ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
“မိဘများကွယ်လွန်ရင် ခွဲဝေဖို့ အမွေပစ္စည်းကျန်ခဲ့ရမယ်ဆိုတာ ဟုတ်ပါသလား ဆရာ”ဟု မိတ်ဆွေ တစ်ဦး၏ သားဖြစ်သူက စာရေးသူထံ လာရောက်ဆွေးနွေးခြင်း ဖြစ်ပါသည်။
“တရားသေပြောလို့တော့ မရဘူး။ ငွေကြေးပြည့်စုံတဲ့ မိသားစုဆို ရင်တော့ မိဘပိုင်မရွှေ့မပြောင်းနိုင်တဲ့ပစ္စည်း၊ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေရှိနိုင်တယ်။ လက်လုပ်လက်စား အခြေခံ လူတန်းစားမှာတော့ ခွဲဝေမယ့် အမွေပစ္စည်းကျန်ရစ်ဖို့ ကိစ္စက၊ ခဲယဉ်းမှုတစ်ခုဖြစ်လာနိုင်တယ်”
“ဟုတ်ပါတယ်ဆရာ။ ဒါပေမယ့် ဥပဒေအရ၊ အမွေပစ္စည်းအဖြစ်ထား ရှိရမယ်ဆိုတာရှိတယ်လို့ တချို့က ပြောကြလို့ပါ ဆရာ။ အဲဒါအခုမှ ပြဋ္ဌာန်းတာလား ဆရာ”
“မြန်မာ့ ဓလေ့ထုံးတမ်း ဥပဒေအရတော့၊ ကင်းဝန်မင်းကြီးဦးကောင်း ပြုစုတဲ့ ဓမ္မသတ်-၃၆ စောင်တွဲ၊ အခန်း (၈) ပုဒ်မ ၇၅ မှာ-မြန်မာဗုဒ္ဓဘာသာဝင်သားချင်းတို့အနက် တစ်စုံတစ်ယောက်သော သားသမီးတို့အား မိဘတို့သည်ပေးကမ်းခဲ့၍ လက်သို့ ရောက်သော်လည်း ထိုမိဘတို့ သေဆုံးပြီးနောက် သားချင်းတို့မှာ ဝေခြမ်း စရာ အမွေဥစ္စာမရှိခဲ့မူကား မိဘတို့ ပေးကမ်းခဲ့သည့် လက်ရောက်ဥစ္စာဖြစ်သည်ဟုမဆိုသာ၊ ထိုဥစ္စာကို အမွေပုံမှာ ထည့်သွင်း၍ သားချင်းတို့ နှင့်တရားကြောင်းအလျောက်ခွဲဝေခြင်းပြုအပ်၏လို့ဖော်ပြထားတာကြောင့် ရှေးဘုရင်ကာလကပင် လက် ခံကျင့်သုံးခဲ့တယ်လို့ ယူဆရမှာဖြစ်ပါတယ်”
“မိဘဖြစ်သူက မိမိမကွယ်လွန်မီမှာ သားသမီးတွေကို မိမိပိုင်ပစ္စည်းများအပေါ် တစ်ဦးစီခွဲဝေပေးထားပြီးဆိုရင် ကွယ်လွန်တဲ့အခါ အမွေခွဲဝေဖို့ လိုပါဦးမလား ဆရာ”
အဲ့ဒါကတော့ မိဘတွေနဲ့သားသမီးတွေအားလုံး သဘောတူခွဲဝေတဲ့ မိသားစုစီမံမှုလုပ်လို့ရတယ်။ အခု ဘယ်လိုကိစ္စနဲ့ပတ်သက်နေလို့လဲ”
“ဒီလိုပါ ဆရာ။ ကျွန်တော်ဝယ် ဖို့သွားကြည့်တဲ့ အိမ်နဲ့မြေက ထူးခြားတဲ့စာချုပ်တစ်ခု ဖတ်လိုက်ရလို့ပါ”
“ကဲ – ပြောပါဦး၊ ပိုင်ရှင်မှာ ဘာပြဿနာရှိနေလို့လဲ”
“မိဘတွေကတော့ ကွယ်လွန်သွားကြပြီဆရာ။ ကျွန်တော် အခု ဝယ်မယ့်အိမ်နဲ့ မြေက မိခင်မကွယ် လွန်မီမှာ အတူနေသမီးကို ပေးကမ်း သွားတယ် ဆရာ”
“မှတ်ပုံတင် စာချုပ်စာတမ်းနဲ့ ပေးကမ်းသွားတာလား”
“ဟုတ်ပါတယ်ဆရာ၊ စာချုပ် စာတမ်းမှတ်ပုံတင်ရုံးမှာ မှတ်ပုံတင် ပြုလုပ်ချုပ်ဆိုထားပါတယ်”
“မြေအမည်ပေါက်က မိခင် အမည်ပေါက် အနေနဲ့ရှိသေးလား၊ သမီးဖြစ်သူက အမည်ပြောင်းပြီးပြီလား”
“အဲ့ဒါတော့ သေချာမသိဘူး ဆရာ။ အပေးစာချုပ်ထဲမှာတော့၊ ကျန်သားသမီးနှစ်ဦးကို အမွေခွဲဝေ ပေးပြီးဖြစ်တယ်။ ဒါကြောင့် အတူနေ သမီးကို ကျန်ရှိတဲ့ ယခု အိမ်နဲ့မြေကို မေတ္တာနှင့် ပေးကမ်းတယ်လို့ဖော်ပြထားပါတယ်”
“မောင်ရင် ပြောစကားအရ တော့ အပေးစာချုပ်ကို ဥပဒေတတ် သိသူတစ်ဦးဦးနဲ့ ချုပ်ဆိုထားတယ်ဆို ရမယ်။ အခုစရန်ငွေပေးပြီးပြီ လား…”
“စရန်တော့ မပေးရသေးဘူး ဆရာ။ စရန်ငွေပေးပြီးရင်တော့ သတင်းစာမှာ ကန့်ကွက်ရန်ရှိ၊ မရှိ ထည့်သွင်းရ မယ် ဆရာ။ ဒါလည်း ဆရာ ဆောင်ရွက်ပေးစေချင်ပါ တယ်။ ခက်တာက အဲဒီလို ကြော်ငြာလိုက်မှ ကန့်ကွက်သူများ ပေါ်လာနိုင်သလား ဆရာ”
“ပေးကမ်းခြင်းစာချုပ်မှာကျန်တဲ့ သားသမီးနှစ်ဦးကလည်း သဘောတူကြောင်း ဖော်ပြထားမယ်။ ဒါမှ မဟုတ် အသိသက်သေအဖြစ် လက်မှတ်ရေးထိုးထားမယ်ဆိုရင်တော့ ကျန်တဲ့သားသမီးနှစ်ဦးက မိဘကွယ်လွန်ချိန်မှာ ကန့်ကွက်ဖို့ ခက်ခဲသွားနိုင်တာပေါ့”
“ဆရာ ပြောသလို မိဘကွယ်လွန်ချိန်မှာ အပေးစာချုပ်အပေါ် ကန့်ကွက်ဖို့ ခက်ခဲသွားမယ်ဆိုရင် မိဘမကွယ်လွန်မီမှာ ကန့်ကွက်လို့ မရဘူးလား”
“ဥပဒေသဘောအရတော့ ပေးကမ်းသူ မိဘမကွယ်လွန်မီမှာ ပေးကမ်းစာချုပ်အပေါ် ကန့်ကွက် တောင်းဆိုခွင့်မရှိလို့ ဆိုထားတယ်”
“ဒါဆိုရင် ပေးကမ်းသူ ကွယ်လွန်မှ ပေးကမ်းခြင်းအပေါ် ကန့်ကွက်တောင်းဆိုခွင့်ရှိမယ့် သဘောလား ဆရာ”
“မှန်ပါတယ်။ ရှင်းအောင်ပြောရရင် ဒါနဲ့ ပတ်သက်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်လှပိုပါ (၂) နှင့် ဦးတင်အုန်းပါ (၃) ၁၉၉၀ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး စာမျက်နှာ – ၁၀၄၊ အမှုမှာ အမွေရှင်မကွယ်လွန်ခင် အမွေရှင်ပေးကမ်းထားသည့် ပေးကမ်းခြင်းစာချုပ်မှာ ပျက်ပြယ်ပါသည်ဟု အမွေရှင်နှင့် ပေးကမ်းခြင်း လက်ခံသူတို့အပေါ် တရားစွဲခွင့်မရှိလို့ ဆုံးဖြတ်ထားပါတယ်။ ဒါကြောင့် မိဘပေးကမ်းသူ အသက်ထင်ရှားရှိစဉ်မှာ မေတ္တာနှင့်ပစ္စည်းပေးကမ်းခြင်းအပေါ် အမွေဆက်ခံမည့် ကျန်သားသမီးများက ကန့်ကွက်ပိုင်ခွင့်ရှိမှာ မဟုတ်ပါဘူး”
“ဒါဆိုရင် ပေးကမ်းသူ မိဘကွယ်လွန်မှ ကန့်ကွက်ခွင့်ရှိတဲ့ သဘောဖြစ်သွားတာပေါ့”
“မှန်ပါတယ်။ ဒီနေရာမှာလည်း ပေးကမ်းသူမိဘက သားသမီးအားလုံးကို အမွေသဘောခွဲဝေပြီးကြောင်း ပေါ်လွင်ရင်တော့ နောက်ဆုံးပေးကမ်း လက်ခံသူမှာ ယခုပစ္စည်းကလွဲပြီး ကျန်ပစ္စည်းလုံးဝရယူထားခြင်းမရှိခဲ့ရင် အတည်ဖြစ်နိုင်ပါတယ်”
“ဒါဆိုရင် အခုကိစ္စမှာ မိခင်ဖြစ်သူက ကွယ်လွန်သွားပြီဆိုတော့ ကန့်ကွက်နိုင်တာပေါ့နော်”
“တစ်ခုရှိတာက ကျန်တဲ့ မောင်နှမနှစ်ဦးက ဆရာအစောကပြောသလို အပေးစာချုပ်မှာ သိရှိသဘော တူညီကြောင်း လက်မှတ်ရေး ထိုးထားတာမျိုးပါရှိရင်တော့ စိတ်ပူစရာမလိုဘူးပေါ့။ ဒါပေမယ့် အသိသက်သေ အဖြစ် လက်မှတ်ရေးထိုးထားတာမရှိရင်တော့ သူတို့ မသိပါဘူးဆိုပြီး အရောင်းအဝယ်ကို ကန့်ကွက်နိုင်ပါတယ်”
“ဆရာပြောမှ သတိရမိတယ်။ ရောင်းသူ အမျိုးသမီးကပြောတော့ ကျန်တဲ့မောင်နှမတွေက အပေးစာချုပ် တရားမဝင်ဘူးဆိုပြီး တရားစွဲတာ ရှုံးသွားတယ် ပြောတယ်။ ဒါကြောင့် အမည်ပြောင်းထားလို့ စိတ်မပူနဲ့ ပြောပါတယ်”
“ဒါဆိုရင် မြေကွက်အမည်ပေါက် ပြောင်းစဉ်က ကန့်ကွက်တရားစွဲတာဖြစ်မယ်။ အဲဒီတုန်းက မိခင်ကြီး မကွယ်လွန်သေးဘူး ထင်တယ်။ တရားရုံးရဲ့ စီရင်ချက်အမိန့် မိတ္တူကူးထားသေးလား”
“ကျွန်တော်က ကြည့်ရုံပဲကြည့်ခဲ့တယ်။ ဒါပေမယ့် ကျွန်တော့်ဖုန်းနဲ့ ဓာတ်ပုံတော့ ရိုက်ယူထားတယ်”ဟု ပြောကာ ဖုန်းထဲရှိ ဓာတ်ပုံကိုရှာပြီး စာရေးသူအားပြပါသည်။
“ဒီ စီရင်ချက်အရဆိုရင်တော့ အထက်ကပြောခဲ့သလို မိခင်မကွယ်လွန်ခင် တရားစွဲဆိုတဲ့အတွက် စွဲပိုင်ခွင့်မရှိသေးလို့ ပယ်လိုက်တာဖြစ်တယ်”
“ဒါဆိုရင် အခုပေးကမ်းသူ မိခင်ကွယ်လွန်ပြီးမှ ရောင်းတယ်ဆိုတော့ ထပ်မံတရားစွဲဆိုခွင့်ရှိနိုင်တာပေါ့”
“မှန်ပါတယ်။ ဒါပေမယ့် အပေးစာချုပ်မှာ ကျန်သားသမီးနှစ်ဦးကို တိုက်ခန်းနဲ့ ဒဂုံမြို့သစ်မြောက်ပိုင်းက မြေတစ်ကွက်စီပေးပြီးလို့ ဖော်ပြထားချက်အရ နောက်ဆုံးပစ္စည်းကို အတူနေသူထံပေးတာကတော့ တရားဝင် နိုင်ပါတယ်”
“အမွေခွဲမယ်ဆိုရင် သုံးဦးလုံးရထားတဲ့ မြေကွက်နဲ့ အိမ်အားလုံး အပေါ် ခွဲဝေမှ တရားမျှမှာပေါ့ ဆရာ”
“ဒါကြောင့် တရားမစွဲဘူးလို့တော့ တရားသေတွက်လို့မရဘူး။ မြေတန်ဖိုးချင်းကွာတယ်ဆိုပြီး ရသလောက် အမြတ်တွက်တာ ကန့်ကွက်တာမျိုးလည်း ရှိတတ်တယ်။ အကောင်းဆုံးကတော့ သားသမီး သုံးဦးလုံးက သဘောတူရောင်းချတာမျိုးမှာ အကောင်းဆုံးပါပဲ။ ဥပဒေသဘောအရတော့ ရောင်းမယ့်သူက သာတဲ့သဘောရှိပါတယ်”
“စွန့်စားဝယ်ရမယ့် သဘောဖြစ်နေတာပေါ့ ဆရာ”
“မှန်ပါတယ်။ စွန့်စားရမယ့် သဘောဖြစ်လို့ ပေးကမ်းခြင်းကိစ္စတွေမှာ သေချာစိစစ်ဝယ်သင့်ပါတယ်”ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: ထီယု (ဥပဒေအတိုင်ပင်ခံ)
[Zawgyi]
အေမြပုံပစၥည္းျဖစ္လာတတ္သည့္ မိဘမ်ားမကြယ္လြန္ခင္ေပးကမ္းခဲ့ေသာ အိမ္ႏွင့္ေျမကိုဝယ္မည္ဆိုလွ်င္
“မိဘမ်ားကြယ္လြန္ရင္ ခြဲေဝဖို႔ အေမြပစၥည္းက်န္ခဲ့ရမယ္ဆိုတာ ဟုတ္ပါသလား ဆရာ”ဟု မိတ္ေဆြ တစ္ဦး၏ သားျဖစ္သူက စာေရးသူထံ လာေရာက္ေဆြးေႏြးျခင္း ျဖစ္ပါသည္။
“တရားေသေျပာလို႔ေတာ့ မရဘူး။ ေငြေၾကးျပည့္စုံတဲ့ မိသားစုဆို ရင္ေတာ့ မိဘပိုင္မေ႐ႊ႕မေျပာင္းႏိုင္တဲ့ပစၥည္း၊ ေ႐ႊ႕ေျပာင္းႏိုင္တဲ့ပစၥည္းေတြ႐ွိႏိုင္တယ္။ လက္လုပ္လက္စား အေျခခံ လူတန္းစားမွာေတာ့ ခြဲေဝမယ့္ အေမြပစၥည္းက်န္ရစ္ဖို႔ ကိစၥက၊ ခဲယဥ္းမႈတစ္ခုျဖစ္လာႏိုင္တယ္”
“ဟုတ္ပါတယ္ဆရာ။ ဒါေပမယ့္ ဥပေဒအရ၊ အေမြပစၥည္းအျဖစ္ထား ႐ွိရမယ္ဆိုတာ႐ွိတယ္လို႔ တခ်ိဳ႕က ေျပာၾကလို႔ပါ ဆရာ။ အဲဒါအခုမွ ျပ႒ာန္းတာလား ဆရာ”
“ျမန္မာ့ ဓေလ့ထုံးတမ္း ဥပေဒအရေတာ့၊ ကင္းဝန္မင္းႀကီးဦးေကာင္း ျပဳစုတဲ့ ဓမၼသတ္-၃၆ ေစာင္တြဲ၊ အခန္း (၈) ပုဒ္မ ၇၅ မွာ-ျမန္မာဗုဒၶဘာသာဝင္သားခ်င္းတို႔အနက္ တစ္စုံတစ္ေယာက္ေသာ သားသမီးတို႔အား မိဘတို႔သည္ေပးကမ္းခဲ့၍ လက္သို႔ ေရာက္ေသာ္လည္း ထိုမိဘတို႔ ေသဆုံးၿပီးေနာက္ သားခ်င္းတို႔မွာ ေဝျခမ္း စရာ အေမြဥစၥာမ႐ွိခဲ့မူကား မိဘတို႔ ေပးကမ္းခဲ့သည့္ လက္ေရာက္ဥစၥာျဖစ္သည္ဟုမဆိုသာ၊ ထိုဥစၥာကို အေမြပုံမွာ ထည့္သြင္း၍ သားခ်င္းတို႔ ႏွင့္တရားေၾကာင္းအေလ်ာက္ခြဲေဝျခင္းျပဳအပ္၏လို႔ေဖာ္ျပထားတာေၾကာင့္ ေ႐ွးဘုရင္ကာလကပင္ လက္ ခံက်င့္သုံးခဲ့တယ္လို႔ ယူဆရမွာျဖစ္ပါတယ္”
“မိဘျဖစ္သူက မိမိမကြယ္လြန္မီမွာ သားသမီးေတြကို မိမိပိုင္ပစၥည္းမ်ားအေပၚ တစ္ဦးစီခြဲေဝေပးထားၿပီးဆိုရင္ ကြယ္လြန္တဲ့အခါ အေမြခြဲေဝဖို႔ လိုပါဦးမလား ဆရာ”
အဲ့ဒါကေတာ့ မိဘေတြနဲ႔သားသမီးေတြအားလုံး သေဘာတူခြဲေဝတဲ့ မိသားစုစီမံမႈလုပ္လို႔ရတယ္။ အခု ဘယ္လိုကိစၥနဲ႔ပတ္သက္ေနလို႔လဲ”
“ဒီလိုပါ ဆရာ။ ကြၽန္ေတာ္ဝယ္ ဖို႔သြားၾကည့္တဲ့ အိမ္နဲ႔ေျမက ထူးျခားတဲ့စာခ်ဳပ္တစ္ခု ဖတ္လိုက္ရလို႔ပါ”
“ကဲ – ေျပာပါဦး၊ ပိုင္႐ွင္မွာ ဘာျပႆနာ႐ွိေနလို႔လဲ”
“မိဘေတြကေတာ့ ကြယ္လြန္သြားၾကၿပီဆရာ။ ကြၽန္ေတာ္ အခု ဝယ္မယ့္အိမ္နဲ႔ ေျမက မိခင္မကြယ္ လြန္မီမွာ အတူေနသမီးကို ေပးကမ္း သြားတယ္ ဆရာ”
“မွတ္ပုံတင္ စာခ်ဳပ္စာတမ္းနဲ႔ ေပးကမ္းသြားတာလား”
“ဟုတ္ပါတယ္ဆရာ၊ စာခ်ဳပ္ စာတမ္းမွတ္ပုံတင္႐ုံးမွာ မွတ္ပုံတင္ ျပဳလုပ္ခ်ဳပ္ဆိုထားပါတယ္”
“ေျမအမည္ေပါက္က မိခင္ အမည္ေပါက္ အေနနဲ႔႐ွိေသးလား၊ သမီးျဖစ္သူက အမည္ေျပာင္းၿပီးၿပီလား”
“အဲ့ဒါေတာ့ ေသခ်ာမသိဘူး ဆရာ။ အေပးစာခ်ဳပ္ထဲမွာေတာ့၊ က်န္သားသမီးႏွစ္ဦးကို အေမြခြဲေဝ ေပးၿပီးျဖစ္တယ္။ ဒါေၾကာင့္ အတူေန သမီးကို က်န္ရွိတဲ့ ယခု အိမ္နဲ႔ေျမကို ေမတၱာႏွင့္ ေပးကမ္းတယ္လို႔ေဖာ္ျပထားပါတယ္”
“ေမာင္ရင္ ေျပာစကားအရ ေတာ့ အေပးစာခ်ဳပ္ကို ဥပေဒတတ္ သိသူတစ္ဦးဦးနဲ႔ ခ်ဳပ္ဆိုထားတယ္ဆို ရမယ္။ အခုစရန္ေငြေပးၿပီးၿပီ လား…”
“စရန္ေတာ့ မေပးရေသးဘူး ဆရာ။ စရန္ေငြေပးၿပီးရင္ေတာ့ သတင္းစာမွာ ကန္႔ကြက္ရန္႐ွိ၊ မ႐ွိ ထည့္သြင္းရ မယ္ ဆရာ။ ဒါလည္း ဆရာ ေဆာင္႐ြက္ေပးေစခ်င္ပါ တယ္။ ခက္တာက အဲဒီလို ေၾကာ္ျငာလိုက္မွ ကန္႔ကြက္သူမ်ား ေပၚလာႏိုင္သလား ဆရာ”
“ေပးကမ္းျခင္းစာခ်ဳပ္မွာက်န္တဲ့ သားသမီးႏွစ္ဦးကလည္း သေဘာတူေၾကာင္း ေဖာ္ျပထားမယ္။ ဒါမွ မဟုတ္ အသိသက္ေသအျဖစ္ လက္မွတ္ေရးထိုးထားမယ္ဆိုရင္ေတာ့ က်န္တဲ့သားသမီးႏွစ္ဦးက မိဘကြယ္လြန္ခ်ိန္မွာ ကန္႔ကြက္ဖို႔ ခက္ခဲသြားႏိုင္တာေပါ့”
“ဆရာ ေျပာသလို မိဘကြယ္လြန္ခ်ိန္မွာ အေပးစာခ်ဳပ္အေပၚ ကန္႔ကြက္ဖို႔ ခက္ခဲသြားမယ္ဆိုရင္ မိဘမကြယ္လြန္မီမွာ ကန္႔ကြက္လို႔ မရဘူးလား”
“ဥပေဒသေဘာအရေတာ့ ေပးကမ္းသူ မိဘမကြယ္လြန္မီမွာ ေပးကမ္းစာခ်ဳပ္အေပၚ ကန္႔ကြက္ ေတာင္းဆိုခြင့္မ႐ွိလို႔ ဆိုထားတယ္”
“ဒါဆိုရင္ ေပးကမ္းသူ ကြယ္လြန္မွ ေပးကမ္းျခင္းအေပၚ ကန္႔ကြက္ေတာင္းဆိုခြင့္႐ွိမယ့္ သေဘာလား ဆရာ”
“မွန္ပါတယ္။ ႐ွင္းေအာင္ေျပာရရင္ ဒါနဲ႔ ပတ္သက္လို႔ တရား႐ုံးခ်ဳပ္က ဆုံးျဖတ္ထားတဲ့ ေဒၚလွပိုပါ (၂) ႏွင့္ ဦးတင္အုန္းပါ (၃) ၁၉၉၀ ခုႏွစ္ ျမန္မာႏိုင္ငံတရားစီရင္ထုံး စာမ်က္ႏွာ – ၁၀၄၊ အမႈမွာ အေမြ႐ွင္မကြယ္လြန္ခင္ အေမြ႐ွင္ေပးကမ္းထားသည့္ ေပးကမ္းျခင္းစာခ်ဳပ္မွာ ပ်က္ျပယ္ပါသည္ဟု အေမြ႐ွင္ႏွင့္ ေပးကမ္းျခင္း လက္ခံသူတို႔အေပၚ တရားစြဲခြင့္မ႐ွိလို႔ ဆုံးျဖတ္ထားပါတယ္။ ဒါေၾကာင့္ မိဘေပးကမ္းသူ အသက္ထင္႐ွား႐ွိစဥ္မွာ ေမတၱာႏွင့္ပစၥည္းေပးကမ္းျခင္းအေပၚ အေမြဆက္ခံမည့္ က်န္သားသမီးမ်ားက ကန္႔ကြက္ပိုင္ခြင့္႐ွိမွာ မဟုတ္ပါဘူး”
“ဒါဆိုရင္ ေပးကမ္းသူ မိဘကြယ္လြန္မွ ကန္႔ကြက္ခြင့္႐ွိတဲ့ သေဘာျဖစ္သြားတာေပါ့”
“မွန္ပါတယ္။ ဒီေနရာမွာလည္း ေပးကမ္းသူမိဘက သားသမီးအားလုံးကို အေမြသေဘာခြဲေဝၿပီးေၾကာင္း ေပၚလြင္ရင္ေတာ့ ေနာက္ဆုံးေပးကမ္း လက္ခံသူမွာ ယခုပစၥည္းကလြဲၿပီး က်န္ပစၥည္းလုံးဝရယူထားျခင္းမ႐ွိခဲ့ရင္ အတည္ျဖစ္ႏိုင္ပါတယ္”
“ဒါဆိုရင္ အခုကိစၥမွာ မိခင္ျဖစ္သူက ကြယ္လြန္သြားၿပီဆိုေတာ့ ကန္႔ကြက္ႏိုင္တာေပါ့ေနာ္”
“တစ္ခု႐ွိတာက က်န္တဲ့ ေမာင္ႏွမႏွစ္ဦးက ဆရာအေစာကေျပာသလို အေပးစာခ်ဳပ္မွာ သိ႐ွိသေဘာ တူညီေၾကာင္း လက္မွတ္ေရး ထိုးထားတာမ်ိဳးပါ႐ွိရင္ေတာ့ စိတ္ပူစရာမလိုဘူးေပါ့။ ဒါေပမယ့္ အသိသက္ေသ အျဖစ္ လက္မွတ္ေရးထိုးထားတာမ႐ွိရင္ေတာ့ သူတို႔ မသိပါဘူးဆိုၿပီး အေရာင္းအဝယ္ကို ကန္႔ကြက္ႏိုင္ပါတယ္”
“ဆရာေျပာမွ သတိရမိတယ္။ ေရာင္းသူ အမ်ိဳးသမီးကေျပာေတာ့ က်န္တဲ့ေမာင္ႏွမေတြက အေပးစာခ်ဳပ္ တရားမဝင္ဘူးဆိုၿပီး တရားစြဲတာ ႐ႈံးသြားတယ္ ေျပာတယ္။ ဒါေၾကာင့္ အမည္ေျပာင္းထားလို႔ စိတ္မပူနဲ႔ ေျပာပါတယ္”
“ဒါဆိုရင္ ေျမကြက္အမည္ေပါက္ ေျပာင္းစဥ္က ကန္႔ကြက္တရားစြဲတာျဖစ္မယ္။ အဲဒီတုန္းက မိခင္ႀကီး မကြယ္လြန္ေသးဘူး ထင္တယ္။ တရား႐ုံးရဲ႕ စီရင္ခ်က္အမိန္႔ မိတၱဴကူးထားေသးလား”
“ကြၽန္ေတာ္က ၾကည့္႐ုံပဲၾကည့္ခဲ့တယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ဖုန္းနဲ႔ ဓာတ္ပုံေတာ့ ႐ိုက္ယူထားတယ္”ဟု ေျပာကာ ဖုန္းထဲ႐ွိ ဓာတ္ပုံကို႐ွာၿပီး စာေရးသူအားျပပါသည္။
“ဒီ စီရင္ခ်က္အရဆိုရင္ေတာ့ အထက္ကေျပာခဲ့သလို မိခင္မကြယ္လြန္ခင္ တရားစြဲဆိုတဲ့အတြက္ စြဲပိုင္ခြင့္မ႐ွိေသးလို႔ ပယ္လိုက္တာျဖစ္တယ္”
“ဒါဆိုရင္ အခုေပးကမ္းသူ မိခင္ကြယ္လြန္ၿပီးမွ ေရာင္းတယ္ဆိုေတာ့ ထပ္မံတရားစြဲဆိုခြင့္႐ွိႏိုင္တာေပါ့”
“မွန္ပါတယ္။ ဒါေပမယ့္ အေပးစာခ်ဳပ္မွာ က်န္သားသမီးႏွစ္ဦးကို တိုက္ခန္းနဲ႔ ဒဂုံၿမိဳ႕သစ္ေျမာက္ပိုင္းက ေျမတစ္ကြက္စီေပးၿပီးလို႔ ေဖာ္ျပထားခ်က္အရ ေနာက္ဆုံးပစၥည္းကို အတူေနသူထံေပးတာကေတာ့ တရားဝင္ ႏိုင္ပါတယ္”
“အေမြခြဲမယ္ဆိုရင္ သုံးဦးလုံးရထားတဲ့ ေျမကြက္နဲ႔ အိမ္အားလုံး အေပၚ ခြဲေဝမွ တရားမွ်မွာေပါ့ ဆရာ”
“ဒါေၾကာင့္ တရားမစြဲဘူးလို႔ေတာ့ တရားေသတြက္လို႔မရဘူး။ ေျမတန္ဖိုးခ်င္းကြာတယ္ဆိုၿပီး ရသေလာက္ အျမတ္တြက္တာ ကန္႔ကြက္တာမ်ိဳးလည္း ႐ွိတတ္တယ္။ အေကာင္းဆုံးကေတာ့ သားသမီး သုံးဦးလုံးက သေဘာတူေရာင္းခ်တာမ်ိဳးမွာ အေကာင္းဆုံးပါပဲ။ ဥပေဒသေဘာအရေတာ့ ေရာင္းမယ့္သူက သာတဲ့သေဘာ႐ွိပါတယ္”
“စြန္႔စားဝယ္ရမယ့္ သေဘာျဖစ္ေနတာေပါ့ ဆရာ”
“မွန္ပါတယ္။ စြန္႔စားရမယ့္ သေဘာျဖစ္လို႔ ေပးကမ္းျခင္းကိစၥေတြမွာ ေသခ်ာစိစစ္ဝယ္သင့္ပါတယ္”ဟု အၾကံျပဳေဆြးေႏြးလိုက္ပါသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
Credit: ထိီယု (ဥပေဒအတိုင္ပင္ခံ)