ပရီယန်ကာ ချိုပရာနှင့် နစ်ခ်ဂျိုနာ့စ်တို့၏ ဒေါ်လာသန်း ၂၀ တန် ကယ်လီဖိုးနီးယားစံအိမ်

ပရီယန်ကာ ချိုပရာနှင့် နစ်ခ်ဂျိုနာ့စ်တို့၏ ဒေါ်လာသန်း ၂၀ တန် ကယ်လီဖိုးနီးယားစံအိမ် - Property News in Myanmar from iMyanmarHouse.com
31 Mar 2022 10:15 am တွင် တင်ခဲ့သည်
1478 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နစ်ခ်ဂျိုနာ့စ်နှင့် ပရီယန်ကာချိုပရာတို့သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလအတွင်း အငှားကိုယ်ဝန်ဖြင့် သမီးတစ်ဦး မွေးဖွားခဲ့ကြသည်။

အဆိုပါ သမီးလေးကို လူလားမြောက်လာအောင် ကျွေးမွေးပြုစုပေးရန် ပြီးပြည့်စုံသော စံအိမ်တစ်လုံး ရှိထားပြီး ဖြစ်သည်။

ပရီယန်ကာ ချိုပရာ (မွေး ၁၉၈၂) သည် အိန္ဒိယ ရုပ်ရှင်မင်းသမီး၊ မော်ဒယ်လ်၊ အဆိုတော်တစ်ဦးဖြစ်သည်။

ပရီယန်ကာ ချိုပရာသည် ဘောလိဝုဒ်၏ အနုပညာကြေးအမြင့်ဆုံး ရုပ်ရှင်မင်းသမီးများထဲတွင် တစ်ဦး အပါအဝင် ဖြစ်သည်။

ပရီယန်ကာ ချိုပရာတို့ စုံတွဲသည် ၂၀၁၉ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့၊ Encino အရပ်ရှိ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ သန်း ၂၀ ဖြင့် ဝယ်ယူခဲ့ကြသည်။

အဆိုပါ စံအိမ်တွင် အိပ်ခန်း ၇ ခန်း၊ ရေချိုးခန်း ၁၁ ခန်းပါဝင်ကာ လူနေကြမ်းခင်းဧရိယာ စတုရန်းပေ ၂၀၀၀၀ ခန့်အထိ ကျယ်ဝန်းသည်။

ခြံအကျယ် ၃ ဧကတွင် ဂိတ်စောင့်အိမ်တစ်လုံးနှင့်အတူ စံအိမ်သို့ရောက်ရှိရန် ရှည်လျားသော ယာဉ်မောင်းလမ်းမှ ကားမောင်းဝင်ရခြင်းဖြစ်ရာ အကျော်အမော်စုံတွဲအတွက် တစ်ကိုယ်ရည် လုံခြုံမှုကို ကောင်းစွာရရှိနိုင်မည့်နေရာတစ်ခု ဖြစ်သည်။

ပြေးလမ်း ၂ ခုပါ ဘိုးလင်းကစားသည့်နေရာ၊ ခြံဝန်းအတွင်း ရေကူးကန်၊ အိမ်တွင်း ရုပ်ရှင်ရုံ၊ ဂိမ်းကစားခန်းတို့ ပါဝင်သည်။

စံအိမ်အတွင်း ထိပ်တန်းအရည်အသွေးရှိ အရက်ဘား၊ အိမ်တွင်း ဘတ်စ်ကက်ဘောကွင်း၊ မှန်နံရံများတပ်ဆင်ထားသည့် အားကစားလေ့ကျင့်ခန်းမ၊ ကျယ်ပြောသော ခြံဝန်း၊ ကြီးမားသော ဂိုဒေါင်တစ်လုံးတို့ ပါဝင်သည်။

ယခုစံအိမ်မှာ နစ်ခ်၏ အစ်ကို ဂျိုး ဂျိုနာ့စ်နှင့် ဇနီး ဆိုဖီ တာနာ၊ ၎င်းတို့၏ သမီးကလေး ဝီလာတို့ နေထိုင်သည့်အိမ်နှင့် ၃ မိုင်ခန့်သာ ဝေးကွာသည်။ ဂျိုး ဂျိုနာ့စ်၏ စံအိမ်မှာ စတုရန်းပေ ၁၅၀၀၀ ကျယ်ဝန်းပြီး ကန်ဒေါ်လာ ၁၄ ဒသမ ၁ သန်း ပေးခဲ့ရသည်။

နစ်ခ်နှင့် ပရီယန်ကာတို့က ကလေးရကြောင်းကို အင်စတာဂရမ်တွင် ကြေညာခဲ့ရာ၌ “အငှားကိုယ်ဝန်ကတဆင့် ကလေးတစ်ယောက်ရလာတဲ့အပေါ် ကျွန်တော်တို့ အလွန်ပျော်ရွှင်ရပါတယ်”ဟု ရေးသားဖော်ပြခဲ့သည်။

ပရီယန်ကာ ချိုပရာသည် ၂၀၀၀ ပြည့်နှစ်အတွင်းက ဗြိတိန်တွင် ကျင်းပခဲ့သော ၂၀၀၀ ပြည့်နှစ် မယ်ကမ္ဘာပြိုင်ပွဲ Miss World 2000 တွင် Winner ရရှိခဲ့သူလည်း ဖြစ်သည်။

ပရီယန်ကာသည် အမျိုးသားရုပ်ရှင်ဆု ၂ ကြိမ်၊ Filmfare Award ၅ ကြိမ်အပြင် အခြားရုပ်ရှင်ဆုပေါင်းများစွာ ရရှိထားသူ ဖြစ်သည်။

၂၀၁၆ ခုနှစ်အတွင်း တိုင်းမ် မဂ္ဂဇင်းကြီးက ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ ဥိးစာရင်းတွင် ပရီယန်ကာ ချိုပရာကို ထည့်သွင်းဖော်ပြခဲ့သည်။

နစ်ခ်ဂျိုနာ့စ်က လော့စ်အိန်ဂျလိရှိ သူ၏စံအိမ်ကို ဂျပန်တင်းနစ်ကြယ်ပွင့် နာအိုမီ အိုဆာကာထံ ကန်ဒေါ်လာ ၆ ဒသမ ၉ သန်းဖြင့် ရောင်းချခဲ့ပြီးနောက် ယခုစံအိမ်ကို ဝယ်ယူခဲ့ခြင်းလည်း ဖြစ်သည်။

နစ်ခ်နှင့် ပရီယန်ကာတို့သည် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလအတွင်း လက်ထပ်ခဲ့ကြသည်။

(နစ်ခ် ဂျိုနာ့စ် ဘာလဲ)

နစ်ခ် ဂျိုနာ့စ် (မွေး ၁၉၉၂) သည် အမေရိကန်အဆိုတော်၊ တေးရေး၊ ရုပ်ရှင်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။

အသက် ၇ နှစ်သားအရွယ်ကတည်းက ဘရော့ဒ်ဝေးကဇာတ်များတွင် ပါဝင်ခဲ့သူဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် သူ၏ ပွဲဦးထွက် Single တေးကို ထုတ်လုပ်ခဲ့သည်။

သူ၏ အစ်ကိုများဖြစ်သော ကီဗင်၊ ဂျိုးတို့နှင့်အတူ Jonas Brothers အမည်ရှိ တေးဂီတအဖွဲ့ တည်ထောင်ထားသည်။

အလွန်အောင်မြင်ခဲ့သည့် ဂီတရုပ်သံဇာတ်လမ်းများဖြစ်သော Camp Rock (၂၀၀၈)၊ Camp Rock 2: The Final Jam (၂၀၁၀) တို့တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။

(နစ်ခ် ဂျိုနာ့စ် အချစ်ရေး)

နစ်ခ် ဂျိုနာ့စ်သည် ၂၀၀၆ ခုနှစ်၊ ဇွန်လမှ ၂၀၀၇ ခုနှစ် ဒီဇင်ဘာလအထိ မိုင်လေဆိုင်းရပ်နှင့် ချစ်ကြိုက်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် ဆလီနာ ဂိုမက်ဇ်နှင့် ချစ်ကြိုက်ခဲ့ပြန်သည်။

၂၀၁၁ ခုနှစ်၊ မေလတွင် သြစတေးလျအဆိုတော် ဒယ်လ်တာ ဂူးဒရမ်းနှင့် ချစ်ကြိုက်ခဲ့ပြီး ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီတွင် လမ်းခွဲခဲ့ကြသည်။

၂၀၁၃ ခုနှစ်တွင် ဖက်ရှင်အကျော်အမော် အိုလီဗီယာ ကာလ်ပိုနှင့် ချစ်ကြိုက်ခဲ့ပြီး အချစ်သက်တမ်း ၂ နှစ်နီးပါးအကြာတွင် လမ်းခွဲခဲ့ကြသည်။

၂၀၁၈ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်တွင် ဘောလိဝုဒ်ကြယ်ပွင့် ပရီယန်ကာ ချိုပရာကို ချစ်ရေးဆိုခဲ့ပြီး ၂၀၁၈ ခုနှစ်၊ သြဂုတ်လတွင် စေ့စပ်ခဲ့ကြသည်။၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယနိုင်ငံ၊ ရာဂျာ့စ်သန်ပြည်နယ်၊ ဂျို့ဒ်ပူရ်မြို့တွင် ဟိန္ဒူထုံးတမ်းအတိုင်း လက်ထပ်ခဲ့ကြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Nick Jonas and Priyanka Chopra's $20million mansion is the perfect family home – details (hellomagazine)

[Zawgyi]

ပရီယန္ကာ ခ်ဳိပရာႏွင့္ နစ္ခ္ဂ်ဳိနာ့စ္တို႔၏ ေဒၚလာသန္း ၂၀ တန္ ကယ္လီဖိုးနီးယားစံအိမ္

နစ္ခ္ဂ်ဳိနာ့စ္ႏွင့္ ပရီယန္ကာခ်ဳိပရာတို႔သည္ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလအတြင္း အငွားကိုယ္ဝန္ျဖင့္ သမီးတစ္ဦး ေမြးဖြားခဲ့ၾကသည္။

အဆိုပါ သမီးေလးကို လူလားေျမာက္လာေအာင္ ေကၽြးေမြးျပဳစုေပးရန္ ျပီးျပည့္စံုေသာ စံအိမ္တစ္လံုး ရွိထားျပီး ျဖစ္သည္။

ပရီယန္ကာ ခ်ဳိပရာ (ေမြး ၁၉၈၂) သည္ အိႏိၵယ ရုပ္ရွင္မင္းသမီး၊ ေမာ္ဒယ္လ္၊ အဆိုေတာ္တစ္ဦးျဖစ္သည္။

ပရီယန္ကာ ခ်ဳိပရာသည္ ေဘာလိဝုဒ္၏ အႏုပညာေၾကးအျမင့္ဆံုး ရုပ္ရွင္မင္းသမီးမ်ားထဲတြင္ တစ္ဦး အပါအဝင္ ျဖစ္သည္။

ပရီယန္ကာ ခ်ဳိပရာတို႔ စံုတြဲသည္ ၂၀၁၉ ခုႏွစ္အတြင္း အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Encino အရပ္ရွိ စံအိမ္တစ္လံုးကို ကန္ေဒၚလာ သန္း ၂၀ ျဖင့္ ဝယ္ယူခဲ့ၾကသည္။

အဆိုပါ စံအိမ္တြင္ အိပ္ခန္း ၇ ခန္း၊ ေရခ်ဳိးခန္း ၁၁ ခန္းပါဝင္ကာ လူေနၾကမ္းခင္းဧရိယာ စတုရန္းေပ ၂၀၀၀၀ ခန္႔အထိ က်ယ္ဝန္းသည္။

ျခံအက်ယ္ ၃ ဧကတြင္ ဂိတ္ေစာင့္အိမ္တစ္လံုးႏွင့္အတူ စံအိမ္သို႔ေရာက္ရွိရန္ ရွည္လ်ားေသာ ယာဥ္ေမာင္းလမ္းမွ ကားေမာင္းဝင္ရျခင္းျဖစ္ရာ အေက်ာ္အေမာ္စံုတြဲအတြက္ တစ္ကိုယ္ရည္ လံုျခံဳမႈကို ေကာင္းစြာရရွိႏိုင္မည့္ေနရာတစ္ခု ျဖစ္သည္။

ေျပးလမ္း ၂ ခုပါ ဘိုးလင္းကစားသည့္ေနရာ၊ ျခံဝန္းအတြင္း ေရကူးကန္၊ အိမ္တြင္း ရုပ္ရွင္ရံု၊ ဂိမ္းကစားခန္းတို႔ ပါဝင္သည္။

စံအိမ္အတြင္း ထိပ္တန္းအရည္အေသြးရွိ အရက္ဘား၊ အိမ္တြင္း ဘတ္စ္ကက္ေဘာကြင္း၊ မွန္နံရံမ်ားတပ္ဆင္ထားသည့္ အားကစားေလ့က်င့္ခန္းမ၊ က်ယ္ေျပာေသာ ျခံဝန္း၊ ၾကီးမားေသာ ဂိုေဒါင္တစ္လံုးတို႔ ပါဝင္သည္။

ယခုစံအိမ္မွာ နစ္ခ္၏ အစ္ကို ဂ်ဳိး ဂ်ဳိနာ့စ္ႏွင့္ ဇနီး ဆိုဖီ တာနာ၊ ၎တို႔၏ သမီးကေလး ဝီလာတို႔ ေနထိုင္သည့္အိမ္ႏွင့္ ၃ မိုင္ခန္႔သာ ေဝးကြာသည္။ ဂ်ဳိး ဂ်ဳိနာ့စ္၏ စံအိမ္မွာ စတုရန္းေပ ၁၅၀၀၀ က်ယ္ဝန္းျပီး ကန္ေဒၚလာ ၁၄ ဒသမ ၁ သန္း ေပးခဲ့ရသည္။

နစ္ခ္ႏွင့္ ပရီယန္ကာတို႔က ကေလးရေၾကာင္းကို အင္စတာဂရမ္တြင္ ေၾကညာခဲ့ရာ၌ “အငွားကိုယ္ဝန္ကတဆင့္ ကေလးတစ္ေယာက္ရလာတဲ့အေပၚ ကၽြန္ေတာ္တို႔ အလြန္ေပ်ာ္ရႊင္ရပါတယ္”ဟု ေရးသားေဖာ္ျပခဲ့သည္။

ပရီယန္ကာ ခ်ဳိပရာသည္ ၂၀၀၀ ျပည့္ႏွစ္အတြင္းက ျဗိတိန္တြင္ က်င္းပခဲ့ေသာ ၂၀၀၀ ျပည့္ႏွစ္ မယ္ကမၻာျပိဳင္ပြဲ Miss World 2000 တြင္ Winner ရရွိခဲ့သူလည္း ျဖစ္သည္။

ပရီယန္ကာသည္ အမ်ဳိးသားရုပ္ရွင္ဆု ၂ ၾကိမ္၊ Filmfare Award ၅ ၾကိမ္အျပင္ အျခားရုပ္ရွင္ဆုေပါင္းမ်ားစြာ ရရွိထားသူ ျဖစ္သည္။

၂၀၁၆ ခုႏွစ္အတြင္း တိုင္းမ္ မဂၢဇင္းၾကီးက ကမၻာ့ၾသဇာအလႊမ္းဆံုးပုဂၢိဳလ္ ၁၀၀ ဥိးစာရင္းတြင္ ပရီယန္ကာ ခ်ဳိပရာကို ထည့္သြင္းေဖာ္ျပခဲ့သည္။ နစ္ခ္ဂ်ဳိနာ့စ္က ေလာ့စ္အိန္ဂ်လိရွိ သူ၏စံအိမ္ကို ဂ်ပန္တင္းနစ္ၾကယ္ပြင့္ နာအိုမီ အိုဆာကာထံ ကန္ေဒၚလာ ၆ ဒသမ ၉ သန္းျဖင့္ ေရာင္းခ်ခဲ့ျပီးေနာက္ ယခုစံအိမ္ကို ဝယ္ယူခဲ့ျခင္းလည္း ျဖစ္သည္။

နစ္ခ္ႏွင့္ ပရီယန္ကာတို႔သည္ ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလအတြင္း လက္ထပ္ခဲ့ၾကသည္။

(နစ္ခ္ ဂ်ဳိနာ့စ္ ဘာလဲ)

နစ္ခ္ ဂ်ဳိနာ့စ္ (ေမြး ၁၉၉၂) သည္ အေမရိကန္အဆိုေတာ္၊ ေတးေရး၊ ရုပ္ရွင္သရုပ္ေဆာင္တစ္ဦး ျဖစ္သည္။

အသက္ ၇ ႏွစ္သားအရြယ္ကတည္းက ဘေရာ့ဒ္ေဝးကဇာတ္မ်ားတြင္ ပါဝင္ခဲ့သူျဖစ္ျပီး ၂၀၀၂ ခုႏွစ္တြင္ သူ၏ ပြဲဦးထြက္ Single ေတးကို ထုတ္လုပ္ခဲ့သည္။

သူ၏ အစ္ကိုမ်ားျဖစ္ေသာ ကီဗင္၊ ဂ်ဳိးတို႔ႏွင့္အတူ Jonas Brothers အမည္ရွိ ေတးဂီတအဖြဲ႔ တည္ေထာင္ထားသည္။

အလြန္ေအာင္ျမင္ခဲ့သည့္ ဂီတရုပ္သံဇာတ္လမ္းမ်ားျဖစ္ေသာ Camp Rock (၂၀၀၈)၊ Camp Rock 2: The Final Jam (၂၀၁၀) တို႔တြင္ ပါဝင္သရုပ္ေဆာင္ခဲ့သည္။

(နစ္ခ္ ဂ်ဳိနာ့စ္ အခ်စ္ေရး)

နစ္ခ္ ဂ်ဳိနာ့စ္သည္ ၂၀၀၆ ခုႏွစ္၊ ဇြန္လမွ ၂၀၀၇ ခုႏွစ္ ဒီဇင္ဘာလအထိ မိုင္ေလဆိုင္းရပ္ႏွင့္ ခ်စ္ၾကိဳက္ခဲ့သည္။

၂၀၀၈ ခုႏွစ္တြင္ ဆလီနာ ဂိုမက္ဇ္ႏွင့္ ခ်စ္ၾကိဳက္ခဲ့ျပန္သည္။

၂၀၁၁ ခုႏွစ္၊ ေမလတြင္ ၾသစေတးလ်အဆိုေတာ္ ဒယ္လ္တာ ဂူးဒရမ္းႏွင့္ ခ်စ္ၾကိဳက္ခဲ့ျပီး ၂၀၁၂ ခုႏွစ္၊ ေဖေဖာ္ဝါရီတြင္ လမ္းခြဲခဲ့ၾကသည္။

၂၀၁၃ ခုႏွစ္တြင္ ဖက္ရွင္အေက်ာ္အေမာ္ အိုလီဗီယာ ကာလ္ပိုႏွင့္ ခ်စ္ၾကိဳက္ခဲ့ျပီး အခ်စ္သက္တမ္း ၂ ႏွစ္နီးပါးအၾကာတြင္ လမ္းခြဲခဲ့ၾကသည္။

၂၀၁၈ခုႏွစ္၊ ဇူလိုင္လ ၁၉ ရက္တြင္ ေဘာလိဝုဒ္ၾကယ္ပြင့္ ပရီယန္ကာ ခ်ဳိပရာကို ခ်စ္ေရးဆိုခဲ့ျပီး ၂၀၁၈ ခုႏွစ္၊ ၾသဂုတ္လတြင္ ေစ့စပ္ခဲ့ၾကသည္။၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလတြင္ အိႏိၵယႏိုင္ငံ၊ ရာဂ်ာ့စ္သန္ျပည္နယ္၊ ဂ်ဳိ႕ဒ္ပူရ္ျမိဳ႕တြင္ ဟိႏၵဴထံုးတမ္းအတိုင္း လက္ထပ္ခဲ့ၾကသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Nick Jonas and Priyanka Chopra's $20million mansion is the perfect family home – details (hellomagazine)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service