နာမည်ကြီးနေသော ပြည့်တန်ဆာဇာတ်ကား gangubai မှ မင်းသမီးအာလိယဘတ်၏ စံအိမ်
နာမည်ကြီးနေသော ပြည့်တန်ဆာဇာတ်ကား gangubai မှ မင်းသမီးအာလိယဘတ်၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
6 Apr 2022 10:25 am တွင် တင်ခဲ့သည်
3033 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(အာလိယဘတ် ဘာလဲ)
အာလိယဘတ် (မွေး ၁၉၉၃ ) သည် အိန္ဒိယလူမျိုး ဗြိတိန်နိုင်ငံသူ ဖြစ်သည်။ အာလိယဘက်၏ ဖခင်မှာ ရုပ်ရှင်ဒါရိုက်တာ မဟေ့ဘက်ဖြစ်ပြီး မိခင်မှာ ရုပ်ရှင်မင်းသမီး ဆိုနီ ရာဇ်ဒန် ဖြစ်သည်။ ဖခင်မှာ ဂူဂျာရတီလူမျိုးဖြစ်ပြီး မိခင်မှာ ကက်ရှ်မီးယား ပန်ဒစ်နှင့် ဂျာမန်မျိုးနွှယ်စပ်သည်။
အာလိယဘက်သည် ဗြိတိန်နိုင်ငံသူအဖြစ် ခံယူထားပြီး ရှားဟန်အမည်ရှိ အစ်မတစ်ယောက်ရှိသည်။
ဟင်ဒီရုပ်ရှင်များဖြင့် နာမည်ကျော်ပြီး Filmfare Award ၄ ဆုအပြင် အခြားရုပ်ရှင်ဆုပေါင်းများစွာ ရရှိထားသည်။
အိန္ဒိယ၏ သရုပ်ဆောင်ကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသမီးများတွင် ပါဝင်ပြီး Forbes မဂ္ဂဇင်းကြီး၏ အိန္ဒိယအကျော်အမော် ၁၀၀ ဦးစာရင်းတွင် ၂၀၁၄ ခုနှစ်ကတည်းက ဖော်ပြခံခဲ့ရသူ ဖြစ်သည်။
(Gangubai ရုပ်ရှင်)
၂၀၂၂ ခုနှစ်အတွင်း ရုံတင်ပြသခဲ့သော ဟင်ဒီရုပ်ရှင် ဂန်ဂူးဘိုင်း ကာချီယာဘာဒီ (Gangubai Kathiawadi) သည် ပရိသတ်များနှင့် ရုပ်ရှင်လောကအကြား များစွာလှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ကာ စီးပွားရေးအရလည်း များစွာအောင်မြင်ခဲ့သော ဇာတ်ကားဖြစ်သည်။
Gangubai ဇာတ်ကားသည် ဖြစ်ရပ်မှန်အခြေပြု ဇာတ်လမ်းတစ်ခုဖြစ်ပြီး ၁၉၆၀ ပြည့်လွန်ကာလများအတွင်း မွန်ဘိုင်းမြို့၏ နာမည်ကြီး ပြည့်တန်ဆာ ဂန်ဂူးဘိုင်း ဟယ်ချီဗင်ဒါ့စ် -Gangubai Harjeevandas (သို့မဟုတ်) ဂန်ဂူးဘိုင်း ကာချီယာဘာဒီ -Gangubai Kathiyawadi အမည်ရှိ မိန်းကလေးတစ်ဦး၏ အကြောင်းကို အခြေခံရိုက်ကူးထားခြင်း ဖြစ်သည်။
ကြာမြင့်ချိန် ၁၅၄ မိနစ်ရှိသော Gangubai ဇာတ်ကားကို အိန္ဒိယတွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စတင်ပြသခဲ့သည်။ ရုပ်ရှင်ရိုက်ကူးစရိတ် ရူပီး ၁ ဘီလီယံကျော် ကုန်ကျခဲ့ပြီး ရူပီး ၂ ဘီလီယံနီးပါး ပြန်ရခဲ့သည်။
(အာလိယဘက်၏ စံအိမ်လိပ်စာ)
Silver Beach Apartments, B- Wing, A.B. Nair Road, Juhu, Mumbai, Maharashtra.
(အာလိယဘတ်၏ စံအိမ်အတွင်း….)
အာလိယဘတ်၏ စံအိမ်သည် ဇိမ်ကျနွေးထွေးမှုနှင့် စိုစိုလွင်လွင်ဖြစ်မှုတို့ကို ချိန်သားကိုက် ပေါင်းစပ်ထားသည်။
အုတ်လက်ရာ၊ သပ်ရပ်လှပသော နံရံများ၊ အလွန်လက်ရာမြောက်သော ပရိဘောဂများ အစရှိသည့် ခမ်းနားထည်ဝါသော အတွင်းပိုင်းမွမ်းမံမှုအားလုံးမှာ အာလိယဘတ်၏ မွမ်းမံမှုအကြိုက်ကို အထင်အရှား ပြသနေသည်။
အာလိယဘတ်သည် Juhu ရှိ ယခုလူနေခန်းသို့ ၂၀၁၉ ခုနှစ်အတွင်း ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး သူ၏ ပထမဆုံး ဝယ်ယူခဲ့သည့် အိမ်ခြံမြေလည်း ဖြစ်သည်။
အာလိယဘတ်သည် အစ်မဖြစ်သူ ရှာဟင်းဘတ်နှင့်အတူ ယခုအခန်းတွင် နေထိုင်လျက်ရှိသည်။
အာလိယဘတ်က သူ၏အခန်းကို ဗွီဒီယိုရိုက်ကူးကာ YouTube ရှိ သူ၏ Channel ဖြစ်သော Alia Bhatt တွင် Moving Day Vlog ဟူသော အမည်ဖြင့်လွှင့်တင်ခဲ့ဖူးသည်။ အဆိုပါဗွီဒီယိုကို ယနေ့အထိ ကြည့်ရှုမှုအကြိမ်ရေ ၅ ဒသမ ၇ သန်းရှိသည်။
ဗွီဒီယိုအတွင်း အာလိယဘတ်သည် ညီမ၊ မိခင်ဖြစ်သူ ဆိုနီ ရာ့ဇ်ဒန်တို့၏ အကူအညီဖြင့် ပစ္စည်းပစ္စယများ ထားသိုနေရာချထားနေပုံကို တွေ့ရမည် ဖြစ်သည်။
မိသားစုနေအိမ်မှသည် သူ၏ကိုယ်ပိုင်အိမ်သို့ ပထမဆုံးအကြိမ်ရွှေ့ပြောင်းခဲ့သည့် အတွေ့အကြုံကို မျှဝေပြောပြထားသည်။
အာလိယဘတ်၏ နေအိမ်ကို အိမ်တွင်းမွမ်းမံမှု ဒီဇိုင်နာ ရီချ ဘဟီက ဒီဇိုင်းရေးဆွဲပေးထားခြင်းဖြစ်ပြီး ဒီဇိုင်းပြီးစီးရန် ၂ နှစ်ခန့် အချိန်ယူခဲ့ရသည်။
အိပ်ခန်း ၄ ခန်းပါ လူနေခန်း၏ တမူထူးသောဒီဇိုင်းမှာ နယူးယောက်လူနေခန်းများနှင့် ဆွစ်ဇာလန် တောင်ပေါ်အိမ်တို့၏ ဒီဇိုင်းများ ရောယှက်ထားသည့်ဟန်မျိုး ဖြစ်သည်။
ဒုတိယအခန်းတွင် အာလိယဘတ်၏ အဝတ်အစားလဲခန်းရှိသည်။ နားနေခန်းတွင် အညိုရောင်ခုံတန်းရှည်နှင့် တမူထူးသော မီးခိုးရောင် စာတိုက်ပုံးတစ်လုံးလည်း တွေ့ရသည်။
(နားနေဆောင်တွင် ဓာတ်ပုံရိုက်နေကြသည့် အာလိယဘတ်၏ ဝန်ထမ်းများ)
(အားကစား ဝါသနာထုံသူ အာလိယ ဗီရိုရှေ့တွင် ဆဲဖီးဓာတ်ပုံရိုက်နေပုံ)
အာလိယဘတ်၏ မွန်ဘိုင်းလူနေခန်းအတွင်း ဇိမ်ကျကျခုံတန်းများနှင့် ချောမွေ့တောက်ပသော ကြွေပြားကြမ်းခင်းကိုတွေ့ရပြီး အဆိုပါနေရာတွင် ညီအစ်မ ၂ ဦး အတူထိုင်ကြရင်း အပန်းဖြေ အချိန်ဖြုန်းလေ့ ရှိကြသည်။
(အလုပ်ကြိုးစားသူ အာလိယဘတ်ကို ညီမဖြစ်သူက ရိုက်ပေးထားသည့်ဓာတ်ပုံ)
(အာလိယဘတ်၏ ဧည့်ခန်း)
ဧည့်ခန်း၏ နှင်းဖြူရောင်နံရံမှာ လှပရုံမက နေရာပိုကျယ်ဟန် ထင်ရစေသည်။
ကြီးမားသော ဆိုဖာကြီးတစ်ခု၊ ကွန်ကရစ်ပြားကြမ်းခင်းတို့က နွေးထွေးမှုအငွေ့အသက်ကို ဖန်တီးပေးနေပြီး ကြီးမားသည့် ပြတင်းများကြောင့် သဘာဝအလင်း ကောင်းစွာရစေသည်။
ဧည့်ခန်းနံရံတွင် အဖြူအမည်း ဓာတ်ပုံများနှင့် ထူးခြားသော ဆိုရိုးစကားများ ချိတ်ဆွဲထားမှုတို့ကိုလည်း တွေ့ရသည်။
(အာလိယဘတ်ကို ဧည့်ခန်းအတွင်း တွေ့ရပုံ)
(ဧည့်ခန်းအတွင်း အာလိယဘတ်ရိုက်ကူးခဲ့သော နောက်ထပ် ဓာတ်ပုံတစ်ခု)
(ယောဂလေ့ကျင့်မှု)
အာလိယဘတ်၏ ယောဂနည်းပြဆရာမ အန်ရှုကာက အင်စတာဂရမ်တွင် အာလိယဘတ် ဧည့်ခန်းအတွင်း ယောဂလေ့ကျင့်နေသည့် ဓာတ်ပုံတစ်ပုံ တင်ခဲ့ဖူးသည်။
 အဆိုပါဓာတ်ပုံမှတဆင့် အာလိယဘတ်၏ ဧည့်ခန်းကို လှစ်ဟတွေ့မြင်ခွင့်ရကြသည်။
(အာလိယဘတ် အိပ်ခန်း)
ကာလကြာရှည် ကားရိုက်များထွက်အပြီး အာလိယဘတ် ကိုယ်စိတ်နှစ်ပါး အနားယူရန် အနှစ်သက်ဆုံးနေရာမှာ လှပစွာ မွမ်းမံထားသော အိပ်ခန်း ဖြစ်သည်။
အိပ်ယာဘေးတွင် တမူထူးသော အပြာရောင်စားပွဲများထားရှိသည်။ အိပ်ခန်းအတွင်း စင်ငယ်တစ်ခုလည်းရှိပြီး အာလိယဘတ်၏ စာအုပ်များကို သပ်ရပ်စွာ ထားရှိထားသည်။
(အာလိယဘတ်၏ နေအိမ်ခန်းဈေးနှုန်း)
အာလိယဘတ်၏ နေအိမ်ခန်းဈေးနှုန်းမှာ ရူပီး ၁၃၁ သန်းကျော်ဖြစ်သည်။ (ရှာဖွေပါ)
အာလိယဘတ်၏ စံအိမ်အကြောင်း ဖတ်ရှုရမှုအပေါ် ကျေနပ်နှစ်သက်မည်ဟု မျှော်လင့်ပါသည်။
အာလိယဘတ်၏ စံအိမ်ကဲ့သို့ လှပသည့်စံအိမ်မျိုး ဝယ်ယူလိုပါက iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရှာဖွေနိုင်ပါသည်။ သင်၏ အကြိုက်နှင့် ထပ်တူကျသော စံအိမ်တစ်လုံးတွေ့ရှိမည်ဟု အသေအချာ ပြောနိုင်ပါသည်။ ထို့အပြင် သင်အလိုရှိသော နေအိမ်ပုံသဏ္ဍာန်မျိုးကို iMyanmarHouse.com ဝက်ဘ်ဆိုက် အတွင်း ဝင်ရောက်ကာ ဝယ်ယူလိုကြောင်း ကြော်ငြာတင်ထားနိုင်ပါသည်။
အောက်ပါလင့်ခ်ကို နှိပ်ကာ သင်ကိုယ်တိုင် ကြော်ငြာတင်နိုင်ပါသည်။ (https://www.imyanmarhouse.com/wanted-listings-post ) ကြော်ငြာတင်ခမှာ “အခမဲ့” ဖြစ်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Alia Bhatt House in Mumbai - Photos, Address and House Tour (magicbricks)
[Zawgyi]
(အာလိယဘတ် ဘာလဲ)
(Gangubai ရုပ်ရှင်)
(နားနေဆောင်တွင် ဓာတ်ပုံရိုက်နေကြသည့် အာလိယဘတ်၏ ဝန်ထမ်းများ) (အားကစား ဝါသနာထုံသူ အာလိယ မီးခိုးရောင်အဝတ်ဗီရိုရှေ့တွင် ဆဲဖီးဓာတ်ပုံရိုက်နေပုံ)
(အာလိယဘတ်၏ ဧည့်ခန်း)
(အာလိယနှင့် သူ၏ အခင်မင်ဆုံးသူငယ်ချင်း အာကန်ရှာတို့ကို ဤဓာတ်ပုံတွင် တွေ့ရသည်)
(ယောဂလေ့ကျင့်မှု)
(အာလိယဘတ် အိပ်ခန်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
Mingalar Market
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service