အိမ်ရောင်းသူမှာ လက်ချည်းဗလာ၊ မြေပါမစ်က ငွေရှင်လက်ထဲမှာ

အိမ်ရောင်းသူမှာ လက်ချည်းဗလာ၊ မြေပါမစ်က ငွေရှင်လက်ထဲမှာ - Property Knowledge in Myanmar from iMyanmarHouse.com
18 Apr 2022 11:58 am တွင် တင်ခဲ့သည်
880 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ယနေ့မနက် ၁၁ နာရီမှာ ကိုးရီးယား+မြန်မာဖက်စပ် စီးပွားရေးလုပ်ကိုင်နေ တဲ့ မန်နေးဂျင်းဒါရိုက်တာ MD မခိုင်ခိုင်ကျော် နဲ့ စာချုပ်တစ်ခု ချုပ်ဆိုပေးဖို့ ကိစ္စချိန်းထားတာမို့ နံနက် ၆ နာရီမှာ အိမ်ရာမှထကာ ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်တဲ့အချိန်မှာပဲ၊ ဖုန်းမြည်သံကြားလို့ ယူပြီး နားထောင်ကြည့်လိုက် တဲ့အခါ “ဆရာ...ကျွန်မ နွယ်နီပါ” “အေး..သမီးပြောပါ” လို့ ကျွန်ုပ်က နှုတ် ဆက်လိုက်တာနဲ့ “စောစောစီးစီး၊ ဆရာ့ကို ဒုက္ခပေးသလိုများဖြစ်သွားလား မသိဘူးနော်” “အမလေး နွယ်နီရယ်၊ နိဒါန်းတွေ ပျိုးနေရသေးတယ်၊ ကဲ ကဲ.. ဆရာ ဘာကူညီရမလဲသာ ပြောပါ”လို့ ဆိုတော့မှ “အဟိ...ကျွန်မာရဲ့ မမက ဒဂုံဆိပ်ကမ်း (၈၈)ရပ်ကွက်မှာ အိမ်ဝယ်ချင်လို့တဲ့၊ ဒီမနက် ၈ နာရီခွဲမှာ စာချုပ်မှာလို့ ပြောတယ်။ ရှေ့နေနဲ့ စာချုပ်ချင်တယ်ပြောလို့ ဆရာ့ကို သတိရလို့ အကူအညီ တောင်းတာပါ”

“ဟုတ်လား၊ လိုက်ချုပ်ပေးရမှာပေါ့၊ စာချုပ်ဖြစ်ရင် ရှေ့နေဉာဏ်ပူဇော်ခရမယ့်ကိစ္စ၊ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။ မင်္ဂလာရှိသော နံနက်ခင်းပါ နွယ်နီရေ”

ဟန်တွေ ပန်တွေ မလိုပါသနော် ပွဲဖြစ်ဖို့က အဓိကနော်

“အဟိ....ဆရာသိပ်လိုက်ချင်ပုံမပေါ်ဘူးနော်” “ဘယ့်နှယ့် ပြောလိုက်တာ လဲနွယ်နီရယ်၊ မိုးတွင်းကာလ အိမ်ခြံမြေ ဝယ်သူတွေရှားပါးနေတဲ့ အချိန်မှာ ဝယ်ချင်သူက စာချုပ်ဖို့ လာခေါ်တာ၊ မလိုက်ချင်ဘဲ ဘယ်နေပါ့မလဲ လိုက်ချင်တာပေါ့၊ စောတာတွေ ဘာတွေ ဆင်ခြေပေးနေလို့ မဖြစ်ဘူးလေ၊ ရှေ့နေလည်း ငွေလိုနေတာပဲ ပွဲဖြစ်ပါစေ ဆုတောင်းပေးရမှာပေါ့၊ ရောင်းသူ ဝယ် သူတွေ အိုကေမှ ရှေ့နေလည်း စိုပြေမှာလေ မဟုတ်ဘူးလား နွယ်နီရဲ့”

“အိုး...ဆရာကလည်း ဟန်မဆောင်တတ်ဘူးနော်၊ ဒါဆို အိမ်ကသာ စောင့်နေပေတော့။ မကြာခင် မမနဲ့ သူရဲ့သူဌေးကားနဲ့ ရောက်လာလိမ့်မယ်” ဟုဆိုကာ ကျွန်ုပ်အိမ်ကို သွားပုံသွားနည်း တစ်ခါတည်း လမ်းညွှန်နေတာကို ဖုန်းထဲက ကြားနေရပါတယ်။ နွယ်နီရဲ့လမ်းညွှန်ချက်အတိုင်း နာရီဝက်လောက်အကြာမှာ နွယ်နီရဲ့ မမနဲ့ သူရဲ့ သူဌေးကလေးတို့ ရောက်လာပါတယ်။

ဝယ်သူကို ကြိုဆိုပါတယ်၊ ငွေလိုသူတွေ အိမ်ရောင်းချင်တယ်

ရောက်တာနဲ့ ကားပေါ်က မဆင်းတော့ဘူးလို့ ပြောတာနဲ့ ကျွန်ုပ်လည်း သူတို့ ကားပေါ်တတ်လိုက်ခဲ့ပြီး (၈၈) ရပ်ကွက်ဘက်ကို ခရီးနှင်ခဲ့တယ်။ (၈၈) ရပ်ကွက် ရောက်တဲ့အခါ အတွင်းလမ်းသွယ်ထဲ ဝင်သွားရပါတယ်။ လမ်းသွယ်ဆိုပေမယ့် ကွန်ကရစ်လမ်းဆိုတော့ ကားဝင်ရတာ အဆင်ပြေပါတယ်။ လမ်းဆုံးဆုံးကာနီး အစွန်ဆုံး မြေကွက်ရှေ့မှာ ကားကို ရပ်လိုက်တယ်ဆိုရင်ပဲ အိမ်ထဲက အမျိုးသမီး (၄)ဦးနဲ့ အမျိုးသားနှစ်ဦးတို့က ပြုံးပြုံးရွှင်ရွှင်ဆီးကြိုနေကြ ပါတယ်။ ဝယ်သူတွေလာပြီဆိုတော့ ပွဲဖြစ်ပြီဆိုတဲ့ အဓိပ္ပါယ်ပေါ့လေ။

ပါမစ်ဖြစ်သော်ငြား၊ ဝယ်သူအဆင်ဆင့် လက်ပြောင်းသွား

အိမ်ထဲရောက်တာနဲ့ အိမ်ပိုင်ဆိုင်မှု စာရွက်စာတမ်းတွေ ကြည့်ပါရစေလို့ ကျွန်ုပ်က တောင်းလိုက်တယ်။ ရောင်းသူရဲ့ ဇနီးက မြေချပါမစ်စာရွက် စာတမ်းတွေထုတ်ပြပါတယ်။ ပထမ ပါမစ်အမည်ပေါက်သူက (၁၀)နှစ်လောက်နေသွားပြီးမှ အဆင့်ဆင့်ပြန်ရောင်းသွားတဲ့ အရောင်းအဝယ်စာချုပ်တွေကို တွေ့ရလို့ ယခုနောက်ဆုံး ရောင်းသူတွေက လက်ရှိပိုင်ဆိုင်ပြီး အမှန်တကယ် ငွေလိုအပ်လို့ ပြန်ရောင်းတယ်ဆိုတာ သိရပါတယ်။

ရေမီးအစုံ နေရန်အသင့်၊ ပါမစ်ဖြစ်လို့ သတိထားစစ်

ဈေးနှုန်းအနေနဲ့လည်း (20’x60’) ပါမစ်မြေတစ်ကွက် သိန်း (၁၆၀) နဲ့ ရောင်းတာတွေ့ရပါတယ်။ မြေကွက်သက်သက်မဟုတ်ဘဲ လုံးချင်းတိုက်ကလေး ဆောက်ထားတယ်။ ရေမီးအပြည့်အစုံရှိတယ်ဆိုတော့ ဝယ်သင့်တယ်လို့ ဝယ်သူကို ကျွန်ုပ်အကြံပေးလိုက်တယ်။ အဲ...ဒါပေမယ့် မြေချပါမစ်ဖြစ်နေတဲ့ အတွက် ရန်ကုန်မြို့တော်ခန်းမ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှာ ပါမစ်မြေအမည်ပေါက် မှန်ကန်မှုရှိမရှိရယ်၊ ကန့်ကွက်ချက်ရှင်းမရှင်းရယ်၊ ပါမစ်အမည်ပေါက်သူက ပါမစ်ပျောက်တယ်လို့ လိမ်ညာပြီး ဂရန်သစ်လျှောက်ထားတာများ ရှိမလားဆိုတဲ့ အချက်တွေ ရှိမရှိစုံစမ်းစစ်ဆေးဖို့ လိုသေးတဲ့ အတွက် စရန်ငွေပေးကတိစာချုပ်လို့ပဲရမယ်။ အပြီးအပိုင် ငွေချေတဲ့ စာချုပ်ချုပ်ဆိုပေးလို့ မဖြစ်သေးဘူးလို့ ရှင်းပြလိုက်တယ်။

ရောင်းသူမှာ လက်ချည်းဗလာ၊ ပါမစ်မူရင်းက ငွေရှင်လက်ထဲမှာ

ဝယ်သူ သူဌေးလေးက ဆရာပြောသလိုဆိုရင် စည်ပင်သွားစစ်ရဦးမှာဖြစ်လို့ စရန်ငွေ (၁၀) သိန်းလောက်ပဲ ချခဲ့မယ်လို့ ပြောလိုက်တဲ့အခါ ရောင်းသူတွေ မှာ မျက်စိမျက်နှာပျက်သွားပြီး “အိမ်လာကြည့်တဲ့နေ့က ဘောစိရဲ့ အဖေအမေတွေက နေရာကြိုက်တယ်၊ ဒီနေ့အပြီး ငွေချေမယ်ပြောလို့ ကျွန်မတို့ဘက်ကလည်း ပါမစ်မူရင်းကိုင်ထားသူကိုခေါ်ပြီး စောင့်နေတာပါ၊ အနည်းဆုံး စရန်ငွေ သိန်း(၆၀) လောက်ချေမှ ပါမစ်မူရင်းက ကျွန်မပြန်ယူထားလို့ရမှာ (၁၀)သိန်းနဲ့ဆိုရင်တော့ အရမ်းနည်းတယ်။”

“ဘောစိရယ်၊ ဒီမြေနဲ့အိမ်က အမှန်အကန် ရောင်းတာပါ။ အရှုပ်အရှင်း မရှိပါဘူး” လို့ ပြောတော့ သူဌေးလေးက“အမတို့ကလည်း အရှုပ်အရှင်း မရှိဘူးသာပြောတယ်၊ ပါမစ်မူရင်းကိုင်ထားသူက တစ်ယောက်ဖြစ်နေတယ်ဆိုတော့ ကျွန်တော်က ဘယ်စကားကို ယုံရမှာလဲ” “အင်း....မပြောမပြီး ၊ မတီးမမြည် ပြောမှ ပြီးမှာပဲ”ဆိုတော့ ဇာတ်လမ်းစုံရှင်းပြချင်ပါတယ်။

ကတိမတည် သစ္စာမရှိ၊ ငွေတိုးပေးစားသူများ သတိရှိပါ

ဒီလိုပါ။ ပါမစ်မူရင်းကိုတော့ သူက ကျွန်မရဲ့ ငွေရှင်ပါ။ ကျွန်မက လက်ဆော့၊ ပါးစပ်ဆော့ပြီး ငွေတိုးပေးစားရရင် ကောင်းမှာပဲစိတ်ကူးမိတာနဲ့ ငွေရှင်ဆီက သိန်း(၆၀)လောက်ငွေချေးပြီး၊ ရပ်ကွက်ထဲမှာ ၁၀ % အတိုးနဲ့ ပေးစားတယ်။ ပထမ (၆)လလောက်အထိတော့ အဆင်ပြေပါတယ်။အတိုးတွေပေးကြတယ်။ (၆)လ နောက်ပိုင်းလည်း ရောက်ရော၊ ပေးသူက တစ်ဦးနှစ်ဦး မပေးသူက အများဆိုတော့ ကျွန်မလည်း အကြွေးတွေတင်တော့တာပေါ့။ အခုမိုးတွင်း မှာ ယောက်ျားကလည်း အလုပ်မရှိလို့ ထိုင်စားဖြစ်နေတယ်။ ဒါပေမယ့် တစ်လတစ်လ အတိုးကသတ်နေရပါတယ်။ ကြာရင် လုံးပါးပါးပြီး ငွေရှင်ထံမှာ အပ်ထားတဲ့ ပါမစ်မူရင်းတောင် ပြန်ရွေးနိုင်ဖို့ မမြင်တော့တာနဲ့ အခုလို အရှုံးခံပြီး ရောင်းရတာပါ။ အခုဘောစိတို့မြင်တဲ့အတိုင်း လုံးချင်းတိုက်ကလေး ဆောက်တာက သိန်း (၅၀)လောက်ကုန်ပါတယ်။ အဝိစိတွင်းတူးတာကလည်း (၁၂)သိန်းလောက် ကုန်ပါတယ်။

အရောင်းအဝယ် အဆင်ပြေရင် အိမ်သော့အပ်ဖို့ အသင့်ပြင်

“အဲ့ဒါ ဒီနေ့ အရောင်းအဝယ်တည့်သွားရင် ပါမစ်မူင်း ပြန်ရွေးမယ်။ ပြီးတော့ ဘောစိတို့ လက်ထဲထည့် လိုက်မယ်တွက်ထားတာ ငွေအားလုံးချေတာနဲ့ ပါမစ်မူရင်းပေးပြီး ကျွန်မတို့ မိသားစုကတော့ အမေအိမ် ခေတ္တတတ်နေမယ်စိတ်ကူးထားတယ်။ အခုပစ္စည်းတွေ အားလုံးသိမ်းပြီးပြီ၊ ငွေချေတာနဲ့ သော့အပ်မယ်၊ ဆင်းသွားဖို့ အဆင်သင့်ပဲ” လို့ ပြောတာနဲ့ ကျွန်ုပ်လည်း အတွင်းအပြင်ကို လေ့လာကြည့်လိုက်တဲ့အခါ အဝတ်အစားနဲ့ အိမ်တွင်းပစ္စည်းတွေ အမှန်တကယ် ထုတ်ပိုးထားတာကို တွေ့ရပါတယ်။

အိမ်ခြံမြေ အရောင်းအဝယ် အငိုလွယ်လို့ အရှိုက်ခက်တယ်

သို့ပေမယ့် အိမ်ခြံမြေ အရောင်းအဝယ်လုပ်တယ်ဆိုတော့က “အခုရေတွင်း တူး၊ အခုရေကြည်သောက်” ဆိုသလို ပြီးစလွယ် လုပ်လို့ရတယ်လို့ ရောင်းသူ ဘက်က ထင်နေပေမယ့် ဝယ်သူဆိုတာမျိုးက စေ့စပ်သေချာစွာစုံစမ်းစစ်ဆေးပြီးမှ ဝယ်ယူကြတာလေ။ အခုတော့ ဒီထက်သေချာအောင် ရှေ့နေတောင်ခေါ်လာခဲ့ပြီ။ ဒါပေမယ့် စဉ်းစားချိန်မပေးနိုင် မြို့တော်စည်ပင်မှာ မစုံးစမ်းရသေးမီ ၊ ပါမစ်ပြန်ရွေးဖို့ စရန်ငွေ သိန်း(၆၀)ချခဲ့ပါလို့ အတင်းပြောနေတေ့ ဝယ်သူ သူဌေးလေးမှာ စိတ်ညစ်သွားပုံရတယ်။

ပညာရှိပီပီ စဉ်းစားပြီးတော့ စရန်မချတော့ဘူး ဝယ်ရင် အပြီးငွေချေမယ် အခုတော့ မြို့တော်ခန်းမမှာ သွားရောက်စုံစမ်းချင်သေးတယ်။ ဒီနေ့ မဝယ်သေးဘူးဗျာ လို့ ယတိပြတ်ပြောလိုက်ပြီး ရှေ့နေကြီးရေ ပြန်ကြမယ်၊ ကားပေါ်တတ်ဆိုတာနဲ့ ကျွန်ုပ်လည်း စာရွက်စာတမ်းတွေ ပိုင်ရှင်ကို အကုန်ပြန်ပေးပြီး ကမန်းကတမ်း ကားပေါ်တတ်ပြီး ပြန်လာခဲ့ရပါတော့တယ်။

အော်...ဒီနေ့လည်း ရှေ့နေကြီး “မှန်းချက်နဲ့နှမ်းထွက် မကိုက်” ဖြစ်ရပြန် ပြီပေါ့နော်၊ အဆင်မပြေတဲ့လောကကြီးမှာ ဖုတွေ ထစ်တွေနဲ့ပါလားလို့။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

အိမ္ေရာင္းသူမွာ လက္ခ်ည္းဗလာ၊ ေျမပါမစ္က ေငြရွင္လက္ထဲမွာ

ယေန႔မနက္ ၁၁ နာရီမွာ ကိုးရီးယား+ျမန္မာဖက္စပ္ စီးပြားေရးလုပ္ကိုင္ေန တဲ႔ မန္ေနးဂ်င္းဒါရုိက္တာ MD မခိုင္ခုိင္ေက်ာ္ နဲ႔ စာခ်ဳပ္တစ္ခု ခ်ဳပ္ဆုိေပးဖို႔ ကိစၥခ်ိန္းထားတာမို႔ နံနက္ ၆ နာရီမွာ အိမ္ရာမွထကာ ႀကိဳတင္ျပင္ဆင္မႈေ တြ ျပဳလုပ္တဲ႔အခ်ိန္မွာပဲ၊ ဖုန္းျမည္သံၾကားလုိ႔ ယူၿပီး နားေထာင္ၾကည့္လုိက္ တဲ႔အခါ “ဆရာ...ကၽြန္မ ႏြယ္နီပါ” “ေအး..သမီးေျပာပါ” လို႔ ကၽြႏု္ပ္က ႏႈတ္ ဆက္လိုက္တာနဲ႔ “ေစာေစာစီးစီး၊ ဆရာ့ကို ဒုကၡေပးသလုိမ်ားျဖစ္သြားလား မသိဘူးေနာ္” “အမေလး ႏြယ္နီရယ္၊ နိဒါန္းေတြ ပ်ိဳးေနရေသးတယ္၊ ကဲ ကဲ.. ဆရာ ဘာကူညီရမလဲသာ ေျပာပါ”လို႔ ဆုိေတာ့မွ “အဟိ...ကၽြန္မာရဲ႕ မမက ဒဂံုဆိပ္ကမ္း (၈၈)ရပ္ကြက္မွာ အိမ္ဝယ္ခ်င္လုိ႔တဲ႔၊ ဒီမနက္ ၈ နာရီခြဲမွာ စာခ်ဳပ္မွာလုိ႔ ေျပာတယ္။ ေရွ႕ေနနဲ႔ စာခ်ဳပ္ခ်င္တယ္ေျပာလုိ႔ ဆရာ့ကို သတိရလို႔ အကူအညီ ေတာင္းတာပါ” “ဟုတ္လား၊ လိုက္ခ်ဳပ္ေပးရမွာေပါ့၊ စာခ်ဳပ္ျဖစ္ရင္ ေရွ႕ေနဥာဏ္ပူေဇာ္ခရမယ့္ကိစၥ၊ဝမ္းေျမာက္ဝမ္းသာ ႀကိဳဆုိပါတယ္။ မဂၤလာရွိေသာ နံနက္ခင္းပါ ႏြယ္နီေရ”

ဟန္ေတြ ပန္ေတြ မလိုပါသေနာ္ ပြဲျဖစ္ဖုိ႔က အဓိကေနာ္

“အဟိ....ဆရာသိပ္လိုက္ခ်င္ပံုမေပၚဘူးေနာ္” “ဘယ့္ႏွယ့္ ေျပာလိုက္တာ လဲႏြယ္နီရယ္၊ မိုးတြင္းကာလ အိမ္ၿခံေျမ ဝယ္သူေတြရွားပါးေနတဲ႔ အခ်ိန္မွာ ဝယ္ခ်င္သူက စာခ်ဳပ္ဖုိ႔ လာေခၚတာ၊ မလိုက္ခ်င္ဘဲ ဘယ္ေနပါ့မလဲ လိုက္ခ်င္တာေပါ့၊ ေစာတာေတြ ဘာေတြ ဆင္ေျခေပးေနလို႔ မျဖစ္ဘူးေလ၊ ေရွ႕ေနလည္း ေငြလိုေနတာပဲ ပြဲျဖစ္ပါေစ ဆုေတာင္းေပးရမွာေပါ့၊ ေရာင္းသူ ဝယ္ သူေတြ အုိေကမွ ေရွ႕ေနလည္း စိုေျပမွာေလ မဟုတ္ဘူးလား ႏြယ္နီရဲ႕”

“အုိး...ဆရာကလည္း ဟန္မေဆာင္တတ္ဘူးေနာ္၊ ဒါဆို အိမ္ကသာ ေစာင့္ေနေပေတာ့။ မၾကာခင္ မမနဲ႔ သူရဲ႕သူေဌးကားနဲ႔ ေရာက္လာလိမ့္မယ္” ဟုဆိုကာ ကၽြႏ္ုပ္အိမ္ကို သြားပံုသြားနည္း တစ္ခါတည္း လမ္းညႊန္ေနတာကုိ ဖုန္းထဲက ၾကားေနရပါတယ္။ ႏြယ္နီရဲ႕လမ္းညႊန္ခ်က္အတိုင္း နာရီဝက္ေလာက္အၾကာမွာ ႏြယ္နီရဲ႕ မမနဲ႔ သူရဲ႕ သူေဌးကေလးတုိ႔ ေရာက္လာပါတယ္။

ဝယ္သူကုိ ႀကိဳဆုိပါတယ္၊ ေငြလုိသူေတြ အိမ္ေရာင္းခ်င္တယ္

ေရာက္တာနဲ႔ ကားေပၚက မဆင္းေတာ့ဘူးလုိ႔ ေျပာတာနဲ႔ ကၽြႏု္ပ္လည္း သူတို႔ ကားေပၚတတ္လုိက္ခဲ႔ၿပီး (၈၈) ရပ္ကြက္ဘက္ကို ခရီးႏွင္ခဲ႔တယ္။ (၈၈) ရပ္ကြက္ ေရာက္တဲ႔အခါ အတြင္းလမ္းသြယ္ထဲ ဝင္သြားရပါတယ္။ လမ္းသြယ္ဆုိေပမယ့္ ကြန္ကရစ္လမ္းဆုိေတာ့ ကားဝင္ရတာ အဆင္ေျပပါတယ္။ လမ္းဆံုးဆံုးကာနီး အစြန္ဆံုး ေျမကြက္ေရွ႕မွာ ကားကုိ ရပ္လိုက္တယ္ဆုိရင္ပဲ အိမ္ထဲက အမ်ိဳးသမီး (၄)ဦးနဲ႔ အမ်ိဳးသားႏွစ္ဦးတုိ႔က ၿပံဳးၿပံဳးရႊင္ရႊင္ဆီးႀကိဳေနၾက ပါတယ္။ ဝယ္သူေတြလာၿပီဆုိေတာ့ ပြဲျဖစ္ၿပီဆုိတဲ႔ အဓိပၸါယ္ေပါ့ေလ။

ပါမစ္ျဖစ္ေသာ္ျငား၊ ဝယ္သူအဆင္ဆင့္ လက္ေျပာင္းသြား

အိမ္ထဲေရာက္တာနဲ႔ အိမ္ပိုင္ဆုိင္မႈ စာရြက္စာတမ္းေတြ ၾကည့္ပါရေစလုိ႔ ကၽြႏ္ုပ္က ေတာင္းလိုက္တယ္။ ေရာင္းသူရဲ႕ ဇနီးက ေျမခ်ပါမစ္စာရြက္ စာတမ္းေတြထုတ္ျပပါတယ္။ ပထမ ပါမစ္အမည္ေပါက္သူက (၁၀)ႏွစ္ေလာက္ေနသြားၿပီးမွ အဆင့္ဆင့္ျပန္ေရာင္းသြားတဲ႔ အေရာင္းအဝယ္စာခ်ဳပ္ေတြကို ေတြ႔ရလို႔ ယခုေနာက္ဆံုး ေရာင္းသူေတြက လက္ရွိပိုင္ဆုိင္ၿပီး အမွန္တကယ္ ေငြလိုအပ္လုိ႔ ျပန္ေရာင္းတယ္ဆုိတာ သိရပါတယ္။

ေရမီးအစံု ေနရန္အသင့္၊ ပါမစ္ျဖစ္လုိ႔ သတိထားစစ္

ေဈးႏႈန္းအေနနဲ႔လည္း (20’x60’) ပါမစ္ေျမတစ္ကြက္ သိန္း (၁၆၀) နဲ႔ ေ ရာင္းတာေတြ႔ရပါတယ္။ ေျမကြက္သက္သက္မဟုတ္ဘဲ လံုးခ်င္းတုိက္ကေလး ေဆာက္ထားတယ္။ ေရမီးအျပည့္အစံုရွိတယ္ဆုိေတာ့ ဝယ္သင့္တယ္လို႔ ဝယ္သူကို ကၽြႏ္ုပ္အႀကံေပးလုိက္တယ္။ အဲ...ဒါေပမယ့္ ေျမခ်ပါမစ္ျဖစ္ေနတဲ႔ အတြက္ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမ ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာနမွာ ပါမစ္ေျမအမည္ေပါက္ မွန္ကန္မႈရွိမရွိရယ္၊ ကန္႔ကြက္ခ်က္ရွင္းမရွင္းရယ္၊ ပါမစ္အမည္ေပါက္သူက ပါမစ္ေပ်ာက္တယ္လုိ႔ လိမ္ညာၿပီး ဂရန္သစ္ေလွ်ာက္ထားတာမ်ား ရိွမလားဆုိတဲ႔ အခ်က္ေတြ ရွိမရွိစံုစမ္းစစ္ေဆးဖို႔ လိုေသးတဲ႔ အတြက္ စရန္ေငြေပးကတိစာခ်ဳပ္လို႔ပဲရမယ္။ အၿပီးအပိုင္ ေငြေခ်တဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိေပးလုိ႔ မျဖစ္ေသးဘူးလုိ႔ ရွင္းျပလိုက္တယ္။

ေရာင္းသူမွာ လက္ခ်ည္းဗလာ၊ ပါမစ္မူရင္းက ေငြရွင္လက္ထဲမွ

ာဝယ္သူ သူေဌးေလးက ဆရာေျပာသလုိဆုိရင္ စည္ပင္သြားစစ္ရဦးမွာျဖစ္လို႔ စရန္ေငြ (၁၀) သိန္းေလာက္ပဲ ခ်ခဲ႔မယ္လို႔ ေျပာလိုက္တဲ႔အခါ ေရာင္းသူေတြ မွာ မ်က္စိမ်က္ႏွာပ်က္သြားၿပီး “အိမ္လာၾကည့္တဲ႔ေန႔က ေဘာစိရဲ႕ အေဖအေမေတြက ေနရာႀကိဳက္တယ္၊ ဒီေန႔အၿပီး ေငြေခ်မယ္ေျပာလို႔ ကၽြန္မတို႔ဘက္ကလည္း ပါမစ္မူရင္းကိုင္ထားသူကိုေခၚၿပီး ေစာင့္ေနတာပါ၊ အနည္းဆံုး စရန္ေငြ သိန္း(၆၀) ေလာက္ေခ်မွ ပါမစ္မူရင္းက ကၽြန္မျပန္ယူထားလုိ႔ရမွာ (၁၀)သိန္းနဲ႔ဆုိရင္ေတာ့ အရမ္းနည္းတယ္။”

“ေဘာစိရယ္၊ ဒီေျမနဲ႔အိမ္က အမွန္အကန္ ေရာင္းတာပါ။ အရႈပ္အရွင္း မရွိပါဘူး” လို႔ ေျပာေတာ့ သူေဌးေလးက“အမတို႔ကလည္း အရႈပ္အရွင္း မရွိဘူးသာေျပာတယ္၊ ပါမစ္မူရင္းကိုင္ထားသူက တစ္ေယာက္ျဖစ္ေနတယ္ဆုိေတာ့ ကၽြန္ေတာ္က ဘယ္စကားကို ယံုရမွာလဲ” “အင္း....မေျပာမၿပီး ၊ မတီးမျမည္ ေျပာမွ ၿပီးမွာပဲ”ဆုိေတာ့ ဇာတ္လမ္းစံုရွင္းျပခ်င္ပါတယ္။

ကတိမတည္ သစၥာမရွိ၊ ေငြတိုးေပးစားသူမ်ား သတိရွိပါ

ဒီလိုပါ။ ပါမစ္မူရင္းကုိေတာ့ သူက ကၽြန္မရဲ႕ ေငြရွင္ပါ။ ကၽြန္မက လက္ေဆာ့၊ ပါးစပ္ေဆာ့ၿပီး ေငြတိုးေပးစားရရင္ ေကာင္းမွာပဲစိတ္ကူးမိတာနဲ႔ ေငြရွင္ဆီက သိန္း(၆၀)ေလာက္ေငြေခ်းၿပီး၊ ရပ္ကြက္ထဲမွာ ၁၀ % အတိုးနဲ႔ ေပးစားတယ္။ ပထမ (၆)လေလာက္အထိေတာ့ အဆင္ေျပပါတယ္။အတိုးေတြေပးၾကတယ္။ (၆)လ ေနာက္ပိုင္းလည္း ေရာက္ေရာ၊ ေပးသူက တစ္ဦးႏွစ္ဦး မေပးသူက အမ်ားဆုိေတာ့ ကၽြန္မလည္း အေၾကြးေတြတင္ေတာ့တာေပါ့။ အခုမုိးတြင္း မွာ ေယာက္်ားကလည္း အလုပ္မရွိလို႔ ထိုင္စားျဖစ္ေနတယ္။ ဒါေပမယ့္ တစ္လတစ္လ အတိုးကသတ္ေနရပါတယ္။ ၾကာရင္ လံုးပါးပါးၿပီး ေငြရွင္ထံမွာ အပ္ထားတဲ႔ ပါမစ္မူရင္းေတာင္ ျပန္ေရြးႏိုင္ဖို႔ မျမင္ေတာ့တာနဲ႔ အခုလုိ အရံႈးခံၿပီး ေရာင္းရတာပါ။ အခုေဘာစိတုိ႔ျမင္တဲ႔အတိုင္း လံုးခ်င္းတုိက္ကေလး ေဆာက္တာက သိန္း (၅၀)ေလာက္ကုန္ပါတယ္။ အဝိစိတြင္းတူးတာကလည္း (၁၂)သိန္းေလာက္ ကုန္ပါတယ္။

အေရာင္းအဝယ္ အဆင္ေျပရင္ အိမ္ေသာ့အပ္ဖုိ႔ အသင့္ျပင္

“အဲ႔ဒါ ဒီေန႔ အေရာင္းအဝယ္တည့္သြားရင္ ပါမစ္မူင္း ျပန္ေရြးမယ္။ ၿပီးေတာ့ ေဘာစိတုိ႔ လက္ထဲထည့္ လိုက္မယ္တြက္ထားတာ ေငြအားလံုးေခ်တာနဲ႔ ပါမစ္မူရင္းေပးၿပီး ကၽြန္မတို႔ မိသားစုကေတာ့ အေမအိမ္ ေခတၱတတ္ေနမယ္စိတ္ကူးထားတယ္။ အခုပစၥည္းေတြ အားလံုးသိမ္းၿပီးၿပီ၊ ေငြေခ်တာနဲ႔ ေသာ့အပ္မယ္၊ ဆင္းသြားဖုိ႔ အဆင္သင့္ပဲ” လို႔ ေျပာတာနဲ႔ ကၽြႏု္ပ္လည္း အတြင္းအျပင္ကို ေလ့လာၾကည့္လုိက္တဲ႔အခါ အဝတ္အစားနဲ႔ အိမ္တြင္းပစၥည္းေတြ အမွန္တကယ္ ထုတ္ပုိးထားတာကို ေတြ႔ရပါတယ္။

အိမ္ၿခံေျမ အေရာင္းအဝယ္ အငိုလြယ္လုိ႔ အရႈိက္ခက္တယ္

သို႔ေပမယ့္ အိမ္ၿခံေျမ အေရာင္းအဝယ္လုပ္တယ္ဆုိေတာ့က “အခုေရတြင္း တူး၊ အခုေရၾကည္ေသာက္” ဆုိသလို ၿပီးစလြယ္ လုပ္လို႔ရတယ္လို႔ ေရာင္းသူ ဘက္က ထင္ေနေပမယ့္ ဝယ္သူဆိုတာမ်ိဳးက ေစ့စပ္ေသခ်ာစြာစံုစမ္းစစ္ေဆးၿပီးမွ ဝယ္ယူၾကတာေလ။ အခုေတာ့ ဒီထက္ေသခ်ာေအာင္ ေရွ႕ေနေ တာင္ေခၚလာခဲ႔ၿပီ။ ဒါေပမယ့္ စဥ္းစားခ်ိန္မေပးႏုိင္ ၿမိဳ႕ေတာ္စည္ပင္မွာ မစံုးစမ္းရေသးမီ ၊ ပါမစ္ျပန္ေရြးဖုိ႔ စရန္ေငြ သိန္း(၆၀)ခ်ခဲ႔ပါလို႔ အတင္းေျပာေနေ တာ့ ဝယ္သူ သူေဌးေလးမွာ စိတ္ညစ္သြားပံုရတယ္။

ပညာရွိပီပီ စဥ္းစားၿပီးေတာ့ စရန္မခ်ေတာ့ဘူး ဝယ္ရင္ အၿပီးေငြေခ်မယ္ အခုေတာ့ ၿမိဳ႕ေတာ္ခန္းမမွာ သြားေရာက္စံုစမ္းခ်င္ေသးတယ္။ ဒီေန႔ မဝယ္ေသးဘူးဗ်ာ လို႔ ယတိျပတ္ေျပာလိုက္ၿပီး ေရွ႕ေနႀကီးေရ ျပန္ၾကမယ္၊ ကားေပၚတတ္ဆုိတာနဲ႔ ကၽြႏ္ုပ္လည္း စာရြက္စာတမ္းေတြ ပိုင္ရွင္ကို အကုန္ျပန္ေပးၿပီး ကမန္းကတမ္း ကားေပၚတတ္ၿပီး ျပန္လာခဲ႔ရပါေတာ့တယ္။

ေအာ္...ဒီေန႔လည္း ေရွ႕ေနႀကီး “မွန္းခ်က္နဲ႔ႏွမ္းထြက္ မကိုက္” ျဖစ္ရျပန္ ၿပီေပါ့ေနာ္၊ အဆင္မေျပတဲ႔ေလာကႀကီးမွာ ဖုေတြ ထစ္ေတြနဲ႔ပါလားလို႔။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေန ေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service