ပြုခြင်းအကြောင်း
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
အသီးအရွက်လေးတွေ ကြာရှည်ခံအောင်သိမ်းနည်း
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
သိမှတ်စရာ အိမ်ခြံမြေဥပဒေရေးရာ
ခြောက်ခြားဖွယ် လျို့ဝှက်အခန်းပေါင်းများစွာနဲ့ Winchester စံအိမ်
ခြောက်ခြားဖွယ် လျို့ဝှက်အခန်းပေါင်းများစွာနဲ့ Winchester စံအိမ်

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
မလေးရှားတွင် ချစ်သူမိန်းကလေး၏ မှတ်ပုံတင်နံပါတ်ဖြင့် ထီထိုးသော အမျိုးသား ရင်းဂစ် ၁၄ သန်း Jackpot ဆုကြီး ကံထူး
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်က အကြွေးပိကာ စီးပွားရေ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
၁၀ နှစ်သားအရွယ်တွင် ဘွဲ့ရခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး ဘွဲ့ရသူအဖြစ် ဂင်းနက်စ်စံချိန်တင်ခဲ့သူ
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ထိုင်းမှာ ခွေး ၆ ကောင်အုပ်နဲ့အတူ ကြီးပြင်းလူလားမြောက်လာတဲ့ ၈ နှစ်သားလေး၊ စကားမပြောတတ်ဘဲ ခွေးလိုပဲဟောင်တတ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ကလေးဘဝက မြိုချမိခဲ့တဲ့ သွားတိုက်တံကို ၅၂ နှစ်ကြာမှ ဗိုက်ထဲမှာရှိနေတာ သိရတဲ့အဖြစ်
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
YADANAR BON

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service