အက်ရှင်ဂန္ထဝင်ကြယ်ပွင့် ချက်စ်နောရစ် နေထိုင်သော ဧက ၁၀၀၀ ကျယ်ဝန်းသည့် မွေးမြူရေးခြံ

အက်ရှင်ဂန္ထဝင်ကြယ်ပွင့် ချက်စ်နောရစ် နေထိုင်သော ဧက ၁၀၀၀ ကျယ်ဝန်းသည့် မွေးမြူရေးခြံ - Property News in Myanmar from iMyanmarHouse.com
6 Apr 2022 11:15 am တွင် တင်ခဲ့သည်
1023 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘရုစ်လီနှင့်ခေတ်ပြိုင် အက်ရှင်ဂန္ထဝင်ကြယ်ပွင့် ချက်ခ်နောရစ်သည် လက်ရှိအားဖြင့် အမေရိကန်ပြည်ထောင်စု၊ တက္ကဆပ်ပြည်နယ်၊နာဗာဆိုတာမြို့၏ ကျေးလက်ဒေသရှိ ဧကပေါင်း ၁၀၀၀ အကျယ် မြက်ခင်းကြီးရှိသော Lone Wolf အမည်ရှိ မွေးမြူရေးခြံကြီးတွင် အခြေချနေထိုင်လျက်ရှိသည်။

သူ၏ကျေးလက်စံအိမ်မှာ ရေကန်ကြီးတစ်ကန်နောက်ဘက်တွင် တည်ရှိပြီး သစ်ထုတ်တန်းဖော် မျက်နှာကြက်များ၊ နံရံများတွင် ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တို့၏ ရုပ်ပုံသင်္ကေတများ ပြည့်နှက်နေသည်။

ရေကန်အနီးတွင် မြင်းများ၊ နွားများ မြက်စားနေလေ့ရှိသည်။

အပြင်ဘက်ဆီရှိ မွေးမြူရေးခြံဝတွင်မူ သံပန်းဂိတ်တံခါးရှိပြီး အမေရိကန်အလံတစ်ခု၊ ဝံပုလွေပုံ ၂ ခုနှင့်အတူ လုံခြုံရေးကင်မရာများ တပ်ဆင်ထားသည်။

နေ့စဉ်နေ့တိုင်း ချက်ခ်နောရစ်၏ ခြံဝန်းကြီးရှေ့တွင် လူအချို့လာကြကာ အက်ရှင်ဂန္ထဝင်ကြီးအား မြင်ရနိုးဖြင့် စူးစမ်းလေ့ရှိကြသည်။

ချက်ခ်နောရစ်သည် ကျေးလက်စံအိမ်တွင် ဇနီးဖြစ်သူ ဂျီနာ (Gena) ၊ အမဲလိုက်ခွေးများနှင့် အတူနေထိုင်သည်။

အမေရိက၏ အကျော်ကြားဆုံး ကရာတေးသမားကြီးသည် အသက် ၈၂ နှစ်ရှိပြီဖြစ်သော်လည်း စူးရှသော မျက်ဝန်းပြာ၊ ဖြူဖွေးတောက်ပသောသွားတို့ဖြင့် ကြံ့ခိုင်ကျစ်လစ်နေဆဲဖြစ်သည်။

“ကျွန်တော်က broken family တစ်ခုမှာ ဆင်းဆင်းရဲရဲနဲ့ ကြီးပြင်းခဲ့ရတယ်။ အလွန်ရှက်တတ်ပြီး ကျန်းမာကြံ့ခိုင်မှု မရှိခဲ့တဲ့ကလေးတစ်ဦးအနေနဲ့ ကြီးပြင်းခဲ့တာပါ”

ချက်ခ်နောရစ်သည် ကိုရီးယားသို့ သွားရောက်စဉ်အတွင်း တိုက်ကွမ်ဒိုကို စတင်လေ့လာခဲ့သည်။

“ကိုယ်ခံပညာရပ်တွေက ကျွန်တော့်ဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့တာ ဖြစ်ပါတယ်”

(တက္ကဆပ်ခြံကြီးအတွင်းမှ အံ့ဖွယ်သရဲဖြစ်ရပ်)

၂၀၁၁ ခုနှစ်အတွင်း တက္ကဆပ်ပြည်နယ်တွင် မိုးခေါင်ရေရှားမှုဖြစ်ပွားရာ ချက်ခ်နောရစ်နှင့် ဂျီနာတို့၏ သားမက် ခရစ္စ (ချက်ခ်နောရစ်၏ မွေးမြူရေးခြံ အလုပ်သမားခေါင်းဆောင်) က Lone Wolf ခြံကြီး၏ နောက်ဘက်တွင် ရေတွင်းအချို့ ထပ်မံတူးဖော်ရန် ဆုံးဖြတ်ခဲ့သည်။

ရေရှိသည့်နေရာတွေ့ရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပြီးနောက် တတိယအကြိမ်မြောက်တွင် မြေအောက် ရေအောင်းလွှာကြီးတစ်ခုကို ထိုးဖောက်မိသွားသည်။ ရေတို့သည် ကောင်းကင်ဆီသို့ ပေ ၃၀ အမြင့်အထိ ပန်းထွက်လာရာ ရေနံစိမ်းတွင်းများ တွေ့ရှိချိန်တွင် ပန်းထွက်သကဲ့သို့ပင်။

မကြာမီတွင်ပင် ချက်ခ်နောရစ်၏ ခြံဝန်းကြီးတစ်ခုလုံး ရေမြှုပ်သွား၏။ ခြံနီးချင်း၏ ခြံတွင်လည်း ရေမြှုပ်သွား၏။

ရေများ အရှိန်ပြင်းပြင်း ပန်းထွက်နေသည်မှာ မရပ်တန့်တော့ရာ ၂၄ နာရီအတွင်း ထွက်ရှိမှုမှာ ရေဂါလံပေါင်း ၁၆၈၀၀၀ ကျော်ခန့် ရှိသည်။

ယင်းနောက်တွင်ကား ချက်ခ်နောရစ်သည် မြေအောက်ရေ ပညာရှင်များကိုခေါ်ယူကာ စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။

အဆိုပါပညာရှင်၏ တွက်ချက်မှုအရ ချက်ခ်နောရစ်တို့ တွေ့ရှိခဲ့သော မြေအောက်ရေကြောမှ ရေများအကုန် ပန်းထွက်ရန် နှစ်ပေါင်း ရာနှင့်ချီ၍ ကြာမြင့်မည်ဟု ဆိုသည်။

ယင်းပညာရှင်၏ ရှင်းပြချက်အရ ရေခဲခေတ်ကတည်းက ရှိခဲ့သည့်ရေများဖြစ်ပြီး နှစ်ပေါင်းထောင်ချီသက်တမ်းရှိ မီးတောင်ကျောက်နှင့် ရွှံ့စေးများကို ဖြတ်သန်းကာ ပန်းထွက်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာပေါ်တွင် ၎င်းတွေ့ဖူးသမျှ ရေအားလုံးအနက် အရသာအကောင်းဆုံးတစ်ခုဖြစ်သည်ဟု ဆို၏။

သင်သာ ချက်ခ်နောရစ်ဆိုလျှင် သင့်အိပ်ခန်းမှ ကိုက်အနည်းငယ်သာဝေးသည့် ခြံဝန်းအတွင်း အတိုင်းအဆမဲ့ အံ့ဖွယ်ရေများ ရှာဖွေတွေ့ရှိခဲ့သူဆိုလျှင် သင်မည်သို့ဆက်လက်လုပ်ဆောင်မည်နည်း။

သေချာပါသည်။ အဆိုပါရေများကို ရေသန့်ဘူးများတွင်ထည့်ကာ သင့်အားချစ်ခင်လေးစားသည့် ပရိသတ်များထံ ဖြန့်ဖြူးရောင်းချမည်မှာ သေချာသည်။ ချက်ခ်နောရစ်က ခြံဝန်းအတွင်း စတုရန်းပေ ၄၃၆၅၀ ကျယ်ဝန်းသည့် ထုတ်လုပ်ရေးဌာနတစ်ခု တည်ဆောက်လိုက်သည်။

အဆိုပါစက်ရုံအတွင်း ရေသန့်ဘူးခွံများ ကိုယ်တိုင်ထုတ်လုပ်ကာ တစ်မိနစ်လျှင် ရေသန့်ဘူးပေါင်း ၄၀၀ ကို ရေဖြည့်ထုတ်လုပ်၏။

အင်ဂျင်နီယာတို့က ရေခဲခေတ် ရေကြောတွင်းကို စက်ရုံဆီသို့ ပေ ၇၀၀၀ ရှည်လျားသော ပိုက်ဖြင့် တိုက်ရိုက်သွယ်ယူသည်။

မြေအောက်ရေသည် သောက်သုံးသူ၏ ခံတွင်းသို့ ရောက်ရှိချိန်ထိ အခြားမည်သည့်လူသားတို့နှင့်မှ မထိတွေ့ဘဲ မြေအောက်မှတဆင့် ရေသန့်ဘူးအတွင်း တိုက်ရိုက်ရောက်ရှိစေသည်။

လက်ရှိတွင် အမေရိကအနောက်ဖျားရှိ စတိုးဆိုင် ၁၁၀၀ ကျော်တွင် ဖြန့်ဖြူးလျက်ရှိပြီး ရရှိလာသည့် အမြတ်အစွန်းအများစုကို ချက်ခ်နောရစ်တည်ထောင်ထားသော ဖောင်ဒေးရှင်းထံ လှူဒါန်းသွားမည် ဖြစ်သည်။

ချက်ခ်နောရစ်က သူ၏ကုမ္ပဏီသစ်အပေါ် အလွန်စိတ်လှုပ်ရှားနေပြီး ဖြန့်ချိမှုများ ချဲ့ထွင်သွားမည်ဟု ဆိုသည်။

ဈေးကွက်အတွင်း နေရာရပြီးသားဖြစ်သော Fiji နှင့် Evian တို့ကဲ့သို့ အမှတ်တံဆိပ်များကို ကျော်ဖြတ်နိုင်မည်လားဆိုသည်ကိုမူ မသိနိုင်ချေ။ သို့သော် ဖြတ်ကျော်သွားလျှင်လည်း အံ့အားသင့်ဖွယ်ကား မရှိ။

(ချက်ခ်နောရစ် ဘာလဲ)

ချက်ခ်နောရစ် (မွေး ၁၉၄၀) ၏ အမည်ရင်းမှာ ကားလော့စ် ရေး ချက်ခ် နောရစ်ဖြစ်ပြီး အမေရိကန် ကိုယ်ခံပညာရှင်၊ ရုပ်ရှင်သရုပ်ဆောင် ဖြစ်သည်။ ကိုရီးယား ကိုယ်ခံပညာ တန်ဆုဒို၊ ဘရာဇီး ဂျူဂျစ်ဆုနှင့် ဂျူဒိုတို့တွင် ခါးပတ်နက်များ ရရှိထားသည်။

အမေရိကန်လေတပ်တွင် တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း ကိုယ်ခံပညာရပ်များစွာတွင် ချန်ပီယံဆုများရရှိခဲ့ကာ ၁၉၉၀ ပြည့်နှစ်တွင် Chun Kuk Do အမည်ရှိ ကိုယ်ပိုင် ကိုယ်ခံပညာရပ်ကို တီထွင်ခဲ့သည်။

ချက်ခ်နောရစ်၏ သူငယ်ချင်း ဘရုစ်လီက Way of the Dragon ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် ဖိတ်ခေါ်ခဲ့သည်။

ချက်ခ်နောရစ်သည် ၂၀၁၂ ခုနှစ်က ရုံတင်ခဲ့သော ဆီဗက်စတာ စတားလုံး၏ The Expendables 2 ဇာတ်ကားတွင် နောက်ဆုံးပါဝင်သရုပ်ဆောင်ခဲ့ကာ ရုပ်ရှင်လောကမှ အနားယူခဲ့သည်။

(ချက်ခ်နောရစ်၏ အိမ်ထောင်ရေး)

ချက်ခ်နောရစ်သည် အထက်တန်းကျောင်းသားဘဝ အတန်းဖော် Dianne Kay Holechek နှင့် ၁၉၅၈ ခုနှစ်၊ ဒီဇင်ဘာလတွင် လက်ထပ်ခဲ့သည်။ လက်ထပ်ချိန်တွင် ချက်ခ်နောရစ်မှာ အသက် ၁၈ နှစ်ဖြစ်ပြီး Dianne မှာ ၁၇ နှစ်အရွယ်သာ ရှိသေးသည်။

အိမ်ထောင်သက် နှစ်ပေါင်း ၃၀ အကြာ ၁၉၈၈ ခုနှစ်တွင် လမ်းခွဲခဲ့ကြသည်။ ထိုအချိန်က ချက်ခ်နောရစ်သည် The Delta Force 2 ရုပ်ရှင်ဇာတ်ကား ရိုက်ကူးနေစဉ်ကာလ ဖြစ်သည်။

၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်တွင် မော်ဒယ်လ် Gena O'Kelley နှင့် လက်ထပ်ခဲ့သည်။

Gena O'Kelley တွင် ယခင်အိမ်ထောင်နှင့် ကလေး ၂ ဦးရှိသည်။ ချက်ခ်နောရစ်နှင့် ရရှိသော အမြွှာကို ၂၀၀၁ ခုနှစ်တွင် မွေးဖွားခဲ့သည်။

၂၀၁၇ ခုနှစ်အထိ အချက်အလက်များအရ ချက်ခ်နောရစ်တွင် မြေး ၁၃ ဦး ရှိသည်။

(ဆက်စပ်သတင်း)

ချက်ခ်နောရစ်၏ စံအိမ်အကြောင်း ဖတ်ရှုရမှုအပေါ် ကျေနပ်နှစ်သက်မည်ဟု iMyanmarHouse.com မှ မျှော်လင့်ပါသည်။ ဖတ်ရှုပြီးနောက် သင်၏ ထင်မြင်ယူဆချက်များကိုလည်း ကွန်မန့်တွင် ဝေမျှပေးခဲ့ပါဦးနော်။ ချက်ခ်နောရစ်၏ စံအိမ်အကြောင်းကဲ့သို့ အခြားသော အကျော်အမော်များ၏ စံအိမ်များအကြောင်းကိုလည်း iMyanmarHose.com ၏ သတင်းစာမျက်နှာ https://www.iMyanmarHouse.com/news တွင် ဖတ်ရှုနိုင်ပါသည်။

နောက်ဆုံးအချက်ကား အခြားမည်သည့် အကျော်အမော်၏ စံအိမ်အကြောင်း iMyanmarHouse.com မှာ ဖတ်ရှုလိုပါသလဲ။ ဖတ်ချင်သည့် အကျော်အမော်၏ အမည်ကို ကွန်မန့်မှာ ရေးသားပေးခဲ့ကြပါဦး။

အဆုံးအထိ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Chuck Norris: Martial Arts Legend, Water Bottler (houstoniamag)

[Zawgyi]

အက္ရွင္ဂႏၳဝင္ၾကယ္ပြင့္ ခ်က္စ္ေနာရစ္ ေနထိုင္ေသာ ဧက ၁၀၀၀ က်ယ္ဝန္းသည့္ ေမြးျမဴေရးျခံ

ဘရုစ္လီႏွင့္ေခတ္ျပိဳင္ အက္ရွင္ဂႏၳဝင္ၾကယ္ပြင့္ ခ်က္ခ္ေနာရစ္သည္ လက္ရွိအားျဖင့္ အေမရိကန္ျပည္ေထာင္စု၊ တကၠဆပ္ျပည္နယ္၊နာဗာဆိုတာျမိဳ႕၏ ေက်းလက္ေဒသရွိ ဧကေပါင္း ၁၀၀၀ အက်ယ္ ျမက္ခင္းၾကီးရွိေသာ Lone Wolf အမည္ရွိ ေမြးျမဴေရးျခံၾကီးတြင္ အေျခခ်ေနထိုင္လ်က္ရွိသည္။

သူ၏ေက်းလက္စံအိမ္မွာ ေရကန္ၾကီးတစ္ကန္ေနာက္ဘက္တြင္ တည္ရွိျပီး သစ္ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား၊ နံရံမ်ားတြင္ ဘာသာေရးဆိုင္ရာပုဂၢိဳလ္တို႔၏ ရုပ္ပံုသေကၤတမ်ား ျပည့္ႏွက္ေနသည္။

ေရကန္အနီးတြင္ ျမင္းမ်ား၊ ႏြားမ်ား ျမက္စားေနေလ့ရွိသည္။

အျပင္ဘက္ဆီရွိ ေမြးျမဴေရးျခံဝတြင္မူ သံပန္းဂိတ္တံခါးရွိျပီး အေမရိကန္အလံတစ္ခု၊ ဝံပုေလြပံု ၂ ခုႏွင့္အတူ လံုျခံဳေရးကင္မရာမ်ား တပ္ဆင္ထားသည္။

ေန႔စဥ္ေန႔တိုင္း ခ်က္ခ္ေနာရစ္၏ ျခံဝန္းၾကီးေရွ႕တြင္ လူအခ်ဳိ႕လာၾကကာ အက္ရွင္ဂႏၳဝင္ၾကီးအား ျမင္ရႏိုးျဖင့္ စူးစမ္းေလ့ရွိၾကသည္။

ခ်က္ခ္ေနာရစ္သည္ ေက်းလက္စံအိမ္တြင္ ဇနီးျဖစ္သူ ဂ်ီနာ (Gena) ၊ အမဲလိုက္ေခြးမ်ားႏွင့္ အတူေနထုိင္သည္။

အေမရိက၏ အေက်ာ္ၾကားဆံုး ကရာေတးသမားၾကီးသည္ အသက္ ၈၂ ႏွစ္ရွိျပီျဖစ္ေသာ္လည္း စူးရွေသာ မ်က္ဝန္းျပာ၊ ျဖဴေဖြးေတာက္ပေသာသြားတို႔ျဖင့္ ၾကံ့ခိုင္က်စ္လစ္ေနဆဲျဖစ္သည္။

“ကၽြန္ေတာ္က broken family တစ္ခုမွာ ဆင္းဆင္းရဲရဲနဲ႔ ၾကီးျပင္းခဲ့ရတယ္။ အလြန္ရွက္တတ္ျပီး က်န္းမာၾကံ့ခိုင္မႈ မရွိခဲ့တဲ့ကေလးတစ္ဦးအေနနဲ႔ ၾကီးျပင္းခဲ့တာပါ”

ခ်က္ခ္ေနာရစ္သည္ ကိုရီးယားသို႔ သြားေရာက္စဥ္အတြင္း တိုက္ကြမ္ဒိုကို စတင္ေလ့လာခဲ့သည္။

“ကိုယ္ခံပညာရပ္ေတြက ကၽြန္ေတာ့္ဘဝကို တစ္ဆစ္ခ်ဳိးေျပာင္းလဲေစခဲ့တာ ျဖစ္ပါတယ္”

(တကၠဆပ္ျခံၾကီးအတြင္းမွ အံ့ဖြယ္သရဲျဖစ္ရပ္)

၂၀၁၁ ခုႏွစ္အတြင္း တကၠဆပ္ျပည္နယ္တြင္ မိုးေခါင္ေရရွားမႈျဖစ္ပြားရာ ခ်က္ခ္ေနာရစ္ႏွင့္ ဂ်ီနာတို႔၏ သားမက္ ခရစၥ (ခ်က္ခ္ေနာရစ္၏ ေမြးျမဴေရးျခံ အလုပ္သမားေခါင္းေဆာင္) က Lone Wolf ျခံၾကီး၏ ေနာက္ဘက္တြင္ ေရတြင္းအခ်ဳိ႕ ထပ္မံတူးေဖာ္ရန္ ဆံုးျဖတ္ခဲ့သည္။

ေရရွိသည့္ေနရာေတြ႔ရန္ အၾကိမ္ၾကိမ္ၾကိဳးစားခဲ့ျပီးေနာက္ တတိယအၾကိမ္ေျမာက္တြင္ ေျမေအာက္ ေရေအာင္းလႊာၾကီးတစ္ခုကို ထုိးေဖာက္မိသြားသည္။ ေရတို႔သည္ ေကာင္းကင္ဆီသို႔ ေပ ၃၀ အျမင့္အထိ ပန္းထြက္လာရာ ေရနံစိမ္းတြင္းမ်ား ေတြ႔ရွိခ်ိန္တြင္ ပန္းထြက္သကဲ့သို႔ပင္။

မၾကာမီတြင္ပင္ ခ်က္ခ္ေနာရစ္၏ ျခံဝန္းၾကီးတစ္ခုလံုး ေရျမွဳပ္သြား၏။ ျခံနီးခ်င္း၏ ျခံတြင္လည္း ေရျမွုပ္သြား၏။

ေရမ်ား အရွိန္ျပင္းျပင္း ပန္းထြက္ေနသည္မွာ မရပ္တန္႔ေတာ့ရာ ၂၄ နာရီအတြင္း ထြက္ရွိမႈမွာ ေရဂါလံေပါင္း ၁၆၈၀၀၀ ေက်ာ္ခန္႔ ရွိသည္။

ယင္းေနာက္တြင္ကား ခ်က္ခ္ေနာရစ္သည္ ေျမေအာက္ေရ ပညာရွင္မ်ားကိုေခၚယူကာ စမ္းသပ္မႈမ်ား ျပဳလုပ္ခဲ့သည္။

အဆိုပါပညာရွင္၏ တြက္ခ်က္မႈအရ ခ်က္ခ္ေနာရစ္တို႔ ေတြ႔ရွိခဲ့ေသာ ေျမေအာက္ေရေၾကာမွ ေရမ်ားအကုန္ ပန္းထြက္ရန္ ႏွစ္ေပါင္း ရာႏွင့္ခ်ီ၍ ၾကာျမင့္မည္ဟု ဆိုသည္။

ယင္းပညာရွင္၏ ရွင္းျပခ်က္အရ ေရခဲေခတ္ကတည္းက ရွိခဲ့သည့္ေရမ်ားျဖစ္ျပီး ႏွစ္ေပါင္းေထာင္ခ်ီသက္တမ္းရွိ မီးေတာင္ေက်ာက္ႏွင့္ ရႊံ႕ေစးမ်ားကို ျဖတ္သန္းကာ ပန္းထြက္လာျခင္းျဖစ္သည္ဟု ဆိုသည္။

ကမၻာေပၚတြင္ ၎ေတြ႔ဖူးသမွ် ေရအားလံုးအနက္ အရသာအေကာင္းဆံုးတစ္ခုျဖစ္သည္ဟု ဆို၏။

သင္သာ ခ်က္ခ္ေနာရစ္ဆိုလွ်င္ သင့္အိပ္ခန္းမွ ကိုက္အနည္းငယ္သာေဝးသည့္ ျခံဝန္းအတြင္း အတိုင္းအဆမဲ့ အံ့ဖြယ္ေရမ်ား ရွာေဖြေတြ႔ရွိခဲ့သူဆိုလွ်င္ သင္မည္သို႔ဆက္လက္လုပ္ေဆာင္မည္နည္း။

ေသခ်ာပါသည္။ အဆိုပါေရမ်ားကို ေရသန္႔ဘူးမ်ားတြင္ထည့္ကာ သင့္အားခ်စ္ခင္ေလးစားသည့္ ပရိသတ္မ်ားထံ ျဖန္႔ျဖဴးေရာင္းခ်မည္မွာ ေသခ်ာသည္။ ခ်က္ခ္ေနာရစ္က ျခံဝန္းအတြင္း စတုရန္းေပ ၄၃၆၅၀ က်ယ္ဝန္းသည့္ ထုတ္လုပ္ေရးဌာနတစ္ခု တည္ေဆာက္လုိက္သည္။

အဆိုပါစက္ရံုအတြင္း ေရသန္႔ဘူးခြံမ်ား ကိုယ္တိုင္ထုတ္လုပ္ကာ တစ္မိနစ္လွ်င္ ေရသန္႔ဘူးေပါင္း ၄၀၀ ကို ေရျဖည့္ထုတ္လုပ္၏။

အင္ဂ်င္နီယာတို႔က ေရခဲေခတ္ ေရေၾကာတြင္းကို စက္ရံုဆီသို႔ ေပ ၇၀၀၀ ရွည္လ်ားေသာ ပိုက္ျဖင့္ တိုက္ရိုက္သြယ္ယူသည္။

ေျမေအာက္ေရသည္ ေသာက္သံုးသူ၏ ခံတြင္းသို႔ ေရာက္ရွိခ်ိန္ထိ အျခားမည္သည့္လူသားတို႔ႏွင့္မွ မထိေတြ႔ဘဲ ေျမေအာက္မွတဆင့္ ေရသန္႔ဘူးအတြင္း တိုက္ရိုက္ေရာက္ရွိေစသည္။

လက္ရွိတြင္ အေမရိကအေနာက္ဖ်ားရွိ စတိုးဆိုင္ ၁၁၀၀ ေက်ာ္တြင္ ျဖန္႔ျဖဴးလ်က္ရွိျပီး ရရွိလာသည့္ အျမတ္အစြန္းအမ်ားစုကို ခ်က္ခ္ေနာရစ္တည္ေထာင္ထားေသာ ေဖာင္ေဒးရွင္းထံ လွဴဒါန္းသြားမည္ ျဖစ္သည္။

ခ်က္ခ္ေနာရစ္က သူ၏ကုမၸဏီသစ္အေပၚ အလြန္စိတ္လႈပ္ရွားေနျပီး ျဖန္႔ခ်ိမႈမ်ား ခ်ဲ႕ထြင္သြားမည္ဟု ဆိုသည္။

ေစ်းကြက္အတြင္း ေနရာရျပီးသားျဖစ္ေသာ Fiji ႏွင့္ Evian တို႔ကဲ့သို႔ အမွတ္တံဆိပ္မ်ားကို ေက်ာ္ျဖတ္ႏိုင္မည္လားဆိုသည္ကိုမူ မသိႏိုင္ေခ်။ သို႔ေသာ္ ျဖတ္ေက်ာ္သြားလွ်င္လည္း အံ့အားသင့္ဖြယ္ကား မရွိ။

(ခ်က္ခ္ေနာရစ္ ဘာလဲ)

ခ်က္ခ္ေနာရစ္ (ေမြး ၁၉၄၀) ၏ အမည္ရင္းမွာ ကားေလာ့စ္ ေရး ခ်က္ခ္ ေနာရစ္ျဖစ္ျပီး အေမရိကန္ ကိုယ္ခံပညာရွင္၊ ရုပ္ရွင္သရုပ္ေဆာင္ ျဖစ္သည္။ ကိုရီးယား ကိုယ္ခံပညာ တန္ဆုဒို၊ ဘရာဇီး ဂ်ဴဂ်စ္ဆုႏွင့္ ဂ်ဴဒိုတို႔တြင္ ခါးပတ္နက္မ်ား ရရွိထားသည္။

အေမရိကန္ေလတပ္တြင္ တာဝန္ထမ္းေဆာင္ျပီးေနာက္ပိုင္း ကိုယ္ခံပညာရပ္မ်ားစြာတြင္ ခ်န္ပီယံဆုမ်ားရရွိခဲ့ကာ ၁၉၉၀ ျပည့္ႏွစ္တြင္ Chun Kuk Do အမည္ရွိ ကိုယ္ပိုင္ ကိုယ္ခံပညာရပ္ကို တီထြင္ခဲ့သည္။

ခ်က္ခ္ေနာရစ္၏ သူငယ္ခ်င္း ဘရုစ္လီက Way of the Dragon ဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ရန္ ဖိတ္ေခၚခဲ့သည္။

ခ်က္ခ္ေနာရစ္သည္ ၂၀၁၂ ခုႏွစ္က ရံုတင္ခဲ့ေသာ ဆီဗက္စတာ စတားလံုး၏ The Expendables 2 ဇာတ္ကားတြင္ ေနာက္ဆံုးပါဝင္သရုပ္ေဆာင္ခဲ့ကာ ရုပ္ရွင္ေလာကမွ အနားယူခဲ့သည္။

(ခ်က္ခ္ေနာရစ္၏ အိမ္ေထာင္ေရး)

ခ်က္ခ္ေနာရစ္သည္ အထက္တန္းေက်ာင္းသားဘဝ အတန္းေဖာ္ Dianne Kay Holechek ႏွင့္ ၁၉၅၈ ခုႏွစ္၊ ဒီဇင္ဘာလတြင္ လက္ထပ္ခဲ့သည္။ လက္ထပ္ခ်ိန္တြင္ ခ်က္ခ္ေနာရစ္မွာ အသက္ ၁၈ ႏွစ္ျဖစ္ျပီး Dianne မွာ ၁၇ ႏွစ္အရြယ္သာ ရွိေသးသည္။

အိမ္ေထာင္သက္ ႏွစ္ေပါင္း ၃၀ အၾကာ ၁၉၈၈ ခုႏွစ္တြင္ လမ္းခြဲခဲ့ၾကသည္။ ထိုအခ်ိန္က ခ်က္ခ္ေနာရစ္သည္ The Delta Force 2 ရုပ္ရွင္ဇာတ္ကား ရိုက္ကူးေနစဥ္ကာလ ျဖစ္သည္။

၁၉၉၈ ခုႏွစ္၊ ႏိုဝင္ဘာလ ၂၈ ရက္တြင္ ေမာ္ဒယ္လ္ Gena O'Kelley ႏွင့္ လက္ထပ္ခဲ့သည္။

Gena O'Kelley တြင္ ယခင္အိမ္ေထာင္ႏွင့္ ကေလး ၂ ဦးရွိသည္။ ခ်က္ခ္ေနာရစ္ႏွင့္ ရရွိေသာ အျမႊာကို ၂၀၀၁ ခုႏွစ္တြင္ ေမြးဖြားခဲ့သည္။ ၂၀၁၇ ခုႏွစ္အထိ အခ်က္အလက္မ်ားအရ ခ်က္ခ္ေနာရစ္တြင္ ေျမး ၁၃ ဦး ရွိသည္။

(ဆက္စပ္သတင္း)

ခ်က္ခ္ေနာရစ္၏ စံအိမ္အေၾကာင္း ဖတ္ရႈရမႈအေပၚ ေက်နပ္ႏွစ္သက္မည္ဟု iMyanmarHouse.com  မွ ေမွ်ာ္လင့္ပါသည္။ ဖတ္ရႈျပီးေနာက္ သင္၏ ထင္ျမင္ယူဆခ်က္မ်ားကိုလည္း ကြန္မန္႔တြင္ ေဝမွ်ေပးခဲ့ပါဦးေနာ္။ ခ်က္ခ္ေနာရစ္၏ စံအိမ္အေၾကာင္းကဲ့သို႔ အျခားေသာ အေက်ာ္အေမာ္မ်ား၏ စံအိမ္မ်ားအေၾကာင္းကိုလည္း iMyanmarHose.com ၏ သတင္းစာမ်က္ႏွာ https://www.iMyanmarHouse.com/news တြင္ ဖတ္ရႈႏိုင္ပါသည္။

ေနာက္ဆံုးအခ်က္ကား အျခားမည္သည့္ အေက်ာ္အေမာ္၏ စံအိမ္အေၾကာင္း iMyanmarHouse.com မွာ ဖတ္ရႈလိုပါသလဲ။ ဖတ္ခ်င္သည့္ အေက်ာ္အေမာ္၏ အမည္ကို ကြန္မန္႔မွာ ေရးသားေပးခဲ့ၾကပါဦး။

အဆံုးအထိ ဖတ္ရႈေပးသည့္အတြက္ ေက်းဇူးတင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Chuck Norris: Martial Arts Legend, Water Bottler (houstoniamag)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
imyanmarmarket
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service