သနပ်ခါး အသုံးဝင်ပုံ

သနပ်ခါး အသုံးဝင်ပုံ - Property Knowledge in Myanmar from iMyanmarHouse.com
8 Apr 2022 11:08 am တွင် တင်ခဲ့သည်
1468 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

အသားအရေ အတွက်အသုံးပြုပုံ

မြန်မာ့ ရိုးရာသနပ်ခါးကို အမျိုးသမီးများသာ မက အမျိုးသားများပါ ကြိုက်နှစ်သက်စွာ သုံးစွဲကြပါသည်။ သနပ်ခါးသည် အသားအရေအမျိုးအစား မရွေးသုံးစွဲနိုင်ပြီး ယနေ့အချိန်တွင် ခရင်မ်၊ ပေါင်ဒါ၊ မျက်နှာသစ်ဆေး၊ မိတ်ကပ် အစရှိသည်ဖြင့် ကျား/ မ မရွေးသုံးစွဲနိုင်အောင် ဖန်တီးထုတ်လုပ်နေကြပြီဖြစ်ပါသည်။ သနပ်ခါးတွင် အသားအရေအတွက် ကောင်းစေသော ဗီတာမင် အီး၊ Anti-bacterial၊ Anti-fungal၊ Coumarine နှင့် Mamesin အစရှိသော ဓာတ်များ ပါဝင်သောကြောင့် ဝက်ခြံ၊ တင်းတိပ်ကို ပျောက်ကင်းစေပါသည်။

အဖြူစက်၊ အမည်းစက်များ ဖြစ်ပေါ်မှုကိုလည်း ပျောက်ကင်းစေပြီး၊ အဖုအပိတ်များကိုလည်း ပျောက်ကင်းစေပါသည်။ အသားအရေပေါ်တွင် ဘက်တီးရီးယားနှင့် မှိုကြောင့်ဖြစ်သော ရောဂါများ ကို ဖယ်ရှားပေးနိုင်ပြီး၊ အိုမင်းရင့်ရော်မှုကို လျော့ကျစေပြီး အရွယ်နုပျို လန်းဆန်းစေပါသည်။ ခရမ်းလွန်ရောင်ချည် (UV-A ray) ကြောင့်ဖြစ်ပေါ်သော အရေပြား အရောင်ပျက်ခြင်း မှကာကွယ်ပြီး တင်းတိတ်နှင့် အရေပြားကင်ဆာ ဖြစ်ပေါ်မှုကိုလည်း ကာကွယ်ပါသည်။

ကျန်းမာရေး အတွက် အသုံးဝင်ပုံ

မြန်မာ့ဆေးကျမ်းများအရ သနပ်ခါးသည် ပူ၏။ သွေးကိုကြွစေတတ်၏။ ပူ ခါး ချုပ် ပွင့် ဖြစ်၏။ ငန်းမန်းကို နိုင်စေ၏။ အပူနာ။ အအေးနာ၊ နှစ်မျိုးစလုံးနိုင်၏ဟု ဆိုထားပါသည်။

အသုံးပြုပုံ

အရွက်

ဝက်ရူးပြန်ရောဂါဆေးတွင် သုံးသည်။ အနာကြီးရောဂါသည်များအတွက် အရွက်ကိုပြုတ်၍ ရေချိုးပြီး ချွေးအောင်းရ၏။ အရွက်ပြုတ်ရည်ကို ဆားများများ ခတ်၍ သောက်ပါက ငှက်ဖျားရောဂါ ပျောက်သည်။ အနာဝင်လျှင် အရွက်ကို ကြိတ်၍ ဆန်ဆေးရေနှင့် သောက်ရသည်။အရွက်ကို အခြောက်လှမ်း အမှုန့်ပြုပြီး ကွမ်းသီးလုံးခန့် ရေနှင့် သောက်ပါက အဖောအရောင်။ အနာအဆာနှင့် ကိုယ်တွင်းရောဂါ ဟူသမျှ ကင်းရှင်းပပျောက်၏။

အသီး

အဆိပ်ပြေဆေး၊ ခွန်အားတိုးဆေး၊ ကျောက်ရောဂါ ကာကွယ်ဆေးနှင့် ပြင်းထန်သော အဖျားရောဂါများအတွက် ဖော်စပ်သော ဆေးများတွင် ထည့်သွင်း အသုံးပြုသည်။

အမြစ်

ဝမ်းနှုတ်ဆေး၊ ချွေးထုတ်ဆေးတို့တွင် သုံး၏။ အမြစ်ကို နနွင်းနှင့်သွေး၍ လိမ်းပေးပါက မီးယပ်ရောဂါများလည်း ပျောက်၏။ ကလေးချွဲကျပ်က အမြစ်ကို သွေး၍ ကွမ်းရွက်စိမ်းရည်နှင့် ဆတူတိုက်က ချွဲအမြန်ကျ၏။ သနပ်ခါးမြစ်၊ ပန်းနုအမှုန့် ၅-ပဲသားစီကို ပျားရည် ၆-ပဲသားနှင့် ရော၍ စားသုံးသော် မြွေဆိပ်ပျောက်ကင်း၏။သနပ်ခါးမြစ်မှုန့် သုံးကျပ်သားကို သကြား၊ ပျားရည်နှင့် ရောလျက်သောက်ပါက အစာအိမ်ရှိ အဆိပ်ပြေစေ၏။ ဟု ဆိုထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: greenwaymyanmar 

 

[Zawgyi]

သနပ္ခါး အသုံးဝင္ပုံ

 

အသားအေရ အတြက္အသုံးျပဳပုံ

ျမန္မာ့ ႐ိုးရာသနပ္ခါးကို အမ်ိဳးသမီးမ်ားသာ မက အမ်ိဳးသားမ်ားပါ ႀကိဳက္ႏွစ္သက္စြာ သုံးစြဲၾကပါသည္။ သနပ္ခါးသည္ အသားအေရအမ်ိဳးအစား မေ႐ြးသုံးစြဲႏိုင္ၿပီး ယေန႔အခ်ိန္တြင္ ခရင္မ္၊ ေပါင္ဒါ၊ မ်က္ႏွာသစ္ေဆး၊ မိတ္ကပ္ အစ႐ွိသည္ျဖင့္ က်ား/ မ မေ႐ြးသုံးစြဲႏိုင္ေအာင္ ဖန္တီးထုတ္လုပ္ေနၾကၿပီျဖစ္ပါသည္။ သနပ္ခါးတြင္ အသားအေရအတြက္ ေကာင္းေစေသာ ဗီတာမင္ အီး၊ Anti-bacterial၊ Anti-fungal၊ Coumarine ႏွင့္ Mamesin အစ႐ွိေသာ ဓာတ္မ်ား ပါဝင္ေသာေၾကာင့္ ဝက္ျခံ၊ တင္းတိပ္ကို ေပ်ာက္ကင္းေစပါသည္။

အျဖဴစက္၊ အမည္းစက္မ်ား ျဖစ္ေပၚမႈကိုလည္း ေပ်ာက္ကင္းေစၿပီး၊ အဖုအပိတ္မ်ားကိုလည္း ေပ်ာက္ကင္းေစပါသည္။ အသားအေရေပၚတြင္ ဘက္တီးရီးယားႏွင့္ မိႈေၾကာင့္ျဖစ္ေသာ ေရာဂါမ်ား ကို ဖယ္႐ွားေပးႏိုင္ၿပီး၊ အိုမင္းရင့္ေရာ္မႈကို ေလ်ာ့က်ေစၿပီး အ႐ြယ္ႏုပ်ိဳ လန္းဆန္းေစပါသည္။ ခရမ္းလြန္ေရာင္ခ်ည္ (UV-A ray) ေၾကာင့္ျဖစ္ေပၚေသာ အေရျပား အေရာင္ပ်က္ျခင္း မွကာကြယ္ၿပီး တင္းတိတ္ႏွင့္ အေရျပားကင္ဆာ ျဖစ္ေပၚမႈကိုလည္း ကာကြယ္ပါသည္။

က်န္းမာေရး အတြက္ အသုံးဝင္ပုံ

ျမန္မာ့ေဆးက်မ္းမ်ားအရ သနပ္ခါးသည္ ပူ၏။ ေသြးကိုႂကြေစတတ္၏။ ပူ ခါး ခ်ဳပ္ ပြင့္ ျဖစ္၏။ ငန္းမန္းကို ႏိုင္ေစ၏။ အပူနာ။ အေအးနာ၊ ႏွစ္မ်ိဳးစလုံးႏိုင္၏ဟု ဆိုထားပါသည္။

အသုံးျပဳပုံ

အ႐ြက္

ဝက္႐ူးျပန္ေရာဂါေဆးတြင္ သုံးသည္။ အနာႀကီးေရာဂါသည္မ်ားအတြက္ အ႐ြက္ကိုျပဳတ္၍ ေရခ်ိဳးၿပီး ေခြၽးေအာင္းရ၏။ အ႐ြက္ျပဳတ္ရည္ကို ဆားမ်ားမ်ား ခတ္၍ ေသာက္ပါက ငွက္ဖ်ားေရာဂါ ေပ်ာက္သည္။ အနာဝင္လွ်င္ အ႐ြက္ကို ႀကိတ္၍ ဆန္ေဆးေရႏွင့္ ေသာက္ရသည္။အ႐ြက္ကို အေျခာက္လွမ္း အမႈန္႔ျပဳၿပီး ကြမ္းသီးလုံးခန္႔ ေရႏွင့္ ေသာက္ပါက အေဖာအေရာင္။ အနာအဆာႏွင့္ ကိုယ္တြင္းေရာဂါ ဟူသမွ် ကင္း႐ွင္းပေပ်ာက္၏။

အသီး

အဆိပ္ေျပေဆး၊ ခြန္အားတိုးေဆး၊ ေက်ာက္ေရာဂါ ကာကြယ္ေဆးႏွင့္ ျပင္းထန္ေသာ အဖ်ားေရာဂါမ်ားအတြက္ ေဖာ္စပ္ေသာ ေဆးမ်ားတြင္ ထည့္သြင္း အသုံးျပဳသည္။

အျမစ္

ဝမ္းႏႈတ္ေဆး၊ ေခြၽးထုတ္ေဆးတို႔တြင္ သုံး၏။ အျမစ္ကို နႏြင္းႏွင့္ေသြး၍ လိမ္းေပးပါက မီးယပ္ေရာဂါမ်ားလည္း ေပ်ာက္၏။ ကေလးခြၽဲက်ပ္က အျမစ္ကို ေသြး၍ ကြမ္း႐ြက္စိမ္းရည္ႏွင့္ ဆတူတိုက္က ခြၽဲအျမန္က်၏။ သနပ္ခါးျမစ္၊ ပန္းႏုအမႈန္႔ ၅-ပဲသားစီကို ပ်ားရည္ ၆-ပဲသားႏွင့္ ေရာ၍ စားသုံးေသာ္ ေႁမြဆိပ္ေပ်ာက္ကင္း၏။သနပ္ခါးျမစ္မႈန္႔ သုံးက်ပ္သားကို သၾကား၊ ပ်ားရည္ႏွင့္ ေရာလ်က္ေသာက္ပါက အစာအိမ္႐ွိ အဆိပ္ေျပေစ၏။ ဟု ဆိုထားပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: greenwaymyanmar 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
KITCHEN ဆေးရောင်ရွေးချယ်မှုအတွက် အကြံပေးမှုတစ်ချို့
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
CarsDB
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service