ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
[Unicode]
ဂျပန်နိုင်ငံတွင် ၂၀၁၁ ခုနှစ်အတွင်း ပြင်းထန်သော ငလျင်ကြီးလှုပ်ခတ်ခဲ့အပြီး ၁၂ ထပ်တိုက်ခန့် မြင့်မားသော ဆူနာမီလှိုင်းကြီးများ ကြောက်မက်ဖွယ်ဝင်ရောက်ခဲ့ရာ လူပေါင်း ၁၅၀၀၀ ကျော်သေဆုံးခဲ့သည်။
ယင်းဖြစ်ရပ်ကြီးနောက်ပိုင်း ဆူနာမီလှိုုင်းသင့်ခဲ့ရာ ကမ်းရိုးတန်းဒေသများတွင် တစ္ဆေသရဲခြောက်လှန့်မှုများနှင့် များစွာကြုံတွေ့လာရကာ အဆိုပါသရဲများကို ဆူနာမီသရဲများဟု ခေါ်ဆိုကြသည်။
၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ပြင်းအား ၉ ဒသမ ၁ ရှိသော ငလျင်ကြီးသည် အရှေ့အာရှ ပယ်လယ်ကြမ်းပြင်တွင် လှုပ်ခတ်ခဲ့ရာ ဂျပန်နိုင်ငံ၏ ကမ်းရိုးတန်းဆီသို့ ၁၂ ထပ်တိုက်ခန့် မြင့်မားသော ပင်လယ်ရေလှိုင်းကြီးများ ရိုက်ခတ်ခဲ့သည်။
ကြောက်မယ်ဖွယ် ဆူနာမီရေလှိုင်းကြီးများကြောင့် လူပေါင်း ၁၅၀၀၀ ကျော် သေဆုံးခဲ့ရသည့်အပြင် သန်းပေါင်းများစွာသော ပြည်သူများ ရေမီးပြတ်တောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။
အဆောက်အအုံပေါင်း ၁၂၀၀၀၀ ကျော်မှာ မိနစ်ပိုင်းအတွင်း ဖျက်ဆီးခြင်းခံလိုက်ရသည်။
Tōhoku ဟု အမည်ပေးခဲ့သော အဆိုပါငလျင်သည် ဂျပန်နိုင်ငံ၏သမိုင်းတွင် ထိခိုက်ပျက်စီးမှု အများဆုံး ငလျင်ကြီး ဖြစ်ခဲ့သည်။
သဘာဝဘေးကြီးပြီးဆုံးသွားပြီးနောက် ပရိဒေဝမီး တောက်လောင်နေကြသော အသက်ဘေးမှ လွတ်ကင်းခဲ့သူတို့သည် ဆူနာမီကြောင့် သေဆုံးသွားခဲ့သူတို့၏ မျက်နှာရုပ်သွင်များကို ဗွက်အိုင်များအတွင်း တွေ့မြင်ရခြင်း၊ ကမ်းခြေတွင် လှည့်လည်သွားလာနေသည်ကို တွေ့ရခြင်း၊ နေအိမ်တံခါးရှေ့တွင် မြင်လိုက်ရခြင်းများ ဖြစ်ပွားလာသည်။
ရေများ ရွှဲနစ်နေသူတို့ အငှားကားများ လက်ပြတားကာ နောက်ခန်းသို့ တက်ခဲ့ပြီးမှ ပျောက်ကွယ်သွားခြင်းမျိုးလည်း များစွာဖြစ်ပေါ်လာသည်။
အဆိုပါဖြစ်စဉ်များမှာ တစ်ဦးစ နှစ်ဦးစ တွေ့မြင်ခဲ့ကြခြင်းမျိုးမဟုတ်ဘဲ ဆူနာမီလှိုင်း အဆိုးရွားဆုံးရိုက်ခတ်ခံခဲ့ရသည့် မြို့ကြီးများအားလုံးတွင် နေထိုင်သူများ တွေ့မြင်ကြုံတွေ့ခဲ့ကြခြင်း ဖြစ်သည်။
ဗြိတိန်သတင်းထောက် ရစ်ချစ် လွိုက်ဒ် ပယ်ရီ (Richard Lloyd Parry ) သည် ဂျပန်တွင် သတင်းကြီးနေသော သရဲခြောက်မှု ဖြစ်စဉ်များအား စူးစမ်းလေ့လာကာ Ghosts of the Tsunami အမည်ရှိ စာအုပ်တစ်အုပ် ရေးသားခဲ့သည်။
ထို့အပြင် Netflix မှ ထုတ်လွှင့်သော Unsolved Mysteries အစီအစဉ်တွင်လည်း ဂျပန်မှ ဆူနာမီသရဲများအကြောင်း ထုတ်လွှင့်ဖူးသည်။
(ဂျပန်ကမ်းရိုးတန်းတလျှောက် အလုံးအရင်း သေကြေပျက်စီးစေခဲ့သည့် တိုဟိုးကု-Tohoku ဆူနာမီ)
ငလျင်စတင်လှုပ်ခတ်ချိန်မှာ ဂျပန်စံတော်ချိန် မွန်းလွဲ ၂ း၄၆ အချိန်တွင် ဖြစ်သည်။
ဟွန်ရှုးကျွန်းပေါ်ရှိ တိုဟိုးကုဒေသ၏ အရှေ့ဘက် ၄၅ မိုင်အကွာ၊ ပင်လယ်ရေပြင်အောက် ၁၅ မိုင်အနက်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီး ငလျင်လှုပ်ချိန် ၆ မိနစ်တိုင်အောင် ကြာမြင့်ခဲ့သည်။
ငလျင်ကြောင့် အမြင့် ၁၂၈ ပေရှိသော လှိုင်းလုံးကြီးများသည် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း Miyako မြို့ဆီသို့ ရောက်ရှိခဲ့ကာ ကုန်းတွင်းဘက် ၆ မိုင်ခန့်အထိ ဝင်ရောက်ခဲ့သည်။
စတုရန်းမိုင် ၂၁၇ မိုင်ခန့် ရေလွှမ်းမိုးသွားခဲ့ကာ ဆေးရုံများ၊ စာသင်ကျောင်းများ၊ စီးပွားရေးလုပ်ငန်းများ၊ နေအိမ်များ၊ မီးရထားလမ်းများအစရှိသည့် အရာအားလုံး ရေထု၏ ဝါးမြိုဖျက်ဆီးခြင်း ခံလိုက်ရသည်။
အကြီးမားဆုံးဟု ဆိုနိုင်သော ထိခိုက်ပျက်စီးမှုမှာ ဖူကူရှီးမား ဒိုင်အိချိ အနုမြူဓာတ်အားပေးစက်ရုံ အအေးခံစနစ် ပျက်စီးသွားစေခြင်းဖြစ်ကာ ဓာတ်ပေါင်းဖို အရည်ပျော်ကျခဲ့ရသည်။
ဂျပန် ပြန်လည်တည်ဆောက်ရေးအေဂျင်စီ၏ ခန့်မှန်းချက်အရ ထိခိုက်ဆုံးရှုံးရမှု ပမာဏမှာ ကန်ဒေါ်လာ ၁၉၉ ဘီလီယံဖိုးခန့်ရှိကြောင်း ခန့်မှန်းသည်။ ကမ္ဘာ့ဘဏ်ကမူ စုစုပေါင်း စီးပွားရေးထိခိုက်နစ်နာမှုတန်ဖိုး ကန်ဒေါ်လာ ၂၃၅ ဘီလီယံခန့်ရှိကြောင်း ခန့်မှန်းခဲ့သည်။
“ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးပြီးနောက်ပိုင်း ၆၅ နှစ်တာကာလအတွင်း ဂျပန်အတွက် အပြင်းထန်ဆုံး၊ အခက်ခဲဆုံး အကျပ်အတည်းကြီးတစ်ခုဖြစ်ပါတယ်”ဟု ထိုစဉ်က ဝန်ကြီးချုပ် Naoto Kan က ပြောခဲ့သည်။
ဆူနာမီဘေးသင့်အပြီးတွင်လည်း သဘာဝလွန်ဖြစ်ရပ်ဆန်းများ ပေါ်ပေါက်လာသည်။
(လူတိုင်းခြောက်လှန့်ခံရသော ဆူနာမီတစ္ဆေများ)
ရစ်ချတ် လွိုက်ဒ် ပယ်ရီသည် သဘာဝဘေးကြီးမသင့်မီ ဂျပန်တွင် နေထိုင်လာခဲ့သည်မှာ ၁၈ နှစ်ရှိခဲ့ပြီလည်း ဖြစ်သည်။
ဂျပန်သည် မိမိထင်ထားသည်ထက် အစွဲအလမ်းကြီးသည်ကို တွေ့မြင်ရသောအခါ အံ့အားသင့်မိကြောင်း ရစ်ချတ်က ပြောခဲ့သည်။
ရစ်ချတ်၏ ပြောကြားချက်အရ ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်း ဆူနာမီ တစ္ဆေများ တွေ့မြင်ရမှု မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ပြောသည်။
၂၀၁၆ ခုနှစ်အတွင်း ယူက ကုဒို့ (Yuka Kudo) အမည်ရှိ လူမှုဗေဒကျောင်းသူက ဆူနာမီကြောင့် အဆိုးရွားဆုံး ထိခိုက်ပျက်စီးခဲ့သည့် မြို့ကြီးများမှ တစ်ခုဖြစ်သော အီရှီနို့မာ့ကီ (Ishinomaki) မြို့ကြီးသို့ ဆူနာမီတစ္ဆေဖြစ်စဉ်များကို လေ့လာရန် သွားရောက်ခဲ့သည်။
အဓိကအားဖြင့် ခရီးသည်များ တင်ဆောင်လာခဲ့ပြီးမှ တစ္ဆေဖြစ်နေသည်ကို ရင်ဆိုင်ခဲ့ကြရသော အငှားယာဉ်မောင်းများနှင့် တွေ့ဆုံရန် ဖြစ်သည်။
အီရှီနို့မာ့ကီမြို့တွင် လူပေါင်း ၃၀၉၇ ဦးသေဆုံးခဲ့ကာ ၂၇၇၀ ဦးမှာ ပျောက်ဆုံးစာရင်းသတ်မှတ်ထားသည်။
အဆောက်အအုံပေါင်း ၅၀၀၀၀ ခန့်မှာလည်း အဆိုပါမြို့တွင် ပျက်စီးသွားခဲ့သည်။
အသက်ရှင်သန်ကျန်ရစ်သူများကို ရွှေ့ပြောင်းနေရာချထားမှုများ ပြုလုပ်ပေးခဲ့ရသည်။
ကုဒို့တွေ့ဆုံခဲ့သော အငှားယာဉ်မောင်းတစ်ဦး၏ ဖြစ်ရပ်မှာ ၂၀၁၁ ခုနှစ် နွေရာသီတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ဆူနာမီဘေးကြီးကျရောက်ပြီး လအနည်းငယ်သာရှိသေးချိန်ဖြစ်ကာ လမ်းပေါ်တွင် ခရီးသည်ရှားပါးလှသည်။
လမ်းပေါ်တွင် ခရီးသည်ရှာနေရင်း ဆူနာမီဘေး ပြင်းထန်စွာကျရောက်ခဲ့သည့်နေရာတစ်ခုသို့ အရောက်တွင် မိန်းမပျိုတစ်ဦးက လက်ပြတားနေသည်ကို တွေ့လိုက်ရသည်။
မိန်းမပျိုသည် နွေခေါင်ခေါင်ကြီးတွင် ဆောင်းတွင်းဝတ် အနွေးထည်ကုတ်ကြီး ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံးတွင်လည်း ရေများရွှဲနစ်နေသည်။
ထိုရက်ပိုင်းအတွင်းက မိုးမရွာသည်ကို အငှားယာဉ်မောင်း တွေးတောချိန်မရခဲ့။
မိန်းမပျိုက ကားနောက်ခန်းသို့ ဝင်လိုက်ပြီး မီနားမိဟမ (Minamihama) ခရိုင်သို့ ပို့ပေးရန် ပြောသည်။ ထိုနေရာသည် ဆူနာမီအပြီးတွင် လူသူမနေတော့သော ခရိုင်တစ်ခု ဖြစ်သည်။
“အဲဒီနေရာက လူမနေတဲ့ နေရာကြီးပဲ။ အဲ့နေရာကို တကယ်သွားမလို့လား” ဟု မီတာဒိုင်ခွက်ကို ပြန်လည်ချိန်ညှိနေရင်း မေးလိုက်သည်။
မိန်းမပျိုက အတန်ကြာ နှုတ်ဆိတ်နေပြီးနောက် တုန်တုန်ရီရီအသံဖြင့် ပြန်မေးသည်မှာ “ကျွန်မ သေသွားပြီလား” ဟူ၏။
အငှားယာဉ်မောင်းသမားလည်း ချောက်ခြားသွားကာ နောက်ခန်းသို့လှည့်ကြည့်လိုက်သောအခါ နောက်ခန်းတွင် လူတစ်ဦးမျှ ရှိမနေတော့ချေ။
အခြားအငှားကားသမားတစ်ဦးကလည်း ကုဒို့အား ပြောပြသည်မှာ တစ်ခါတွင် စိတ်ညစ်နေဟန်ပေါ်သော အသက် ၂၀ အရွယ်လူငယ်တစ်ဦးအား မည်သည့်နေရာသို့ ပို့ဆောင်ပေးရမည်နည်းဟုမေးသောအခါ ရှေ့ကိုသာ လက်ထိုးပြနေကြောင်း၊ ခေတ္တအကြာတွင်မှ မြို့အနီးရှိ တောင်တစ်ခုဖြစ်သော ဟီရိုးရိ ယမ (Hiyoriyama) ဟု ပြောလာခဲ့သည်ဟု ဆို၏။
သို့ဖြင့် တောင်ပေါ်သို့ မောင်းတက်သွားခဲ့ပြီး တောင်ထိပ် ကုန်းပြင်တစ်ခုတွင် ရပ်ပေးလိုက်၏။ ယင်းနောက် ကားခတောင်းရန် နောက်ခန်းသို့ လှည့်ကြည့်လိုက်သောအခါ မည်သူမျှမတွေ့ရတော့ချေ။
ပယ်ရီ၏ စာအုပ်အတွင်း ဖော်ပြထားသည့်အခြားဖြစ်ရပ်တစ်ခုမှာ ကူရိဟရ (Kurihara) အမည်ရှိ အမျိုးသားတစ်ဦးအကြောင်း ဖြစ်သည်။ အဆိုပါအမျိုးသားက မိုးရွာခြင်းကို လွန်စွာထိတ်လန့်မုန်းတီးသည်ဟု ဆိုသည်။ မိုးရွာပြီးနောက် ရေအိုင်ဗွက်အိုင်ငယ်များပေါ်ထွန်းလာပါက ရေမျက်နှာပြင်များတွင် ဆူနာမီရေလှိုင်းကြောင့် သေဆုံးခဲ့ရသည့် ၎င်းသိကျွမ်းသူများ၏ မျက်လုံးများကို တွေ့မြင်ရသည်ဟု ဆိုသည်။
အိုနဂဝမြို့ရှိ ဒုက္ခသည်ဂေဟာတစ်ခုတွင်လည်း တစ္ဆေအဘွားအိုတစ်ဦး မကြာခဏလာလေ့ရှိပြီး လဘက်ရည် လာသောက်လေ့ရှိသည်ဟု ဆိုသည်။
အဆိုပါ အဘွားအိုထိုင်သွားသည့် ခုံတွင် ပင်လယ်ရေများရွှဲနစ်ကျန်ရစ်ခဲ့သည်ဟု ဆို၏။
ပယ်ရီသည် ဗုဒ္ဓဘာသာဘုန်းတော်ကြီး တိုင်းယို ကာနဒနှင့်လည်း တွေ့ဆုံမေးမြန်းဖူးသည်။ ဘုန်းတော်ကြီးက ပြောပြသည်မှာ တာကရှိ အိုနိုဟူသော အမျိုးသားတစ်ဦးအကြောင်း ပြောပြ၏။ အဆိုပါ အမျိုးသားအား တစ်ခါတွင် တစ္ဆေဝင်ပူးခံရကြောင်း၊ ဘုန်းတော်ကြီးနှင့် အိုနိုတို့သည် ဆူနာမီလှိုင်း အဆိုးရွားဆုံး ရိုက်ခတ်ခံခဲ့ရသည့် ကမ်းရိုးတန်းဒေသတစ်ခုတည်းတွင် နေထိုင်ကြသူများဖြစ်ကြသည်။ ဘုန်းတော်ကြီး ကာနဒက ဆူနာမီကြောင့် သေဆုံးခဲ့ရသူများစွာကို မြေချရာတွင် ကူညီပေးခဲ့သူ ဖြစ်သည်။
အိုနိုသည် တစ်ရက်တွင် မိသားစုနှင့်အတူ ညစာစားပြီးနောက် ခြံနောက်ဘက်သို့ သွားခဲ့ချိန်တွင် ရွှံ့အိုင်အတွင်း လူးလိမ့်ကာ တစ္ဆေဝင်ပူးခံရကာ လည်ချောင်းသံကြီးဖြင့် စကားများ ပလုံးပထွေးပြောနေခဲ့သည်။ နောက်တစ်နေ့တွင်မူ သူဖြစ်ပျက်ခဲ့သမျှကို မမှတ်မိချေ။
ဂျပန်နိုင်ငံတစ်လွှား ကမ်းရိုးတန်းမြို့များတွင် ပရိဒေဝမီးတို့ကို ကုစားရန် နည်းလမ်းသစ်များ ကြံဆလာသည်။
အိုဆုချိ (Otsuchi) အမည်ရှိ ကမ်းရိုးတန်းမြို့ကလေးတွင် ပင်လယ်ကို စီးမိုးတွေ့မြင်နေရသော တောင်ကုန်းတစ်ခုပေါ်၌ “phone of the wild” အမည်ရှိ တယ်လီဖုန်းရုံတစ်ခု ပြုလုပ်ပေးထားသည်။
ဘဝခြားနေပြီဖြစ်သော မိမိတို့ချစ်ရသူများထံ သတင်းစကားပါးနိုင်မည့် တယ်လီဖုန်းဟုဆိုသည်။
မည်သို့ဆက်သွယ်လုပ်ဆောင်သည်ကိုမူ မသိရချေ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Inside The Disturbing Legend Of The ‘Tsunami Spirits’ That Have Haunted Japan Ever Since Its 2011 Disaster (allthatsinteresting)
[Zawgyi]
ဂ်ပန္မွ လူသူကင္းမဲ့ေသာျမိဳ႕ပ်က္ၾကီးမ်ားႏွင့္ တေစၦသရဲမ်ား
ဂ်ပန္ႏိုင္ငံတြင္ ၂၀၁၁ ခုႏွစ္အတြင္း ျပင္းထန္ေသာ ငလ်င္ၾကီးလႈပ္ခတ္ခဲ့အျပီး ၁၂ ထပ္တိုက္ခန္႔ ျမင့္မားေသာ ဆူနာမီလိႈင္းၾကီးမ်ား ေၾကာက္မက္ဖြယ္ဝင္ေရာက္ခဲ့ရာ လူေပါင္း ၁၅၀၀၀ ေက်ာ္ေသဆံုးခဲ့သည္။
ယင္းျဖစ္ရပ္ၾကီးေနာက္ပိုင္း ဆူနာမီလႈိုင္းသင့္ခဲ့ရာ ကမ္းရိုးတန္းေဒသမ်ားတြင္ တေစၦသရဲေျခာက္လွန္႔မႈမ်ားႏွင့္ မ်ားစြာၾကံဳေတြ႔လာရကာ အဆိုပါသရဲမ်ားကို ဆူနာမီသရဲမ်ားဟု ေခၚဆိုၾကသည္။
၂၀၁၁ ခုႏွစ္၊ မတ္လ ၁၁ ရက္ေန႔တြင္ ျပင္းအား ၉ ဒသမ ၁ ရွိေသာ ငလ်င္ၾကီးသည္ အေရွ႕အာရွ ပယ္လယ္ၾကမ္းျပင္တြင္ လႈပ္ခတ္ခဲ့ရာ ဂ်ပန္ႏိုင္ငံ၏ ကမ္းရိုးတန္းဆီသို႔ ၁၂ ထပ္တိုက္ခန္႔ ျမင့္မားေသာ ပင္လယ္ေရလႈိင္းၾကီးမ်ား ရိုက္ခတ္ခဲ့သည္။
ေၾကာက္မယ္ဖြယ္ ဆူနာမီေရလိႈင္းၾကီးမ်ားေၾကာင့္ လူေပါင္း ၁၅၀၀၀ ေက်ာ္ ေသဆံုးခဲ့ရသည့္အျပင္ သန္းေပါင္းမ်ားစြာေသာ ျပည္သူမ်ား ေရမီးျပတ္ေတာက္မႈႏွင့္ ရင္ဆိုင္ခဲ့ရသည္။
အေဆာက္အအံုေပါင္း ၁၂၀၀၀၀ ေက်ာ္မွာ မိနစ္ပိုင္းအတြင္း ဖ်က္ဆီးျခင္းခံလိုက္ရသည္။
Tōhoku ဟု အမည္ေပးခဲ့ေသာ အဆိုပါငလ်င္သည္ ဂ်ပန္ႏိုင္ငံ၏သမိုင္းတြင္ ထိခိုက္ပ်က္စီးမႈ အမ်ားဆံုး ငလ်င္ၾကီး ျဖစ္ခဲ့သည္။
သဘာဝေဘးၾကီးျပီးဆံုးသြားျပီးေနာက္ ပရိေဒဝမီး ေတာက္ေလာင္ေနၾကေသာ အသက္ေဘးမွ လြတ္ကင္းခဲ့သူတို႔သည္ ဆူနာမီေၾကာင့္ ေသဆံုးသြားခဲ့သူတို႔၏ မ်က္ႏွာရုပ္သြင္မ်ားကို ဗြက္အိုင္မ်ားအတြင္း ေတြ႔ျမင္ရျခင္း၊ ကမ္းေျခတြင္ လွည့္လည္သြားလာေနသည္ကို ေတြ႔ရျခင္း၊ ေနအိမ္တံခါးေရွ႕တြင္ ျမင္လိုက္ရျခင္းမ်ား ျဖစ္ပြားလာသည္။
ေရမ်ား ရႊဲနစ္ေနသူတို႔ အငွားကားမ်ား လက္ျပတားကာ ေနာက္ခန္းသို႔ တက္ခဲ့ျပီးမွ ေပ်ာက္ကြယ္သြားျခင္းမ်ဳိးလည္း မ်ားစြာျဖစ္ေပၚလာသည္။
အဆိုပါျဖစ္စဥ္မ်ားမွာ တစ္ဦးစ ႏွစ္ဦးစ ေတြ႔ျမင္ခဲ့ၾကျခင္းမ်ဳိးမဟုတ္ဘဲ ဆူနာမီလိႈင္း အဆိုးရြားဆံုးရိုက္ခတ္ခံခဲ့ရသည့္ ၿမိဳ႔ႀကီးမ်ားအားလံုးတြင္ ေနထိုင္သူမ်ား ေတြ႔ျမင္ၾကံဳေတြ႔ခဲ့ၾကျခင္း ျဖစ္သည္။
ျဗိတိန္သတင္းေထာက္ ရစ္ခ်စ္ လြိဳက္ဒ္ ပယ္ရီ (Richard Lloyd Parry ) သည္ ဂ်ပန္တြင္ သတင္းၾကီးေနေသာ သရဲေျခာက္မႈ ျဖစ္စဥ္မ်ားအား စူးစမ္းေလ့လာကာ Ghosts of the Tsunami အမည္ရွိ စာအုပ္တစ္အုပ္ ေရးသားခဲ့သည္။
ထို႔အျပင္ Netflix မွ ထုတ္လႊင့္ေသာ Unsolved Mysteries အစီအစဥ္တြင္လည္း ဂ်ပန္မွ ဆူနာမီသရဲမ်ားအေၾကာင္း ထုတ္လႊင့္ဖူးသည္။
(ဂ်ပန္ကမ္းရိုးတန္းတေလွ်ာက္ အလံုးအရင္း ေသေၾကပ်က္စီးေစခဲ့သည့္ တိုဟိုးကု-Tohoku ဆူနာမီ)
ငလ်င္စတင္လႈပ္ခတ္ခ်ိန္မွာ ဂ်ပန္စံေတာ္ခ်ိန္ မြန္းလြဲ ၂ း၄၆ အခ်ိန္တြင္ ျဖစ္သည္။
ဟြန္ရႈးကၽြန္းေပၚရွိ တိုဟိုးကုေဒသ၏ အေရွ႕ဘက္ ၄၅ မိုင္အကြာ၊ ပင္လယ္ေရျပင္ေအာက္ ၁၅ မိုင္အနက္ကို ဗဟိုျပဳ၍ လႈပ္ခတ္ခဲ့ျခင္းျဖစ္ျပီး ငလ်င္လႈပ္ခ်ိန္ ၆ မိနစ္တိုင္ေအာင္ ၾကာျမင့္ခဲ့သည္။
ငလ်င္ေၾကာင့္ အျမင့္ ၁၂၈ ေပရွိေသာ လႈိင္းလံုးၾကီးမ်ားသည္ ဂ်ပန္ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း Miyako ျမိဳ႕ဆီသုိ႔ ေရာက္ရွိခဲ့ကာ ကုန္းတြင္းဘက္ ၆ မိုင္ခန္႔အထိ ဝင္ေရာက္ခဲ့သည္။
စတုရန္းမိုင္ ၂၁၇ မိုင္ခန္႔ ေရလႊမ္းမိုးသြားခဲ့ကာ ေဆးရံုမ်ား၊ စာသင္ေက်ာင္းမ်ား၊ စီးပြားေရးလုပ္ငန္းမ်ား၊ ေနအိမ္မ်ား၊ မီးရထားလမ္းမ်ားအစရွိသည့္ အရာအားလံုး ေရထု၏ ဝါးျမိဳဖ်က္ဆီးျခင္း ခံလိုက္ရသည္။
အၾကီးမားဆံုးဟု ဆိုႏိုင္ေသာ ထိခုိက္ပ်က္စီးမႈမွာ ဖူကူရွီးမား ဒိုင္အိခ်ိ အႏုျမဴဓာတ္အားေပးစက္ရံု အေအးခံစနစ္ ပ်က္စီးသြားေစျခင္းျဖစ္ကာ ဓာတ္ေပါင္းဖို အရည္ေပ်ာ္က်ခဲ့ရသည္။
ဂ်ပန္ ျပန္လည္တည္ေဆာက္ေရးေအဂ်င္စီ၏ ခန္႔မွန္းခ်က္အရ ထိခိုက္ဆံုးရံႈးရမႈ ပမာဏမွာ ကန္ေဒၚလာ ၁၉၉ ဘီလီယံဖိုးခန္႔ရွိေၾကာင္း ခန္႔မွန္းသည္။ ကမၻာ့ဘဏ္ကမူ စုစုေပါင္း စီးပြားေရးထိခုိက္နစ္နာမႈတန္ဖိုး ကန္ေဒၚလာ ၂၃၅ ဘီလီယံခန္႔ရွိေၾကာင္း ခန္႔မွန္းခဲ့သည္။
“ဒုတိယကမၻာစစ္ၾကီးျပီးဆံုးျပီးေနာက္ပိုင္း ၆၅ ႏွစ္တာကာလအတြင္း ဂ်ပန္အတြက္ အျပင္းထန္ဆံုး၊ အခက္ခဲဆံုး အက်ပ္အတည္းၾကီးတစ္ခုျဖစ္ပါတယ္”ဟု ထိုစဥ္က ဝန္ၾကီးခ်ဳပ္ Naoto Kan က ေျပာခဲ့သည္။
ဆူနာမီေဘးသင့္အျပီးတြင္လည္း သဘာဝလြန္ျဖစ္ရပ္ဆန္းမ်ား ေပၚေပါက္လာသည္။
(လူတိုင္းေျခာက္လွန္႔ခံရေသာ ဆူနာမီတေစၦမ်ား)
ရစ္ခ်တ္ လိြဳက္ဒ္ ပယ္ရီသည္ သဘာဝေဘးၾကီးမသင့္မီ ဂ်ပန္တြင္ ေနထိုင္လာခဲ့သည္မွာ ၁၈ ႏွစ္ရွိခဲ့ျပီလည္း ျဖစ္သည္။
ဂ်ပန္သည္ မိမိထင္ထားသည္ထက္ အစြဲအလမ္းၾကီးသည္ကို ေတြ႔ျမင္ရေသာအခါ အံ့အားသင့္မိေၾကာင္း ရစ္ခ်တ္က ေျပာခဲ့သည္။
ရစ္ခ်တ္၏ ေျပာၾကားခ်က္အရ ငလ်င္လႈပ္ခတ္ျပီးေနာက္ပိုင္း ဆူနာမီ တေစၦမ်ား ေတြ႔ျမင္ရမႈ မၾကာခဏ ျဖစ္ပြားခဲ့ေၾကာင္း ေျပာသည္။
၂၀၁၆ ခုႏွစ္အတြင္း ယူက ကုဒို႔ (Yuka Kudo) အမည္ရွိ လူမႈေဗဒေက်ာင္းသူက ဆူနာမီေၾကာင့္ အဆိုးရြားဆံုး ထိခိုက္ပ်က္စီးခဲ့သည့္ ျမိဳ႕ၾကီးမ်ားမွ တစ္ခုျဖစ္ေသာ အီရွီႏို႔မာ့ကီ (Ishinomaki) ျမိဳ႕ၾကီးသို႔ ဆူနာမီတေစၦျဖစ္စဥ္မ်ားကို ေလ့လာရန္ သြားေရာက္ခဲ့သည္။
အဓိကအားျဖင့္ ခရီးသည္မ်ား တင္ေဆာင္လာခဲ့ျပီးမွ တေစၦျဖစ္ေနသည္ကို ရင္ဆိုင္ခဲ့ၾကရေသာ အငွားယာဥ္ေမာင္းမ်ားႏွင့္ ေတြ႔ဆံုရန္ ျဖစ္သည္။
အီရွီႏို႔မာ့ကီျမိဳ႕တြင္ လူေပါင္း ၃၀၉၇ ဦးေသဆံုးခဲ့ကာ ၂၇၇၀ ဦးမွာ ေပ်ာက္ဆံုးစာရင္းသတ္မွတ္ထားသည္။
အေဆာက္အအံုေပါင္း ၅၀၀၀၀ ခန္႔မွာလည္း အဆိုပါျမိဳ႕တြင္ ပ်က္စီးသြားခဲ့သည္။
အသက္ရွင္သန္က်န္ရစ္သူမ်ားကို ေရႊ႕ေျပာင္းေနရာခ်ထားမႈမ်ား ျပဳလုပ္ေပးခဲ့ရသည္။
ကုဒို႔ေတြ႔ဆံုခဲ့ေသာ အငွားယာဥ္ေမာင္းတစ္ဦး၏ ျဖစ္ရပ္မွာ ၂၀၁၁ ခုႏွစ္ ေႏြရာသီတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
ဆူနာမီေဘးၾကီးက်ေရာက္ျပီး လအနည္းငယ္သာရွိေသးခ်ိန္ျဖစ္ကာ လမ္းေပၚတြင္ ခရီးသည္ရွားပါးလွသည္။
လမ္းေပၚတြင္ ခရီးသည္ရွာေနရင္း ဆူနာမီေဘး ျပင္းထန္စြာက်ေရာက္ခဲ့သည့္ေနရာတစ္ခုသို႔ အေရာက္တြင္ မိန္းမပ်ဳိတစ္ဦးက လက္ျပတားေနသည္ကို ေတြ႔လိုက္ရသည္။
မိန္းမပ်ဳိသည္ ေႏြေခါင္ေခါင္ၾကီးတြင္ ေဆာင္းတြင္းဝတ္ အေႏြးထည္ကုတ္ၾကီး ဝတ္ဆင္ထားျပီး တစ္ကိုယ္လံုးတြင္လည္း ေရမ်ားရႊဲနစ္ေနသည္။
ထိုရက္ပိုင္းအတြင္းက မိုးမရြာသည္ကို အငွားယာဥ္ေမာင္း ေတြးေတာခ်ိန္မရခဲ့။
မိန္းမပ်ဳိက ကားေနာက္ခန္းသို႔ ဝင္လိုက္ျပီး မီနားမိဟမ (Minamihama) ခရိုင္သို႔ ပို႔ေပးရန္ ေျပာသည္။ ထိုေနရာသည္ ဆူနာမီအျပီးတြင္ လူသူမေနေတာ့ေသာ ခရိုင္တစ္ခု ျဖစ္သည္။
“အဲဒီေနရာက လူမေနတဲ့ ေနရာၾကီးပဲ။ အဲ့ေနရာကို တကယ္သြားမလို႔လား” ဟု မီတာဒိုင္ခြက္ကို ျပန္လည္ခ်ိန္ညွိေနရင္း ေမးလိုက္သည္။
မိန္းမပ်ဳိက အတန္ၾကာ ႏႈတ္ဆိတ္ေနျပီးေနာက္ တုန္တုန္ရီရီအသံျဖင့္ ျပန္ေမးသည္မွာ “ကၽြန္မ ေသသြားျပီလား” ဟူ၏။
အငွားယာဥ္ေမာင္းသမားလည္း ေခ်ာက္ျခားသြားကာ ေနာက္ခန္းသို႔လွည့္ၾကည့္လိုက္ေသာအခါ ေနာက္ခန္းတြင္ လူတစ္ဦးမွ် ရိွမေနေတာ့ေခ်။
အျခားအငွားကားသမားတစ္ဦးကလည္း ကုဒို႔အား ေျပာျပသည္မွာ တစ္ခါတြင္ စိတ္ညစ္ေနဟန္ေပၚေသာ အသက္ ၂၀ အရြယ္လူငယ္တစ္ဦးအား မည္သည့္ေနရာသို႔ ပို႔ေဆာင္ေပးရမည္နည္းဟုေမးေသာအခါ ေရွ႕ကိုသာ လက္ထိုးျပေနေၾကာင္း၊ ေခတၱအၾကာတြင္မွ ျမိဳ႕အနီးရွိ ေတာင္တစ္ခုျဖစ္ေသာ ဟီရိုးရိ ယမ (Hiyoriyama) ဟု ေျပာလာခဲ့သည္ဟု ဆို၏။
သို႔ျဖင့္ ေတာင္ေပၚသို႔ ေမာင္းတက္သြားခဲ့ျပီး ေတာင္ထိပ္ ကုန္းျပင္တစ္ခုတြင္ ရပ္ေပးလိုက္၏။ ယင္းေနာက္ ကားခေတာင္းရန္ ေနာက္ခန္းသို႔ လွည့္ၾကည့္လိုက္ေသာအခါ မည္သူမွ်မေတြ႔ရေတာ့ေခ်။
ပယ္ရီ၏ စာအုပ္အတြင္း ေဖာ္ျပထားသည့္အျခားျဖစ္ရပ္တစ္ခုမွာ ကူရိဟရ (Kurihara) အမည္ရွိ အမ်ဳိးသားတစ္ဦးအေၾကာင္း ျဖစ္သည္။ အဆိုပါအမ်ဳိးသားက မိုးရြာျခင္းကို လြန္စြာထိတ္လန္႔မုန္းတီးသည္ဟု ဆိုသည္။ မိုးရြာျပီးေနာက္ ေရအိုင္ဗြက္အိုင္ငယ္မ်ားေပၚထြန္းလာပါက ေရမ်က္ႏွာျပင္မ်ားတြင္ ဆူနာမီေရလႈိင္းေၾကာင့္ ေသဆံုးခဲ့ရသည့္ ၎သိကၽြမ္းသူမ်ား၏ မ်က္လံုးမ်ားကို ေတြ႔ျမင္ရသည္ဟု ဆိုသည္။
အိုနဂဝျမိဳ႕ရွိ ဒုကၡသည္ေဂဟာတစ္ခုတြင္လည္း တေစၦအဘြားအိုတစ္ဦး မၾကာခဏလာေလ့ရွိျပီး လဘက္ရည္ လာေသာက္ေလ့ရွိသည္ဟု ဆိုသည္။
အဆိုပါ အဘြားအိုထိုင္သြားသည့္ ခံုတြင္ ပင္လယ္ေရမ်ားရႊဲနစ္က်န္ရစ္ခဲ့သည္ဟု ဆို၏။
ပယ္ရီသည္ ဗုဒၶဘာသာဘုန္းေတာ္ၾကီး တိုင္းယို ကာနဒႏွင့္လည္း ေတြ႔ဆံုေမးျမန္းဖူးသည္။ ဘုန္းေတာ္ၾကီးက ေျပာျပသည္မွာ တာကရွိ အိုႏိုဟူေသာ အမ်ဳိးသားတစ္ဦးအေၾကာင္း ေျပာျပ၏။ အဆိုပါ အမ်ဳိးသားအား တစ္ခါတြင္ တေစၦဝင္ပူးခံရေၾကာင္း၊ ဘုန္းေတာ္ၾကီးႏွင့္ အိုႏိုတို႔သည္ ဆူနာမီလႈိင္း အဆိုးရြားဆံုး ရိုက္ခတ္ခံခဲ့ရသည့္ ကမ္းရိုးတန္းေဒသတစ္ခုတည္းတြင္ ေနထုိင္ၾကသူမ်ားျဖစ္ၾကသည္။ ဘုန္းေတာ္ၾကီး ကာနဒက ဆူနာမီေၾကာင့္ ေသဆံုးခဲ့ရသူမ်ားစြာကို ေျမခ်ရာတြင္ ကူညီေပးခဲ့သူ ျဖစ္သည္။
အိုႏိုသည္ တစ္ရက္တြင္ မိသားစုႏွင့္အတူ ညစာစားျပီးေနာက္ ျခံေနာက္ဘက္သို႔ သြားခဲ့ခ်ိန္တြင္ ရႊံ႕အိုင္အတြင္း လူးလိမ့္ကာ တေစၦဝင္ပူးခံရကာ လည္ေခ်ာင္းသံၾကီးျဖင့္ စကားမ်ား ပလံုးပေထြးေျပာေနခဲ့သည္။ ေနာက္တစ္ေန႔တြင္မူ သူျဖစ္ပ်က္ခဲ့သမွ်ကို မမွတ္မိေခ်။
ဂ်ပန္ႏိုင္ငံတစ္လႊား ကမ္းရိုးတန္းျမိဳ႕မ်ားတြင္ ပရိေဒဝမီးတို႔ကို ကုစားရန္ နည္းလမ္းသစ္မ်ား ၾကံဆလာသည္။
အိုဆုခ်ိ (Otsuchi) အမည္ရွိ ကမ္းရိုးတန္းျမိဳ႕ကေလးတြင္ ပင္လယ္ကို စီးမိုးေတြ႔ျမင္ေနရေသာ ေတာင္ကုန္းတစ္ခုေပၚ၌ “phone of the wild” အမည္ရွိ တယ္လီဖုန္းရံုတစ္ခု ျပဳလုပ္ေပးထားသည္။
ဘဝျခားေနျပီျဖစ္ေသာ မိမိတို႔ခ်စ္ရသူမ်ားထံ သတင္းစကားပါးႏိုင္မည့္ တယ္လီဖုန္းဟုဆိုသည္။
မည္သို႔ဆက္သြယ္လုပ္ေဆာင္သည္ကိုမူ မသိရေခ်။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Inside The Disturbing Legend Of The ‘Tsunami Spirits’ That Have Haunted Japan Ever Since Its 2011 Disaster (allthatsinteresting)