မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။ - Property Knowledge in Myanmar from iMyanmarHouse.com
23 Mar 2022 10:56 am တွင် တင်ခဲ့သည်
548 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

၁။ မြေပိုင်ဆိုင်မှုခိုင်မာရန်အတွက် မြေအမျိုးအစား အများအပြားရှိသည့်အနက်မှ ဂရန်မြေသည် လွှဲပြောင်းရောင်းချရန် အကောင်းဆုံးဖြစ်သည်။ ထို့ကြောင့် မြေငှားဂရန်သစ် ထုတ်ပေးရန် လျှောက်ထားသူ များအတွက် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ဖော်ပြထားပါသည်။

မြေငှါးဂရန် ထုတ်ပေးရာတွင် အမျိုးအစား (၂) မျိုးရှိပါသည်။

(က) အစိုးရမြေမှ ဂရန်သစ်စတင်ထုတ်ပေးခြင်းနှင့် (ခ) မူလဂရန်ရှိပြီး မြေကို အကြောင်းအရာအမျိုးမျိုးဖြင့် ဂရန်ထပ်မံလျှောက်ထားခြင်းတို့ ဖြစ်ပါသည်။

ဂရန်သစ် (အစိုးရမြေမှ ဂရန်သစ်လျှောက်ထားခြင်း)

မြို့ကွက်သစ်စတင်ဖော်ထုတ်ပေးရာတွင်လည်း (၂)မျိုးရှိပါသည်။

(၁) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့်မြေကွက် များအား ဂရန်ထုတ်ပေးခြင်း၊

(၂) မူလမြို့ဟောင်းရှိ အနေကြာဂရန်လျှောက်ထားခြင်းမရှိသေးသည့် အစိုးရမြေများအား ဂရန်ထုတ် ပေးခြင်းတို့ဖြစ်ပါသည်။

(ကက) မြို့ကွက်သစ်ဖော်ထုတ်ရေးလုပ်ငန်းအဖွဲ့မှ ချထားပေးသည့် မြေကွက်များကို ဂရန်လျှောက်ထားရာတွင် မြေချထားမိန့်၊ မြေကွက်ဖိုး၊ လမ်းဖိုးပေးသွင်းသည့် ငွေရပြေစာများ ပါရှိရပြီး သတင်းစာကြော်ငြာခြင်း မပြုစေဘဲ အချိန်(၂)ပါတ် အတွင်း ဂရန်သစ်ထုတ်ပေးပါသည်။

(ခခ) မူလမြို့ဟောင်းရှိ အစိုးရမြေများကိုခ လျှောက်ထားပါက ဦးစွာပထမမြေပုံရေးကူးခွင့် လျှောက်ထား ရပါမည်။ မြေပုံရေးကူးခွင့်ရရှိပြီးပါက တရားရုံးကျမ်းကျိန်ချက်၊ အိမ်ထောင်စုဇယား၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးထောက်ခံချက်၊ အဆောက်အဦဓါတ်ပုံများဖြင့် အမှုတွဲတည်ဆောက်ပြီး သတင်းစာကြော်ငြာ၍ ကန့်ကွက်မှု အရှုပ်အရှင်း မရှိပါက (၁)လအတွင်း ဂရန်သစ်ထုတ်ပေးပါသည်။

(၃) ဂရန်သစ်လျှောက်ထားမှုများကို အောက်ဖော်ပြပါအတိုင်း အမျိုးအစားများ ခွဲခြား၍ဆောင်ရွက်ပေးပါသည် -

(ကက) ဂရန်သစ်၊

(ခခ) ဂရန်သစ်/အမည်ပြောင်း(မြေကွက်ရရှိသူကိုင်တိုင်မဟုတ်ဘဲ ၎င်းထံမှတဆင့်လွှဲပြောင်းရရှိသူမှ အမည်ပြောင်း လျှောက်ထားခြင်း)

(ဂဂ) ဂရန်သစ်/ဦးပိုင်ခွဲ/အမည်ပြောင်း(မြေကွက်ရရှိသူထံမှခွဲစိတ် ၍ လွှဲပြောင်းရရှိသူမှ အမည်ပြောင်း လျှောက်ထားခြင်း)

(ဃဃ) အမည်ပေါက်လျှောက်ထားခြင်း(အချို့သောဌာနဆိုင်ရာအဖွဲ့အစည်းများသည် ငွေသွင်းရန် အခက်အခဲရှိ၍ ဂရန်ထုတ်ယူ ခြင်းမပြုဘဲ မြေရာဇဝင်တွင် အမည်ပေါက်ရန်အတွက်သာ လျှောက်ထားခြင်းဖြစ်ပါသည်။

(ခ) ဂရန်ဟောင်း

(မူလဂရန်ရှိပြီးမြေကိုအကြောင်းအမျိုးမျိုးဖြင့်ဂရန်ပြန်လည် လျှောက်ထားခြင်း) မူလဂရန်ရှိပြီးမြေကို ဂရန်သက်တမ်းကုန်ဆုံး၍ လည်းကောင်း၊ လွှဲပြောင်း၍လည်းကောင်း၊ ဦးပိုင်ခွဲ၍လည်းကောင်း၊ ဂရန်ပျောက်မိတ္တူလျှောက်၍လည်းကောင်း၊ ဂရန်အမျိုးအစားပြောင်း၍ လည်းကောင်း လျှောက်ထားလာပါက အောက်ဖော်ပြပါအတိုင်း အမျိုး အစားခွဲခြားဆောင်ရွက်ပါသည် -

(၁) ဂရန်အမည်ပြောင်း၊

(၂) ဂရန်ဦးပိုင်ခွဲ (ဂရန်မြေတစ်ခုကို အမည်မပြောင်းဘဲဂရန်နှစ်ခု၊ သုံးခု ထပ်မံခွဲစိတ်လျှောင်ထားခြင်း)

(၃) ဂရန်သက်တမ်းတိုး (ဂရန်သက်တမ်းကုန်၍ ထပ်မံသက်တမ်းတိုး လျှောက်ထားခြင်း)

(၄) သက်တမ်းတိုး၊ အမည်ပြောင်း (အမည်လည်းပြောင်း၊ သက်တမ်း လည်းတိုးမည်)

(၅) ဦးပိုင်ခွဲ၊ အမည်ပြောင်း (ဂရန်မြေတစ်ခုကို နှစ်ခု၊ သုံးခုခွဲပြီး အမည်ပြောင်းခြင်း)

(၆) ဂရန်ပျောက်၊ သက်တမ်းတိုး၊ အမည်ပြောင်း(သက်တမ်းကုန် ဂရန် ပျောက်ဆုံးပြီး သက်တမ်းတိုး၊ အမည်ပြောင်း လျှောက်ထားခြင်း)

(၇) ဂရန်မိတ္တူလျှောက်ထားခြင်း (ဂရန်မူရင်းပျောက်ဆုံးသွား၍ အမည်ပြောင်းခြင်းမပြုဘဲ ဂရန်မိတ္တူ လျှောက်ထားခြင်း)

(၈) တောမှမြို့ပြောင်း လျှောက်ထားခြင်း(ယခင်ပုသိမ်ကြီး၊ အမရပူရ မြို့ပြင်ပရှိမြေများကို ထုတ်ပေးထား သည့် တောဂရန်များကို မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီနယ်နိမိတ်အတွင်း ကျရောက်၍ အမည်မပြောင်းဘဲ မြို့ဂရန်အဖြစ် ပြောင်းလဲ လျှောက်ထားခြင်း)

(၉) တောမှ မြို့ပြောင်း အမည်ပြောင်းပါ လျှောက်ထားခြင်း။ (တောဂရန်မှ မြို့ဂရန်အပြင် အမည်ပါ ပြောင်းပေးရန် လျှောက်ထားခြင်း ဖြစ်ပါသည်။)

၂။ အထက်ဖော်ပြပါ ဂရန်လျှောက်ထားမည်ဆိုပါက အောက်ဖော်ပြပါ အထောက်အထား စာချုပ် စာတမ်းများကို ပူးတွဲတင်ပြရပါမည်-

(၁) ကာယကံရှင်၏ မှတ်ပုံတင်မိတ္တူမှန်၊

(၂) ဂရန်စာချုပ်မိတ္တူမှန်၊

(၃) အမွေဆက်ခံဖြစ်ပါက အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေညာစာချုပ် မိတ္တူမှန်နှင့် ကျမ်းကျိန်ချက်၊

(၄) အရောင်းအဝယ်၊ ပေးကမ်း၊ စွန့်လွှတ်စာချုပ်မိတ္တူမှန်၊

(၅) တရားမမှုဖြစ်သည့်မြေဖြစ်ပါက တရားရုံးဒီကရီ၊ တရားမပုံစံ(၁၀၆)

(၆) မြေခွန်ပြေစာမိတ္တူမှန်၊

(၇) အိမ်ထောင်စုဇယားမိတ္တူမှန်၊

(၈) အဆောက်အဦဓါတ်ပုံ၊

(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၏ ထောက်ခံချက်၊

(၁၀) အမည်ပေါက်၊အမွေဆက်ခံသူများ သေဆုံးပါက သေစာရင်းမိတ္တူမှန်များ။

၃။ အထက်ဖော်ပြပါ မြို့ဟောင်းမြေမှ ဂရန်လျှောက်ထားမှုများကို သတင်းစာ ကြော်ငြာပြီး ကန့်ကွက် မရှိ၊ အရှုပ်အရှင်း မရှိပါက (၁)လအတွင်း အပြီးဆောင်ရွက်ပေးနိုင်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

ေျမငွားဂရန္ကို ဘယ္လိုအခ်က္ေတြနဲ႔ ေလွ်ာက္ထားခြင့္ရွိလဲ။

၁။ ေျမပိုင္ဆိုင္မႈခိုင္မာရန္အတြက္ ေျမအမ်ိဳးအစား အမ်ားအျပားရွိသည့္အနက္မွ ဂရန္ေျမသည္ လႊဲေျပာင္းေရာင္းခ်ရန္ အေကာင္းဆုံးျဖစ္သည္။ ထို႔ေၾကာင့္ ေျမငွားဂရန္သစ္ ထုတ္ေပးရန္ ေလွ်ာက္ထားသူ မ်ားအတြက္ အေထာက္အကူျဖစ္ေစရန္ ရည္ရြယ္၍ ေဖာ္ျပထားပါသည္။

ေျမငွါးဂရန္ ထုတ္ေပးရာတြင္ အမ်ိဳးအစား (၂) မ်ိဳးရွိပါသည္။

(က) အစိုးရေျမမွ ဂရန္သစ္စတင္ထုတ္ေပးျခင္းႏွင့္ (ခ) မူလဂရန္ရွိၿပီး ေျမကို အေၾကာင္းအရာအမ်ိဳးမ်ိဳးျဖင့္ ဂရန္ထပ္မံေလွ်ာက္ထားျခင္းတို႔ ျဖစ္ပါသည္။

ဂရန္သစ္ (အစိုးရေျမမွ ဂရန္သစ္ေလွ်ာက္ထားျခင္း)

ၿမိဳ႕ကြက္သစ္စတင္ေဖာ္ထုတ္ေပးရာတြင္လည္း (၂)မ်ိဳးရွိပါသည္။

(၁) ၿမိဳ႕ကြက္သစ္ေဖာ္ထုတ္ေရးလုပ္ငန္းအဖြဲ႕မွ ခ်ထားေပးသည့္ေျမကြက္ မ်ားအား ဂရန္ထုတ္ေပးျခင္း၊

(၂) မူလၿမိဳ႕ေဟာင္းရွိ အေနၾကာဂရန္ေလွ်ာက္ထားျခင္းမရွိေသးသည့္ အစိုးရေျမမ်ားအား ဂရန္ထုတ္ ေပးျခင္းတို႔ျဖစ္ပါသည္။

(ကက) ၿမိဳ႕ကြက္သစ္ေဖာ္ထုတ္ေရးလုပ္ငန္းအဖြဲ႕မွ ခ်ထားေပးသည့္ ေျမကြက္မ်ားကို ဂရန္ေလွ်ာက္ထားရာတြင္ ေျမခ်ထားမိန႔္၊ ေျမကြက္ဖိုး၊ လမ္းဖိုးေပးသြင္းသည့္ ေငြရေျပစာမ်ား ပါရွိရၿပီး သတင္းစာေၾကာ္ျငာျခင္း မျပဳေစဘဲ အခ်ိန္(၂)ပါတ္ အတြင္း ဂရန္သစ္ထုတ္ေပးပါသည္။

(ခခ) မူလၿမိဳ႕ေဟာင္းရွိ အစိုးရေျမမ်ားကိုခ ေလွ်ာက္ထားပါက ဦးစြာပထမေျမပုံေရးကူးခြင့္ ေလွ်ာက္ထား ရပါမည္။ ေျမပုံေရးကူးခြင့္ရရွိၿပီးပါက တရား႐ုံးက်မ္းက်ိန္ခ်က္၊ အိမ္ေထာင္စုဇယား၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ႐ုံးေထာက္ခံခ်က္၊ အေဆာက္အဦဓါတ္ပုံမ်ားျဖင့္ အမႈတြဲတည္ေဆာက္ၿပီး သတင္းစာေၾကာ္ျငာ၍ ကန႔္ကြက္မႈ အရႈပ္အရွင္း မရွိပါက (၁)လအတြင္း ဂရန္သစ္ထုတ္ေပးပါသည္။

(၃) ဂရန္သစ္ေလွ်ာက္ထားမႈမ်ားကို ေအာက္ေဖာ္ျပပါအတိုင္း အမ်ိဳးအစားမ်ား ခြဲျခား၍ေဆာင္႐ြက္ေပးပါသည္ -

(ကက) ဂရန္သစ္၊

(ခခ) ဂရန္သစ္/အမည္ေျပာင္း(ေျမကြက္ရရွိသူကိုင္တိုင္မဟုတ္ဘဲ ၄င္းထံမွတဆင့္လႊဲေျပာင္းရရွိသူမွ အမည္ေျပာင္း ေလွ်ာက္ထားျခင္း)

(ဂဂ) ဂရန္သစ္/ဦးပိုင္ခြဲ/အမည္ေျပာင္း(ေျမကြက္ရရွိသူထံမွခြဲစိတ္ ၍ လႊဲေျပာင္းရရွိသူမွ အမည္ေျပာင္း ေလွ်ာက္ထားျခင္း)

(ဃဃ) အမည္ေပါက္ေလွ်ာက္ထားျခင္း(အခ်ိဳ႕ေသာဌာနဆိုင္ရာအဖြဲ႕အစည္းမ်ားသည္ ေငြသြင္းရန္ အခက္အခဲရွိ၍ ဂရန္ထုတ္ယူ ျခင္းမျပဳဘဲ ေျမရာဇ၀င္တြင္ အမည္ေပါက္ရန္အတြက္သာ ေလွ်ာက္ထားျခင္းျဖစ္ပါသည္။

(ခ) ဂရန္ေဟာင္း

(မူလဂရန္ရွိၿပီးေျမကိုအေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ဂရန္ျပန္လည္ ေလွ်ာက္ထားျခင္း) မူလဂရန္ရွိၿပီးေျမကို ဂရန္သက္တမ္းကုန္ဆုံး၍ လည္းေကာင္း၊ လႊဲေျပာင္း၍လည္းေကာင္း၊ ဦးပိုင္ခြဲ၍လည္းေကာင္း၊ ဂရန္ေပ်ာက္မိတၱဴေလွ်ာက္၍လည္းေကာင္း၊ ဂရန္အမ်ိဳးအစားေျပာင္း၍ လည္းေကာင္း ေလွ်ာက္ထားလာပါက ေအာက္ေဖာ္ျပပါအတိုင္း အမ်ိဳး အစားခြဲျခားေဆာင္႐ြက္ပါသည္ -

(၁) ဂရန္အမည္ေျပာင္း၊

(၂) ဂရန္ဦးပိုင္ခြဲ (ဂရန္ေျမတစ္ခုကို အမည္မေျပာင္းဘဲဂရန္ႏွစ္ခု၊ သုံးခု ထပ္မံခြဲစိတ္ေလွ်ာင္ထားျခင္း)

(၃) ဂရန္သက္တမ္းတိုး (ဂရန္သက္တမ္းကုန္၍ ထပ္မံသက္တမ္းတိုး ေလွ်ာက္ထားျခင္း)

(၄) သက္တမ္းတိုး၊ အမည္ေျပာင္း (အမည္လည္းေျပာင္း၊ သက္တမ္း လည္းတိုးမည္)

(၅) ဦးပိုင္ခြဲ၊ အမည္ေျပာင္း (ဂရန္ေျမတစ္ခုကို ႏွစ္ခု၊ သုံးခုခြဲၿပီး အမည္ေျပာင္းျခင္း)

(၆) ဂရန္ေပ်ာက္၊ သက္တမ္းတိုး၊ အမည္ေျပာင္း(သက္တမ္းကုန္ ဂရန္ ေပ်ာက္ဆုံးၿပီး သက္တမ္းတိုး၊ အမည္ေျပာင္း ေလွ်ာက္ထားျခင္း)

(၇) ဂရန္မိတၱဴေလွ်ာက္ထားျခင္း (ဂရန္မူရင္းေပ်ာက္ဆုံးသြား၍ အမည္ေျပာင္းျခင္းမျပဳဘဲ ဂရန္မိတၱဴ ေလွ်ာက္ထားျခင္း)

(၈) ေတာမွၿမိဳ႕ေျပာင္း ေလွ်ာက္ထားျခင္း(ယခင္ပုသိမ္ႀကီး၊ အမရပူရ ၿမိဳ႕ျပင္ပရွိေျမမ်ားကို ထုတ္ေပးထား သည့္ ေတာဂရန္မ်ားကို မႏၲေလးၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီနယ္နိမိတ္အတြင္း က်ေရာက္၍ အမည္မေျပာင္းဘဲ ၿမိဳ႕ဂရန္အျဖစ္ ေျပာင္းလဲ ေလွ်ာက္ထားျခင္း)

(၉) ေတာမွ ၿမိဳ႕ေျပာင္း အမည္ေျပာင္းပါ ေလွ်ာက္ထားျခင္း။ (ေတာဂရန္မွ ၿမိဳ႕ဂရန္အျပင္ အမည္ပါ ေျပာင္းေပးရန္ ေလွ်ာက္ထားျခင္း ျဖစ္ပါသည္။)

၂။ အထက္ေဖာ္ျပပါ ဂရန္ေလွ်ာက္ထားမည္ဆိုပါက ေအာက္ေဖာ္ျပပါ အေထာက္အထား စာခ်ဳပ္ စာတမ္းမ်ားကို ပူးတြဲတင္ျပရပါမည္-

(၁) ကာယကံရွင္၏ မွတ္ပုံတင္မိတၱဴမွန္၊

(၂) ဂရန္စာခ်ဳပ္မိတၱဴမွန္၊

(၃) အေမြဆက္ခံျဖစ္ပါက အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေၾကညာစာခ်ဳပ္ မိတၱဴမွန္ႏွင့္ က်မ္းက်ိန္ခ်က္၊

(၄) အေရာင္းအဝယ္၊ ေပးကမ္း၊ စြန႔္လႊတ္စာခ်ဳပ္မိတၱဴမွန္၊

(၅) တရားမမႈျဖစ္သည့္ေျမျဖစ္ပါက တရား႐ုံးဒီကရီ၊ တရားမပုံစံ(၁၀၆)

(၆) ေျမခြန္ေျပစာမိတၱဴမွန္၊

(၇) အိမ္ေထာင္စုဇယားမိတၱဴမွန္၊

(၈) အေဆာက္အဦဓါတ္ပုံ၊

(၉) ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံး၏ ေထာက္ခံခ်က္၊

(၁၀) အမည္ေပါက္၊အေမြဆက္ခံသူမ်ား ေသဆုံးပါက ေသစာရင္းမိတၱဴမွန္မ်ား။

၃။ အထက္ေဖာ္ျပပါ ၿမိဳ႕ေဟာင္းေျမမွ ဂရန္ေလွ်ာက္ထားမႈမ်ားကို သတင္းစာ ေၾကာ္ျငာၿပီး ကန႔္ကြက္ မရွိ၊ အရႈပ္အရွင္း မရွိပါက (၁)လအတြင္း အၿပီးေဆာင္႐ြက္ေပးႏိုင္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service