ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode] ဟောလိဝုဒ် အက်ရှင်ကြယ်ပွင့် စတီဗင် ဇဂဲလ် (စတီဗင်ဆေးဂဲ) သည် ၂၀၀၁ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားပြည်နယ်၊ စကော့ဒေးလ်မြို့တွင် သူ၏စံအိမ်ကို ဆောက်လုပ်ခဲ့ရာ၌ ၁၂ ဧကကျယ်ဝန်းသော ခြံဝန်းကို ဂိတ်တံခါးတပ်ကာ လုံခြုံအောင်ပြုလုပ်ထားရုံမျှမက စံအိမ်တွင် ကျည်ကာမှန်များပါ တပ်ဆင် ဆောက်လုပ်ခဲ့သည်။
အခန်းတိုင်းတွင် မှန်နံရံ (သို့မဟုတ်) အမိုးပြတင်းများတပ်ဆင်ထားပြီး အားလုံးမှာ ကျည်ကာမှန်များ ဖြစ်သည်။
အဆိုပါစံအိမ်သည် ယခုအခါ ကန်ဒေါ်လာ ၃ ဒသမ ၃၉၅ သန်းဖြင့် အရောင်းဈေးကွက်တွင် ရောက်ရှိနေသည်။
တည်နေရာမှာ စကော့ဒေးလ်မြို့၊ Desert Mountain နယ်မြေရှိ လုံခြုံရေးချထားသော ဂိတ်ဝန်းခတ် Carefree Ranch တွင် တည်ရှိသည်။
အနီးဆုံးတွင် Chiricahua ဂေါက်ကွင်းတည်ရှိသည်။ ထို့အပြင် Jack Nicklaus Signature ဂေါက်ကွင်း ၆ ခု၊ USGA-rated, par-54 ဂေါက်ကွင်းသစ်တစ်ခုနှင့်လည်း နီးစပ်စွာ တည်ရှိသည်။
စံအိမ်အတွင်း အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၅ ခန်းပါဝင်သည်။
ရေချိုးခန်း၊ အိပ်ခန်း၊ မီးဖိုဆောင်နှင့် ဧည့်ခန်းတို့ပါဝင်သော စတုရန်းပေ ၆၀၀ ကျယ်ဝန်းသည့် ဧည့်ဂေဟာအိမ်တစ်လုံးလည်း ပါဝင်သည်။
မှန်နံရံများအားလုံးမှတဆင့် ရင်သပ်ရှုမောဖွယ် သဲကန္တာရရှုခင်းများကို အရုဏ်ချိန်မှသည် နေဝင်ဆည်းဆာ အထိ တွေ့မြင်နိုင်သည့်အပြင် ညအချိန်တွင်လည်း အဝေးဆီရှိ Phoenix မြို့ကြီးဆီမှ အလင်းရောင်များနှင့် ကောင်းကင်မှ ပြိုးပြက်နေသော ကြယ်အလင်းတို့ကို တွေ့မြင်နိုင်သည်။
စတုရန်းပေ ၉၀၀၀ နီးပါးကျယ်ဝန်းသော ပင်မစံအိမ်မှ အခန်းများသည် လေဝင်လေထွက်ကောင်းမွန်ပြီး နားနေဆောင်များနှင့် ကျောက်တုန်းတိုင်များဖြင့် ထောက်မထားသော လသာဆောင်များသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
စံအိမ်အတွင်း ရုပ်ရှင်ရုံ၊ မိသားစုနားနေခန်းနှင့် ဂိမ်းကစားခန်းများလည်း ပါဝင်သည်။
သားသမီး ၇ ဦးရှိသော စတီဗင်ဆေးဂဲ၏ စံအိမ်တွင် မီးဖိုဆောင်၌ မီးဖိုများစွာ ပါဝင်သည့်အပြင် စားဖိုမှူးအဆင့် ကိုင်တွယ်သည့် အသုံးအဆောင်များ၊ အစားအသောက် ပန်းကန်ခွက်ယောက်များ ထားသိုသည့်အခန်းတို့ ထားရှိကာ လူပေါင်းများစွာကို ကျွေးမွေးဧည့်ခံနိုင်မည် ဖြစ်သည်။
အိပ်ခန်း ခန်းမ ၂ ခုတွင် တစ်မိသားစုလုံး အိပ်စက်နိုင်မည့် အိပ်ခန်းပေါင်း အများအပြား ပါဝင်သည်။
အိပ်ခန်းဆောင် ၂ ခုလုံးတွင် အဝတ်အစားထားသိုခန်း၊ ရေချိုးခန်းများ ပါဝင်သည့်အပြင် အိပ်ခန်းဆောင်တစ်ခုတွင်ဆိုလျှင် နားနေခန်းနှင့် မီးလင်းဖိုတစ်ခုလည်း ထည့်သွင်းပေးထားသေးသည်။
ခြံဝန်းအတွင်း ဝန်းကျင်တောင်ကြားဒေသ၏ ရှုမျှော်ခင်းများကို တွေ့မြင်ရမည့် ကျယ်ပြောလှသော ရေကူးကန်ကြီးတစ်ခု ရှိသည်။
သဲကန္တာရ၏ အေးစက်လှသော ညများအတွက်မူ ရေပူစိမ်ကန်ကြီးက လက်ပြခေါ်ယူနေသည်။
အကင်နေရာနှင့် နေအိမ်ပြင်ပ မီးဖိုဆောင်တို့က ညစာစား နားနေဆောင်နေရာကို ပြီးပြည့်စုံစေသည်။
ဂိုဒေါင် ၃ လုံးလည်း ခြံဝန်းအတွင်း ပါဝင်သေးရာ ယာဉ်ပေါင်းများစွာ ရပ်နားနိုင်သည့် အကျယ်အဝန်း ရှိသည်။
(စတီဗင်ဆေးဂဲ ဘာလဲ)
စတီဗင်ဆေးဂဲ (မွေး ၁၉၅၂) သည် အမေရိကန်ရုပ်ရှင်မင်းသား၊ ဇာတ်ညွှန်းဆရာ၊ ကိုယ်ခံပညာရှင်တစ်ဦးဖြစ်သည်။
အိုက်ကီဒို ပညာရပ်တွင် 7TH Dan ခါးပတ်နက် ရရှိထားသူဖြစ်ပြီး ဂျပန်တွင် ကိုယ်ခံပညာနည်းပြတစ်ဦးအဖြစ် စတင်အသက်မွေးခဲ့ရာ ဂျပန်နိုင်ငံအတွင်း ပထမဆုံးသော နိုင်ငံခြားသား အိုက်ကီဒိုနည်းပြ ဖြစ်ခဲ့သည်။
၁၉၈၈ ခုနှစ်တွင် လော့စ်အိန်ဂျလိသို့ ပြောင်းရွှေ့ခဲ့ပြီး ကိုယ်ခံပညာနည်းပြဆရာအဖြစ် ဆက်လက် အသက်မွေးသည်။
၁၉၉၁ ခုနှစ်တွင် Above the Law ဇာတ်ကားဖြင့် ရုပ်ရှင်နယ်သို့ စတင်ခြေချသည်။
စတီဗင်ဆေးဂဲသည် ဂစ်တာသမားတစ်ဦးလည်းဖြစ်ပြီး Songs from the crystal Cave နှင့် Mojo Priest အမည်ရှိ စတူဒီယိုအယ်လ်ဘမ် ၂ ခု ထုတ်လုပ်ခဲ့သည်။
ဖခင်ဘက်မှ ဘိုးဘွားများမှာ ရုရှားဂျူးလူမျိုးများဖြစ်ပြီး စတီဗင်ဆေးဂဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ထောက်ခံသူတစ်ဦး ဖြစ်သည်။
၂၀၁၆ ခုနှစ်တွင် ရုရှားနိုင်ငံသား၊ ဆားဘီးယားနိုင်ငံသားလက်မှတ်များ ပေးအပ်ခြင်းခံရပြီး ၂၀၁၈ ခုနှစ်တွင် ဗလာဒီမာပူတင်က စတီဗင်ဆေးဂဲအား အမေရိကန်ဆိုင်ရာ ရုရှားအထူးသံတမန်အဖြစ် ခန့်အပ်ခဲ့သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Steven Seagal’s $3.4 Million Fortified Mansion in Arizona Is Fitted With Bulletproof Glass, Because of Course (robbreport)
[Zawgyi]
စတီဗင္ေဆးဂဲ၏ က်ည္ကာမွန္မ်ား တပ္ဆင္ထားေသာ စံအိမ္ၾကီး
ေဟာလိဝုဒ္ အက္ရွင္ၾကယ္ပြင့္ စတီဗင္ ဇဂဲလ္ (စတီဗင္ေဆးဂဲ) သည္ ၂၀၀၁ ခုႏွစ္အတြင္း အေမရိကန္ျပည္ေထာင္စု၊ အရီဇိုးနားျပည္နယ္၊ စေကာ့ေဒးလ္ျမိဳ႕တြင္ သူ၏စံအိမ္ကို ေဆာက္လုပ္ခဲ့ရာ၌ ၁၂ ဧကက်ယ္ဝန္းေသာ ျခံဝန္းကို ဂိတ္တံခါးတပ္ကာ လံုျခံဳေအာင္ျပဳလုပ္ထားရံုမွ်မက စံအိမ္တြင္ က်ည္ကာမွန္မ်ားပါ တပ္ဆင္ ေဆာက္လုပ္ခဲ့သည္။
အခန္းတိုင္းတြင္ မွန္နံရံ (သို႔မဟုတ္) အမိုးျပတင္းမ်ားတပ္ဆင္ထားျပီး အားလံုးမွာ က်ည္ကာမွန္မ်ား ျဖစ္သည္။
အဆိုပါစံအိမ္သည္ ယခုအခါ ကန္ေဒၚလာ ၃ ဒသမ ၃၉၅ သန္းျဖင့္ အေရာင္းေစ်းကြက္တြင္ ေရာက္ရွိေနသည္။
တည္ေနရာမွာ စေကာ့ေဒးလ္ျမိဳ႕၊ Desert Mountain နယ္ေျမရွိ လံုျခံဳေရးခ်ထားေသာ ဂိတ္ဝန္းခတ္ Carefree Ranch တြင္ တည္ရွိသည္။
အနီးဆံုးတြင္ Chiricahua ေဂါက္ကြင္းတည္ရွိသည္။ ထုိ႔အျပင္ Jack Nicklaus Signature ေဂါက္ကြင္း ၆ ခု၊ USGA-rated, par-54 ေဂါက္ကြင္းသစ္တစ္ခုႏွင့္လည္း နီးစပ္စြာ တည္ရွိသည္။
စံအိမ္အတြင္း အိပ္ခန္း ၄ ခန္း၊ ေရခ်ဳိးခန္း ၅ ခန္းပါဝင္သည္။
ေရခ်ဳိးခန္း၊ အိပ္ခန္း၊ မီးဖိုေဆာင္ႏွင့္ ဧည့္ခန္းတို႔ပါဝင္ေသာ စတုရန္းေပ ၆၀၀ က်ယ္ဝန္းသည့္ ဧည့္ေဂဟာအိမ္တစ္လံုးလည္း ပါဝင္သည္။
မွန္နံရံမ်ားအားလံုးမွတဆင့္ ရင္သပ္ရႈေမာဖြယ္ သဲကႏၱာရရႈခင္းမ်ားကို အရုဏ္ခ်ိန္မွသည္ ေနဝင္ဆည္းဆာ အထိ ေတြ႔ျမင္ႏိုင္သည့္အျပင္ ညအခ်ိန္တြင္လည္း အေဝးဆီရွိ Phoenix ျမိဳ႕ၾကီးဆီမွ အလင္းေရာင္မ်ားႏွင့္ ေကာင္းကင္မွ ျပိဳးျပက္ေနေသာ ၾကယ္အလင္းတို႔ကို ေတြ႔ျမင္ႏိုင္သည္။
စတုရန္းေပ ၉၀၀၀ နီးပါးက်ယ္ဝန္းေသာ ပင္မစံအိမ္မွ အခန္းမ်ားသည္ ေလဝင္ေလထြက္ေကာင္းမြန္ျပီး နားေနေဆာင္မ်ားႏွင့္ ေက်ာက္တုန္းတိုင္မ်ားျဖင့္ ေထာက္မထားေသာ လသာေဆာင္မ်ားသို႔ ေရာက္ရွိႏိုင္မည္ ျဖစ္သည္။
စံအိမ္အတြင္း ရုပ္ရွင္ရံု၊ မိသားစုနားေနခန္းႏွင့္ ဂိမ္းကစားခန္းမ်ားလည္း ပါဝင္သည္။
သားသမီး ၇ ဦးရွိေသာ စတီဗင္ေဆးဂဲ၏ စံအိမ္တြင္ မီးဖိုေဆာင္၌ မီးဖုိမ်ားစြာ ပါဝင္သည့္အျပင္ စားဖိုမွဴးအဆင့္ ကိုင္တြယ္သည့္ အသံုးအေဆာင္မ်ား၊ အစားအေသာက္ ပန္းကန္ခြက္ေယာက္မ်ား ထားသိုသည့္အခန္းတုိ႔ ထားရွိကာ လူေပါင္းမ်ားစြာကို ေကၽြးေမြးဧည့္ခံႏိုင္မည္ ျဖစ္သည္။
အိပ္ခန္း ခန္းမ ၂ ခုတြင္ တစ္မိသားစုလံုး အိပ္စက္ႏိုင္မည့္ အိပ္ခန္းေပါင္း အမ်ားအျပား ပါဝင္သည္။
အိပ္ခန္းေဆာင္ ၂ ခုလံုးတြင္ အဝတ္အစားထားသိုခန္း၊ ေရခ်ဳိးခန္းမ်ား ပါဝင္သည့္အျပင္ အိပ္ခန္းေဆာင္တစ္ခုတြင္ဆိုလွ်င္ နားေနခန္းႏွင့္ မီးလင္းဖုိတစ္ခုလည္း ထည့္သြင္းေပးထားေသးသည္။
ျခံဝန္းအတြင္း ဝန္းက်င္ေတာင္ၾကားေဒသ၏ ရႈေမွ်ာ္ခင္းမ်ားကို ေတြ႔ျမင္ရမည့္ က်ယ္ေျပာလွေသာ ေရကူးကန္ၾကီးတစ္ခု ရွိသည္။
သဲကႏၱာရ၏ ေအးစက္လွေသာ ညမ်ားအတြက္မူ ေရပူစိမ္ကန္ၾကီးက လက္ျပေခၚယူေနသည္။
အကင္ေနရာႏွင့္ ေနအိမ္ျပင္ပ မီးဖိုေဆာင္တို႔က ညစာစား နားေနေဆာင္ေနရာကို ျပီးျပည့္စံုေစသည္။
ဂိုေဒါင္ ၃ လံုးလည္း ျခံဝန္းအတြင္း ပါဝင္ေသးရာ ယာဥ္ေပါင္းမ်ားစြာ ရပ္နားႏိုင္သည့္ အက်ယ္အဝန္း ရွိသည္။
(စတီဗင္ေဆးဂဲ ဘာလဲ)
စတီဗင္ေဆးဂဲ (ေမြး ၁၉၅၂) သည္ အေမရိကန္ရုပ္ရွင္မင္းသား၊ ဇာတ္ညြႊန္းဆရာ၊ ကိုယ္ခံပညာရွင္တစ္ဦးျဖစ္သည္။
အိုက္ကီဒို ပညာရပ္တြင္ 7TH Dan ခါးပတ္နက္ ရရွိထားသူျဖစ္ျပီး ဂ်ပန္တြင္ ကိုယ္ခံပညာနည္းျပတစ္ဦးအျဖစ္ စတင္အသက္ေမြးခဲ့ရာ ဂ်ပန္ႏိုင္ငံအတြင္း ပထမဆံုးေသာ ႏိုင္ငံျခားသား အိုက္ကီဒိုနည္းျပ ျဖစ္ခဲ့သည္။
၁၉၈၈ ခုႏွစ္တြင္ ေလာ့စ္အိန္ဂ်လိသို႔ ေျပာင္းေရႊ႕ခဲ့ျပီး ကိုယ္ခံပညာနည္းျပဆရာအျဖစ္ ဆက္လက္ အသက္ေမြးသည္။
၁၉၉၁ ခုႏွစ္တြင္ Above the Law ဇာတ္ကားျဖင့္ ရုပ္ရွင္နယ္သို႔ စတင္ေျခခ်သည္။
စတီဗင္ေဆးဂဲသည္ ဂစ္တာသမားတစ္ဦးလည္းျဖစ္ျပီး Songs from the crystal Cave ႏွင့္ Mojo Priest အမည္ရွိ စတူဒီယိုအယ္လ္ဘမ္ ၂ ခု ထုတ္လုပ္ခဲ့သည္။
ဖခင္ဘက္မွ ဘိုးဘြားမ်ားမွာ ရုရွားဂ်ဴးလူမ်ဳိးမ်ားျဖစ္ျပီး စတီဗင္ေဆးဂဲမွာ ရုရွားသမၼတ ဗလာဒီမာပူတင္ကို ေထာက္ခံသူတစ္ဦး ျဖစ္သည္။
၂၀၁၆ ခုႏွစ္တြင္ ရုရွားႏိုင္ငံသား၊ ဆားဘီးယားႏိုင္ငံသားလက္မွတ္မ်ား ေပးအပ္ျခင္းခံရျပီး ၂၀၁၈ ခုႏွစ္တြင္ ဗလာဒီမာပူတင္က စတီဗင္ေဆးဂဲအား အေမရိကန္ဆိုင္ရာ ရုရွားအထူးသံတမန္အျဖစ္ ခန္႔အပ္ခဲ့သည္။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Steven Seagal’s $3.4 Million Fortified Mansion in Arizona Is Fitted With Bulletproof Glass, Because of Course (robbreport)