ထယ်စောက် (သို့မဟုတ်) Won bin တို့စုံတွဲ၏ စံအိမ်
ထယ်စောက် (သို့မဟုတ်) Won bin တို့စုံတွဲ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
21 Apr 2022 10:36 am တွင် တင်ခဲ့သည်
4200 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကိုရီးယားရုပ်ရှင်လောက၏ အကျော်ကြားဆုံး ထိပ်တန်းကြယ်ပွင့်စုံတွဲဖြစ်သော Won bin (ထယ်စောက်) နှင့် Lee Na Young တို့စုံတွဲသည် ကိုရီးယားတစ်နိုင်ငံလုံးတွင် တန်ဖိုုးအကြီးဆုံးဒေသတစ်ခုဖြစ်သည့် ဆိုးလ်မြို့တော်၊ ဂမ်နမ်အရပ်ရှိ စံအိမ်သစ်တစ်လုံးတွင် နေထိုင်လျက်ရှိကြသည်။
Won Bin ကို ဆောင်းဦးရွက်ကြွေ ချစ်သက်သေ (Autumn in My Heart) ဇာတ်ကားဖြင့် လူသိများခဲ့ခြင်း ဖြစ်သည်။
ဆောင်းဦးရွက်ကြွေ ချစ်သက်သေ ဇာတ်လမ်းတွင် ဂျွန်စောထက် Secong Lead မင်းသားထယ်စောက်ကို ပိုချစ်ကြသူ ပရိသတ်အင်အားအလုံးအရင်းရှိသည်။
ဆိုးလ်မြို့တော်၊ ဂမ်နမ်ခရိုင်၊ Samsung-dong အရပ်သည် Coex Mall ဈေးဝယ်စင်တာဖြင့် ကမ္ဘာလှည့်ခရီးသွားများက မှတ်မိထားသည့်နေရာဖြစ်သည်။
ထယ်စောက်က ဂမ်နမ်အရပ်ရှိ ၎င်းဝယ်ယူခဲ့သော နေအိမ်ဟောင်းကို ဖျက်ချရန် ၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ဂမ်နမ်ခရိုင်ရုံးမှ ခွင့်ပြုချက်ရရှိခဲ့ပြီးနောက် အဆိုပါနေရာတွင် ၃ ထပ်အဆောက်အအုံကြီးတစ်လုံး ဆောက်လုပ်ခဲ့သည်။
ထယ်စောက်၏ စံအိမ်သစ်တွင် မြေအောက်ထပ်လည်း ပါဝင်ရာ စုစုပေါင်း ၄ ထပ်ရှိသည်ဟုလည်း ဆိုနိုင်သည်။
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင်မှ အဆောက်အအုံသစ်ဆောက်လုပ်မှုပြီးစီးခဲ့ပြီး ၂၀၁၉ နှစ်စပိုင်းတွင် Won bin နှင့် Lee Na Young တို့စုံတွဲ ပြောင်းရွှေ့အခြေချခဲ့သည်။
အိမ်ခြံမြေကျွမ်းကျင်သူတစ်ဦး၏ ခန့်မှန်းချက်အရ ထယ်စောက်၏ စံအိမ်သစ်မှာ ဝမ်ငွေ ၅ ဘီလီယံမှ ၇ ဘီလီယံကြား (ကန်ဒေါ်လာ ၄ ဒသမ ၅ သန်းမှ ၆ သန်းကြား) တန်ကြေးရှိနိုင်သည်ဟု ဆိုသည်။
ထယ်စောက်နှင့် Lee Na Young တို့နှစ်ဦးလုံးသည် ကိုရီးယားရုပ်ရှင်လောက၏ အနုပညာကြေးအမြင့်ဆုံး သရုပ်ဆောင်များတွင် ပါဝင်သည်။
ကိုရီးယားသတင်းမီဒီယာများတွင် ထယ်စောက်တို့ စုံတွဲ၏ စံအိမ်ကြီးခမ်းနားမှုအကြောင်း ဖော်ပြလေ့ရှိပြီး ဘုရင်နှင့် ဘုရင်မတို့၏ ရဲတိုက်တစ်ခုဟုလည်း တင်စားကြသည်။
အဆိုပါစံအိမ်ကို ထယ်စောက်တို့ ဇနီးမောင်နှံနှစ်ဦး ကိုယ်တိုင်ဒီဇိုင်းရေးဆွဲခဲ့ကြခြင်းလည်း ဖြစ်သည်။
လက်ထပ်ပြီးနောက်ပိုင်းကတည်းက ထယ်စောက်တို့စုံတွဲသည် သတင်းမီဒီယာစာမျက်နှာများပေါ်မှ ပျောက်ကွယ်နေခဲ့သည်။
၂၀၁၄ ခုနှစ်၊ ဇူလိုင်လတွင် ထယ်စောက်သည် Sanseongdong ရှိ နှစ်ထပ်အိမ်တစ်လုံးကို ကိုရီးယားဝမ်ငွေ ၂ ဒမ ၃၅ ဘီလီယံဖြင့် ဝယ်ယူခဲ့သည်။
(တိတ်တဆိတ် အကျဉ်းရုံးလက်ထပ်ခဲ့)
ထယ်စောက်နှင့် Lee Na Young တို့သည် ၂၀၁၅ ခုနှစ်၊ မေလ ၃၀ ရက်တွင် ထယ်စောက်၏ ကလေးဘဝ ဇာတိမြို့ဖြစ်သော Gangwon ပြည်နယ်၊ Jeongseon မြို့ရှိ စပါးခင်းတစ်ခုအတွင်း လက်ထပ်ခဲ့ကြသည်။ မိတ်ဆွေသင်္ဂဟများနှင့် အနုပညာလောကသားများကို ဖိတ်ကြားခြင်းမပြုခဲ့ဘဲ နှစ်ဘက်ဆွေမျိုးအသိုင်းအဝိုင်း ကိုသာ ဖိတ်ကြားကာ လျှို့ဝှက်စွာ လက်ထပ်ခဲ့ကြခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ထယ်စောက်၏ ပထမဆုံး သားကလေး မွေးဖွားသည်။
(အလျှို့ဝှက်ဆုံး စုံတွဲ)
ထယ်စောက်၏ သားကလေး၏ ဓာတ်ပုံကိုမူ မွေးစကတည်းက ယနေ့ထိ သတင်းမီဒီယာများပေါ် ရောက်ရှိလာခြင်း မရှိချေ။
၂၀၁၈ ခုနှစ်အတွင်း Lee Na Young က အင်တာဗျူးတစ်ခုတွင် သားကလေးအကြောင်း ထည့်ပြောဖူးသည်။
ယင်းမှာ သားဖြစ်သူအကြောင်း Lee Na Young က ရှားရှားပါးပါး ထုတ်ပြောဖူးခြင်းသာ ဖြစ်သည်။
Lee Na Young က ပြောသည်မှာ ထယ်စောက်သည် သားကလေးကို မကြာခဏချီပိုးလေ့ရှိကြောင်း ပြောခဲ့ဖူးသည်။
ထယ်စောက်တို့ စုံတွဲသည် သားသမီးကို တတ်နိုင်သမျှ အကောင်းဆုံးမြေတောင်မြှောက်ပေးလိုပြီး ၎င်းလိုချင်သမျှ လုပ်ခွင့်ပေးထားသည်။
ထယ်စောက်၏ သားလေးသည် လက်ရှိအားဖြင့် ဆိုးလ်မြို့တော်တွင် ကျောင်းစရိတ် ဒုတိယအကြီးဆုံး နိုင်ငံတကာကျောင်းတစ်ခုတွင် တက်ရောက်လျက်ရှိသည်။
အချို့သော သတင်းရင်းမြစ်တို့၏ ပြောကြားချက်များအရ ထယ်စောက်တို့စုံတွဲသည် သားဖြစ်သူအတွက် ဂမ်နမ်အရပ်တွင် အခြားနေအိမ်များလည်း ထပ်မံဝယ်ယူထားသည်ဟု ဆိုသည်။
(ထယ်စောက်၏ သားကလေးမှာ သတင်းမီဒီယာများပေါ်သို့ ဓာတ်ပုံလုံးဝပေါ်ပေါက်ဖူးခြင်းမရှိရာ အချို့သော ကိုရီးယားသတင်းမီဒီယာတို့က ထယ်စောက်တို့စုံတွဲ၏ မျက်နှာပုံရိပ်များကို အခြေခံကာ သားကလေး၏ မျက်နှာကို မှန်းဆကြသည်။)
ထယ်စောက်တို့စုံတွဲ၏ သားကလေးသည် မိဘနှစ်ပါး၏ ရုပ်ရည်ချောမောမှုကို အမွေရရှိထားသူဖြစ်ရာ အနာဂတ်တွင် ကိုရီးယား၏ ထိတ်ထိတ်ကြဲဖြစ်လာလိမ့်ဦးမည်ဟု အများက ယုံကြည်ကြသည်။
(ကိုယ်ရေးအကျဉ်းချုပ်)
အနုပညာနာမည် - Won Bin
အမည်အရင်း - Kim Do-jin
မွေးနေ့- November 10, 1977
ဇနီးသည် - Lee Na-young
သားသမီး - ၁ ယောက်
ရုပ်ရှင်ကားများ -
1998 Saturday, 2:00 Pm
2001 Guns & Talks
2004 Taegukgi
2004 My Brother
2009 Mother
2010 The Man from Nowhere
ရုပ်သံဇာတ်လမ်းတွဲများ -
1997 Propose Hyun-woo
1997-1998 Ready, Go!
1999-2000 Kwangki
2000 Drama City -Small Station
2000 Tough Guy's Love (aka: Kkokji)
2000 Autumn in My Heart
2002 Friends
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Top Celebrity Couple Won Bin And Lee Na Young Moved To A $6 Million House In Gangnam That They Designed Themselves (koreaboo)
[Zawgyi]
ကိုရီးယားရုပ်ရှင်လောက၏ အကျော်ကြားဆုံး ထိပ်တန်းကြယ်ပွင့်စုံတွဲဖြစ်သော Won bin (ထယ်စောက်) နှင့် Lee Na Young တို့စုံတွဲသည် ကိုရီးယားတစ်နိုင်ငံလုံးတွင် တန်ဖိုးအကြီးဆုံးဒေသတစ်ခုဖြစ်သည့် ဆိုးလ်မြို့တော်၊ ဂမ်နမ်အရပ်ရှိ စံအိမ်သစ်တစ်လုံးတွင် နေထိုင်လျက်ရှိကြသည်။
(ကိုယ်ရေးအကျဉ်းချုပ်)
အနုပညာနာမည် - Won Bin
အမည်အရင်း - Kim Do-jin
ဇနီးသည် - Lee Na-young
သားသမီး - ၁ ယောက်
ရုပ်ရှင်ကားများ -
1998 Saturday, 2:00 Pm
2001 Guns & Talks
2004 Taegukgi
2004 My Brother
2009 Mother
1997 Propose Hyun-woo
1997-1998 Ready, Go!
1999-2000 Kwangki
2000 Autumn in My Heart
2002 Friends
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service