အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် နဲ့ ကျန်းမာရေး

အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် နဲ့ ကျန်းမာရေး - Property Knowledge in Myanmar from iMyanmarHouse.com
29 Mar 2022 11:50 am တွင် တင်ခဲ့သည်
2335 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ငယ်ငယ်က ဆော့ဖို့ အရွက်ကလေးတွေ ခူးတဲ့အခါ အစိမ်းရောင် အရွက် ဖားဖားလေးတွေနဲ့ နှာမောင်းလေးလို အစိမ်းရောင် ရိုးတံရှည်ရှည် ကွေး​ကွေးလေးနဲ့ ထိပ်ပိုင်းမှာ အပွင့် ဖြူဖြူလေးတွေ ပွင့်တဲ့ ဆင်နှာမောင်းပင်ကို မြင်ဖူးကြမယ်ထင်ပါတယ်။

သေချာစိုက်ထားတာ မဟုတ်တာတောင် အကောင်းဆုံး ရှင်သန်နေတဲ့ ဒီအပင်လေးတွေကို ငယ်ငယ်ကတော့ ဆင်နှာမောင်းလေးနဲ့ တူလို့ ချစ်စရာလေးဆိုပြီး ဆော့ဖို့ ခူးကြပေမယ့် ဆေးဖက်ဝင်တယ်ဆိုတာကို မသိခဲ့ပါဘူး။ တကယ်ကတော့ ဒီအပင်လေးက ဆေးဖက်ဝင်ပါတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတာကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။

ဆင်နှာမောင်းပင် ဆိုတာ

တကယ်ကတော့ ဒီအပင်လေးကို ဆင်နှာမောင်းပင် အကြီးမျိုးလို့ ခေါ်ကြပါတယ်။ အရွက်တွေ ဖြာနေအောင် ထွက်တတ်တဲ့ အပင်ပုလေး တစ်မျိုးပါ။ အရိုးတံက မာမာလေးနဲ့ တောင့်တောင့်တင်းတင်း ရှိပါတယ်။

အမြင့်ကတော့ ၁.၅ မီတာလောက်ပဲ မြင့်ပါတယ်။ အလေ့ကျ ပေါက်ရောက်လေ့ရှိတဲ့ အပင် တစ်မျိုးပါ။

တောင်အမေရိက မျိုးရင်းပင် တစ်မျိုးပါ။ အပူပိုင်း နဲ့ သမပိုင်း ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ တစ်နှစ်ပတ်လုံး ပန်းပွင့်ပါတယ်။

အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် ဘယ်လို ဆေးဖက်ဝင်တာလဲ ……..

အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် ကို လွန်ခဲ့တဲ့ ရာစုနှစ် ပေါင်းများစွာကတည်းက ဆေးဝါးကုသမှုမှာ အသုံးပြုခဲ့တာပါ။ ဒီဆင်နှာမောင်း ပင်လေးကို

ကြွက်နို့ သက်သာစေတယ်

ကြွက်နို့ သက်သာစေဖို့ အသုံးပြုကြပါတယ်။ အရွက်ကို ရေစင်အောင်ဆေး ကြိတ်ခြေပြီး ကြွက်နို့ပေါ်မှာ အုံထားပေးရမှာပါ။ အပေါ်ကနေ ပတ်တီးစ ခပ်ပါးပါးလေး စည်းထားပေးရင်တော့ အကောင်းဆုံးပါ။

အရောင်ကျစေနိုင်တယ်

ဆင်နှာမောင်းပင်လေးကို နောက်ထပ် အသုံးပြုလို့ရတဲ့ နည်းလမ်းတစ်ခုကတော့ ရောင်ရမ်းမှုတွေကို သက်သာစေဖို့ပါ။ အရွက်ကို မီးအုံးပြီးဖြစ်ဖြစ် ကြိတ်ခြေပြီး ဖြစ်ဖြစ် ရောင်ရမ်းနေတဲ့နေရာမှာ အုံပေးပြီး အဝတ် ခပ်ပါးပါး ဒါမှမဟုတ် ပတ်တီးစလေးနဲ့ စည်းထားပေးရုံပါ။

အကိုက်အခဲ ပျောက်စေတယ်

ဆင်နှာမောင်းပင်ကို အကိုက်အခဲ ပျောက်ဆေးအဖြစ် ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ အဆစ်ရောင်နာ၊ လေးဖက်နာတို့ကြောင့် ကိုက်ခဲတာ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

အရေပြား ပြဿနာ ကင်းစေတယ်

ဒီ ဆင်နှာမောင်းပင် လေးကို အရေပြားမှာ ဖြစ်တတ်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ကြတဲ့ အနာ၊ ယားနာ၊ နှင်းခူ၊ ဝဲ၊ ခရုသင်း စတာတွေကို သက်သာစေဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

မိတ်ပျောက်စေတယ်

နွေရာသီမှာ ဖြစ်တတ်တဲ့ ယားယံစေတဲ့ အရေပြားပေါ်က မိတ်တွေ သက်သာစေဖို့အတွက်လည်း ဆင်နှာမောင်းပင်ကို အသုံးပြုပေးလို့ ရပါသေးတယ်။

ဒါတွေအပြင် ဆင်နှာမောင်းပင်ကို

* အကျိတ်တွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

* မှက္ခရု သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

* ဝမ်းပျက်ဝမ်းလျှော သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

* ဆီးချို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

* ဆီး ခဏခဏ သွားတာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

* အနာ သန့်စင်ဖို့အတွက်လည်း အသုံးပြုပေးလို့ ရပါတယ်။

* လိပ်ခေါင်း သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

* ဗိုက်အောင့် ဗိုက်နာ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

* အစာခြေစနစ် ကျန်းမာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။

* လေပြွန်ရောင်တာ၊ လည်ချောင်းနာတာတွေ သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

* အနာစိမ်း သက်သာစေနိုင်တယ်။

* မျက်စိနာတာ သက်သာစေနိုင်တယ်။

* ပန်းနာရင်ကျပ် သက်သာစေနိုင်တယ်။

* သွားဖုံးပိုးဝင်တာ သက်သာစေနိုင်တယ်။

* အရေပြားမှာ ပိုးကောင် ကိုက်တာကို သက်သာစေနိုင်တယ်။

* ဘေဘီလေးတွေ ချောင်းဆိုးတာ၊ ဖျားနာတာကိုလည်း သက်သာစေနိုင်ပါတယ်။

ဒီ အလေ့ကျပေါက်တဲ့ ဆင်နှာမောင်းပင် လေးက ကျန်းမာရေးအတွက် အခုလို အကျိုးကျေးဇူးတွေ များပေမယ့် တန်ဆေးလွန်ဘေး ဆိုသလိုပါပဲ။ အများကြီး သုံးမိမယ်ဆိုရင်တော့ အသည်းကို ထိခိုက်စေနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

အေလ့က်ေပါက္တဲ့ ဆင္ႏွာေမာင္းပင္ နဲ႔ က်န္းမာေရး

ငယ္ငယ္က ေဆာ့ဖို႔ အ႐ြက္ကေလးေတြ ခူးတဲ့အခါ အစိမ္းေရာင္ အ႐ြက္ ဖားဖားေလးေတြနဲ႔ ႏွာေမာင္းေလးလို အစိမ္းေရာင္ ႐ိုးတံ႐ွည္႐ွည္ ေကြး​ေကြးေလးနဲ႔ ထိပ္ပိုင္းမွာ အပြင့္ ျဖဴျဖဴေလးေတြ ပြင့္တဲ့ ဆင္ႏွာေမာင္းပင္ကို ျမင္ဖူးၾကမယ္ထင္ပါတယ္။

ေသခ်ာစိုက္ထားတာ မဟုတ္တာေတာင္ အေကာင္းဆုံး ႐ွင္သန္ေနတဲ့ ဒီအပင္ေလးေတြကို ငယ္ငယ္ကေတာ့ ဆင္ႏွာေမာင္းေလးနဲ႔ တူလို႔ ခ်စ္စရာေလးဆိုၿပီး ေဆာ့ဖို႔ ခူးၾကေပမယ့္ ေဆးဖက္ဝင္တယ္ဆိုတာကို မသိခဲ့ပါဘူး။ တကယ္ကေတာ့ ဒီအပင္ေလးက ေဆးဖက္ဝင္ပါတယ္။ ဘယ္လို ေဆးဖက္ဝင္တာလဲဆိုတာကိုေတာ့ ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္ေစခ်င္ပါတယ္။

ဆင္ႏွာေမာင္းပင္ ဆိုတာ

တကယ္ကေတာ့ ဒီအပင္ေလးကို ဆင္ႏွာေမာင္းပင္ အႀကီးမ်ိဳးလို႔ ေခၚၾကပါတယ္။ အ႐ြက္ေတြ ျဖာေနေအာင္ ထြက္တတ္တဲ့ အပင္ပုေလး တစ္မ်ိဳးပါ။ အ႐ိုးတံက မာမာေလးနဲ႔ ေတာင့္ေတာင့္တင္းတင္း ႐ွိပါတယ္။

အျမင့္ကေတာ့ ၁.၅ မီတာေလာက္ပဲ ျမင့္ပါတယ္။ အေလ့က် ေပါက္ေရာက္ေလ့႐ွိတဲ့ အပင္ တစ္မ်ိဳးပါ။

ေတာင္အေမရိက မ်ိဳးရင္းပင္ တစ္မ်ိဳးပါ။ အပူပိုင္း နဲ႔ သမပိုင္း ေဒသေတြမွာ ေပါက္ေရာက္ၾကပါတယ္။ တစ္ႏွစ္ပတ္လုံး ပန္းပြင့္ပါတယ္။

အေလ့က်ေပါက္တဲ့ ဆင္ႏွာေမာင္းပင္ ဘယ္လို ေဆးဖက္ဝင္တာလဲ ……..

အေလ့က်ေပါက္တဲ့ ဆင္ႏွာေမာင္းပင္ ကို လြန္ခဲ့တဲ့ ရာစုႏွစ္ ေပါင္းမ်ားစြာကတည္းက ေဆးဝါးကုသမႈမွာ အသုံးျပဳခဲ့တာပါ။ ဒီဆင္ႏွာေမာင္း ပင္ေလးကို

ႂကြက္ႏို႔ သက္သာေစတယ္

ႂကြက္ႏို႔ သက္သာေစဖို႔ အသုံးျပဳၾကပါတယ္။ အ႐ြက္ကို ေရစင္ေအာင္ေဆး ႀကိတ္ေျခၿပီး ႂကြက္ႏို႔ေပၚမွာ အုံထားေပးရမွာပါ။ အေပၚကေန ပတ္တီးစ ခပ္ပါးပါးေလး စည္းထားေပးရင္ေတာ့ အေကာင္းဆုံးပါ။

အေရာင္က်ေစႏိုင္တယ္

ဆင္ႏွာေမာင္းပင္ေလးကို ေနာက္ထပ္ အသုံးျပဳလို႔ရတဲ့ နည္းလမ္းတစ္ခုကေတာ့ ေရာင္ရမ္းမႈေတြကို သက္သာေစဖို႔ပါ။ အ႐ြက္ကို မီးအုံးၿပီးျဖစ္ျဖစ္ ႀကိတ္ေျခၿပီး ျဖစ္ျဖစ္ ေရာင္ရမ္းေနတဲ့ေနရာမွာ အုံေပးၿပီး အဝတ္ ခပ္ပါးပါး ဒါမွမဟုတ္ ပတ္တီးစေလးနဲ႔ စည္းထားေပး႐ုံပါ။

အကိုက္အခဲ ေပ်ာက္ေစတယ္

ဆင္ႏွာေမာင္းပင္ကို အကိုက္အခဲ ေပ်ာက္ေဆးအျဖစ္ ေ႐ွးယခင္ ကာလေတြကတည္းက အသုံးျပဳခဲ့ၾကတာပါ။ အဆစ္ေရာင္နာ၊ ေလးဖက္နာတို႔ေၾကာင့္ ကိုက္ခဲတာ သက္သာေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။

အေရျပား ျပႆနာ ကင္းေစတယ္

ဒီ ဆင္ႏွာေမာင္းပင္ ေလးကို အေရျပားမွာ ျဖစ္တတ္တဲ့ က်န္းမာေရး ျပႆနာေတြ ျဖစ္ၾကတဲ့ အနာ၊ ယားနာ၊ ႏွင္းခူ၊ ဝဲ၊ ခ႐ုသင္း စတာေတြကို သက္သာေစဖို႔အတြက္လည္း အသုံးျပဳေပးလို႔ ရပါတယ္။

မိတ္ေပ်ာက္ေစတယ္

ေႏြရာသီမွာ ျဖစ္တတ္တဲ့ ယားယံေစတဲ့ အေရျပားေပၚက မိတ္ေတြ သက္သာေစဖို႔အတြက္လည္း ဆင္ႏွာေမာင္းပင္ကို အသုံးျပဳေပးလို႔ ရပါေသးတယ္။

ဒါေတြအျပင္ ဆင္ႏွာေမာင္းပင္ကို

* အက်ိတ္ေတြ သက္သာေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။

* မွကၡ႐ု သက္သာေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။

* ဝမ္းပ်က္ဝမ္းေလွ်ာ သက္သာေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။

* ဆီးခ်ိဳ သက္သာေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။

* ဆီး ခဏခဏ သြားတာကို သက္သာေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။

* အနာ သန္႔စင္ဖို႔အတြက္လည္း အသုံးျပဳေပးလို႔ ရပါတယ္။

* လိပ္ေခါင္း သက္သာေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။

* ဗိုက္ေအာင့္ ဗိုက္နာ သက္သာေစဖို႔ အသုံးျပဳေပးလို႔ ရပါတယ္။

* အစာေျခစနစ္ က်န္းမာေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။

* ေလႁပြန္ေရာင္တာ၊ လည္ေခ်ာင္းနာတာေတြ သက္သာေစဖို႔ အသုံးျပဳေပးလို႔ ရပါတယ္။

* အနာစိမ္း သက္သာေစႏိုင္တယ္။

* မ်က္စိနာတာ သက္သာေစႏိုင္တယ္။

* ပန္းနာရင္က်ပ္ သက္သာေစႏိုင္တယ္။

* သြားဖုံးပိုးဝင္တာ သက္သာေစႏိုင္တယ္။

* အေရျပားမွာ ပိုးေကာင္ ကိုက္တာကို သက္သာေစႏိုင္တယ္။

* ေဘဘီေလးေတြ ေခ်ာင္းဆိုးတာ၊ ဖ်ားနာတာကိုလည္း သက္သာေစႏိုင္ပါတယ္။

ဒီ အေလ့က်ေပါက္တဲ့ ဆင္ႏွာေမာင္းပင္ ေလးက က်န္းမာေရးအတြက္ အခုလို အက်ိဳးေက်းဇူးေတြ မ်ားေပမယ့္ တန္ေဆးလြန္ေဘး ဆိုသလိုပါပဲ။ အမ်ားႀကီး သုံးမိမယ္ဆိုရင္ေတာ့ အသည္းကို ထိခိုက္ေစႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
တရုတ်ပြည်တွင် လူမှုကွန်ရက်အကောင့်နှင့် fan page အပါအဝင် အမည်ပါ ဖယ်ရှားခံခဲ့ရပြီးနောက် ပြင်သစ်တွင် နေအိမ်များဝယ်ယူကာ အခြေ
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service