ချယ်ဆီးအသင်းပိုင်ရှင် အဘရာမိုဗစ်ချ်၏စံအိမ်ကို ပြင်သစ်အစိုးရသိမ်းယူ

ချယ်ဆီးအသင်းပိုင်ရှင် အဘရာမိုဗစ်ချ်၏စံအိမ်ကို ပြင်သစ်အစိုးရသိမ်းယူ - Property News in Myanmar from iMyanmarHouse.com
20 Apr 2022 10:33 am တွင် တင်ခဲ့သည်
643 ကြိမ် ကြည့်ရှု့ပြီး

[Unicode] ရုရှား-ယူကရိန်းစစ်ပွဲကြီးအလယ်တွင် ဘီလျံနာ ရိုမန်အဘရာမိုဗစ်ချ်၏ ပိုင်ဆိုင်မှုများ ယုတ်လျော့ဆုံးရှုံးလာ နေလျက် ရှိသည်။

ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ခဲ့သော ရုရှားအပေါ် တုံ့ပြန်သောအားဖြင့် ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် ကနေဒါတို့က မတ်လအတွင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်အပေါ် ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။

ယင်းအပြင် ဗလာဒီမာပူတင်နှင့် အနီးကပ်ဆက်ဆံရေးများရှိသည်ဟု ကျော်ကြားသူ အဘရာမိုဗစ်ချ်ကိုလည်း အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ရာ မကြာသေးမီကပင် သူ၏ အိမ်ခြံမြေ ၁၂ ခုကို ပြင်သစ်အာဏာပိုင်တို့က သိမ်းယူခဲ့သည်။

သိမ်းယူခံလိုက်ရသော အိမ်ခြံမြေများတွင် ပြင်သစ်နိုင်ငံ အရှေ့တောင်ပိုင်း မြေထဲပင်လယ်ကမ်းရိုးတန်းဒေသ ဖြစ်သော French Riviera မှ ဂုဏ်သတင်းအကြီးဆုံး နေရာတွင်တည်ရှိသည့် သမိုင်းဝင်ရဲတိုက်ကြီးတစ်လုံး လည်း ပါဝင်သည်။

Château de la Croë အမည်ရှိ ရဲတိုက်ကြီးသည် ၁၉၂၆ ခုနှစ်အတွင်း အချစ်အတွက်ထီးနန်းကို စွန့်လွှတ်ခဲ့သူ အင်္ဂလန်ဘုရင် အက်ဒ်ဝါ့ VIII နှင့် အမေရိကန်သူ ဝေါလစ် ဆင်ပ်ဆင်တို့ ပိုင်ဆိုင်ခဲ့ကြဖူးသည်။

နန်းတော်တမျှ ကြီးကျယ်ခမ်းနားလှသော ရဲတိုက်ကြီးသည် တော်ဝင်တို့အတွက် သင့်လျော်လှပြီး စိမ်းလန်းစိုပြည်သော ၁၂ ဧက ခြံဝန်းကြီးအတွင်း တည်ရှိကာ မြေထဲပင်လယ်မှ ပေအနည်းငယ်ခန့်သာ ဝေးကွာသည်။

ရဲတိုက်ကြီးအတွင်း အိပ်ခန်း ၁၂ ခန်း၊ ရေချိုးခန်း ၈ ခန်းနှင့် တော်ဝင်တို့နှင့် အထူးသင့်လျော်သည့် အဆောင်အယောင်မွမ်းမံထားမှုများ ပါဝင်သည်။

အဘရာမိုဗစ်ချ်က ယင်းရဲတိုက်ကြီးကို ၂၀၀၁ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ရောင်းချခဲ့သူကိုမူ မသိရချေ။

အဘရာမိုဗစ်ချ် ဝယ်ယူပြီးနောက် ကန်ဒေါ်လာ သန်း ၄၀ အကုန်အကျခံကာ အမိုးပေါ် ရေကူးကန်တစ်ခု၊ အားကစားလေ့ကျင့်ခန်းမနှင့် ရုပ်ရှင်ရုံတို့ ထပ်မံထည့်သွင်းခဲ့သည်။

ခမ်းနားထည်ဝါလှသော ရဲတိုက်ကြီး၏ လက်ရှိပေါက်ဈေးမှာ ကန်ဒေါ်လာ ၁၁၇ သန်းခန့်ရှိသည်ဟု ခန့်မှန်းရသည်။

ပြင်သစ်အာဏာပိုင်တို့သည် St. Barts ရှိ အဘရာမိုဗစ်ချ်၏ စံအိမ်၊ ပဲရစ်မြို့ရှိ ကွန်ဒိုခန်းများနှင့် Nice မြို့ရှိ စံအိမ်တို့ကိုလည်း သိမ်းယူခဲ့သည်။ Forbes မဂ္ဂဇင်းကြီး၏ ဖော်ပြချက်အရ ပြင်သစ်အစိုးရသိမ်းယူခဲ့သော အိမ်ခြံမြေတို့၏ စုစုပေါင်းတန်ဖိုးမှာ ကန်ဒေါ်လာ သန်း ၃၄၀ ဖိုးခန့်ရှိသည်ဟု ဆိုသည်။

ပြင်သစ် စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုသိမ်းယူမှုသည် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ပိတ်ဆို့အရေးယူခြင်းခံရသည့် ရုရှားနိုင်ငံသားတို့၏ ငွေသားများ၊ အိမ်ခြံမြေများ၊ ရွက်လှေများ၊ ရဟတ်ယာဉ်များနှင့် အခြားသော ပိုင်ဆိုင်မှုများကို ချိတ်ပိတ်သိမ်းဆည်းမှုမှ တစိတ်တပိုင်းဖြစ်ပြီး စုစုပေါင်းတန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၂၆ ဘီလီယံကျော်ရှိကြောင်း ထုတ်ပြန်သည်။

အဘရာမိုဗစ်ချ်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ လူယုံတော်တစ်ဦးဖြစ်သည်ဟု ယူဆရသောကြောင့် အနောက်နိုင်ငံတို့၏ ပိတ်ဆို့အရေးယူမှုပစ်မှတ်ဖြစ်လာခဲ့သည်။

ဗြိတိန်တွင်လည်း အဘရာမိုဗစ်ချ်ပိုင်ဆိုင်သော လန်ဒန်အခြေစိုက် ချယ်လ်ဆီး ဘောလုံးအသင်းအား ရောင်းချရန် ဗြိတိန်အစိုးရက ဖိအားပေးခြင်း ခံနေရသည်။

အဘရာမိုဗစ်ချ်က သူ၏ တန်ဖိုးကြီးရွက်လှေကြီးများကို သိမ်းဆည်းခံရမည်စိုး၍ မြေထဲပင်လယ်သို့ ပို့ထားသည်။

Jersey အမည်ရှိ ကျွန်းနိုင်ငံတွင်လည်း အဘရာမိုဗစ်ချ်၏ ကန်ဒေါ်လာ ၇ ဘီလီယံတန်ကြေးရှိ ပိုင်ဆိုင်မှုများကို ယခုရက်သတ္တပတ်အတွင်း ချိတ်ပိတ်ခဲ့သည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Roman Abramovich’s French Riviera Mansion Was Just Seized by Authorities (robbreport)

[Zawgyi]

ခ်ယ္ဆီးအသင္းပိုင္ရွင္ အဘရာမိုဗစ္ခ်္၏စံအိမ္ကို ျပင္သစ္အစိုးရသိမ္းယူ

ရုရွား-ယူကရိန္းစစ္ပြဲၾကီးအလယ္တြင္ ဘီလ်ံနာ ရိုမန္အဘရာမိုဗစ္ခ်္၏ ပိုင္ဆိုင္မႈမ်ား ယုတ္ေလ်ာ့ဆံုးရံႈးလာ ေနလ်က္ ရွိသည္။

ယူကရိန္းႏိုင္ငံကို က်ဴးေက်ာ္တိုက္ခိုက္ခဲ့ေသာ ရုရွားအေပၚ တံု႔ျပန္ေသာအားျဖင့္ ျဗိတိန္၊ ဥေရာပသမဂၢႏွင့္ ကေနဒါတို႔က မတ္လအတြင္း ရုရွားသမၼတ ဗလာဒီမာ ပူတင္အေပၚ ပိတ္ဆို႔အေရးယူမႈမ်ား ျပဳလုပ္ခဲ့သည္။

ယင္းအျပင္ ဗလာဒီမာပူတင္ႏွင့္ အနီးကပ္ဆက္ဆံေရးမ်ားရွိသည္ဟု ေက်ာ္ၾကားသူ အဘရာမိုဗစ္ခ်္ကိုလည္း အေရးယူပိတ္ဆို႔မႈမ်ား ျပဳလုပ္ခဲ့ရာ မၾကာေသးမီကပင္ သူ၏ အိမ္ျခံေျမ ၁၂ ခုကို ျပင္သစ္အာဏာပိုင္တို႔က သိမ္းယူခဲ့သည္။

သိမ္းယူခံလုိက္ရေသာ အိမ္ျခံေျမမ်ားတြင္ ျပင္သစ္ႏိုင္ငံ အေရွ႕ေတာင္ပိုင္း ေျမထဲပင္လယ္ကမ္းရိုးတန္းေဒသ ျဖစ္ေသာ French Riviera မွ ဂုဏ္သတင္းအၾကီးဆံုး ေနရာတြင္တည္ရွိသည့္ သမိုင္းဝင္ရဲတိုက္ၾကီးတစ္လံုး လည္း ပါဝင္သည္။

Château de la Croë အမည္ရွိ ရဲတိုက္ၾကီးသည္ ၁၉၂၆ ခုႏွစ္အတြင္း အခ်စ္အတြက္ထီးနန္းကို စြန္႔လႊတ္ခဲ့သူ အဂၤလန္ဘုရင္ အက္ဒ္ဝါ့ VIII ႏွင့္ အေမရိကန္သူ ေဝါလစ္ ဆင္ပ္ဆင္တို႔ ပိုင္ဆိုင္ခဲ့ၾကဖူးသည္။

နန္းေတာ္တမွ် ၾကီးက်ယ္ခမ္းနားလွေသာ ရဲတိုက္ၾကီးသည္ ေတာ္ဝင္တို႔အတြက္ သင့္ေလ်ာ္လွျပီး စိမ္းလန္းစိုျပည္ေသာ ၁၂ ဧက ျခံဝန္းၾကီးအတြင္း တည္ရွိကာ ေျမထဲပင္လယ္မွ ေပအနည္းငယ္ခန္႔သာ ေဝးကြာသည္။

ရဲတိုက္ၾကီးအတြင္း အိပ္ခန္း ၁၂ ခန္း၊ ေရခ်ဳိးခန္း ၈ ခန္းႏွင့္ ေတာ္ဝင္တို႔ႏွင့္ အထူးသင့္ေလ်ာ္သည့္ အေဆာင္အေယာင္မြမ္းမံထားမႈမ်ား ပါဝင္သည္။

အဘရာမိုဗစ္ခ်္က ယင္းရဲတိုက္ၾကီးကို ၂၀၀၁ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ေရာင္းခ်ခဲ့သူကိုမူ မသိရေခ်။

အဘရာမိုဗစ္ခ်္ ဝယ္ယူျပီးေနာက္ ကန္ေဒၚလာ သန္း ၄၀ အကုန္အက်ခံကာ အမိုးေပၚ ေရကူးကန္တစ္ခု၊ အားကစားေလ့က်င့္ခန္းမႏွင့္ ရုပ္ရွင္ရံုတို႔ ထပ္မံထည့္သြင္းခဲ့သည္။

ခမ္းနားထည္ဝါလွေသာ ရဲတိုက္ၾကီး၏ လက္ရွိေပါက္ေစ်းမွာ ကန္ေဒၚလာ ၁၁၇ သန္းခန္႔ရွိသည္ဟု ခန္႔မွန္းရသည္။

ျပင္သစ္အာဏာပိုင္တို႔သည္ St. Barts ရွိ အဘရာမိုဗစ္ခ်္၏ စံအိမ္၊ ပဲရစ္ျမိဳ႕ရွိ ကြန္ဒိုခန္းမ်ားႏွင့္ Nice ျမိဳ႕ရွိ စံအိမ္တို႔ကိုလည္း သိမ္းယူခဲ့သည္။ Forbes မဂၢဇင္းၾကီး၏ ေဖာ္ျပခ်က္အရ ျပင္သစ္အစိုးရသိမ္းယူခဲ့ေသာ အိမ္ျခံေျမတို႔၏ စုစုေပါင္းတန္ဖိုးမွာ ကန္ေဒၚလာ သန္း ၃၄၀ ဖိုးခန္႔ရွိသည္ဟု ဆိုသည္။

ျပင္သစ္ စီးပြားေရးႏွင့္ ဘ႑ာေရးဝန္ၾကီးဌာန၏ ထုတ္ျပန္ခ်က္အရ ယခုသိမ္းယူမႈသည္ မၾကာေသးမီ ရက္သတၱပတ္မ်ားအတြင္း ပိတ္ဆို႔အေရးယူျခင္းခံရသည့္ ရုရွားႏိုင္ငံသားတို႔၏ ေငြသားမ်ား၊ အိမ္ျခံေျမမ်ား၊ ရြက္ေလွမ်ား၊ ရဟတ္ယာဥ္မ်ားႏွင့္ အျခားေသာ ပိုင္ဆိုင္မႈမ်ားကို ခ်ိတ္ပိတ္သိမ္းဆည္းမႈမွ တစိတ္တပိုင္းျဖစ္ျပီး စုစုေပါင္းတန္ဖိုးအားျဖင့္ ကန္ေဒၚလာ ၂၆ ဘီလီယံေက်ာ္ရွိေၾကာင္း ထုတ္ျပန္သည္။

အဘရာမိုဗစ္ခ်္သည္ ရုရွားသမၼတ ဗလာဒီမာပူတင္၏ လူယံုေတာ္တစ္ဦးျဖစ္သည္ဟု ယူဆရေသာေၾကာင့္ အေနာက္ႏိုင္ငံတို႔၏ ပိတ္ဆို႔အေရးယူမႈပစ္မွတ္ျဖစ္လာခဲ့သည္။

ျဗိတိန္တြင္လည္း အဘရာမိုဗစ္ခ်္ပိုင္ဆိုင္ေသာ လန္ဒန္အေျခစိုက္ ခ်ယ္လ္ဆီး ေဘာလံုးအသင္းအား ေရာင္းခ်ရန္ ျဗိတိန္အစိုးရက ဖိအားေပးျခင္း ခံေနရသည္။

အဘရာမိုဗစ္ခ်္က သူ၏ တန္ဖိုးၾကီးရြက္ေလွၾကီးမ်ားကို သိမ္းဆည္းခံရမည္စိုး၍ ေျမထဲပင္လယ္သို႔ ပို႔ထားသည္။

Jersey အမည္ရွိ ကၽြန္းႏိုင္ငံတြင္လည္း အဘရာမိုဗစ္ခ်္၏ ကန္ေဒၚလာ ၇ ဘီလီယံတန္ေၾကးရွိ ပိုင္ဆိုင္မႈမ်ားကို ယခုရက္သတၱပတ္အတြင္း ခ်ိတ္ပိတ္ခဲ့သည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Roman Abramovich’s French Riviera Mansion Was Just Seized by Authorities (robbreport)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service