အစွန်းချွတ်ဆေး တွေက ဘယ်လို ဆိုးကျိုးတွေ ရှိသလဲ။

အစွန်းချွတ်ဆေး တွေက ဘယ်လို ဆိုးကျိုးတွေ ရှိသလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
23 Mar 2022 11:01 am တွင် တင်ခဲ့သည်
922 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အစွန်းချွတ်ဆေး ဆိုတာ အိမ်မှာ အဝတ်တွေ ဖြူဖို့၊ ပိုးသတ်ဖို့ သုံးတဲ့ ဆေးပါ။ Bleachလို့ ခေါ်ကြပါတယ်။ ကလိုရင်း ပါတာနဲ့ မပါတာဆိုပြီးလည်း ရှိပါသေးတယ်။ ခုလိုချိန်မှာ တော်တော်များများ အရင်ကထက် ပိုပြီး အိမ်သန့်ရှင်းရေးတွေ၊ ပိုးသတ်တာတွေ ပိုလုပ်ဖြစ်ကြမှာပါ။ ဒီ့အတွက် ဒီအစွန်းချွတ်ဆေးတွေကို သေသေချာချာ မသုံးတတ်ရင် ဘယ်လိုဆိုးကျိုးတွေ ရနိုင်လဲ။ ဘယ်လို သတိထားပြီး သုံးမလဲဆိုတာ ပြောပြပေးပါမယ်။ အထူးသဖြင့်တော့ ကလိုရင်း ပါတဲ့ အစွန်းချွတ်ဆေးတွေပေါ့။

အစွန်းချွတ်ဆေး တွေကို ဘယ်မှာ သုံးမလဲ။

အစွန်းချွတ်ဆေးက ပိုးသတ်နိုင်တဲ့ သတ္တိရှိတာ မှန်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ပြင်းလွန်းတာကြောင့် လူရဲ့ ကိုယ်မှာ သုံးဖို့ မသင့်တော်ပါဘူး။ ပစ္စည်းတွေကို ပိုးသတ်ဖို့လောက်ပဲ သင့်တော်ပါတယ်။ သန့်ရှင်းရေးလုပ်ဖို့ ဖျော်စပ်ရင်တောင် သူ့အချိုးအဆအတိုင်း ဖော်စပ်ရမှာပါ။

အစွန်းချွတ်ဆေး အဆိပ်သင့်တာ ဘယ်လို ဖြစ်နိုင်လဲ။

ဒီတိုင်း သုံးရင်တော့ ဖြစ်ခဲပါတယ်။ ဒါပေမယ့်

- အစွန်းချွတ်ဆေးနဲ့ တခြား သန့်ရှင်းရေး လုပ်တဲ့ ပစ္စည်းတွေ ရောသုံးမိတာ (ဥပမာ အမိုးနီးယား ပါတာနဲ့ ရောသုံးမိရင် အငွေ့တွေ ထွက်လာပြီး ရှူမိရင် အန္တရာယ်များပါတယ်။)

- လက်အိတ်မပါဘဲ ကိုင်တာ

- အညွှန်းအတိုင်း မဖျော်မိတာ

- ကလေးတွေ အလွယ်တကူ မီတဲ့ နေရာမှာ ထားမိတာ

- သုံးပြီးရင် လက်သေချာ မဆေးဘဲ အစာစားမိတာ၊ မျက်လုံးပွတ်မိတာ စတာတွေပဲ ဖြစ်ပါတယ်။

ဘယ်လို လက္ခဏာတွေ ခံစားရမှာလဲ။

- မျက်လုံး – မျက်လုံးတွေ နီလာမယ်၊ စပ်လာမယ်၊ မျက်ရည်ယိုလာမယ်၊ အမြင်တွေ ဝါးလာမယ်။

- ပါးစပ်နဲ့ လည်ပင်း – ယားလာမယ်၊ နေရထိုင်ရခက်လာမယ်။

- အရေပြား – စပ်ဖျဉ်းဖျဉ်း ဖြစ်လာပါမယ်။ ဘေးကို မပျံ့စေဖို့ သတိပြုပါ။

- အစာအိမ်နဲ့ အူလမ်းကြောင်း – လက္ခဏာပြခဲပါတယ်။ အစာအိမ်က ထင်ထားတာထက် ခံနိုင်ရည်ရှိပါတယ်။

- အသက်ရှူလမ်းကြောင်း – မွှန်တာ၊ အသက်ရှူကြပ်တာ ဖြစ်တတ်ပါတယ်။

အရေးပေါ် ဘယ်လို လုပ်မလဲ။

မျက်လုံး

မျက်လုံးထဲကို တန်းဝင်ရင်တော့ တန်းသိမှာပါ။ တစ်ခါတစ်လေ တန်းမဝင်ဘဲ မျက်လုံးကို အခိုးရိုက်တာမျိုးလည်း ရှိနိုင်ပါတယ်။ နှစ်ခုလုံးက တူတူပါပဲ။ သိတာနဲ့ ချက်ချင်း ရေများများနဲ့ ဆေးပါ။ မျက်ကပ်မှန် ဖြုတ်ပါ။ မျက်လုံးကို လက်နဲ့ မပွတ်ပါနဲ့။ ပြီးတာနဲ့ လက်ဆေးပြီး ဆေးရုံကို သွားပါ။

အရေပြား

အရေပြားပေါ်ကို ဖိတ်သွားတယ်၊ ပေသွားတယ်ဆိုရင်တော့ အရင်ဆုံး စုပ်ယူနိုင်တဲ့ ပစ္စည်းတစ်ခုခုနဲ့ နည်းသွားအောင် စုပ်ပါ။ ပွတ်သုတ်တာမျိုး မလုပ်ပါနဲ့။ ရေများများနဲ့ ဆေးချပါ။ ပြီးရင် ဆေးရုံသွားပါ။

ပါးစပ်ထဲဝင်သွားရင်

အားပျော့သွားအောင် ရေများများ သောက်ချပါ။ လည်ချောင်းမှာ ရှတတ ဖြစ်တာ သက်သာအောင်လို့ နွားနို့သောက်ချင်လည်း ရပါတယ်။ ပြီးရင်တော့ ဆေးရုံကို သွားပြသင့်ပါတယ်။

မတော်တဆ မျိုချမိရင်

ကလေးဖြစ်ဖြစ် မတော်တဆ မျိုချမိခဲ့ရင် လက်ထိုးပြီး အန်တာမျိုး မလုပ်ပါနဲ့။ အစွန်းချွတ်ဆေးတွေ လည်ချောင်းတစ်လျှောက် ဝင်လိုက်ထွက်လိုက်လုပ်နေတာက ပိုဆိုးစေပါတယ်။ ရေများများတိုက်ပြီးသာ ဆေးရုံသွားလိုက်ပါ။

ရှူမိခဲ့ရင်

ပမာဏအများကြီး ရှူရှိက်မိလို့ အသက်ရှူကြပ်လာခဲ့ရင် ဆေးရုံကို အမြန်သွားပါ။ နဂိုတည်းက အဆုတ်မကောင်းတဲ့သူ၊ ပန်းနာရင်ကြပ်ရှိတဲ့သူဆိုရင် ပိုပြီး သတိထားရပါမယ်။

ဘယ်လို ကာကွယ်ကြမလဲ။

- အစွန်းချွတ်ဆေးနဲ့ ပတ်သတ်ပြီး စိတ်ပူရတာ တစ်ခုက အဆုတ်ထိခိုက်မှာကိုပါ။ ထွက်လာတဲ့ ကလိုရင်း အနံ့က အသက်ရှူလမ်းကြောင်းကို ထိခိုက်စေပါတယ်။ တစ်ခါတည်း အများကြီး ရှူမိတာဖြစ်ဖြစ်၊ ခဏခဏ ရှူမိရင်ဖြစ်ဖြစ် ထိခိုက်နိုင်ပါတယ်။

- ဒါကြောင့် လေဝင်လေထွက်ကောင်းတဲ့ နေရာမှာပဲ သုံးပါ။

- တခြား သန့်ရှင်းရေးသုံး ပစ္စည်းတွေနဲ့လည်း ရောမဖျော်ပါနဲ့။

- အညွှန်းအတိုင်း သေချာ ဖျော်ပါ။

- ကလေး အလွယ်တကူ မတွေ့နိုင်တဲ့ နေရာမှာထားပါ။

- တချို့တွေက ကလိုရင်းက ပိုးသေတယ်ဆိုပြီး အနာပေါ်လောင်းချတာမျိုး ရှိပါတယ်။ ပိုးသေကောင်း သေမှာပါ။ ဒါပေမယ့် အနာအပြင် ဘေးက အရေပြားကို လောင်တာ၊ တခြား ကောင်းကျိုးပြု ဘက်တီးရီးယားတွေပါ သေကုန်တဲ့ အတွက် အနာကျက်နှေးတာတို့ ဖြစ်နိုင်ပါတယ်။ အနာကို ပိုးသတ်ချင်တာ ဆိုရင်တော့ ကလိုရင်းထက် ပိုကောင်းတဲ့ ပိုးသတ်ဆေးတွေ ရှိလို့ ရွေးချယ်သုံးနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

အစြန္းခြၽတ္ေဆး ေတြက ဘယ္လို ဆိုးက်ိဳးေတြ ႐ွိသလဲ။

အစြန္းခြၽတ္ေဆး ဆိုတာ အိမ္မွာ အဝတ္ေတြ ျဖဴဖို႔၊ ပိုးသတ္ဖို႔ သုံးတဲ့ ေဆးပါ။ Bleachလို႔ ေခၚၾကပါတယ္။ ကလိုရင္း ပါတာနဲ႔ မပါတာဆိုၿပီးလည္း ႐ွိပါေသးတယ္။ ခုလိုခ်ိန္မွာ ေတာ္ေတာ္မ်ားမ်ား အရင္ကထက္ ပိုၿပီး အိမ္သန္႔႐ွင္းေရးေတြ၊ ပိုးသတ္တာေတြ ပိုလုပ္ျဖစ္ၾကမွာပါ။ ဒီ့အတြက္ ဒီအစြန္းခြၽတ္ေဆးေတြကို ေသေသခ်ာခ်ာ မသုံးတတ္ရင္ ဘယ္လိုဆိုးက်ိဳးေတြ ရႏိုင္လဲ။ ဘယ္လို သတိထားၿပီး သုံးမလဲဆိုတာ ေျပာျပေပးပါမယ္။ အထူးသျဖင့္ေတာ့ ကလိုရင္း ပါတဲ့ အစြန္းခြၽတ္ေဆးေတြေပါ့။

အစြန္းခြၽတ္ေဆး ေတြကို ဘယ္မွာ သုံးမလဲ။

အစြန္းခြၽတ္ေဆးက ပိုးသတ္ႏိုင္တဲ့ သတၱိ႐ွိတာ မွန္ပါတယ္။ ဒါေပမယ့္ သူ႕ရဲ႕ ျပင္းလြန္းတာေၾကာင့္ လူရဲ႕ ကိုယ္မွာ သုံးဖို႔ မသင့္ေတာ္ပါဘူး။ ပစၥည္းေတြကို ပိုးသတ္ဖို႔ေလာက္ပဲ သင့္ေတာ္ပါတယ္။ သန္႔႐ွင္းေရးလုပ္ဖို႔ ေဖ်ာ္စပ္ရင္ေတာင္ သူ႕အခ်ိဳးအဆအတိုင္း ေဖာ္စပ္ရမွာပါ။

အစြန္းခြၽတ္ေဆး အဆိပ္သင့္တာ ဘယ္လို ျဖစ္ႏိုင္လဲ။

ဒီတိုင္း သုံးရင္ေတာ့ ျဖစ္ခဲပါတယ္။ ဒါေပမယ့္

- အစြန္းခြၽတ္ေဆးနဲ႔ တျခား သန္႔႐ွင္းေရး လုပ္တဲ့ ပစၥည္းေတြ ေရာသုံးမိတာ (ဥပမာ အမိုးနီးယား ပါတာနဲ႔ ေရာသုံးမိရင္ အေငြ႕ေတြ ထြက္လာၿပီး ႐ွဴမိရင္ အႏၲရာယ္မ်ားပါတယ္။)

- လက္အိတ္မပါဘဲ ကိုင္တာ

- အၫႊန္းအတိုင္း မေဖ်ာ္မိတာ

- ကေလးေတြ အလြယ္တကူ မီတဲ့ ေနရာမွာ ထားမိတာ

- သုံးၿပီးရင္ လက္ေသခ်ာ မေဆးဘဲ အစာစားမိတာ၊ မ်က္လုံးပြတ္မိတာ စတာေတြပဲ ျဖစ္ပါတယ္။

ဘယ္လို လကၡဏာေတြ ခံစားရမွာလဲ။

- မ်က္လုံး – မ်က္လုံးေတြ နီလာမယ္၊ စပ္လာမယ္၊ မ်က္ရည္ယိုလာမယ္၊ အျမင္ေတြ ဝါးလာမယ္။

- ပါးစပ္နဲ႔ လည္ပင္း – ယားလာမယ္၊ ေနရထိုင္ရခက္လာမယ္။

- အေရျပား – စပ္ဖ်ဥ္းဖ်ဥ္း ျဖစ္လာပါမယ္။ ေဘးကို မပ်ံ႕ေစဖို႔ သတိျပဳပါ။

- အစာအိမ္နဲ႔ အူလမ္းေၾကာင္း – လကၡဏာျပခဲပါတယ္။ အစာအိမ္က ထင္ထားတာထက္ ခံႏိုင္ရည္႐ွိပါတယ္။

- အသက္႐ွဴလမ္းေၾကာင္း – မႊန္တာ၊ အသက္႐ွဴၾကပ္တာ ျဖစ္တတ္ပါတယ္။

အေရးေပၚ ဘယ္လို လုပ္မလဲ။

မ်က္လုံး

မ်က္လုံးထဲကို တန္းဝင္ရင္ေတာ့ တန္းသိမွာပါ။ တစ္ခါတစ္ေလ တန္းမဝင္ဘဲ မ်က္လုံးကို အခိုး႐ိုက္တာမ်ိဳးလည္း ႐ွိႏိုင္ပါတယ္။ ႏွစ္ခုလုံးက တူတူပါပဲ။ သိတာနဲ႔ ခ်က္ခ်င္း ေရမ်ားမ်ားနဲ႔ ေဆးပါ။ မ်က္ကပ္မွန္ ျဖဳတ္ပါ။ မ်က္လုံးကို လက္နဲ႔ မပြတ္ပါနဲ႔။ ၿပီးတာနဲ႔ လက္ေဆးၿပီး ေဆး႐ုံကို သြားပါ။

အေရျပား

အေရျပားေပၚကို ဖိတ္သြားတယ္၊ ေပသြားတယ္ဆိုရင္ေတာ့ အရင္ဆုံး စုပ္ယူႏိုင္တဲ့ ပစၥည္းတစ္ခုခုနဲ႔ နည္းသြားေအာင္ စုပ္ပါ။ ပြတ္သုတ္တာမ်ိဳး မလုပ္ပါနဲ႔။ ေရမ်ားမ်ားနဲ႔ ေဆးခ်ပါ။ ၿပီးရင္ ေဆး႐ုံသြားပါ။

ပါးစပ္ထဲဝင္သြားရင္

အားေပ်ာ့သြားေအာင္ ေရမ်ားမ်ား ေသာက္ခ်ပါ။ လည္ေခ်ာင္းမွာ ႐ွတတ ျဖစ္တာ သက္သာေအာင္လို႔ ႏြားႏို႔ေသာက္ခ်င္လည္း ရပါတယ္။ ၿပီးရင္ေတာ့ ေဆး႐ုံကို သြားျပသင့္ပါတယ္။

မေတာ္တဆ မ်ိဳခ်မိရင္

ကေလးျဖစ္ျဖစ္ မေတာ္တဆ မ်ိဳခ်မိခဲ့ရင္ လက္ထိုးၿပီး အန္တာမ်ိဳး မလုပ္ပါနဲ႔။ အစြန္းခြၽတ္ေဆးေတြ လည္ေခ်ာင္းတစ္ေလွ်ာက္ ဝင္လိုက္ထြက္လိုက္လုပ္ေနတာက ပိုဆိုးေစပါတယ္။ ေရမ်ားမ်ားတိုက္ၿပီးသာ ေဆး႐ုံသြားလိုက္ပါ။

႐ွဴမိခဲ့ရင္

ပမာဏအမ်ားႀကီး ႐ွဴ႐ွိက္မိလို႔ အသက္႐ွဴၾကပ္လာခဲ့ရင္ ေဆး႐ုံကို အျမန္သြားပါ။ နဂိုတည္းက အဆုတ္မေကာင္းတဲ့သူ၊ ပန္းနာရင္ၾကပ္႐ွိတဲ့သူဆိုရင္ ပိုၿပီး သတိထားရပါမယ္။

ဘယ္လို ကာကြယ္ၾကမလဲ။

- အစြန္းခြၽတ္ေဆးနဲ႔ ပတ္သတ္ၿပီး စိတ္ပူရတာ တစ္ခုက အဆုတ္ထိခိုက္မွာကိုပါ။ ထြက္လာတဲ့ ကလိုရင္း အနံ႔က အသက္႐ွဴလမ္းေၾကာင္းကို ထိခိုက္ေစပါတယ္။ တစ္ခါတည္း အမ်ားႀကီး ႐ွဴမိတာျဖစ္ျဖစ္၊ ခဏခဏ ႐ွဴမိရင္ျဖစ္ျဖစ္ ထိခိုက္ႏိုင္ပါတယ္။

- ဒါေၾကာင့္ ေလဝင္ေလထြက္ေကာင္းတဲ့ ေနရာမွာပဲ သုံးပါ။

- တျခား သန္႔႐ွင္းေရးသုံး ပစၥည္းေတြနဲ႔လည္း ေရာမေဖ်ာ္ပါနဲ႔။

- အၫႊန္းအတိုင္း ေသခ်ာ ေဖ်ာ္ပါ။

- ကေလး အလြယ္တကူ မေတြ႕ႏိုင္တဲ့ ေနရာမွာထားပါ။

- တခ်ိဳ႕ေတြက ကလိုရင္းက ပိုးေသတယ္ဆိုၿပီး အနာေပၚေလာင္းခ်တာမ်ိဳး ႐ွိပါတယ္။ ပိုးေသေကာင္း ေသမွာပါ။ ဒါေပမယ့္ အနာအျပင္ ေဘးက အေရျပားကို ေလာင္တာ၊ တျခား ေကာင္းက်ိဳးျပဳ ဘက္တီးရီးယားေတြပါ ေသကုန္တဲ့ အတြက္ အနာက်က္ေႏွးတာတို႔ ျဖစ္ႏိုင္ပါတယ္။ အနာကို ပိုးသတ္ခ်င္တာ ဆိုရင္ေတာ့ ကလိုရင္းထက္ ပိုေကာင္းတဲ့ ပိုးသတ္ေဆးေတြ ႐ွိလို႔ ေ႐ြးခ်ယ္သုံးႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service