ဂူဂူး (သို့မဟုတ်) လုယီဖေး၏ စံအိမ်

ဂူဂူး (သို့မဟုတ်) လုယီဖေး၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
19 Apr 2022 11:19 am တွင် တင်ခဲ့သည်
5437 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဂျွန်စော၏ ချစ်သူဖြစ်ခဲ့ဖူးသူ တရုတ်မင်းသမီး ဂူဂူး (သို့မဟုတ်) လုယီဖေး၏ စံအိမ် အွန်လိုင်းပေါ်တွင် ပေါ်ပေါက်လာရာ ဘောလုံးကွင်း ၄ ကွင်းစာခန့် ကျယ်ဝန်းသည့် ခြံကြီးဖြစ်သည်ဟု ဆိုသည်။

လုယီဖေးနှင့် ကိုရီးယားကြယ်ပွင့် Song Seung Heon (ဂျွန်စော) တို့သည် The Third Way of Love ဇာတ်ကားရိုက်ကူးပြီးနောက် ချစ်သူများဖြစ်သွားကြကာ စေ့စပ်ပြီးမှ ပြန်လည်လမ်းခွဲခဲ့ကြသူများ ဖြစ်သည်။

ဂူဂူး၏ စံအိမ်တည်နေရာမှာ တရုတ်ပြည်၊ ပေကျင်းမြို့၊ Shunyi ခရိုင်တွင်ဖြစ်သည်။

လုယီဖေးသည် မိသားစုနောက်ခံ တောင့်တင်းသူဖြစ်သည်။ ဖခင်မှာ သံတမန်အရာရှိတစ်ဦးဖြစ်ပြီး မိခင်မှာ Bai Fumei ဟု တရုတ်ပြည်တွင် ရည်ညွှန်းကြသော အသားဖြူ၊ ချမ်းသာ၊ လှပသော မိန်းကလေးတစ်ဦး ဖြစ်သည်။

သို့အတွက် လုယီဖေးမှာ ဆွေကြီးမျိုးကြီး အသိုင်းအဝိုင်းကြီးမှဖြစ်ပြီး သူ၏စံအိမ်မှာလည်း အင်တာနက်တွင် ပေါ်ပေါက်လာချက်အရ ပထမတန်းစား စံအိမ်တစ်လုံး ဖြစ်သည်။

လုယီဖေး၏ စံအိမ်မှာ အခြားသောကြယ်ပွင့်များ၏ စံအိမ်များကဲ့သို့ တန်ဖိုးကြီးမွမ်းမံမှုမျိုးဘက်မသွားဘဲ သဘာဝဆန်သည့် ဟန်မျိုးဖြစ်သည်။

သန့်ရှင်းတောက်ပသည့် ဥရောပဟန်မျိုးကို minimalist အရောင်များဖြင့် ပေါင်းစပ်ထားရာ စံအိမ်တစ်ခုလုံးမှာ သက်တောင့်သက်သာရှိကာ နှစ်လိုဖွယ်ပုံစံမျိုးပင်။

စံအိမ်ဒုတိယထပ်မှာ မျက်နှာကြက်အလွန်မြင့်မားပြီး ကြီးမားသည့် ရောမမီးပန်းဆိုင်းကြီးဖြင့် ဖြစ်သည်။

ခြုံငုံ၍ဆိုရလျှင် လုယီဖေး၏ စံအိမ်မှာ နတ်သမီးပုံပြင်ထဲမှ စံအ်ိမ်ကြီးမျိုးနှင့် သဏ္ဍာန်တူနေသည်။

လုယီဖေး၏ စံအိမ်ကြီးမှာ ကြီးမားလွန်းလှသော်လည်း သူမ အတွက်ကား အလောတော်ပင်ရှိသည်ဟု ဆိုရမည်။

အဘယ်ကြောင့်ဆိုလျှင် သူ၏ ကြောင် အကောင် ၅၀ အတွက် အခန်းများ လိုအပ်သောကြောင့် ဖြစ်သည်။

လုယီဖေးသည် ကြောင်အလွန်ချစ်၏။ သို့အတွက် အကောင် ၅၀ ခန့် မွေးစားထားခြင်း ဖြစ်သည်။

ဧည့်ခန်းအတွင်း အနားယူနေချိန်မျိုးတွင် သူ့ဘေးတွင် ကြောင်အများအပြား ဝန်းရံနေလေ့ ရှိသည်။

နေအိမ်ရှိ ပြင်သစ်ပြတင်းများမှတဆင့် အပြင်ဘက်သို့ လှမ်းမျှော်ကြည့်ရှုလျှင် ကျယ်ပြောသည့် မြက်ခင်းကို တွေ့ရမည် ဖြစ်သည်။ ကြောင်များအတွက်ကား ပျော်စရာနေရာပင်။

လွန်ခဲ့သောနှစ်အနည်းငယ်ခန့်ကစတင်ပြီး လုယီဖေးက ကြောင်များ မွေးစားခဲ့ခြင်းဖြစ်ကာ ပထမဆုံးတစ်ကောင်မှသည် အကောင်ရေများစွာ တိုးလာခဲ့ခြင်း ဖြစ်သည်။ လုယီဖေးက အားလုံးကို ချစ်ပေးထားသည်။

တရုတ်ပြည်တွင်းသုံး Weibo လူမှုကွန်ရက်ရှိ သူ၏ အကောင့်တွင် အများဆုံးတွေ့ရသည်မှာ ကြောင်များနှင့်အတူ ရိုက်ကူးထားသော ဓာတ်ပုံများဖြစ်သည်။

ဧည့်ခန်းထဲတွင် ကြောင်ကလေးများကို နမ်းနေခြင်း၊ အမွှေးမပေါက်သေးသော ကြောင်ကလေးကို ကစားနေစဉ် ဖမ်းယူထားခြင်း အစရှိသော ဓာတ်ပုံမျိုးဖြစ်သည်။

လုယီဖေး၏ စံအိမ်အတွင်း ဆိုဖာ ၂ လုံးသာရှိသည်။ ဆိုဖာအရေအတွက် နည်းပါးလှသည်ဟု ဆိုရမည်။

ကြောင်ကလေးများ အလွယ်တကူ ဝင်ရောက်အိပ်စက်နားနေနိုင်သော နေရာများမှာမူ စံအိမ်အတွင်း များစွာရှိသည်။

လုယီဖေး၏ အိပ်ယာပေါ်သို့ပင် ကြောင်ကလေးများတက်ကာ အိပ်စက်နေနိုင်သည်။

ဓာတ်ပုံတစ်ပုံတွင်မူ လုယီဖေး၏ ခမ်းနားလှပသောအိပ်ခန်းအတွင်း အနက်ရောင်ကြောင်ကလေးတစ်ကောင် နှင့်အတူ တွေ့ရပုံမှာ ဆိတ်ငြိမ်ပြီး သက်တောင့်သက်သာရှိလှသည်။

အခန်းထောင့်ရှိ စင်တစ်ခုပေါ်တွင်မူ လက်ရာမြောက်ပစ္စည်းများ ထားရှိထားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Liu Yifei“s mansion is reported online, comparable to 4 football fields! No way, who told her to keep 50 cats (daydaynews.cc)

[Zawgyi]

ဂူဂူး (သို႔မဟုတ္) လုယီေဖး၏ စံအိမ္

ဂၽြန္ေစာ၏ ခ်စ္သူျဖစ္ခဲ့ဖူးသူ တရုတ္မင္းသမီး ဂူဂူး (သို႔မဟုတ္) လုယီေဖး၏ စံအိမ္ အြန္လိုင္းေပၚတြင္ ေပၚေပါက္လာရာ ေဘာလံုးကြင္း ၄ ကြင္းစာခန္႔ က်ယ္ဝန္းသည့္ ျခံၾကီးျဖစ္သည္ဟု ဆိုသည္။

လုယီေဖးႏွင့္ ကိုရီးယားၾကယ္ပြင့္ Song Seung Heon (ဂၽြန္ေစာ) တို႔သည္ The Third Way of Love ဇာတ္ကားရိုက္ကူးျပီးေနာက္ ခ်စ္သူမ်ားျဖစ္သြားၾကကာ ေစ့စပ္ျပီးမွ ျပန္လည္လမ္းခြဲခဲ့ၾကသူမ်ား ျဖစ္သည္။

ဂူဂူး၏ စံအိမ္တည္ေနရာမွာ တရုတ္ျပည္၊ ေပက်င္းျမိဳ႕၊ Shunyi ခရိုင္တြင္ျဖစ္သည္။

လုယီေဖးသည္ မိသားစုေနာက္ခံ ေတာင့္တင္းသူျဖစ္သည္။ ဖခင္မွာ သံတမန္အရာရွိတစ္ဦးျဖစ္ျပီး မိခင္မွာ Bai Fumei ဟု တရုတ္ျပည္တြင္ ရည္ညႊန္းၾကေသာ အသားျဖဴ၊ ခ်မ္းသာ၊ လွပေသာ မိန္းကေလးတစ္ဦး ျဖစ္သည္။ သို႔အတြက္ လုယီေဖးမွာ ေဆြၾကီးမ်ဳိးၾကီး အသိုင္းအဝိုင္းၾကီးမွျဖစ္ျပီး သူ၏စံအိမ္မွာလည္း အင္တာနက္တြင္ ေပၚေပါက္လာခ်က္အရ ပထမတန္းစား စံအိမ္တစ္လံုး ျဖစ္သည္။

လုယီေဖး၏ စံအိမ္မွာ အျခားေသာၾကယ္ပြင့္မ်ား၏ စံအိမ္္မ်ားကဲ့သို႔ တန္ဖုိးၾကီးမြမ္းမံမႈမ်ဳိးဘက္မသြားဘဲ သဘာဝဆန္သည့္ ဟန္မ်ဳိးျဖစ္သည္။ သန္႔ရွင္းေတာက္ပသည့္ ဥေရာပဟန္မ်ဳိးကို minimalist အေရာင္မ်ားျဖင့္ ေပါင္းစပ္ထားရာ စံအိမ္တစ္ခုလံုးမွာ သက္ေတာင့္သက္သာရွိကာ ႏွစ္လိုဖြယ္ပံုစံမ်ဳိးပင္။

စံအိမ္ဒုတိယထပ္မွာ မ်က္ႏွာၾကက္အလြန္ျမင့္မားျပီး ၾကီးမားသည့္ ေရာမမီးပန္းဆိုင္းၾကီးျဖင့္ ျဖစ္သည္။

ျခံဳငံု၍ဆိုရလွ်င္ လုယီေဖး၏ စံအိမ္မွာ နတ္သမီးပံုျပင္ထဲမွ စံအိ္မ္ၾကီးမ်ဳိးႏွင့္ သ႑ာန္တူေနသည္။

လုယီေဖး၏ စံအိမ္ၾကီးမွာ ၾကီးမားလြန္းလွေသာ္လည္း သူမ အတြက္ကား အေလာေတာ္ပင္ရွိသည္ဟု ဆိုရမည္။

အဘယ္ေၾကာင့္ဆိုလွ်င္ သူ၏ ေၾကာင္ အေကာင္ ၅၀ အတြက္ အခန္းမ်ား လိုအပ္ေသာေၾကာင့္ ျဖစ္သည္။

လုယီေဖးသည္ ေၾကာင္အလြန္ခ်စ္၏။ သို႔အတြက္ အေကာင္ ၅၀ ခန္႔ ေမြးစားထားျခင္း ျဖစ္သည္။

ဧည့္ခန္းအတြင္း အနားယူေနခ်ိန္မ်ဳိးတြင္ သူ႔ေဘးတြင္ ေၾကာင္အမ်ားအျပား ဝန္းရံေနေလ့ ရွိသည္။

ေနအိမ္ရွိ ျပင္သစ္ျပတင္းမ်ားမွတဆင့္ အျပင္ဘက္သို႔ လွမ္းေမွ်ာ္ၾကည့္ရႈလွ်င္ က်ယ္ေျပာသည့္ ျမက္ခင္းကို ေတြ႔ရမည္ ျဖစ္သည္။ ေၾကာင္မ်ားအတြက္ကား ေပ်ာ္စရာေနရာပင္။

လြန္ခဲ့ေသာႏွစ္အနည္းငယ္ခန္႔ကစတင္ျပီး လုယီေဖးက ေၾကာင္မ်ား ေမြးစားခဲ့ျခင္းျဖစ္ကာ ပထမဆံုးတစ္ေကာင္မွသည္ အေကာင္ေရမ်ားစြာ တိုးလာခဲ့ျခင္း ျဖစ္သည္။ လုယီေဖးက အားလံုးကို ခ်စ္ေပးထားသည္။

တရုတ္ျပည္တြင္းသုံး Weibo လူမႈကြန္ရက္ရွိ သူ၏ အေကာင့္တြင္ အမ်ားဆံုးေတြ႔ရသည္မွာ ေၾကာင္မ်ားႏွင့္အတူ ရိုက္ကူးထားေသာ ဓာတ္ပံုမ်ားျဖစ္သည္။

ဧည့္ခန္းထဲတြင္ ေၾကာင္ကေလးမ်ားကို နမ္းေနျခင္း၊ အေမႊးမေပါက္ေသးေသာ ေၾကာင္ကေလးကို ကစားေနစဥ္ ဖမ္းယူထားျခင္း အစရွိေသာ ဓာတ္ပံုမ်ဳိးျဖစ္သည္။

လုယီေဖး၏ စံအိမ္အတြင္း ဆိုဖာ ၂ လံုးသာရွိသည္။ ဆိုဖာအေရအတြက္ နည္းပါးလွသည္ဟု ဆိုရမည္။

ေၾကာင္ကေလးမ်ား အလြယ္တကူ ဝင္ေရာက္အိပ္စက္နားေနႏိုင္ေသာ ေနရာမ်ားမွာမူ စံအိမ္အတြင္း မ်ားစြာရွိသည္။

လုယီေဖး၏ အိပ္ယာေပၚသို႔ပင္ ေၾကာင္ကေလးမ်ားတက္ကာ အိပ္စက္ေနႏိုင္သည္။

ဓာတ္ပံုတစ္ပံုတြင္မူ လုယီေဖး၏ ခမ္းနားလွပေသာအိပ္ခန္းအတြင္း အနက္ေရာင္ေၾကာင္ကေလးတစ္ေကာင္ ႏွင့္အတူ ေတြ႔ရပံုမွာ ဆိတ္ျငိမ္ျပီး သက္ေတာင့္သက္သာရွိလွသည္။

အခန္းေထာင့္ရွိ စင္တစ္ခုေပၚတြင္မူ လက္ရာေျမာက္ပစၥည္းမ်ား ထားရွိထားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Liu Yifei“s mansion is reported online, comparable to 4 football fields! No way, who told her to keep 50 cats (daydaynews.cc)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော် ကြယ်ပွင့်များစွာ မီးဘေးမှ ထွက်ပြေးရလျက်ရှိ၊ အချို့ကြယ်ပွင့်တို့၏ နေအိမ်များ မီးသင့်သွားပြီဖြစ်ပြီး ကယ်လီဖိုးနီ...

ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
တရုတ်ပြည်တွင် တိုက်ခန်းငှားရမ်းနေထိုင်သူတစ်ဦးက ကြက်ခြံအဖြစ် ပြောင်းလဲကာ ကြက်များ မွေးမြူထားရာ အိမ်ရှင်မှာ များစွာ တုန်လှုပ်ခဲ့ရ...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
အင်္ဂလန်မှ အိမ်ခြံမြေကျွမ်းကျင်ပညာရှင်တစ်ဦးပြောသော အိမ်အမြန်ဆုံး ရောင်းထွက်ခြင်းနှင့် နေအိမ်တံခါးမကြီး ဆေးရောင်တို့အကြား ဆက်နွှယ်မှု...
ပြင်သစ်နိုင်ငံတွင် ကိုယ်ပိုင်ကျွန်းတစ်ကျွန်းပေါ်ရှိ ၁၉ ရာစုနှစ် ရဲတိုက်ကြီးတစ်လုံး ကန်ဒေါ်လာ ၉ ဒသမ ၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ၊ နိုဘယ်ဆုရ စာရေးဆရာကြီး ရှင်ကျယ်ဗစ်က သူ၏ ကမ္ဘာကျော် ဝတ္ထုကြီးကို ရေးဖြစ်စေခဲ့သောကျွန်းဖြစ်...

ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
ဗြိတိန်တော်ဝင်မင်းသား ဟယ်ရီနှင့် မီဂန်မာကယ်တို့ လျှို့ဝှက်အပန်းဖြေခဲ့သော ဖီဂျီနိုင်ငံရှိ ပုဂ္ဂလိကပိုင် ကျွန်းတစ်ကျွန်း ကန်ဒေါ်လာ ၇၈ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
အမေရိကန်ပြည်တွင် Lowe’s အိမ်ဆောက်ပစ္စည်းဆိုင်အုပ်စုက ပြည်သူများအား နေအိမ်ငယ်လေးပေါင်း အလုံး ၁၀၀ လှူဒါန်း...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
ချယ်လ်ဆီးအသင်း ပူးတွဲပိုင်ရှင် ဘက်ဒါး အက်ဘားလီက လန်ဒန်မြို့ မေဖဲယားအရပ်ရှိ penthouse ခန်းကို ပေါင် ၅၆ သန်းဖြင့် ဝယ်ယူလိုက်ရာ ဗြိတိန်၏ ဈေးအကြီးဆုံးလူနေခန်းအဖြစ် စံချိန်တင်...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ ရှေးဟောင်းရွှေဒင်္ဂါးပြားများ ရာနှင့်ချီကာ တွေ့ရှိ...
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေချနေသော ဒိတ်ဒိတ်ကြဲ မင်းသမီး Zhao Wei က ဒေါ်လာ သန်း ၁၀၀၀ ကျော် အကြွေးတင်နေသော ခင်ပွန်းဖြစ်သူနှင့် လမ်းခွဲ၊ နှ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
အာဖရိကရှိ ဂါနာနိုင်ငံမှ မျိုးနွယ်စုတစ်ခု၏ ဘုရင်က ဆင်းရဲလှသော မျိုးနွယ်စုအတွက် ကနေဒါနိုင်ငံသို့ သွားကာ စိုက်ပျိုးရေးအလုပ်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service