အဘရာမိုဗစ်ချ်၏ ပေါင် သန်း ၂၅၀ ကျော်တန်ဖိုးရှိ အိမ်ခြံမြေများနှင့် ချယ်ဆီးအသင်း၏ ကံကြမ္မာ
အဘရာမိုဗစ်ချ်၏ ပေါင် သန်း ၂၅၀ ကျော်တန်ဖိုးရှိ အိမ်ခြံမြေများနှင့် ချယ်ဆီးအသင်း၏ ကံကြမ္မာ - Property News in Myanmar from iMyanmarHouse.com
18 Apr 2022 11:35 am တွင် တင်ခဲ့သည်
582 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ချယ်လ်ဆီးအသင်း၏ အိမ်ကွင်းဖြစ်သော စတန်းဖို့ဒ်ဘရစ်ချ်တွင် ဘောလုံးပွဲစဉ်များကြည့်ရှုရန် လာရောက်ကြသည့် ပရိသတ်တို့သည် ဘောလုံးကွင်းဘေး ဖြတ်သန်းလမ်းလျှောက်ရာတွင် လူနေခန်း အများအပြားကို ဖြတ်သန်းခဲ့ကြမည်ဖြစ်သော်လည်း အဆိုပါအခန်းများသည် ဗြိတိန်တွင် အိမ်ခြံမြေများ တန်ဖိုးအများဆုံး ပိုင်ဆိုင်ထားသူတစ်ဦး၏ အခန်းများဖြစ်ကြောင်း သိကြလိမ့်မည် မဟုတ်ချေ။
ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန် အဘရာမိုဗစ်ချ်သည် လက်ရှိတွင် ဗြိတိန်အစိုးရ၏ ပိတ်ဆို့အရေးယူခြင်း ခံထားရသူတစ်ဦး ဖြစ်သည်။
အဘရာမိုဗစ်ချ်တို့မိသားစုသည် ဗြိတိန်တွင် ပေါင် သန်း ၂၅၀ ကျော်တန်ကြေးရှိ အိမ်ခြံမြေများ ပိုင်ဆိုင်ထားသည်။
နေအိမ်ပေါင်း ၇၀ ခန့်၊ အဆောက်အအုံများနှင့် မြေများ ပါဝင်သည်။
အဘရာမိုဗစ်ချ်နှင့် ဆက်နွှယ်နေသည့် ပိုင်ဆိုင်မှု အချက်အလက်များကို ရုရှားအခြေစိုက် ပိုင်ဆိုင်မှုများ ခြေရာခံသည့်အဖွဲ့တစ်ခု၊ Organized Crime and Corruption Reporting Project အဖွဲ့နှင့် အခြားသော နိုင်ငံတကာ သတင်းအဖွဲ့အစည်းများက စုစည်းထားခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့များသည် ရုရှားမှ သြဇာအကြီးဆုံးပုဂ္ဂိုလ်များ၏ ပ်ိုင်ဆိုင်မှုများကို လေ့လာနေကြသည့် အဖွဲ့များ ဖြစ်သည်။
၂၀၂၀ ပြည့်နှစ်မှ ယခုအချိန်အထိ ရရှိထားသောအချက်အလက်များအပေါ် အခြေခံထားသည်။
The Guardian သတင်းဌာနနှင့် လက်တွဲလုပ်ကိုင်နေသော Transparency International ကလည်း လန်ဒန်မြို့လယ်တွင် အဘရာမိုဗစ်ချ်ပိုင်ဆိုင်သည့်ကုမ္ပဏီများနှင့် ဆက်နွှယ်နေသည့် တန်ဖိုးကြီး စံအိမ် ၅၃ လုံး၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများ၊ မြေကွက်များအကြောင်း အထောက်အထားများ တွေ့ရှိထားသည်။
အဘရာမိုဗစ်ချ်က ပေါင် သန်း ၁၂၀ ဖြင့် ဝယ်ယူထားသော Kensington Palace Gardens ရှီ အိပ်ခန်း ၁၅ ခန်းပါ စံအိမ်၊ စတန်းဖို့ဒ်ဘရစ်ချ်ကွင်းကြီး ပတ်လည်ရှိ Chelsea Village ဟုအမည်ရသော ဟိုတယ်နှုင့် လူနေအိမ်ရာတွင် လူနေခန်းပေါင်း ၄၂ ခန်း ပိုင်ဆိုင်ထားသည်။
အဘရာမိုဗစ်ချ်မိသားစုသည် Belgravia တွင်လည်း တန်ဖိုးကြီး စံအိမ် ၂ လုံးပိုင်ဆိုင်ထားပြီး ဘေးချင်းကပ် နေအိမ်များဖြစ်ကာ သပ်ရပ်စွာတိဖြတ်ထားသော ပန်းခြုံခြံစည်းရိုးများ၊ ပန်းများဝေဆာပြည့်နှက်နေသော ပထမထပ်လသာဆောင်တို့ကို တွေ့ရသည်။
အဆိုပါနေရာမှ ၃ မိုင်ခန့်ပင် မဝေးကွာသော Kensington Palace အနီးတွင် အဘရာမိုဗစ်ချ်တို့မိသားစုသည် လွန်ခဲ့သောနှစ်အတွင်း ပေါင် ၁၇ ဒသမ ၅ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူထားသေးသည်။
အခြားပိုင်ဆိုင်မှုများမှာ ပေါင် ၃၉ သန်းတန် Gulfstream ဂျက်လေယာဉ်နှင့် ပေါင် ၁၀ ဒသမ ၄ သန်းတန် Bombardier ဂျက်လေယာဉ်၊ Airbus ရဟတ်ယာဉ် ၂ စင်းတို့ ပါဝင်သည်။
ထို့အပြင် အလျား ၄၅၈ ပေရှိသည့် Solaris အမည်ရှိ ရွက်လှေနှင့် အလျား ၅၃၃ ပေရှိ Eclipse အမည်ရှိ ရွက်လှေတို့လည်း ပိုင်ဆိုင်ထားသေးသည်။
ထို့အပြင် အခြား ဂျက်လေယာဉ် ၂ စင်းလည်း ပိုင်ဆိုင်ထားသည်ဟူသောသတင်းကိုမူ အတည်ပြုနေဆဲ ဖြစ်သည်။
အဘရာမိုဗစ်ချ်မိသားစုနှင့် ပတ်သက်ဆက်နွှယ်မှုရှိသော Trust Fund များလည်းရှိရာ ဆိုက်ပရပ်စ်ရှိ ၂ ခုလည်း ပါဝင်သည်။
၂၀၁၆ ခုနှစ်က ပေါက်ကြားလာသော အချက်အလက်များအရ ပထမတစ်ခုမှာ HF Trust ဟုခေါ်ပြီး ကန်ဒေါ်လာ သန်း ၉၀၀ ဝန်းကျင်တန်ကြေးရှိပြီး ဒုတိယတစ်ခုမှာ Sara Trust Settlement ဟုခေါ်ကာ ကန်ဒေါ်လာ ၃၀၄ သန်းပမာဏရှိ အရောင်းအဝယ်များတွင် ပါဝင်ပတ်သက်မှုရှိနေသည်။
ပိုင်ဆိုင်မှုများကို လျှို့ဝှက်ထားခြင်းများမှာ ပိတ်ဆို့အရေးယူမှုများ အကောင်အထည်ဖော်ရေးအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း အစိုးရအဖွဲ့များက သတိပေးခဲ့ကြပြီးနောက် အဘရာမိုဗစ်ချ်နှင့် ဆက်နွှယ်သော ပိုင်ဆိုင်မှုစာရင်း ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
အဘရာမိုဗစ်ချ်သည် ဗလာဒီမာပူတင်အစိုးရနှင့် သိသာသည့်ပတ်သက်မှုများရှိပြီး သွေးစွန်းနေသည့် စီးပွားရေးလုပ်ငန်းရှင်အုပ်စုတစ်ခုအတွင်း ပါဝင်ကြောင်း အစိုးရအဖွဲ့ဝန်ကြီးများက စွပ်စွဲလိုက်ပြီးနောက်ပိုင်း မတ်လအစောပိုင်းတွင် ဗြိတိန်အစိုးရက အဘရာမိုဗစ်ချ်အား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။
ဗြိတိန်အစိုးရ၏ ခြေလှမ်းကြောင့် အသိသာဆုံးရိုက်ခတ်မှုမှာ ရုရှားသူဌေးကြီး အဘရာမိုဗစ်ချ်၏ ချယ်လ်ဆီးအသင်းမှာ လက်မှတ်ရောင်းချခြင်းများ ကန့်သတ်ခံလိုက်ရမှုကြောင့် အကျပ်ဆိုက်သွားခြင်းဖြစ်၏။
လက်ရှိတွင် ချယ်လ်ဆီးအသင်းကို ရောင်းချရန် စီစဉ်ထားပြီး ပြီးခဲ့သော ရက်သတ္တပတ်အတွင်းက ပေါင် ၂ ဘီလီယံဖြင့် ဝယ်ယူရန် ကမ်းလှမ်းထားသူများ ရှိသည်။
ချယ်လ်ဆီးအသင်းရောင်းချမှုမှ ရရှိလာသော အမြတ်အစွန်းများကို ပရဟိတအဖွဲ့များသို့ လှူဒါန်းခြင်း (သို့မဟုတ်) ထိန်းချုပ်ထားသည့် ဘဏ်စာရင်းတစ်ခုတွင် ထိန်းသိမ်းထားခြင်းများ ပြုလုပ်ဖွယ်ရာရှိသည်ဟု ခန့်မှန်းရသည်။
အဘရာမိုဗစ်ချ်ပိုင်ဆိုင်သည့် ထင်ရှားသောအခြားတစ်ခုမှာ လန်ဒန်စတော့အိတ်ချိန်းစာရင်းဝင် စတီးလ်နှင့် သတ္တုတွင်းကုမ္ပဏီ Evraz တွင် ရှယ်ယာ ၂၉ ရာခိုင်နှုန်း ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ Evraz သည် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအချက်အလက်များအရ ပေါင် ၂ ဒသမ ၅ ဘီလီယံ တန်ကြေးရှိသည်။
ယူကရိန်းအကျပ်အတည်းပေါ်ပေါက်ပြီးနောက် ရှယ်ယာဈေးများထိုးကျသွားကာ အဘရာမိုဗစ်ချ်၏ ရှယ်ယာတန်ဖိုးမှာ ပေါင် ၃၃၈ သန်းခန့် ဖြစ်သည်။
အဘရာမိုဗစ်ချ်အပေါ် ဗြိတိန်အစိုးရက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကာ ကုမ္ပဏီမှ ရှယ်ယာများမှာ ဆိုင်းငံ့ခံလိုက်ရပြီးနောက် ယခုလအတွင်း Evraz ၏ ဒါရိုက်တာအဖွဲ့ဝင် ၁၀ ဦးနှုတ်ထွက်သွားခဲ့သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Inside the £250m Abramovich property portfolio (theguardian)
[Zawgyi]
အဘရာမိုဗစ်ခ်ျ၏ ပေါင် သန်း ၂၅၀ ကျော်တန်ဖိုးရှိ အိမ်ခြံမြေများနှင့် ချယ်ဆီးအသင်း၏ ကံကြမ္မာ
ချယ်လ်ဆီးအသင်း၏ အိမ်ကွင်းဖြစ်သော စတန်းဖို့ဒ်ဘရစ်ခ်ျတွင် ဘောလုံးပွဲစဉ်များကြည့်ရှုရန် လာရောက်ကြသည့် ပရိသတ်တို့သည် ဘောလုံးကွင်းဘေး ဖြတ်သန်းလမ်းလျှောက်ရာတွင် လူနေခန်း အများအပြားကို ဖြတ်သန်းခဲ့ကြမည်ဖြစ်သော်လည်း အဆိုပါအခန်းများသည် ဗြိတိန်တွင် အိမ်ခြံမြေများ တန်ဖိုးအများဆုံး ပိုင်ဆိုင်ထားသူတစ်ဦး၏ အခန်းများဖြစ်ကြောင်း သိကြလိမ့်မည် မဟုတ်ချေ။
ချယ်လ်ဆီးအသင်းပိုင်ရှင် ရိုမန် အဘရာမိုဗစ်ခ်ျသည် လက်ရှိတွင် ဗြိတိန်အစိုးရ၏ ပိတ်ဆို့အရေးယူခြင်း ခံထားရသူတစ်ဦး ဖြစ်သည်။
အဘရာမိုဗစ်ခ်ျတို့မိသားစုသည် ဗြိတိန်တွင် ပေါင် သန်း ၂၅၀ ကျော်တန်ကြေးရှိ အိမ်ခြံမြေများ ပိုင်ဆိုင်ထားသည်။
အဘရာမိုဗစ်ခ်ျနှင့် ဆက်နွှယ်နေသည့် ပိုင်ဆိုင်မှု အချက်အလက်များကို ရုရှားအခြေစိုက် ပိုင်ဆိုင်မှုများ ခြေရာခံသည့်အဖွဲ့တစ်ခု၊ Organized Crime and Corruption Reporting Project အဖွဲ့နှင့် အခြားသော နိုင်ငံတကာ သတင်းအဖွဲ့အစည်းများက စုစည်းထားခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါအဖွဲ့များသည် ရုရှားမှ သြဇာအကြီးဆုံးပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုများကို လေ့လာနေကြသည့် အဖွဲ့များ ဖြစ်သည်။
The Guardian သတင်းဌာနနှင့် လက်တွဲလုပ်ကိုင်နေသော Transparency International ကလည်း လန်ဒန်မြို့လယ်တွင် အဘရာမိုဗစ်ခ်ျပိုင်ဆိုင်သည့်ကုမ္ပဏီများနှင့် ဆက်နွှယ်နေသည့် တန်ဖိုးကြီး စံအိမ် ၅၃ လုံး၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများ၊ မြေကွက်များအကြောင်း အထောက်အထားများ တွေ့ရှိထားသည်။
အဘရာမိုဗစ်ခ်ျက ပေါင် သန်း ၁၂၀ ဖြင့် ဝယ်ယူထားသော Kensington Palace Gardens ရှီ အိပ်ခန်း ၁၅ ခန်းပါ စံအိမ်၊ စတန်းဖို့ဒ်ဘရစ်ခ်ျကွင်းကြီး ပတ်လည်ရှိ Chelsea Village ဟုအမည်ရသော ဟိုတယ်နှုင့် လူနေအိမ်ရာတွင် လူနေခန်းပေါင်း ၄၂ ခန်း ပိုင်ဆိုင်ထားသည်။
အဘရာမိုဗစ်ခ်ျမိသားစုသည် Belgravia တွင်လည်း တန်ဖိုးကြီး စံအိမ် ၂ လုံးပိုင်ဆိုင်ထားပြီး ဘေးချင်းကပ် နေအိမ်များဖြစ်ကာ သပ်ရပ်စွာတိဖြတ်ထားသော ပန်းခြုံခြံစည်းရိုးများ၊ ပန်းများဝေဆာပြည့်နှက်နေသော ပထမထပ်လသာဆောင်တို့ကို တွေ့ရသည်။
အဆိုပါနေရာမှ ၃ မိုင်ခန့်ပင် မဝေးကွာသော Kensington Palace အနီးတွင် အဘရာမိုဗစ်ခ်ျတို့မိသားစုသည် လွန်ခဲ့သောနှစ်အတွင်း ပေါင် ၁၇ ဒသမ ၅ သန်းတန် စံအိမ်တစ်လုံး ဝယ်ယူထားသေးသည်။
အဘရာမိုဗစ်ခ်ျမိသားစုနှင့် ပတ်သက်ဆက်နွှယ်မှုရှိသော Trust Fund များလည်းရှိရာ ဆိုက်ပရပ်စ်ရှိ ၂ ခုလည်း ပါဝင်သည်။
ပိုင်ဆိုင်မှုများကို လျှို့ဝှက်ထားခြင်းများမှာ ပိတ်ဆို့အရေးယူမှုများ အကောင်အထည်ဖော်ရေးအတွက် အဟန့်အတားဖြစ်စေနိုင်ကြောင်း အစိုးရအဖွဲ့များက သတိပေးခဲ့ကြပြီးနောက် အဘရာမိုဗစ်ခ်ျနှင့် ဆက်နွှယ်သော ပိုင်ဆိုင်မှုစာရင်း ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
အဘရာမိုဗစ်ခ်ျသည် ဗလာဒီမာပူတင်အစိုးရနှင့် သိသာသည့်ပတ်သက်မှုများရှိပြီး သွေးစွန်းနေသည့် စီးပွားရေးလုပ်ငန်းရှင်အုပ်စုတစ်ခုအတွင်း ပါဝင်ကြောင်း အစိုးရအဖွဲ့ဝန်ကြီးများက စွပ်စွဲလိုက်ပြီးနောက်ပိုင်း မတ်လအစောပိုင်းတွင် ဗြိတိန်အစိုးရက အဘရာမိုဗစ်ခ်ျအား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ဗြိတိန်အစိုးရ၏ ခြေလှမ်းကြောင့် အသိသာဆုံးရိုက်ခတ်မှုမှာ ရုရှားသူဌေးကြီး အဘရာမိုဗစ်ခ်ျ၏ ချယ်လ်ဆီးအသင်းမှာ လက်မှတ်ရောင်းချခြင်းများ ကန့်သတ်ခံလိုက်ရမှုကြောင့် အကျပ်ဆိုက်သွားခြင်းဖြစ်၏။
ယူကရိန်းအကျပ်အတည်းပေါ်ပေါက်ပြီးနောက် ရှယ်ယာဈေးများထိုးကျသွားကာ အဘရာမိုဗစ်ခ်ျ၏ ရှယ်ယာတန်ဖိုးမှာ ပေါင် ၃၃၈ သန်းခန့် ဖြစ်သည်။ အဘရာမိုဗစ်ခ်ျအပေါ် ဗြိတိန်အစိုးရက အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့ကာ ကုမ္ပဏီမှ ရှယ်ယာများမှာ ဆိုင်းငံ့ခံလိုက်ရပြီးနောက် ယခုလအတွင်း Evraz ၏ ဒါရိုက်တာအဖွဲ့ဝင် ၁၀ ဦးနှုတ်ထွက်သွားခဲ့သည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
CarsDB
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service