စာချုပ်စာတမ်းတစ်စောင် မှတ်ပုံတင်သွင်းလျှင် မည်သည့်အချက်အလက်များစိစစ်သနည်း။

စာချုပ်စာတမ်းတစ်စောင် မှတ်ပုံတင်သွင်းလျှင် မည်သည့်အချက်အလက်များစိစစ်သနည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
25 Mar 2022 10:59 am တွင် တင်ခဲ့သည်
960 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

စာချုပ်စာတမ်းကို မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်သွင်းချုပ်ဆိုလျှင် မှတ်ပုံတင်အရာရှိမှ အောက်ပါတို့ကို စိစစ်ဆောင်ရွက်ပါသည်-

(က) စာချုပ်ချုပ်ဆိုသူများသည် အသက်(၁၈)နှစ်ပြည့်ပြီးသူများဖြစ်ရမည်။

(ခ) မှတ်ပုံတင်သွင်းသူများသည် ယင်းစာချုပ်ကို ချုပ်ဆိုသူများကိုယ်တိုင် (သို့မဟုတ်) ချုပ်ဆိုသူ၏ ကိုယ်စားလှယ်များ၊ ကိုယ်စားပြုသူ၊ ကိုယ်စားဝန်ခံသူ၊ ကိုယ်စားလှယ်လွှဲအပ်ခံရသူများစသည်ဖြင့် တင်သွင်းခွင့်ရှိသူများ ဖြစ်ရမည်။

(ဂ) မုချမှတ်ပုံတင်ရန်စာချုပ်စာတမ်း(မှတ်ပုံမတင်မနေရ) နှင့် စိတ်ကြိုက်မှတ်ပုံတင်ရန် စာချုပ်စာတမ်းများ ဖြစ်ရမည်။

(ဃ) စာချုပ်ချုပ်ဆိုသူများ မှတ်ပုံတင်ရန်တင်သွင်းသူများသည် စိတ်ပေါ့သွပ်သူ၊ ရူးနှမ်းနေသူများ မဖြစ်ရ။

(င) မှတ်ပုံတင်အရာရှိ နားလည်သောဘာသာစကား (သို့မဟုတ်) ပြည်ထောင်စုနိုင်ငံတော်အတွင်း တရားဝင် အသုံးပြုသောဘာသာစကားဖြင့် ချုပ်ဆိုထားရမည်။ (သို့မဟုတ်) ဘာသာပြန်ဆိုချက်ပူးတွဲပါရှိရမည်။

(စ) စာချုပ်ရှိစာသားများအကြားတွင်လည်းကောင်း၊ စာကြောင်းများအကြားတွင်လည်းကောင်း၊ ထပ်ဖြည့် စာသားများ၊ ကွက်လပ်များ၊ ပြင်ဆင်ချက်များပါရှိက ဘေးတွင်ချုပ်ဆိုတင်ပြသူ၏ လက်မှတ်တို/ရှည်များ ရေးထိုးသက်သေခံထားမှုရှိရမည်။

(ဆ) လွှဲပြောင်း၊ ရောင်းဝယ်ရေး၊ ပေးကမ်း၊ ပေါင်နှံသော ပစ္စည်းဇယားကိုပြည့်စုံစွာဖော်ပြခြင်း၊ မရွှေ့မပြောင်း နိုင်သောပစ္စည်းဖြစ်ပါက ပစ္စည်း၏တည်နေရာကို ပြည့်စုံစွာဖော်ပြထားခြင်းရှိရမည့်အပြင် မှတ်ပုံတင်ပေးရမည့် ရုံးနှင့် အကျုံးဝင်သောနယ်နိမိတ်အတွင်းတည်ရှိရမည်။

(ဇ) စာချုပ်ချုပ်ဆိုသည့်နေမှ (၄)လအတွင်း တင်ပြသောစာချုပ်ဖြစ်ရမည်။

(ဈ) နိုင်ငံခြားတွင် ဥပဒေနှင့်အညီချုပ်ဆိုခဲ့သော စာချုပ်ဖြစ်ပါက မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိချိန်မှစ၍ သတ်မှတ်ကာလအတွင်း တင်ပြသောစာချုပ်ဖြစ်ရပါမည်။

(ည) မရွှေ့မပြောင်းနိုင်သောပစ္စည်းတည်ရှိရာ မြို့နယ်တွင် ရုံးစိုက်သည့် မှတ်ပုံတင်ရုံးသို့တင်ပြခြင်းဖြစ် မှန်ကန်ရမည်။

(ဋ) တင်ပြသောစာချုပ်သည် ကိုယ်စားလှယ်လွှဲစာဖြစ်ပါက လွှဲအပ်သူနေထိုင်သည့်အရပ်မှ မှတ်ပုံတင်ရုံးသို့ တင်ပြခြင်းဖြစ်ရမည်။

(ဌ) ချုပ်ဆိုစဉ်ကာလတွင် ချုပ်ဆိုသူများသည် ကိုယ်စိတ်ကျန်းမာရေးကောင်းမွန်၍ မည်သူ ၏ သွေးဆောင်ဖြားယောင်းမှု၊ တိုက်တွန်းခြိမ်းခြောက်မှု ပယောဂ တစ်စုံတစ်ရာမျှ မပါရှိဘဲ မိမ်ိဆန္ဒအလျှောက် ချုပ်ဆိုခြင်းဖြစ်ရမည်။

(ဍ) စာချုပ်ကို ချုပ်ဆိုသူများမှ သဘောတူချုပ်ဆိုခြင်း မှန်ကန်ကြောင်း ဝန်ခံသည့်အပြင် ၎င်းတို့ မှန်ကန်ကြောင်း မှတ်ပုံတင်အရာရှိမှ သဘောကျ ကျေနပ်လောက်အောင် သိရှိရမည်။

(ဎ) သေတမ်းစာဖြစ်ပါက သေတမ်းစာရေးသားသူ (သို့မဟုတ်) သေတမ်းစာအရ အမွေသိမ်းဆည်းမည့်သူမှ တင်သွင်းခြင်းဖြစ်ရမည်။

(ဏ) မရွှေ့မပြောင်းနိုင်သောပစ္စည်း ဝယ်ယူခြင်း၊ ရောင်းချခြင်း၊ တည်ဆောက်ခြင်း၊ မေတ္တာဖြင့်ပေးကမ်းခြင်း၊ လဲလှယ်ခြင်းစာချုပ်များကို ကာလတန်ဖိုးစိစစ်ရေးအဖွဲ့ (မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာန၊ ဥက္ကဌအဖြစ် ပါဝင်သော

(၆)ဦးအဖွဲ့)၏ တစဖ ပုံစံ(၃)ဖြင့် တန်ဖိုးဖြတ်မှတ်တမ်း ပူးတွဲတင်ပြရမည်။

စသည့် အချက်အလက်များ ပြည့်စုံမှန်ကန်မှသာ စာချုပ်တစ်စောင်ကို မှတ်ပုံတင်အရာရှိမှ မှတ်ပုံ တင်သွင်းခွင့်ပြုမည်ဖြစ်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

[Zawgyi]














(ဌ) ချုပ်ဆိုစဉ်ကာလတွင် ချုပ်ဆိုသူများသည် ကိုယ်စိတ်ကျန်းမာရေးကောင်းမွန်၍ မည်သူ ၏ သွေးဆောင်ဖြားယောင်းမှု၊ တိုက်တွန်းခြိမ်းခြောက်မှု ပယောဂ တစ်စုံတစ်ရာမျှ မပါရှိဘဲ မိမိဆန္ဒအလျှောက် ချုပ်ဆိုခြင်းဖြစ်ရမည်။

(ဍ) စာချုပ်ကို ချုပ်ဆိုသူများမှ သဘောတူချုပ်ဆိုခြင်း မှန်ကန်ကြောင်း ၀န်ခံသည့်အပြင် ၄င်းတို့ မှန်ကန်ကြောင်း မှတ်ပုံတင်အရာရှိမှ သဘောကျ ကျေနပ်လောက်အောင် သိရှိရမည်။









နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service