အစိမ်းစားရင် အကျိုးပိုများတဲ့ ကြက်သွန်နီ

အစိမ်းစားရင် အကျိုးပိုများတဲ့ ကြက်သွန်နီ - Property Knowledge in Myanmar from iMyanmarHouse.com
19 Apr 2022 10:16 am တွင် တင်ခဲ့သည်
909 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ကြက်သွန်နီဟာ ဟင်းချက်နည်းမျိုးစုံမှာ ပုံစံအမျိုးမျိုးထည့်သုံးကြတဲ့ အသီးအနှံတစ်ခု၊ မီးဖိုချောင်တိုင်းမှာဆောင်ထားတဲ့ အသီးအနှံတစ်ခုပေါ့။ မြန်မာလူမျိုးတွေကတော့ ဟင်းအနှစ်လုပ်ဖို့အတွက်ဆို ကြက်သွန်နီကို အဓိကသုံးကြတယ်လေ။ အသုပ်အမျိုးမျိုး သုပ်စားတဲ့အခါမှာလည်း ကြက်သွန်နီဆီချက်၊ ကြက်သွန်နီအစိမ်းတွေ ထည့်စားတတ်ကြပါတယ်။ တချို့ကတော့ ကြက်သွန်နီအစိမ်းကို အတို့အမြှုပ်အနေနဲ့ စားကြပါတယ်။ ကြက်သွန်နီက အသုံးပြုပုံတွေ၊ စားသုံးတဲ့နည်းတွေကွဲသလို အကျိုးအာနိသင်ရရှိပုံခြင်းလည်း မတူပြန်ပါဘူး။ ကြက်သွန်နီဟာ အရသာကောင်းမွန်သော စားသောက်ဖွယ်ရာဖြစ်ရုံသာမက နာမကျန်းဖျားနာတာတွေကို ကုသနိုင်တဲ့ ဆေးတစ်ပါးလည်းဖြစ်ပါတယ်။ ဟိုး…..ရာစုနှစ်များစွာကတည်းက ကြက်သွန်နီကို အပယိကဖျားနာတာတွေကို ကုသတဲ့နေရာမှာ သုံးခဲ့ကြပါတယ်။

ဗိုက်တာမင်၊ သတ္တုဓါတ်၊ အမျှဉ်ဓါတ်ပါဝင်မှုမြင့်မားပြီး ကယ်လိုရီပါဝင်မှုနည်းပါးတဲ့ ကြက်သွန်နီဟာ ကျန်းမာရေးအတွက် အထူးကောင်းမွန်တဲ့ အစားအစာတစ်ခုပါပဲ။ ဗိုက်တာမင်စီ၊ ဗိုက်တာမင်ဘီ၊ ဖောလစ်အက်ဆစ်၊ ပိုတက်စီယမ်တွေကြွယ်ဝတဲ့ အာဟာရအိုးကြီးပေါ့။

ကြက်သွန်နီထဲမှာပါတဲ့ အန်တီအောက်စီဒန့် (antioxidants) ဟာ ကိုလက်စထရောပမာဏကို လျော့ကျစေပါတယ်။ ဒါ့အပြင် ရောင်ရမ်းမှုကိုသက်သာစေပြီး သွေးခဲခြင်း၊ သွေးတိုးခြင်းကိုလည်း သက်သာစေတာဆိုတော့ ကိုဗစ်နောက်ဆက်တွဲရောဂါတွေမဖြစ်အောင် စားသုံးသင့်ပါတယ်။ ကြက်သွန်နီအစိမ်း တစ်နေ့ ၄၀-၆၀ ဂရမ်(ကြက်သွန်နီဥ အလတ်ဆိုဒ် တစ်စိတ်ခန့်) စားပေးခြင်းဖြင့် ရှစ်ပတ်အကြာမှာ သွေးတိုးတာတွေ၊ ရောင်ရမ်းတာတွေသက်သာစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို သိသိသာသာလျော့ကျစေတယ်လို့လည်း လေ့လာတွေ့ရှိထားပါတယ်။

ကြက်သွန်နီ (အတွင်းသားတွေက ခရမ်းရောင်အကွင်းလိုက်ဖြစ်နေတဲ့ Red onion အမျိုးအစား) မှာ Anthocyanins ပါဝင်မှုမြင့်မားပြီး အဲဒီ Anthocyanins ဟာ နှလုံးရောဂါ၊ ကင်ဆာရောဂါ (အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ) တချို့နဲ့ ဆီးချိုသွေးချိုရောဂါတွေကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ (သုတေသနမှတ်တမ်းများအရ ကြက်သွန်နီများများစားတဲ့သူတွေဟာ အစာအိမ်ကင်ဆာဖြစ်ပွားမှုကို ၂၂ ရာခိုင်နှုန်း၊ အူမကြီးကင်ဆာဖြစ်ပွားမှုကို ၁၅ ရာခိုင်နှုန်းထိ လျော့ကျစေနိုင်ကြောင်း သိရှိရပါတယ်။)

ကြက်သွန်နီမှာတွေ့ရတဲ့ Quercetin နဲ့ sulfur ဓါတ်ပေါင်းတွေဟာ သွေးတွင်းသကြားပါဝင်မှုကို လျော့ကျစေပြီး ဆီးချိုသွေးချိုကို ကာကွယ်နိုင်စွမ်းရှိပါတယ်။ ဆီးချိုသွေးချို (type-2) ဝေဒနာရှင်တွေဟာ ကြက်သွန်နီအစိမ်း ၁၀၀ ဂရမ် (ကြက်သွန်နီဥ အလတ်ဆိုဒ် တစ်ခြမ်းခန့်) စားပေးခြင်းဖြင့် စားပြီး လေးနာရီအကြာမှာ သွေးတွင်းသကြားပါဝင်မှု ကို 40mg/dl လျော့ကြစေကြောင်း သုတေသနလေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။

ကြက်သွန်နီစားပေးခြင်းဟာ အရိုးတွေကိုလည်း သန်မာစေပါတယ်။ ကြက်သွန်နီကို မကြာခဏစားသုံးတဲ့ အသက်ကြီးပိုင်းအမျိုးသမီးတွေမှာ တင်ပဆုံအရိုးအက်ခြင်း၊ ကျိုးခြင်းကို ၂၀ ရာခိုင်နှုန်းထိ လျော့ကျစေပါတယ်။

ကြက်သွန်နီဟာ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေသော ဘတ်တီးရီးယားများ (E-coli နဲ့ S. aureus) ပေါက်ပွားကြီးထွားမှုကိုလည်း တားဆီးပေးပါတယ်။ အူလမ်းကြောင်းသန့်ရှင်းဖို့ ကျန်းမာဖို့ အမျှင်ဓါတ်များများစားဖို့ လိုအပ်ပါတယ်။ ကြက်သွန်နီထဲမှာ အဲ့အမျှင်ဓါတ်လည်း အများကြီးပါတယ်နော်။ အမျှဉ်ဓါတ်နဲ့ Prebiotics ပါဝင်မှုများတဲ့ကြက်သွန်နီဟာ အစာချေနှုန်းကို ကောင်းစေတယ်။ ကြက်သွန်နီအစိမ်းစားပေးခြင်းဖြင့် အကျိုးပြုဘတ်တီးရီးယားများ တိုးစေပြီး အူလမ်းကြောင်းကို ကျန်းမာစေတယ်။ အစာချေနိုင်စွမ်းကို ပိုအားကောာင်းစေတယ်။ ကိုယ်ခံအားစနစ်ကိုအားကောင်းစေပါတယ်။

ဒါ့ကြောင့် ကြက်သွန်နီဟာ စားသုံးရလွယ်ကူပြီး အံ့ဩရလောက်အောင် အာဟာရဓါတ်များ ပေါကြွယ်ဝရုံသာမက ရောဂါအချို့ကို ကာကွယ်နိုင်စွမ်းရှိသော ကျန်းမာရေးအတွက် အဖိုးထိုက်တန်သော အသီးအနှံတစ်မျိုးဖြစ်တာမို့ မိမိတို့ရဲ့ နေ့စဉ်အာဟာရထဲမှာ ကြက်သွန်နီအစိမ်းစားခြင်းကိုပါ ထည့်သွင်းတွက်ချက်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar

 

[Zawgyi]

အစိမ္းစားရင္ အက်ိဳးပိုမ်ားတဲ့ ၾကက္သြန္နီ

ၾကက္သြန္နီဟာ ဟင္းခ်က္နည္းမ်ိဳးစုံမွာ ပုံစံအမ်ိဳးမ်ိဳးထည့္သုံးၾကတဲ့ အသီးအႏွံတစ္ခု၊ မီးဖိုေခ်ာင္တိုင္းမွာေဆာင္ထားတဲ့ အသီးအႏွံတစ္ခုေပါ့။ ျမန္မာလူမ်ိဳးေတြကေတာ့ ဟင္းအႏွစ္လုပ္ဖို႔အတြက္ဆို ၾကက္သြန္နီကို အဓိကသုံးၾကတယ္ေလ။ အသုပ္အမ်ိဳးမ်ိဳး သုပ္စားတဲ့အခါမွာလည္း ၾကက္သြန္နီဆီခ်က္၊ ၾကက္သြန္နီအစိမ္းေတြ ထည့္စားတတ္ၾကပါတယ္။ တခ်ိဳ႕ကေတာ့ ၾကက္သြန္နီအစိမ္းကို အတို႔အျမႇဳပ္အေနနဲ႔ စားၾကပါတယ္။ ၾကက္သြန္နီက အသုံးျပဳပုံေတြ၊ စားသုံးတဲ့နည္းေတြကြဲသလို အက်ိဳးအာနိသင္ရ႐ွိပုံျခင္းလည္း မတူျပန္ပါဘူး။ ၾကက္သြန္နီဟာ အရသာေကာင္းမြန္ေသာ စားေသာက္ဖြယ္ရာျဖစ္႐ုံသာမက နာမက်န္းဖ်ားနာတာေတြကို ကုသႏိုင္တဲ့ ေဆးတစ္ပါးလည္းျဖစ္ပါတယ္။ ဟိုး…..ရာစုႏွစ္မ်ားစြာကတည္းက ၾကက္သြန္နီကို အပယိကဖ်ားနာတာေတြကို ကုသတဲ့ေနရာမွာ သုံးခဲ့ၾကပါတယ္။

ဗိုက္တာမင္၊ သတၱဳဓါတ္၊ အမွ်ဥ္ဓါတ္ပါဝင္မႈျမင့္မားၿပီး ကယ္လိုရီပါဝင္မႈနည္းပါးတဲ့ ၾကက္သြန္နီဟာ က်န္းမာေရးအတြက္ အထူးေကာင္းမြန္တဲ့ အစားအစာတစ္ခုပါပဲ။ ဗိုက္တာမင္စီ၊ ဗိုက္တာမင္ဘီ၊ ေဖာလစ္အက္ဆစ္၊ ပိုတက္စီယမ္ေတြႂကြယ္ဝတဲ့ အာဟာရအိုးႀကီးေပါ့။

ၾကက္သြန္နီထဲမွာပါတဲ့ အန္တီေအာက္စီဒန္႔ (antioxidants) ဟာ ကိုလက္စထေရာပမာဏကို ေလ်ာ့က်ေစပါတယ္။ ဒါ့အျပင္ ေရာင္ရမ္းမႈကိုသက္သာေစၿပီး ေသြးခဲျခင္း၊ ေသြးတိုးျခင္းကိုလည္း သက္သာေစတာဆိုေတာ့ ကိုဗစ္ေနာက္ဆက္တြဲေရာဂါေတြမျဖစ္ေအာင္ စားသုံးသင့္ပါတယ္။ ၾကက္သြန္နီအစိမ္း တစ္ေန႔ ၄၀-၆၀ ဂရမ္(ၾကက္သြန္နီဥ အလတ္ဆိုဒ္ တစ္စိတ္ခန္႔) စားေပးျခင္းျဖင့္ ႐ွစ္ပတ္အၾကာမွာ ေသြးတိုးတာေတြ၊ ေရာင္ရမ္းတာေတြသက္သာေစၿပီး ႏွလုံးေရာဂါျဖစ္ပြားမႈကို သိသိသာသာေလ်ာ့က်ေစတယ္လို႔လည္း ေလ့လာေတြ႕႐ွိထားပါတယ္။

ၾကက္သြန္နီ (အတြင္းသားေတြက ခရမ္းေရာင္အကြင္းလိုက္ျဖစ္ေနတဲ့ Red onion အမ်ိဳးအစား) မွာ Anthocyanins ပါဝင္မႈျမင့္မားၿပီး အဲဒီ Anthocyanins ဟာ ႏွလုံးေရာဂါ၊ ကင္ဆာေရာဂါ (အစာအိမ္ကင္ဆာ၊ အူမႀကီးကင္ဆာ) တခ်ိဳ႕နဲ႔ ဆီးခ်ိဳေသြးခ်ိဳေရာဂါေတြကို ကာကြယ္ႏိုင္စြမ္း႐ွိပါတယ္။ (သုေတသနမွတ္တမ္းမ်ားအရ ၾကက္သြန္နီမ်ားမ်ားစားတဲ့သူေတြဟာ အစာအိမ္ကင္ဆာျဖစ္ပြားမႈကို ၂၂ ရာခိုင္ႏႈန္း၊ အူမႀကီးကင္ဆာျဖစ္ပြားမႈကို ၁၅ ရာခိုင္ႏႈန္းထိ ေလ်ာ့က်ေစႏိုင္ေၾကာင္း သိ႐ွိရပါတယ္။)

ၾကက္သြန္နီမွာေတြ႕ရတဲ့ Quercetin နဲ႔ sulfur ဓါတ္ေပါင္းေတြဟာ ေသြးတြင္းသၾကားပါဝင္မႈကို ေလ်ာ့က်ေစၿပီး ဆီးခ်ိဳေသြးခ်ိဳကို ကာကြယ္ႏိုင္စြမ္း႐ွိပါတယ္။ ဆီးခ်ိဳေသြးခ်ိဳ (type-2) ေဝဒနာ႐ွင္ေတြဟာ ၾကက္သြန္နီအစိမ္း ၁၀၀ ဂရမ္ (ၾကက္သြန္နီဥ အလတ္ဆိုဒ္ တစ္ျခမ္းခန္႔) စားေပးျခင္းျဖင့္ စားၿပီး ေလးနာရီအၾကာမွာ ေသြးတြင္းသၾကားပါဝင္မႈ ကို 40mg/dl ေလ်ာ့ၾကေစေၾကာင္း သုေတသနေလ့လာေတြ႕႐ွိခ်က္ေတြမွာ ေဖာ္ျပထားပါတယ္။

ၾကက္သြန္နီစားေပးျခင္းဟာ အ႐ိုးေတြကိုလည္း သန္မာေစပါတယ္။ ၾကက္သြန္နီကို မၾကာခဏစားသုံးတဲ့ အသက္ႀကီးပိုင္းအမ်ိဳးသမီးေတြမွာ တင္ပဆုံအ႐ိုးအက္ျခင္း၊ က်ိဳးျခင္းကို ၂၀ ရာခိုင္ႏႈန္းထိ ေလ်ာ့က်ေစပါတယ္။

ၾကက္သြန္နီဟာ ခႏၶာကိုယ္ကို အႏၲရာယ္ျဖစ္ေစေသာ ဘတ္တီးရီးယားမ်ား (E-coli နဲ႔ S. aureus) ေပါက္ပြားႀကီးထြားမႈကိုလည္း တားဆီးေပးပါတယ္။ အူလမ္းေၾကာင္းသန္႔႐ွင္းဖို႔ က်န္းမာဖို႔ အမွ်င္ဓါတ္မ်ားမ်ားစားဖို႔ လိုအပ္ပါတယ္။ ၾကက္သြန္နီထဲမွာ အဲ့အမွ်င္ဓါတ္လည္း အမ်ားႀကီးပါတယ္ေနာ္။ အမွ်ဥ္ဓါတ္နဲ႔ Prebiotics ပါဝင္မႈမ်ားတဲ့ၾကက္သြန္နီဟာ အစာေခ်ႏႈန္းကို ေကာင္းေစတယ္။ ၾကက္သြန္နီအစိမ္းစားေပးျခင္းျဖင့္ အက်ိဳးျပဳဘတ္တီးရီးယားမ်ား တိုးေစၿပီး အူလမ္းေၾကာင္းကို က်န္းမာေစတယ္။ အစာေခ်ႏိုင္စြမ္းကို ပိုအားေကာာင္းေစတယ္။ ကိုယ္ခံအားစနစ္ကိုအားေကာင္းေစပါတယ္။

ဒါ့ေၾကာင့္ ၾကက္သြန္နီဟာ စားသုံးရလြယ္ကူၿပီး အံ့ဩရေလာက္ေအာင္ အာဟာရဓါတ္မ်ား ေပါႂကြယ္ဝ႐ုံသာမက ေရာဂါအခ်ိဳ႕ကို ကာကြယ္ႏိုင္စြမ္း႐ွိေသာ က်န္းမာေရးအတြက္ အဖိုးထိုက္တန္ေသာ အသီးအႏွံတစ္မ်ိဳးျဖစ္တာမို႔ မိမိတို႔ရဲ႕ ေန႔စဥ္အာဟာရထဲမွာ ၾကက္သြန္နီအစိမ္းစားျခင္းကိုပါ ထည့္သြင္းတြက္ခ်က္ႏိုင္ဖို႔ ေဖာ္ျပေပးလိုက္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service