ဗဟုသုတ | Posted by အေးမြတ်သူ
[Unicode]
အိမ်ခြံမြေဝယ်ယူမည်ဆိုပါက -- ဝယ်ယူမည့်မြေသည် မည်သည့်မြေအမျိုးအစားဆိုတာ ကနဦးသိရှိရပါမယ်။ ဂရန်မြေဖြစ်ပါက စည်ပင်/ထွေအုပ်မည်သည့်ဌာနတွင် တရားဝင်အမည်ပေါက်ဆောင်ရွက်ထားမှုရှိမရှိ၊ အမည်ပေါက်က ရောင်းချခြင်းဟုတ်/မဟုတ် စစ်ဆေးစုံစမ်းရပါမည်။
ကနဦးမူလပိုင်ရှင် အမည်ပေါက်(FIRST OWNER) ထံမှ ဝယ်ယူခဲ့ကြသူများ အဆင့်ဆင့်မှန်သမျှ အဆက်မပြတ်စေပဲ ချုပ်ဆိုလာသည့် အရောင်းအဝယ် စာချုုပ်စာတမ်းစုံလင်စွာပါရှိရပါမည်။
စရန်ပေးပြီးသည့်နောက် နိုင်ငံပိုင်သတင်းစာတွင်(၇)ရက်အတွင်း ရောင်းချသည့်မြေကွက်နှင့် ပက်သက်၍ ကန့်ကွက်ရန်ရှိ/မရှိ ကြော်ငြာထည့်ပါ။ စာချုပ်ချုပ်ဆိုပြီးသည့်နောက် ရောင်းချသူထံမှ အထူးကိုယ်စားလှယ်လွှဲစာ (SPECIAL POWER OF ATTORNEY ) များလွှဲအပ်ဆောင်ရွက်ခိုင်းမှသာလျှင် နောက်ဆုံးဝယ်ယူသူအနေဖြင့် မိမိဝယ်ယူထားသော မြေကွက်နှင့်အဆောက်အဦးကို တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်မည်ဖြစ်ပါသည်။
ထို့ကြောင့် မြေကွက်၊ အဆောက်အဦးနှင့် ပက်သက်သော စာရွက်စာတမ်းစုံလင်စွာ ပါရှိ/မပါရှိသည်ကို ဦးစွာစစ်ဆေးပြီးမှသာ ဝယ်ယူစေလိုပါသည်။ မိမိနားမလည်ပါကလည်း တတ်ကျွမ်းသောရှေ့နေရှေ့ ရပ်များဖြင့် စစ်ဆေးဆောင်ရွက်စေလိုပါကြောင်း ရေးသားဖော်ပြအပ်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
iMyanmarHouse.com ၏ ဥပဒေအကြံပေး ပညာရှင်အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
အိမ်ခြံမြေဝယ်ယူမည်ဆိုလျှင် မည်သည့်စာရွက်စာတမ်းများကို ရောင်းသူထံမှ တောင်းယူရပါမည်လဲ။
ကနဦးမူလပိုင်ရှင် အမည်ပေါက်(FIRST OWNER) ထံမှ ၀ယ်ယူခဲ့ကြသူများ အဆင့်ဆင့်မှန်သမျှ အဆက်မပြတ်စေပဲ ချုပ်ဆိုလာသည့် အရောင်းအ၀ယ် စာချုပ်စာတမ်းစုံလင်စွာပါရှိရပါမည်။