နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း - Property Knowledge in Myanmar from iMyanmarHouse.com
22 Apr 2022 10:30 am တွင် တင်ခဲ့သည်
795 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ပူပြင်းလှတဲ့ နွေရာသီမှာ အဲကွန်းဒါမှမဟုတ် ပန်ကာတစ်လုံးမပါဘဲနဲ့ အိပ်ပျော်ဖို့ဆိုတာ အဆင်မပြေလှပါဘူး။ ဒါဆိုရင် တစ်ညလုံးပန်ကာဖွင့်ပြီး အိပ်ဖို့ အဆင်ပြေပါ့မလား။ ကျန်းမာရေးကိုရော ထိခိုက်နိုင်သလား စတဲ့ မေးခွန်းတွေနဲ့ ရှုပ်ထွေးနေမှာပါ။ ကဲ ဒီလိုဆိုရင်တော့ နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း ကို ကြည့်လိုက်ကြရအောင်။

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း အတူတူ အဖြေထုတ်ကြည့်ကြမယ်နော်။

၁။ ‘White Noise’ ကို ဖန်တီးပေးနိုင်တယ်။

အနောက်နိုင်ငံတွေမှာ ‘White Noise’ ဆိုတဲ့အရာကို တွင်တွင်ကျယ်ကျယ် သုံးလာကြတာတွေ့ရပါတယ်။ ‘White Noise’ ဆိုတာဘာလဲ။ လူအချို့ဟာ တိတ်ဆိတ်ငြိမ်သက်နေချိန်မှာ အိပ်မပျော်တတ်ကြ ပါဘူး။ ဆူညံသံတစ်ချို့ကို ကြားနေရမှသာ အိပ်စက်တတ်ကြပါတယ်။ ထိုအခါမှာ အသံအတုကို ဖန်တီး ပေးနိုင်တဲ့ ‘White Noise machine’ တစ်ခုမှာ ‘တဝီဝီ’ မြည်တဲ့အသံတွေ ကြားနိုင်ပါတယ်။ ထိုအသံတွေရဲ့ အကူအညီနဲ့ နှစ်ခြိုက်စွာအိပ်စက်နိုင်ကြပါတယ်။ သင့်ရဲ့အင်တာနက် (Google, Youtube)တို့ကို အသုံး ပြုကာ ‘White Noise’လို့ ရိုက်ထည့်ရှာဖွေနိုင်ပါတယ်။ ဒါဆိုရင်တော့ ‘White Noise’ ဆိုတာ ဘယ်လို အသံလည်း သိနိုင်မှာပါ။

ပန်ကာကထွက်တဲ့ အသံဟာ ‘White Noise’နဲ့ အနီးစပ်ဆုံးတူတာကြောင့် ပန်ကာဖွင့်ပြီး အိပ်ခြင်းအားဖြင့် ဆူညံသံကြားမှ အိပ်ပျော်တတ်တဲ့သူတွေအတွက် အဆင်ပြေစေပါတယ်။

၂။ အပူချိန်ကို ထိန်းချုပ်ပေးတယ်။

ဒါကတော့ ရှင်းပါတယ်။ အေးနေစေဖို့ ပန်ကာဖွင့်ကြတာပါ။ အဲကွန်းလောက်တော့ မအေး ပေမဲ့လည်း ဘာမှမဖွင့်ထားတာထက်တော့ အများကြီး အပူသက်သာပါတယ်။

ပန်ကာတစ်ခုကို အဲကွန်းမျိုးဖြစ်အောင် ပြုလုပ်နိုင်သလား။

ပြောပြပါမယ်။

(၁) ရေ ၄၊ ၅၊ ၆ ဘူးလောက်ယူပါ။

(၂) တစ်ဘူးချင်းစီထဲကို အိမ်သုံးဆား လက်ဖက်ရည်ဇွန်း (၂)ဇွန်း၊ (၃)ဇွန်း ထည့်ပါ။

(၃) ရေဘူးတွေကို ရေခဲသေတ္တာအပေါ်ကန်ထဲ ထည့်ပါ။

(၄) အိပ်တော့မယ်ဆိုရင် ထိုရေဘူးတွေကို ဗန်းတစ်ခုပေါ်တင်ပါ။ ရေတွေအောက်ကိုစီးကျမှာကို ကာကွယ်ချင်တဲ့သဘောပါ။

(၅) ဗန်းကိုပန်ကာရှေ့ထားပါ။

(၆) ပန်ကာဖွင့်ပါ။ ထွက်လာတဲ့ လေဟာ အေးမြနေပါလိမ့်မယ်။

(၇) မနက်ကျရင် ရေပြန်ခဲပါ။ နေ့တိုင်း ထိုနည်းအတိုင်း ထုတ်သုံးကြည့်နိုင်ပါတယ်။

အဲကွန်းနဲ့အနီးစပ်ဆုံး အိမ်မှာတင်ပြုလုပ်နိုင်တဲ့ လွယ်ကူတဲ့နည်းလမ်းပါ။ စမ်းကြည့်ရအောင်။

၃။ မွေ့ရာနဲ့အိပ်တတ်သူတွေအတွက် အကူအညီပေးမယ်။

မွေ့ရာနဲ့မှ အိပ်တတ်သူတွေအတွက် မွေ့ရာဟာဆောင်းတွင်းမှာ အိစက်ညက်ညောနိုင်ပေ မယ့်နွေရာသီဆိုရင်တော့ မတွေးရဲစရာပါ။ အလွန်ပူမှာပါ။ ပန်ကာနဲ့ အိပ်ခြင်းဟာ အဲကွန်းလောက် မအေးနိုင်ပေမယ့် တစ်စိတ်တစ်ပိုင်းတော့ အကူအညီရနိုင်ပါတယ်။

၄။ အနံ့အသက်ကင်းမယ်။

အလုံပိတ်ထားတဲ့ အခန်းဟာ နွေရာသီမှာ အပူဒဏ်ကြောင့် အနံ့တစ်မျိုးထွက်နေနိုင်ပါတယ်။ အလုပ်က ပြန်လာလို့ ဖွင့်ကြည့်လိုက်ရင် အနံ့တစ်မျိုးရှိနေတယ်လို့ ခံစားမိမှာပါ။ ညအိပ်ချိန်ဆို ပိုဆိုးမှာပါ။ ပန်ကာဖွင့်ထားပြီး အိပ်စက်ခြင်းဟာ အခန်းထဲမှာရှိတဲ့ လေထုကို ထိန်းညှိပေးနိုင်ပြီး အနံ့အသက်ကင်း စေမှာပါ။

ပန်ကာနဲ့ အိပ်စက်ခြင်းရဲ့ မကောင်းတဲ့အချက်တွေက‌ရော ဘာတွေဖြစ်မလဲ

၁။ ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ပန်ကာလည်ပြီး မိမိဆီကို လေရောက်တဲ့အခါ အခန်းတစ်ခန်းလုံးမှာရှိတဲ့ အမှုန်အမွှားနဲ့ ဖုန်မှုန့် တွေဟာ ကပ်ပါလာမှာပါ။ သင်ဟာ အလွယ်တကူ ဓါတ်မတည့်တတ်သူတစ်ယောက် ဖြစ်ရင် ဒါမှမဟုတ် ရင်ကျပ် ပန်းနာရောဂါရှိသူ တစ်ယောက်ဆိုရင် ဖုန်မှုန့်တွေကြောင့် နှာစီး၊ ချောင်းဆိုးခြင်းနဲ့ ရင်ကျပ်ခြင်းတွေ ခံစားရမှာပါ။ ပန်ကာမဖွင့်ခင်မှာ ပန်ကာရဲ့စကာ၊ ဒလက် စတဲ့နေရာတွေက ဖုန်မှုန့်တွေကို အရင်ပြောင်အောင် သုတ်သင့်ပါတယ်နော်။ ရင်ကျပ်ပန်းနာသမားတွေကတော့ ပန်ကာနဲ့ အိပ်မယ်ဆိုရင် သတိကြီးစွာ ထားပါ။

၂။ အသားခြောက်မယ်

ပန်ကာလေဟာ လေအပူပါ။ အရေပြားကို ခြောက်သွေ့စေနိုင်ပါတယ်။ Lotion နဲ့ ရေဓာတ် ဖြည့်ပေးတဲ့ Moisturizers ခရင်မ်မျိုး လိမ်းပေးပြီး ဒီပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

မျက်ကပ်မှန်မချွတ်ဘဲ အိပ်တတ်သူ တစ်ယောက်အတွက်လည်း ပန်ကာလေဟာ မျက်လုံးကို ခြောက်သွေ့ယားယံစေနိုင်ပါတယ်။ ပန်ကာဖွင့်ဖွင့် မဖွင့်ဖွင့်ပါ။ မျက်ကပ်မှန်ကိုတော့ အိပ်ရင်ချွတ်ဖြစ်အောင်ချွတ်ပါ။

ပါးစပ်ဖွင့်ပြီး အိပ်တတ်သူတွေဟာလည်း ပန်းကာလေ ပါးစပ်ထဲရောက်တဲ့အခါ ခံတွင်းခြောက် တတ်ပါတယ်။ အနီးမှာ ရေတစ်ဘူးယူထားပြီး အာခြောက်တဲ့အခါ ရေသောက်ပါ။

၃။ နှာစေး ခေါင်းကိုက်မယ်။

ပန်ကာလေအပူဟာ အသက်ရှူလမ်းကြောင်းကို ခြောက်သွေ့စေပါတယ်။ ခြောက်သွေ့လာတဲ့ အသက်ရှုလမ်းကြောင်းကို ထိန်းညှိဖို့ အချွဲတွေ ထွက်ပေးရပါတယ်။ ဒီအခါမှာ နှာရည်ယိုခြင်းနဲ့ ခေါင်း ကိုက်ခြင်းတွေ ဖြစ်လာတတ်ပါတယ်။ ဖျားနာနေရင်တော့ ပန်ကာကို တတ်နိုင်သမျှ အသုံးမပြုတာ ကောင်းပါလိမ့်မယ်။

၄။ ကြွက်သားတွေ နာကျင်ကိုက်ခဲတတ်ပါတယ်။

လေတွေ တစုတစည်းတည်း တစ်ဟုန်ထိုး တိုက်တဲ့အခါမှာ ကြွက်သားတွေ တောင့်တင်းပြီး ကြွက်တက်တာမျိုးတွေတောင် ရှိနိုင်ပါတယ်။ မျက်နှာနဲ့ လည်ပင်းနားမှာ ပန်ကာဖွင့်အိပ် သူတွေဆို မနက်လင်းတဲ့အခါ လည်ပင်းကြွက်သားတွေ တောင့်တင်းနာကျင်နေတာကို ခံစားရတတ်ပါ တယ်။

ပူပြင်းလှတဲ့ နွေရာသီမှာ အေးအေးလူလူ အိပ်စက်နိုင်ဖို့ ဈေးသက်သက်သာသာနဲ့ ထိရောက်တဲ့ နည်းလမ်းကတော့ ပန်ကာဖွင့်အိပ်တာပါပဲ။ ကောင်းကွက်တွေရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပန်ကာကို ပတ်ချာလည် လှည့်တာမျိုးနဲ့ timer ပေးပြီး အချိန်အကန့်အသတ်နဲ့ ဖွင့်အိပ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:  hellosayarwo (ဒေါက်တာမှူးခင်)

[Zawgyi]

ေႏြရာသီမွာပန္ကာ ဖြင့္ၿပီးအိပ္တာ ေကာင္း၊မေကာင္း

ပူျပင္းလွတဲ့ ေႏြရာသီမွာ အဲကြန္းဒါမွမဟုတ္ ပန္ကာတစ္လုံးမပါဘဲနဲ႔ အိပ္ေပ်ာ္ဖို႔ဆိုတာ အဆင္မေျပလွပါဘူး။ ဒါဆိုရင္ တစ္ညလုံးပန္ကာဖြင့္ၿပီး အိပ္ဖို႔ အဆင္ေျပပါ့မလား။ က်န္းမာေရးကိုေရာ ထိခိုက္ႏိုင္သလား စတဲ့ ေမးခြန္းေတြနဲ႔ ႐ႈပ္ေထြးေနမွာပါ။ ကဲ ဒီလိုဆိုရင္ေတာ့ ေႏြရာသီမွာပန္ကာ ဖြင့္ၿပီးအိပ္တာ ေကာင္း၊မေကာင္း ကို ၾကည့္လိုက္ၾကရေအာင္။

ေႏြရာသီမွာပန္ကာ ဖြင့္ၿပီးအိပ္တာ ေကာင္း၊မေကာင္း

ေႏြရာသီမွာပန္ကာ ဖြင့္ၿပီးအိပ္တာ ေကာင္း၊မေကာင္း အတူတူ အေျဖထုတ္ၾကည့္ၾကမယ္ေနာ္။

၁။ ‘White Noise’ ကို ဖန္တီးေပးႏိုင္တယ္။

အေနာက္ႏိုင္ငံေတြမွာ ‘White Noise’ ဆိုတဲ့အရာကို တြင္တြင္က်ယ္က်ယ္ သုံးလာၾကတာေတြ႕ရပါတယ္။ ‘White Noise’ ဆိုတာဘာလဲ။ လူအခ်ိဳ႕ဟာ တိတ္ဆိတ္ၿငိမ္သက္ေနခ်ိန္မွာ အိပ္မေပ်ာ္တတ္ၾက ပါဘူး။ ဆူညံသံတစ္ခ်ိဳ႕ကို ၾကားေနရမွသာ အိပ္စက္တတ္ၾကပါတယ္။ ထိုအခါမွာ အသံအတုကို ဖန္တီး ေပးႏိုင္တဲ့ ‘White Noise machine’ တစ္ခုမွာ ‘တဝီဝီ’ ျမည္တဲ့အသံေတြ ၾကားႏိုင္ပါတယ္။ ထိုအသံေတြရဲ႕ အကူအညီနဲ႔ ႏွစ္ၿခိဳက္စြာအိပ္စက္ႏိုင္ၾကပါတယ္။ သင့္ရဲ႕အင္တာနက္ (Google, Youtube)တို႔ကို အသုံး ျပဳကာ ‘White Noise’လို႔ ႐ိုက္ထည့္႐ွာေဖြႏိုင္ပါတယ္။ ဒါဆိုရင္ေတာ့ ‘White Noise’ ဆိုတာ ဘယ္လို အသံလည္း သိႏိုင္မွာပါ။

ပန္ကာကထြက္တဲ့ အသံဟာ ‘White Noise’နဲ႔ အနီးစပ္ဆုံးတူတာေၾကာင့္ ပန္ကာဖြင့္ၿပီး အိပ္ျခင္းအားျဖင့္ ဆူညံသံၾကားမွ အိပ္ေပ်ာ္တတ္တဲ့သူေတြအတြက္ အဆင္ေျပေစပါတယ္။

၂။ အပူခ်ိန္ကို ထိန္းခ်ဳပ္ေပးတယ္။

ဒါကေတာ့ ႐ွင္းပါတယ္။ ေအးေနေစဖို႔ ပန္ကာဖြင့္ၾကတာပါ။ အဲကြန္းေလာက္ေတာ့ မေအး ေပမဲ့လည္း ဘာမွမဖြင့္ထားတာထက္ေတာ့ အမ်ားႀကီး အပူသက္သာပါတယ္။

ပန္ကာတစ္ခုကို အဲကြန္းမ်ိဳးျဖစ္ေအာင္ ျပဳလုပ္ႏိုင္သလား။

ေျပာျပပါမယ္။

(၁) ေရ ၄၊ ၅၊ ၆ ဘူးေလာက္ယူပါ။

(၂) တစ္ဘူးခ်င္းစီထဲကို အိမ္သုံးဆား လက္ဖက္ရည္ဇြန္း (၂)ဇြန္း၊ (၃)ဇြန္း ထည့္ပါ။

(၃) ေရဘူးေတြကို ေရခဲေသတၱာအေပၚကန္ထဲ ထည့္ပါ။

(၄) အိပ္ေတာ့မယ္ဆိုရင္ ထိုေရဘူးေတြကို ဗန္းတစ္ခုေပၚတင္ပါ။ ေရေတြေအာက္ကိုစီးက်မွာကို ကာကြယ္ခ်င္တဲ့သေဘာပါ။

(၅) ဗန္းကိုပန္ကာေ႐ွ႕ထားပါ။

(၆) ပန္ကာဖြင့္ပါ။ ထြက္လာတဲ့ ေလဟာ ေအးျမေနပါလိမ့္မယ္။

(၇) မနက္က်ရင္ ေရျပန္ခဲပါ။ ေန႔တိုင္း ထိုနည္းအတိုင္း ထုတ္သုံးၾကည့္ႏိုင္ပါတယ္။

အဲကြန္းနဲ႔အနီးစပ္ဆုံး အိမ္မွာတင္ျပဳလုပ္ႏိုင္တဲ့ လြယ္ကူတဲ့နည္းလမ္းပါ။ စမ္းၾကည့္ရေအာင္။

၃။ ေမြ႕ရာနဲ႔အိပ္တတ္သူေတြအတြက္ အကူအညီေပးမယ္။

ေမြ႕ရာနဲ႔မွ အိပ္တတ္သူေတြအတြက္ ေမြ႕ရာဟာေဆာင္းတြင္းမွာ အိစက္ညက္ေညာႏိုင္ေပ မယ့္ေႏြရာသီဆိုရင္ေတာ့ မေတြးရဲစရာပါ။ အလြန္ပူမွာပါ။ ပန္ကာနဲ႔ အိပ္ျခင္းဟာ အဲကြန္းေလာက္ မေအးႏိုင္ေပမယ့္ တစ္စိတ္တစ္ပိုင္းေတာ့ အကူအညီရႏိုင္ပါတယ္။

၄။ အနံ႔အသက္ကင္းမယ္။

အလုံပိတ္ထားတဲ့ အခန္းဟာ ေႏြရာသီမွာ အပူဒဏ္ေၾကာင့္ အနံ႔တစ္မ်ိဳးထြက္ေနႏိုင္ပါတယ္။ အလုပ္က ျပန္လာလို႔ ဖြင့္ၾကည့္လိုက္ရင္ အနံ႔တစ္မ်ိဳး႐ွိေနတယ္လို႔ ခံစားမိမွာပါ။ ညအိပ္ခ်ိန္ဆို ပိုဆိုးမွာပါ။ ပန္ကာဖြင့္ထားၿပီး အိပ္စက္ျခင္းဟာ အခန္းထဲမွာ႐ွိတဲ့ ေလထုကို ထိန္းညႇိေပးႏိုင္ၿပီး အနံ႔အသက္ကင္း ေစမွာပါ။

ပန္ကာနဲ႔ အိပ္စက္ျခင္းရဲ႕ မေကာင္းတဲ့အခ်က္ေတြက‌ေရာ ဘာေတြျဖစ္မလဲ

၁။ ဓာတ္မတည့္မႈေတြ ျဖစ္ေစႏိုင္ပါတယ္။

ပန္ကာလည္ၿပီး မိမိဆီကို ေလေရာက္တဲ့အခါ အခန္းတစ္ခန္းလုံးမွာ႐ွိတဲ့ အမႈန္အမႊားနဲ႔ ဖုန္မႈန္႔ ေတြဟာ ကပ္ပါလာမွာပါ။ သင္ဟာ အလြယ္တကူ ဓါတ္မတည့္တတ္သူတစ္ေယာက္ ျဖစ္ရင္ ဒါမွမဟုတ္ ရင္က်ပ္ ပန္းနာေရာဂါ႐ွိသူ တစ္ေယာက္ဆိုရင္ ဖုန္မႈန္႔ေတြေၾကာင့္ ႏွာစီး၊ ေခ်ာင္းဆိုးျခင္းနဲ႔ ရင္က်ပ္ျခင္းေတြ ခံစားရမွာပါ။ ပန္ကာမဖြင့္ခင္မွာ ပန္ကာရဲ႕စကာ၊ ဒလက္ စတဲ့ေနရာေတြက ဖုန္မႈန္႔ေတြကို အရင္ေျပာင္ေအာင္ သုတ္သင့္ပါတယ္ေနာ္။ ရင္က်ပ္ပန္းနာသမားေတြကေတာ့ ပန္ကာနဲ႔ အိပ္မယ္ဆိုရင္ သတိႀကီးစြာ ထားပါ။

၂။ အသားေျခာက္မယ္

ပန္ကာေလဟာ ေလအပူပါ။ အေရျပားကို ေျခာက္ေသြ႕ေစႏိုင္ပါတယ္။ Lotion နဲ႔ ေရဓာတ္ ျဖည့္ေပးတဲ့ Moisturizers ခရင္မ္မ်ိဳး လိမ္းေပးၿပီး ဒီျပႆနာကို ေျဖ႐ွင္းေပးႏိုင္ပါတယ္။

မ်က္ကပ္မွန္မခြၽတ္ဘဲ အိပ္တတ္သူ တစ္ေယာက္အတြက္လည္း ပန္ကာေလဟာ မ်က္လုံးကို ေျခာက္ေသြ႕ယားယံေစႏိုင္ပါတယ္။ ပန္ကာဖြင့္ဖြင့္ မဖြင့္ဖြင့္ပါ။ မ်က္ကပ္မွန္ကိုေတာ့ အိပ္ရင္ခြၽတ္ျဖစ္ေအာင္ခြၽတ္ပါ။

ပါးစပ္ဖြင့္ၿပီး အိပ္တတ္သူေတြဟာလည္း ပန္းကာေလ ပါးစပ္ထဲေရာက္တဲ့အခါ ခံတြင္းေျခာက္ တတ္ပါတယ္။ အနီးမွာ ေရတစ္ဘူးယူထားၿပီး အာေျခာက္တဲ့အခါ ေရေသာက္ပါ။

၃။ ႏွာေစး ေခါင္းကိုက္မယ္။

ပန္ကာေလအပူဟာ အသက္႐ွဴလမ္းေၾကာင္းကို ေျခာက္ေသြ႕ေစပါတယ္။ ေျခာက္ေသြ႕လာတဲ့ အသက္႐ႈလမ္းေၾကာင္းကို ထိန္းညႇိဖို႔ အခြၽဲေတြ ထြက္ေပးရပါတယ္။ ဒီအခါမွာ ႏွာရည္ယိုျခင္းနဲ႔ ေခါင္း ကိုက္ျခင္းေတြ ျဖစ္လာတတ္ပါတယ္။ ဖ်ားနာေနရင္ေတာ့ ပန္ကာကို တတ္ႏိုင္သမွ် အသုံးမျပဳတာ ေကာင္းပါလိမ့္မယ္။

၄။ ႂကြက္သားေတြ နာက်င္ကိုက္ခဲတတ္ပါတယ္။

ေလေတြ တစုတစည္းတည္း တစ္ဟုန္ထိုး တိုက္တဲ့အခါမွာ ႂကြက္သားေတြ ေတာင့္တင္းၿပီး ႂကြက္တက္တာမ်ိဳးေတြေတာင္ ႐ွိႏိုင္ပါတယ္။ မ်က္ႏွာနဲ႔ လည္ပင္းနားမွာ ပန္ကာဖြင့္အိပ္ သူေတြဆို မနက္လင္းတဲ့အခါ လည္ပင္းႂကြက္သားေတြ ေတာင့္တင္းနာက်င္ေနတာကို ခံစားရတတ္ပါ တယ္။

ပူျပင္းလွတဲ့ ေႏြရာသီမွာ ေအးေအးလူလူ အိပ္စက္ႏိုင္ဖို႔ ေဈး သက္သက္သာသာနဲ႔ ထိေရာက္တဲ့ နည္းလမ္းကေတာ့ ပန္ကာဖြင့္အိပ္တာပါပဲ။ ေကာင္းကြက္ေတြ႐ွိသလို ဆိုးက်ိဳးေတြလည္း ႐ွိပါတယ္။ က်န္းမာေရးျပႆနာေတြကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ ပန္ကာကို ပတ္ခ်ာလည္ လွည့္တာမ်ိဳးနဲ႔ timer ေပးၿပီး အခ်ိန္အကန္႔အသတ္နဲ႔ ဖြင့္အိပ္တာမ်ိဳးေတြ ျပဳလုပ္ႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit:  hellosayarwo (ေဒါက္တာမႉးခင္)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service