One Bak မင်းသား တိုနီဂျား၏ ဘန်ကောက်မြို့စံအိမ်

One Bak မင်းသား တိုနီဂျား၏ ဘန်ကောက်မြို့စံအိမ် - Property News in Myanmar from iMyanmarHouse.com
20 Apr 2022 10:12 am တွင် တင်ခဲ့သည်
3149 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

မွေထိုင်းလက်ဝှေ့အခြေပြု One Bak ရုပ်ရှင်ဇာတ်ကားများဖြင့် ကမ္ဘာကျော်ခဲ့သူ ထိုင်းရုပ်ရှင်သရုပ်ဆောင် တိုနီဂျား၏ အမည်ရင်းမှာ တပ်ချကွန် ယီရန်း(Tatchakorn Yeerum) ဖြစ်ပြီး နိုင်ငံတကာတွင် တိုနီဂျားဟု လူသိများကာ ထိုင်းပရိသတ်များကမူ ဂျားဖနွန်ဟု ခေါ်ကြသည်။

ရုပ်ရှင်လောကကို တိုနီဂျား သိမ်းပိုက်စိုးမိုးခဲ့သည့် ဇာတ်ကားများမှာ Ong-Bak: Muay Thai Warrior, Tom-Yum-Goong, Ong Bak 2: The Beginning, Furious 7 နှင့် Sha Po Lang 2 တို့ ဖြစ်သည်။

တိုနီဂျားသည် ကိုယ်ခံပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင်၊ အက်ရှင်မင်းသား၊ အကပညာရှင်၊ စတန့်သမား၊ ရုပ်ရှင်ဒါရိုက်တာတစ်ဦးဖြစ်ပြီး အချိန်အတန်ကြာ ဘုန်းတော်ကြီးဝတ်ခဲ့ဖူးသေးသည်။

နိုင်ငံတကာအထိ ကျော်ကြားသော ရုပ်ရှင်သရုပ်ဆောင်ဖြစ်လာပြီးနောက်ပိုင်း ငွေကြေးများစွာ စုဆောင်းမိလာရာ တိုနီဂျားက အဆိုပါငွေများကို ကောင်းစွာစီမံခန့်ခွဲထားသည်။

(တိုနီဂျား ဘယ်လောက်ချမ်းသာသလဲ)

တိုနီဂျားသည် အသက်မွေးဝမ်းကျောင်းအမျိုးမျိုးမှတဆင့် ငွေကြေးများစွာရရှိခဲ့ပြီး အဓိကအားဖြင့် ရုပ်ရှင်သရုပ်ဆောင်အလုပ်ဖြင့် ငွေကြေးများ စုဆောင်းမိသည်။

၂၀၁၉ ခုနှစ်အထိ အချက်အလက်များအရ တိုနီဂျား၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁၀ သန်းဝန်းကျင် ဖြစ်သည်။

တိုနီဂျားသည် ရရှိလာသောငွေများဖြင့် ခမ်းနားထည်ဝါကာ အထက်တန်းကျသော နေထိုင်မှုမျိုးဖြင့် နေထိုင်လျက် ရှိသည်။

တိုနီဂျား၏ စံအိမ်မှာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် တည်ရှိပြီး ခမ်းနားထည်ဝါသည့် စံအိမ်ကြီးဖြစ်ကာ မိသားစုနှင့်အတူ နေထိုင်လျက်ရှိသည်။ စံအိမ်၏ တန်ကြေးမှာ ကန်ဒေါ်လာ ၁ ဒသမ ၂ သန်းဝန်းကျင် တန်ကြေးရှိသည်ဟု ခန့်မှန်းရသည်။

ခမ်းနားထည်ဝါသော စံအိမ်တိုင်းတွင် ကမ္ဘာ့အကောင်းဆုံးကားများ ထားရှိမည့် ကားဂိုဒေါင်လည်း ပါရှိမည်သာ ဖြစ်သည်။

တိုနီဂျား၏ ကားဂိုဒေါင်တွင်လည်း ကမ္ဘာ့အကောင်းဆုံးကားများ ရှိသည်။

ကန်ဒေါ်လာ ၅ သိန်း တန်ကြေးရှိ Lamborghini Aventador တစ်စီး၊ custom made ဖြစ်ကာ ကန်ဒေါ်လာ ၄၀၀၀၀ တန်ကြေးရှိ Ford Mustang တစ်စီးနှင့် ကန်ဒေါ်လာ ၂ သိန်းတန်ကြေးှရှိ BMW i8 တစ်စီးတို့ ရှိသည်။

(တိုနီဂျား ဝင်ငွေဘယ်လိုရှိလဲ)

တိုနီဂျားသည် နယ်ပယ်အများအပြားတွင် အောင်မြင်မှုရရှိထားသူဖြစ်ရာ လျင်မြန်စွာ ငွေအပုံအပင် စုဆောင်းမိသည်မှာ အံ့အားသင့်ဖွယ် မရှိချေ။ ၂၀၁၉ ခုနှစ် အချက်အလက်များအရ တိုနီဂျား၏ နှစ်စဉ်ဝင်ငွေမှာ ကန်ဒေါ်လာ ၁ ဒသမ ၆ သန်း ဝန်းကျင်ရှိသည်ဟု ဆိုသည်။

တိုနီဂျားသည် မိခင်နိုင်ငံ ထိုင်း၏ ရုပ်ရှင်လောကတွင် အရေးပါသည့်အစိတ်အပိုင်းတစ်ခုဖြစ်ရုံမျှမက နိုင်ငံတကာဈေးကွက်သို့လည်း ဆက်လက်နယ်ပယ်ချဲ့ထွင်လျက် ရှိသည်။

ဟောလိဝုဒ် ရုပ်ရှင်ဖြစ်သော Furious 7 တွင် ပါဝင်သရုပ်ဆောင်လာသည်အထိ နိုင်ငံတကာဈေးကွက်သို့ ပေါက်ရောက်လာသည်။

အဆိုပါဇာတ်ကားသည် ကမ္ဘာတစ်ဝန်းတွင် ကန်ဒေါ်လာ ၁ ဒသမ ၅၁၆ ဘီလီယံ ရရှိသည်အထိ စီးပွားရေးအရ အောင်မြင်ထားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: What Is Tony Jaa Net Worth? Details Of His Salary, House, And Cars! (topplanetinfo)

[Zawgyi]

One Bak မင္းသား တိုနီဂ်ား၏ ဘန္ေကာက္ျမိဳ႕စံအိမ္

ေမြထိုင္းလက္ေဝွ႔အေျချပဳ One Bak ရုပ္ရွင္ဇာတ္ကားမ်ားျဖင့္ ကမၻာေက်ာ္ခဲ့သူ ထိုင္းရုပ္ရွင္သရုပ္ေဆာင္ တိုနီဂ်ား၏ အမည္ရင္းမွာ တပ္ခ်ကြန္ ယီရန္း(Tatchakorn Yeerum) ျဖစ္ျပီး ႏိုင္ငံတကာတြင္ တိုနီဂ်ားဟု လူသိမ်ားကာ ထိုင္းပရိသတ္မ်ားကမူ ဂ်ားဖႏြန္ဟု ေခၚၾကသည္။

ရုပ္ရွင္ေလာကကို တိုနီဂ်ား သိမ္းပိုက္စိုးမိုးခဲ့သည့္ ဇာတ္ကားမ်ားမွာ Ong-Bak: Muay Thai Warrior, Tom-Yum-Goong, Ong Bak 2: The Beginning, Furious 7 ႏွင့္ Sha Po Lang 2 တို႔ ျဖစ္သည္။

တိုနီဂ်ားသည္ ကိုယ္ခံပညာရွင္၊ ရုပ္ရွင္သရုပ္ေဆာင္၊ အက္ရွင္မင္းသား၊ အကပညာရွင္၊ စတန္႔သမား၊ ရုပ္ရွင္ဒါရိုက္တာတစ္ဦးျဖစ္ျပီး အခ်ိန္အတန္ၾကာ ဘုန္းေတာ္ၾကီးဝတ္ခဲ့ဖူးေသးသည္။

ႏိုင္ငံတကာအထိ ေက်ာ္ၾကားေသာ ရုပ္ရွင္သရုပ္ေဆာင္ျဖစ္လာျပီးေနာက္ပိုင္း ေငြေၾကးမ်ားစြာ စုေဆာင္းမိလာရာ တိုနီဂ်ားက အဆိုပါေငြမ်ားကို ေကာင္းစြာစီမံခန္႔ခြဲထားသည္။

(တိုနီဂ်ား ဘယ္ေလာက္ခ်မ္းသာသလဲ)

တိုနီဂ်ားသည္ အသက္ေမြးဝမ္းေက်ာင္းအမ်ဳိးမ်ဳိးမွတဆင့္ ေငြေၾကးမ်ားစြာရရွိခဲ့ျပီး အဓိကအားျဖင့္ ရုပ္ရွင္သရုပ္ေဆာင္အလုပ္ျဖင့္ ေငြေၾကးမ်ား စုေဆာင္းမိသည္။

၂၀၁၉ ခုႏွစ္အထိ အခ်က္အလက္မ်ားအရ တိုနီဂ်ား၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁၀ သန္းဝန္းက်င္ ျဖစ္သည္။

တိုနီဂ်ားသည္ ရရွိလာေသာေငြမ်ားျဖင့္ ခမ္းနားထည္ဝါကာ အထက္တန္းက်ေသာ ေနထုိင္မႈမ်ဳိးျဖင့္ ေနထုိင္လ်က္ ရွိသည္။

တိုနီဂ်ား၏ စံအိမ္မွာ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ျမိဳ႕တြင္ တည္ရွိျပီး ခမ္းနားထည္ဝါသည့္ စံအိမ္ၾကီးျဖစ္ကာ မိသားစုႏွင့္အတူ ေနထုိင္လ်က္ရွိသည္။ စံအိမ္၏ တန္ေၾကးမွာ ကန္ေဒၚလာ ၁ ဒသမ ၂ သန္းဝန္းက်င္ တန္ေၾကးရွိသည္ဟု ခန္႔မွန္းရသည္။

ခမ္းနားထည္ဝါေသာ စံအိမ္တိုင္းတြင္ ကမၻာ့အေကာင္းဆံုးကားမ်ား ထားရွိမည့္ ကားဂိုေဒါင္လည္း ပါရွိမည္သာ ျဖစ္သည္။

တိုနီဂ်ား၏ ကားဂိုေဒါင္တြင္လည္း ကမၻာ့အေကာင္းဆံုးကားမ်ား ရွိသည္။ ကန္ေဒၚလာ ၅ သိန္း တန္ေၾကးရွိ Lamborghini Aventador တစ္စီး၊ custom made ျဖစ္ကာ ကန္ေဒၚလာ ၄၀၀၀၀ တန္ေၾကးရွိ Ford Mustang တစ္စီးႏွင့္ ကန္ေဒၚလာ ၂ သိန္းတန္ေၾကးွရွိ BMW i8 တစ္စီးတို႔ ရွိသည္။

(တိုနီဂ်ား ဝင္ေငြဘယ္လိုရွိလဲ)

တိုနီဂ်ားသည္ နယ္ပယ္အမ်ားအျပားတြင္ ေအာင္ျမင္မႈရရွိထားသူျဖစ္ရာ လ်င္ျမန္စြာ ေငြအပံုအပင္ စုေဆာင္းမိသည္မွာ အံ့အားသင့္ဖြယ္ မရွိေခ်။ ၂၀၁၉ ခုႏွစ္ အခ်က္အလက္မ်ားအရ တိုနီဂ်ား၏ ႏွစ္စဥ္ဝင္ေငြမွာ ကန္ေဒၚလာ ၁ ဒသမ ၆ သန္း ဝန္းက်င္ရွိသည္ဟု ဆိုသည္။

တိုနီဂ်ားသည္ မိခင္ႏိုင္ငံ ထိုင္း၏ ရုပ္ရွင္ေလာကတြင္ အေရးပါသည့္အစိတ္အပိုင္းတစ္ခုျဖစ္ရံုမွ်မက ႏိုင္ငံတကာေစ်းကြက္သို႔လည္း ဆက္လက္နယ္ပယ္ခ်ဲ႕ထြင္လ်က္ ရွိသည္။

ေဟာလိဝုဒ္ ရုပ္ရွင္ျဖစ္ေသာ Furious 7 တြင္ ပါဝင္သရုပ္ေဆာင္လာသည္အထိ ႏိုင္ငံတကာေစ်းကြက္သို႔ ေပါက္ေရာက္လာသည္။

အဆိုပါဇာတ္ကားသည္ ကမၻာတစ္ဝန္းတြင္ ကန္ေဒၚလာ ၁ ဒသမ ၅၁၆ ဘီလီယံ ရရွိသည္အထိ စီးပြားေရးအရ ေအာင္ျမင္ထားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: What Is Tony Jaa Net Worth? Details Of His Salary, House, And Cars! (topplanetinfo)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service