နဂါးနိုင်ဓားတွင် ကျန်းဝူကျိအဖြစ်သရုပ်ဆောင်ခဲ့သူ လျန်ချောင်းဝေ၏ စံအိမ်

နဂါးနိုင်ဓားတွင် ကျန်းဝူကျိအဖြစ်သရုပ်ဆောင်ခဲ့သူ လျန်ချောင်းဝေ၏ စံအိမ် - Property News in Myanmar from iMyanmarHouse.com
24 Mar 2022 12:01 pm တွင် တင်ခဲ့သည်
6609 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နဂါးနိုင်ဓားရုပ်ရှင်ဇာတ်လမ်းတွဲတွင် ခေါင်းဆောင်မင်းသား ကျန်းဝူကျိအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူ တိုနီ လျန်ချောင်းဝေ (မွေး ၁၉၆၂) သည် ဟောင်ကောင်ရုပ်ရှင်မင်းသား၊ အဆိုတော်တစ်ဦးဖြစ်သည်။

နဂါးနိုင်ဓားဝတ္ထုကြီးကို ရုပ်ရှင်အဖြစ် သရုပ်ဆောင်အပြောင်းအလဲများစွာဖြင့် အကြိမ်ကြိမ် ပြန်လည်ရိုက်ကူးခဲ့ရာ လျန်ချောင်းဝေ ပါဝင်သရုပ်ဆောင်ခဲ့သည်မှာ ၁၉၈၆ ခုနှစ်က ပြသခဲ့သော နဂါးနိုင်ဓားရုပ်ရှင်ဖြစ်သည်။

တရုတ် ရုပ်ရှင်မင်းသား လျန်ချောင်းဝေသည် မိန်းကလေးသန်းပေါင်းများစွာ၏ နှလုံးသားများကို သူ၏ ဆွေးမြေ့မြေ့မျက်ဝန်း၊ နှစ်လိုဖွယ်အပြုံးတို့ဖြင့် ဖမ်းစားခဲ့သူ ဖြစ်သည်။

မကြာသေးမီ နှစ်များတွင်မူ လျန်ချောင်းဝေမှာ ရုပ်ရှင်လောက အပြင်စည်းသို့ ရောက်ရှိလျက်ရှိနေသည်။

လျန်ချောင်းဝေသည် အချိန်ရလျှင် လန်ဒန်သို့သွားကာ ခိုစာကျွေးလေ့ရှိသည်ဟု ဆိုသည်။ အားကျဖွယ်ပင်။

လျန်ချောင်းဝေသည် သူ့ခေတ်သူ့အခါက ရုပ်ရှင်လောကဘုရင်တစ်ပါးဖြစ်ခဲ့ကာ သရုပ်ဆောင်ကြေးလည်း မြင့်မားစွာရရှိခဲ့သည်။

ရုပ်ရှင်လောကမှ အနားယူချိန်များအတွက် လျန်ချောင်းဝေ မည်သည့်အရာများလုပ်ဆောင်ထားပါသနည်း။

(လျန်ချောင်းဝေ၏ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုများ)

လျန်ချောင်းဝေ အဓိကလုပ်ဆောင်ခဲ့သည်မှာ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လျန်ချောင်းဝေ ဝယ်ယူရင်းနှီးမြှုပ်နှံခဲ့သော ၅ သန်းတန် အိမ်ခြံမြေမှာ ယခုအခါ ယွမ်ငွေ ၁ ဒသမ ၅ ဘီလီယံအထိ တန်ကြေးရှိနေပြီ ဖြစ်သည်။

လျန်ချောင်းဝေ၏ အိမ်ခြံမြေဘက်တွင် လက်သွက်မှုမှာ ဇနီးဖြစ်သူ ကရီနာလောင်းထက် လျင်မြန်လှသည်။

လျန်ချောင်းဝေ ငွေရလာသည်နှင့် ချက်ချင်းဆိုသလိုပင် အိမ်တစ်လုံးဝယ်လေ့ရှိသည်။

ဗီယက်နမ်နိုင်ငံ၊ ဆိုင်ဂုံ (ယခု ဟိုချီမင်းစီးတီး) နှင့် ဟောင်ကောင်မှ Repulse Bay ဒေသတို့ရှိ အချက်အခြာ မကျဘဲ လူကြိုက်နည်းသော ဒေသများတွင် လျန်ချောင်းဝေက အိမ်ခြံမြေများ ဝယ်ယူခဲ့သည်။

သို့သော် နှစ်ပေါင်းများစွာ ကြာသောအခါ လျန်ချောင်းဝေ၏ အမြတ်အစွန်းမှာ ၆ ဆခန့် ရှိနေပြီ ဖြစ်၏။

လျန်ချောင်းဝေသည် လမ်းဘေးဈေးဆိုင်တစ်ခုကို ၂၀၀၈ ခုနှစ်တွင် သန်း ၃၀ ဖြင့် ဝယ်ယူခဲ့ပြီး ၂၀၁၃ ခုနှစ်အတွင်း သန်း ၈၀ ဖြင့် ပြန်လည်ရောင်းချခဲ့ရာ အသားတင်အမြတ် သန်း ၅၀ ရခဲ့သည်။

(အဆိုပါ ဈေးဆိုင်၏ တည်နေရာ၊ ငွေကြေးအမျိုးအစားကိုမူ မသိရပါ။)

လျန်ချောင်းဝေသည် တရုတ်ပြည်၊ ပေကျင်းမြို့တော်တွင် မြေနေရာတစ်ခု၊ ရှန်ဟိုင်းမြို့အနောက်ဘက် ဆုကျုံးအရပ်တွင် ပန်းခြံတစ်ခုလည်း ပိုင်ဆိုင်ထားရာ သူ၏ အိမ်ခြံမြေများမှာ နေရာအနှံ့ရှိသည်ဟု ဆိုရမည်။

ဇနီးဖြစ်သူ ကရီနာလောင်းမှာလည်း စီးပွားရေးကောင်းသူတစ်ဦးဖြစ်သည်။ ကရီနာလောင်းသည် စားသောက်ဆိုင်တစ်ခုအပြင် အထည်ချုပ်လုပ်ငန်းလည်း လုပ်ကိုင်ရုံမျှမက အိမ်ခြံမြေဘက်တွင်လည်း ရင်းနှီးမြှုပ်နှံမှု ပြုလုပ်သေးသည်။

ကရီနာလောင်း၏ ကြွယ်ဝမှုမှာ သန်း ၈၀၀ ကျော်ရှိပြီဟု သတင်းများရှိသည်။

 

(လျန်ချောင်းဝေ ဘာလဲ)

လျန်ချောင်းဝေသည် အာရှ အအောင်မြင်ဆုံးနှင့် နိုင်ငံတကာတွင်လည်း ထင်ရှားသော သရုပ်ဆောင်များတွင် တစ်ဦးအပါအဝင် ဖြစ်သည်။

ဒါရိုက်တာ ဝေါင်ကျားဝေ (Wong Kar Wai) ၏ In the Mood for Love ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့မှု အတွက် အကောင်းဆုံးဇာတ်ဆောင်အဖြစ် ကိန်းရုပ်ရှင်ပွဲတော်တွင် ရရှိခဲ့သည့်ဆုအပါအဝင် နိုင်ငံတကာ ရုပ်ရှင်ဆုပေါင်းများစွာ ရရှိထားသူလည်း ဖြစ်သည်။

CNN သတင်းဌာနက လျန်ချောင်းဝေကို သမိုင်းတစ်လျှောက် အကြီးမြတ်ဆုံး အာရှသရုပ်ဆောင် ၂၅ ဦးစာရင်းတွင် ထည့်သွင်းဖော်ပြထားသည်။ လျန်ချောင်းဝေသည် ဒါရိုက်တာ ဝေါင်ကျားဝေနှင့် ရိုက်ကူးခဲ့သော ဇာတ်ကားများဖြင့် နာမည်ကျော်ခဲ့သည်။

ဒါရိုက်တာ ဝေါင်ကျားဝေနှင့် ဇာတ်ကား ၇ ခုရိုက်ကူးခဲ့ရာ Chungking Express (၁၉၉၄)၊ Happy Together (၁၉၉၇)၊ In the Mood for Love (၂၀၀၀)၊ 2046 (၂၀၀၄) နှင့်The Grandmaster (၂၀၁၃) ဇာတ်ကားများ ပါဝင်သည်။

ဗင်းနစ်ရုပ်ရှင်ပွဲတော်၏ Golden Lion ရုပ်ရှင်ဆုရ ဇာတ်ကား ၃ ခုဖြစ်သော A City of Sadness (၁၉၈၉)၊ Cyclo (၁၉၉၅) နှင့် ဒါရိုက်တာ အန်းလီရိုက်ကူးသော Lust, Caution (၂၀၀၇) ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

အော်စကာဆုအတွက် အမည်စာရင်းတင်သွင်းခံရသော Hero ဇာတ်ကား၊ ဝင်ငွေအလွန်ကောင်းခဲ့သော Infernal Affairs (၂၀၀၂) နှင့် Red Cliff (၂၀၀၈) ဇာတ်ကားများတွင်လည်း ပါဝင်သရုပ်ဆောင်ခဲ့သည်။

ထို့အပြင် လျန်ချောင်းဝေသည် ၂၀၂၁ ခုနှစ်ကမှ ရုံတင်ခဲ့သည့် ဟောလိဝုဒ်ရုပ်ရှင်ဖြစ်သော Shang-Chi and the Legend of the Ten Rings ဇာတ်ကားတွင် ရှူဝမ်းဝူအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။

အဆိုပါဇာတ်ကားသည် ကန်ဒေါ်လာ ၄၃၂ ဒသမ ၂ သန်းရရှိသည်အထိ အောင်မြင်ထားသော ဇာတ်ကားလည်း ဖြစ်သည်။

 

(လျန်ချောင်းဝေ၏ အချစ်ရေး)

လျန်ချောင်းဝေသည် ဟောင်ကောင်အခြေစိုက် ရုပ်သံကုမ္ပဏီ TVB ၏ မင်းသမီး မာဂျီဆုန် (Margie Tsang) နှင့် တရားဝင်တွဲခဲ့ပြီး ၎င်းတို့နှစ်ဦး၏ အချစ်ရေးမှာ ၁၉၈၂ မှ ၁၉၈၈ ခုနှစ်အကြား အကြိမ်ကြိမ် ရန်ဖြစ်လိုက် ပြန်ချစ်လိုက် ဖြစ်နေခဲ့သည်။

၁၉၈၆ ခုနှစ်တွင် မာဂျီဆုန်နှင့် ရန်ဖြစ်ထားစဉ်အတွင်း လျန်ချောင်းဝေသည် နဂါးနိုင်ဓားတွင် အတူသရုပ်ဆောင်ခဲ့သည့် ရုပ်ရှင်မင်းသမီး ကစ်တီလိုင်း (Kitty Lai) နှင့် ခေတ္တ ချစ်ကြိုက်ခဲ့သေးသည်။

ယင်းနောက်ပိုင်း မာဂျီဆုန်နှင့် ပြန်လည်သင့်မြတ်သွားပြန်သည်။ ၁၉၈၈ ခုနှစ်တွင်ကား မာဂျီဆုန်နှင့် အပြီးတိုင်လမ်းခွဲခဲ့သည်။

၁၉၈၉ ခုနှစ်တွင် ကရီနာလောင်း (ယခုဇနီး) နှင့် စတင်ချစ်ကြိုက်ခဲ့သည်။ ဟောင်ကောင်ရုပ်ရှင်ဇာတ်ကားဖြစ်သော Run For Your Wife တွင် အတူသရုပ်ဆောင်ရင်း ချစ်ကြိုက်ခဲ့ကြခြင်းဖြစ်ပြီး အချစ်ခရီး ၁၉ နှစ်အကြာ ၂၀၀၈ ခုနှစ်တွင် ဘူတန်နိုင်ငံ၌ လက်ထပ်ခဲ့ကြသည်။

(ကရီနာလောင်း၏ ချစ်ခြင်း)

လျန်ချောင်းဝေသည် ကရီနာလောင်းကို လက်ထပ်ခဲ့ခြင်းမှာ များစွာကံကောင်းလှသည်ဟု ဆိုရမည်။

အဘယ်ကြောင့်ဆိုလျှင် လျန်ချောင်းဝေကို အဆုံးစွန်ထိ သည်းခံပေးနိုင်မည်မှာ ကရီနာလောင်းတစ်ဦးတည်းသာ ရှိနိုင်သောကြောင့် ဖြစ်၏။

လျန်ချောင်းဝေသည် စိတ်အားငယ်တတ်သူ၊ စိတ်ဆတ်သူတစ်ဦးဖြစ်ပြီး အလွန်စာအုပ်ကြီးဆန်လှသည်။

ဘဝ၏ ဗာဟီရအသေးအဖွဲအကြောင်းရပ်များတွင် လျန်ချောင်းဝေမှာ မကောင်းနိုင်ရာ ကရီနာလောင်းက အိမ်မှုကိစ္စအဝဝကို တာဝန်ယူရသည်။ ကရီနာလောင်းက သွက်သွက်လက်လက်ရှိပြီး လျန်ချောင်းဝေမှာ ခပ်မဆိတ်သာ နေတတ်သူဖြစ်သည်။

 

သို့သော် ကရီနာလောင်းက လျန်ချောင်းဝေကို သူမကဲ့သို့နေထိုင်ရန် မတောင်းဆို။ ၎င်းဘာသာ နေတတ်သလို နေနိုင်ရန် ကရီနာလောင်းက လွတ်လပ်ခွင့်ပေးထားသည်။

လျန်ချောင်းဝေက သူ၏ မိတ်ဆွေများကို အိမ်ခေါ်ကာ မာကျောက်ကစားလျှင် ကရီနာလောင်းက ဆူဆူပူပူလုပ်လေ့မရှိ။ ညစာနှင့် လဘက်ရည်ကိစ္စများအတွက်ပင် ကူညီပေး၏။

လျန်ချောင်းဝေ မကောင်းသတင်းထွက်လျှင်လည်း ကရီနာလောင်းက ခင်ပွန်းအပေါ် ယုံကြည်မှုကိုသာ ပြပေးသည်။

သူတို့နှစ်ဦး ဇနီးမောင်နှံဖြစ်လာခဲ့သည်အထိ ယနေ့တိုင်အချစ်သက်တမ်းမှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ။

တစ်ဦးအပေါ်တစ်ဦး ထားရှိသည့်အချစ်များမှာ ပြောင်းလဲမသွား။ ဤသည်ကား လက်တွေ့အဆန်ဆုံးနှင့် အရိုးစင်းဆုံး ချစ်ခြင်းတရားပင်။

(ဘာသာရေး)

လျန်ချောင်းဝေသည် ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်ပြီး ဘုရားကျောင်းကန်စေတီပုထိုးများ ဆောက်လုပ်ရန်အတွက် လှူဒါန်းမှုများစွာ ပြုလုပ်ခဲ့သူ ဖြစ်သည်။

(နဂါးနိုင်ဓား)

နဂါးနိုင်ဓား (倚天屠龍記) သိုင်းဝတ္ထုသည် သမိုင်းအဖြစ်အပျက်များကို ထည့်သွင်းရေးသားလေ့ရှိသည့် တရုတ်စာရေးဆရာ ကျင်းယုံ (金庸) ၏ နာမည်ကျော် သိုင်းဝတ္ထုများအနက် တစ်ပုဒ်ဖြစ်သည်။

ကျင်းယုံ၏ ငှက်ပစ်လေးသမား သုံးပိုင်းတွဲ (射鵰三部曲) ဝတ္ထုမှ နောက်ဆုံးတစ်ပုဒ်လည်း ဖြစ်သည်။

‘နဂါးနိုင်ဓား” ကို ၁၉၆၁ ခုနှစ်တွင် ဟောင်ကောင် မင်ပေါက်သတင်းစာတွင် အခန်းဆက် ဝတ္ထုရှည်အဖြစ် ပထမဦးဆုံးအကြိမ် ပုံနှိပ်ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ် နေလင်းအောင်မှ မြန်မာဘာသာပြန်ထားသည်။

 

 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tony Leung Chiu-wai’s investment of 5 million turns into 1.5 billion, Carina Lau feels inferior (mgm.net)

 

[Zawgyi]

နဂါးႏိုင္ဓားတြင္ က်န္းဝူက်ိအျဖစ္သရုပ္ေဆာင္ခဲ့သူ လ်န္ေခ်ာင္းေဝ၏ စံအိမ္

နဂါးႏိုင္ဓားရုပ္ရွင္ဇာတ္လမ္းတြဲတြင္ ေခါင္းေဆာင္မင္းသား က်န္းဝူက်ိအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့သူ တိုနီ လ်န္ေခ်ာင္းေဝ (ေမြး ၁၉၆၂) သည္ ေဟာင္ေကာင္ရုပ္ရွင္မင္းသား၊ အဆိုေတာ္တစ္ဦးျဖစ္သည္။

နဂါးႏိုင္ဓားဝတၳဳၾကီးကို ရုပ္ရွင္အျဖစ္ သရုပ္ေဆာင္အေျပာင္းအလဲမ်ားစြာျဖင့္ အၾကိမ္ၾကိမ္ ျပန္လည္ရိုက္ကူးခဲ့ရာ လ်န္ေခ်ာင္းေဝ ပါဝင္သရုပ္ေဆာင္ခဲ့သည္မွာ ၁၉၈၆ ခုႏွစ္က ျပသခဲ့ေသာ နဂါးႏိုင္ဓားရုပ္ရွင္ျဖစ္သည္။

တရုတ္ ရုပ္ရွင္မင္းသား လ်န္ေခ်ာင္းေဝသည္ မိန္းကေလးသန္းေပါင္းမ်ားစြာ၏ ႏွလံုးသားမ်ားကို သူ၏ ေဆြးေျမ့ေျမ့မ်က္ဝန္း၊ ႏွစ္လိုဖြယ္အျပံဳးတို႔ျဖင့္ ဖမ္းစားခဲ့သူ ျဖစ္သည္။

မၾကာေသးမီ ႏွစ္မ်ားတြင္မူ လ်န္ေခ်ာင္းေဝမွာ ရုပ္ရွင္ေလာက အျပင္စည္းသို႔ ေရာက္ရွိလ်က္ရွိေနသည္။

လ်န္ေခ်ာင္းေဝသည္ အခ်ိန္ရလွ်င္ လန္ဒန္သို႔သြားကာ ခိုစာေကၽြးေလ့ရွိသည္ဟု ဆိုသည္။ အားက်ဖြယ္ပင္။

လ်န္ေခ်ာင္းေဝသည္ သူ႔ေခတ္သူ႔အခါက ရုပ္ရွင္ေလာကဘုရင္တစ္ပါးျဖစ္ခဲ့ကာ သရုပ္ေဆာင္ေၾကးလည္း ျမင့္မားစြာရရွိခဲ့သည္။

ရုပ္ရွင္ေလာကမွ အနားယူခ်ိန္မ်ားအတြက္ လ်န္ေခ်ာင္းေဝ မည္သည့္အရာမ်ားလုပ္ေဆာင္ထားပါသနည္း။

(လ်န္ေခ်ာင္းေဝ၏ အိမ္ျခံေျမရင္းႏွီးျမွဳပ္ႏွံမႈမ်ား)

လ်န္ေခ်ာင္းေဝ အဓိကလုပ္ေဆာင္ခဲ့သည္မွာ အိမ္ျခံေျမက႑တြင္ ရင္းႏွီးျမွဳပ္ႏွံမႈမ်ား ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

လ်န္ေခ်ာင္းေဝ ဝယ္ယူရင္းႏွီးျမွဳပ္ႏွံခဲ့ေသာ ၅ သန္းတန္ အိမ္ျခံေျမမွာ ယခုအခါ ယြမ္ေငြ ၁ ဒသမ ၅ ဘီလီယံအထိ တန္ေၾကးရွိေနျပီ ျဖစ္သည္။

လ်န္ေခ်ာင္းေဝ၏ အိမ္ျခံေျမဘက္တြင္ လက္သြက္မႈမွာ ဇနီးျဖစ္သူ ကရီနာေလာင္းထက္ လ်င္ျမန္လွသည္။

လ်န္ေခ်ာင္းေဝ ေငြရလာသည္ႏွင့္ ခ်က္ခ်င္းဆိုသလိုပင္ အိမ္တစ္လံုးဝယ္ေလ့ရွိသည္။

ဗီယက္နမ္ႏိုင္ငံ၊ ဆိုင္ဂုံ (ယခု ဟိုခ်ီမင္းစီးတီး) ႏွင့္ ေဟာင္ေကာင္မွ Repulse Bay ေဒသတို႔ရွိ အခ်က္အျခာ မက်ဘဲ လူၾကိဳက္နည္းေသာ ေဒသမ်ားတြင္ လ်န္ေခ်ာင္းေဝက အိမ္ျခံေျမမ်ား ဝယ္ယူခဲ့သည္။

သို႔ေသာ္ ႏွစ္ေပါင္းမ်ားစြာ ၾကာေသာအခါ လ်န္ေခ်ာင္းေဝ၏ အျမတ္အစြန္းမွာ ၆ ဆခန္႔ ရွိေနျပီ ျဖစ္၏။

လ်န္ေခ်ာင္းေဝသည္ လမ္းေဘးေစ်းဆိုင္တစ္ခုကို ၂၀၀၈ ခုႏွစ္တြင္ သန္း ၃၀ ျဖင့္ ဝယ္ယူခဲ့ျပီး ၂၀၁၃ ခုႏွစ္အတြင္း သန္း ၈၀ ျဖင့္ ျပန္လည္ေရာင္းခ်ခဲ့ရာ အသားတင္အျမတ္ သန္း ၅၀ ရခဲ့သည္။

(အဆိုပါ ေစ်းဆိုင္၏ တည္ေနရာ၊ ေငြေၾကးအမ်ဳိးအစားကိုမူ မသိရပါ။)

လ်န္ေခ်ာင္းေဝသည္ တရုတ္ျပည္၊ ေပက်င္းျမိဳ႕ေတာ္တြင္ ေျမေနရာတစ္ခု၊ ရွန္ဟုိင္းျမိဳ႕အေနာက္ဘက္ ဆုက်ံဳးအရပ္တြင္ ပန္းျခံတစ္ခုလည္း ပိုင္ဆိုင္ထားရာ သူ၏ အိမ္ျခံေျမမ်ားမွာ ေနရာအႏွံ႔ရွိသည္ဟု ဆိုရမည္။

ဇနီးျဖစ္သူ ကရီနာေလာင္းမွာလည္း စီးပြားေရးေကာင္းသူတစ္ဦးျဖစ္သည္။ ကရီနာေလာင္းသည္ စားေသာက္ဆိုင္တစ္ခုအျပင္ အထည္ခ်ဳပ္လုပ္ငန္းလည္း လုပ္ကိုင္ရံုမွ်မက အိမ္ျခံေျမဘက္တြင္လည္း ရင္းႏွီးျမွဳပ္ႏွံမႈ ျပဳလုပ္ေသးသည္။

ကရီနာေလာင္း၏ ၾကြယ္ဝမႈမွာ သန္း ၈၀၀ ေက်ာ္ရွိျပီဟု သတင္းမ်ားရွိသည္။

(လ်န္ေခ်ာင္းေဝ ဘာလဲ)

လ်န္ေခ်ာင္းေဝသည္ အာရွ အေအာင္ျမင္ဆံုးႏွင့္ ႏိုင္ငံတကာတြင္လည္း ထင္ရွားေသာ သရုပ္ေဆာင္မ်ားတြင္ တစ္ဦးအပါအဝင္ ျဖစ္သည္။

ဒါရိုက္တာ ေဝါင္က်ားေဝ (Wong Kar Wai) ၏ In the Mood for Love ဇာတ္ကားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့မႈ အတြက္ အေကာင္းဆံုးဇာတ္ေဆာင္အျဖစ္ ကိန္းရုပ္ရွင္ပြဲေတာ္တြင္ ရရွိခဲ့သည့္ဆုအပါအဝင္ ႏိုင္ငံတကာ ရုပ္ရွင္ဆုေပါင္းမ်ားစြာ ရရွိထားသူလည္း ျဖစ္သည္။

CNN သတင္းဌာနက လ်န္ေခ်ာင္းေဝကို သမိုင္းတစ္ေလွ်ာက္ အၾကီးျမတ္ဆံုး အာရွသရုပ္ေဆာင္ ၂၅ ဦးစာရင္းတြင္ ထည့္သြင္းေဖာ္ျပထားသည္။ လ်န္ေခ်ာင္းေဝသည္ ဒါရိုက္တာ ေဝါင္က်ားေဝႏွင့္ ရိုက္ကူးခဲ့ေသာ ဇာတ္ကားမ်ားျဖင့္ နာမည္ေက်ာ္ခဲ့သည္။

ဒါရိုက္တာ ေဝါင္က်ားေဝႏွင့္ ဇာတ္ကား ၇ ခုရိုက္ကူးခဲ့ရာ Chungking Express (၁၉၉၄)၊ Happy Together (၁၉၉၇)၊ In the Mood for Love (၂၀၀၀)၊ 2046 (၂၀၀၄) ႏွင့္The Grandmaster (၂၀၁၃) ဇာတ္ကားမ်ား ပါဝင္သည္။

ဗင္းနစ္ရုပ္ရွင္ပြဲေတာ္၏ Golden Lion ရုပ္ရွင္ဆုရ ဇာတ္ကား ၃ ခုျဖစ္ေသာ A City of Sadness (၁၉၈၉)၊ Cyclo (၁၉၉၅) ႏွင့္ ဒါရိုက္တာ အန္းလီရိုက္ကူးေသာ Lust, Caution (၂၀၀၇) ဇာတ္ကားမ်ားတြင္လည္း ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ေအာ္စကာဆုအတြက္ အမည္စာရင္းတင္သြင္းခံရေသာ Hero ဇာတ္ကား၊ ဝင္ေငြအလြန္ေကာင္းခဲ့ေသာ Infernal Affairs (၂၀၀၂) ႏွင့္ Red Cliff (၂၀၀၈) ဇာတ္ကားမ်ားတြင္လည္း ပါဝင္သရုပ္ေဆာင္ခဲ့သည္။

ထို႔အျပင္ လ်န္ေခ်ာင္းေဝသည္ ၂၀၂၁ ခုႏွစ္ကမွ ရံုတင္ခဲ့သည့္ ေဟာလိဝုဒ္ရုပ္ရွင္ျဖစ္ေသာ Shang-Chi and the Legend of the Ten Rings ဇာတ္ကားတြင္ ရွဴဝမ္းဝူအျဖစ္ ပါဝင္သရုပ္ေဆာင္ထားသည္။

အဆိုပါဇာတ္ကားသည္ ကန္ေဒၚလာ ၄၃၂ ဒသမ ၂ သန္းရရွိသည္အထိ ေအာင္ျမင္ထားေသာ ဇာတ္ကားလည္း ျဖစ္သည္။

(လ်န္ေခ်ာင္းေဝ၏ အခ်စ္ေရး)

လ်န္ေခ်ာင္းေဝသည္ ေဟာင္ေကာင္အေျခစိုက္ ရုပ္သံကုမၸဏီ TVB ၏ မင္းသမီး မာဂ်ီဆုန္ (Margie Tsang) ႏွင့္ တရားဝင္တြဲခဲ့ျပီး ၎တို႔ႏွစ္ဦး၏ အခ်စ္ေရးမွာ ၁၉၈၂ မွ ၁၉၈၈ ခုႏွစ္အၾကား အၾကိမ္ၾကိမ္ ရန္ျဖစ္လိုက္ ျပန္ခ်စ္လုိက္ ျဖစ္ေနခဲ့သည္။

၁၉၈၆ ခုႏွစ္တြင္ မာဂ်ီဆုန္ႏွင့္ ရန္ျဖစ္ထားစဥ္အတြင္း လ်န္ေခ်ာင္းေဝသည္ နဂါးႏိုင္ဓားတြင္ အတူသရုပ္ေဆာင္ခဲ့သည့္ ရုပ္ရွင္မင္းသမီး ကစ္တီလိုင္း (Kitty Lai) ႏွင့္ ေခတၱ ခ်စ္ၾကိဳက္ခဲ့ေသးသည္။

ယင္းေနာက္ပိုင္း မာဂ်ီဆုန္ႏွင့္ ျပန္လည္သင့္ျမတ္သြားျပန္သည္။ ၁၉၈၈ ခုႏွစ္တြင္ကား မာဂ်ီဆုန္ႏွင့္ အျပီးတိုင္လမ္းခြဲခဲ့သည္။

၁၉၈၉ ခုႏွစ္တြင္ ကရီနာေလာင္း (ယခုဇနီး) ႏွင့္ စတင္ခ်စ္ၾကိဳက္ခဲ့သည္။ ေဟာင္ေကာင္ရုပ္ရွင္ဇာတ္ကားျဖစ္ေသာ Run For Your Wife တြင္ အတူသရုပ္ေဆာင္ရင္း ခ်စ္ၾကိဳက္ခဲ့ၾကျခင္းျဖစ္ျပီး အခ်စ္ခရီး ၁၉ ႏွစ္အၾကာ ၂၀၀၈ ခုႏွစ္တြင္ ဘူတန္ႏိုင္ငံ၌ လက္ထပ္ခဲ့ၾကသည္။

(ကရီနာေလာင္း၏ ခ်စ္ျခင္း)

လ်န္ေခ်ာင္းေဝသည္ ကရီနာေလာင္းကို လက္ထပ္ခဲ့ျခင္းမွာ မ်ားစြာကံေကာင္းလွသည္ဟု ဆိုရမည္။

အဘယ္ေၾကာင့္ဆိုလွ်င္ လ်န္ေခ်ာင္းေဝကို အဆံုးစြန္ထိ သည္းခံေပးႏိုင္မည္မွာ ကရီနာေလာင္းတစ္ဦးတည္းသာ ရွိႏိုင္ေသာေၾကာင့္ ျဖစ္၏။

လ်န္ေခ်ာင္းေဝသည္ စိတ္အားငယ္တတ္သူ၊ စိတ္ဆတ္သူတစ္ဦးျဖစ္ျပီး အလြန္စာအုပ္ၾကီးဆန္လွသည္။

ဘဝ၏ ဗာဟီရအေသးအဖြဲအေၾကာင္းရပ္မ်ားတြင္ လ်န္ေခ်ာင္းေဝမွာ မေကာင္းႏိုင္ရာ ကရီနာေလာင္းက အိမ္မႈကိစၥအဝဝကို တာဝန္ယူရသည္။ ကရီနာေလာင္းက သြက္သြက္လက္လက္ရွိျပီး လ်န္ေခ်ာင္းေဝမွာ ခပ္မဆိတ္သာ ေနတတ္သူျဖစ္သည္။

သို႔ေသာ္ ကရီနာေလာင္းက လ်န္ေခ်ာင္းေဝကို သူမကဲ့သို႔ေနထုိင္ရန္ မေတာင္းဆို။ ၎ဘာသာ ေနတတ္သလို ေနႏိုင္ရန္ ကရီနာေလာင္းက လြတ္လပ္ခြင့္ေပးထားသည္။

လ်န္ေခ်ာင္းေဝက သူ၏ မိတ္ေဆြမ်ားကို အိမ္ေခၚကာ မာေက်ာက္ကစားလွ်င္ ကရီနာေလာင္းက ဆူဆူပူပူလုပ္ေလ့မရွိ။ ညစာႏွင့္ လဘက္ရည္ကိစၥမ်ားအတြက္ပင္ ကူညီေပး၏။

လ်န္ေခ်ာင္းေဝ မေကာင္းသတင္းထြက္လွ်င္လည္း ကရီနာေလာင္းက ခင္ပြန္းအေပၚ ယံုၾကည္မႈကိုသာ ျပေပးသည္။

သူတို႔ႏွစ္ဦး ဇနီးေမာင္ႏွံျဖစ္လာခဲ့သည္အထိ ယေန႔တိုင္အခ်စ္သက္တမ္းမွာ ႏွစ္ေပါင္း ၂၀ ေက်ာ္ခဲ့ျပီ။

တစ္ဦးအေပၚတစ္ဦး ထားရွိသည့္အခ်စ္မ်ားမွာ ေျပာင္းလဲမသြား။ ဤသည္ကား လက္ေတြ႔အဆန္ဆံုးႏွင့္ အရုိးစင္းဆံုး ခ်စ္ျခင္းတရားပင္။

(ဘာသာေရး)

လ်န္ေခ်ာင္းေဝသည္ ဗုဒၶဘာသာဝင္တစ္ဦးျဖစ္ျပီး ဘုရားေက်ာင္းကန္ေစတီပုထိုးမ်ား ေဆာက္လုပ္ရန္အတြက္ လွဴဒါန္းမႈမ်ားစြာ ျပဳလုပ္ခဲ့သူ ျဖစ္သည္။

(နဂါးႏိုင္ဓား)

နဂါးႏိုင္ဓား (倚天屠龍記) သိုင္းဝတၳဳသည္ သမိုင္းအျဖစ္အပ်က္မ်ားကို ထည့္သြင္းေရးသားေလ့ရိွသည့္ တရုတ္စာေရးဆရာ က်င္းယံု (金庸) ၏ နာမည္ေက်ာ္ သိုင္းဝတၳဳမ်ားအနက္ တစ္ပုဒ္ျဖစ္သည္။

က်င္းယံု၏ ငွက္ပစ္ေလးသမား သံုးပိုင္းတြဲ (射鵰三部曲) ဝတၳဳမွ ေနာက္ဆံုးတစ္ပုဒ္လည္း ျဖစ္သည္။

‘နဂါးႏိုင္ဓား” ကို ၁၉၆၁ ခုႏွစ္တြင္ ေဟာင္ေကာင္ မင္ေပါက္သတင္းစာတြင္ အခန္းဆက္ ဝတၳဳရွည္အျဖစ္ ပထမဦးဆံုးအႀကိမ္ ပံုႏိွပ္ေဖာ္ျပခဲ့သည္။ ျမန္မာႏိုင္ငံတြင္ တကၠသိုလ္ ေနလင္းေအာင္မွ ျမန္မာဘာသာျပန္ထားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tony Leung Chiu-wai’s investment of 5 million turns into 1.5 billion, Carina Lau feels inferior (mgm.net)

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ကန့်သတ်သည့်ဥပဒေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service