ပရိသတ်သန်းပေါင်းများစွာ၏ နှလုံးသားများကို သိမ်းပိုက်ထားသူ အက်ရှေးကူးမား၏စံအိမ်

ပရိသတ်သန်းပေါင်းများစွာ၏ နှလုံးသားများကို သိမ်းပိုက်ထားသူ အက်ရှေးကူးမား၏စံအိမ် - Property News in Myanmar from iMyanmarHouse.com
22 Mar 2022 11:19 am တွင် တင်ခဲ့သည်
3129 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဘောလိဝုဒ်၏ ထိပ်တန်းစူပါကြယ်ပွင့် အက်ရှေးကူးမားသည် ပရိသတ်သန်းပေါင်းများစွာ၏ နှလုံးသားများကို ပိုင်စိုးထားသူတစ်ဦး ဖြစ်သည်။

မွန်ဘိုင်းမြို့၊ Juhu ကမ်းခြေရှိ အက်ရှေးကူးမား၏ စံအိမ်မှာ ၎င်းနှင့် မိသားစုအား ရိုးတိုးရိပ်တိတ် မြင်နိုင်ရုံလေးဖြစ်စေ တွေ့မြင်လိုကြသော တစ်နိုင်ငံလုံးမှ ပရိသတ်များ နေအိမ်ရှေ့သို့ လာရောက်ကြရာ အထင်ကရနေရာတစ်ခု ဖြစ်လာသည်။

အက်ရှေးကူးမားသည် ဟင်ဒီရုပ်ရှင်လောကသို့ ၁၉၉၁ ခုနှစ်တွင် စတင်ဝင်ရောက်ခဲ့ကာ ဘောလိဝုဒ်၏ ဝက်ဝက်ကွဲ အောင်မြင်သည့် ရုပ်ရှင်ဇာတ်ကားများဖြစ်သော Padman နှင့်Toilet: Ek Prem Katha ဇာတ်ကားများဖြင့် သန်းပေါင်းများစွာသော ပရိသတ်တို့၏ နှလုံးသားများကို သိမ်းပိုက်နိုင်ခဲ့သည်။

အက်ရှေးကူးမားသည် လွန်စွာအလုပ်ကြိုးစားပြီး စွယ်စုံရ မင်းသားတစ်လက်ဖြစ်ပြီး အချစ်၊ အကြမ်း၊ အလွမ်း၊ အသော ၊ ရာဇဝင် အစရှိသော ဇာတ်ကားပေါင်းစုံသရုပ်ဆောင်ခဲ့ပြီး ရုပ်ရှင်ကြည့်ပရိသတ်တို့၏ ဘဝအစိတ်အပိုင်းတစ်ရပ်အဖြစ် နှစ်ပေါင်း ၃၀ ကြာ ရပ်တည်ခဲ့သည်။

သူသည် သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်ရုံမျှမက အိမ်ထောင်ဦးစီးကောင်းတစ်ဦးလည်း ဖြစ်၏။

ကားရိုက်မရှိသည့်အခါများတွင် အက်ရှေးကူးမားသည် ဇနီးဖြစ်သူ တွင်ကယ်လ် ခါနာ၊ ကလေးများဖြစ်သော အာရက်ဗ်၊ နီတာရာတို့နှင့်အတူ မွမ်ဘိုင်းမှ ကမ်းခြေစံအိမ်ကြီးတွင် အချိန်ကုန်လွန်ဖြတ်သန်းလေ့ရှိသည်။

 

(အက်ရှေးကူးမား၏ အိမ်လိပ်စာ)

အက်ရှေးကူးမား၏ စံအိမ်မှာ တန်ဖိုးကြီးမားပြီး ကျယ်ပြောသည့် ပန်းခြံတစ်ခုပါဝင်သော ပင်လယ်ကမ်းခြေ စံအိမ်ကြီးဖြစ်သည်။

အချက်အခြာကျသောနေရာတွင် တည်ရှိသည့် တည်နေရာကောင်းမွန်မှုအပြင် နေအိမ်ပြင်ပတွင် အနုပညာလက်ရာများ၊ ရင်သပ်ရှုမောဖွယ် အတွင်းပိုင်း မွမ်းမံထားမှုများကိုလည်း တွေ့ရမည် ဖြစ်သည်။

အက်ရှေးကူးမား၏ စံအိမ်တန်ကြေးမှာ ရူပီး သန်း ၈၀၀ ခန့် တန်ကြေးရှိမည်ဟု ခန့်မှန်းရသည်။

အက်ရှေးကူးမား၏ အိမ်လိပ်စာ- 11. Juhu tara, juhu, Mumbai, Maharashtra - 400049

(အက်ရှေးကူးမားနှင့် တွင်ကယ် ခါနာတို့၏ စံအိမ်တွင်းမြင်ကွင်း)

နာမည်ကျော်တစ်ဦး၏ စံအိမ်ဟု ပြောဆိုလောက်သည့် ရင်သပ်ရှုမောဖွယ် ပန်းချီကားများ၊ အနုပညာပစ္စည်းများ များပြားစွာ တွေ့ရသည်။

အက်ရှေးကူးမား၏ စံအိမ်မှာ ၂ လုံးတွဲဖြစ်ပြီး အိမ်တွင်းရုပ်ရှင်ရုံ၊ သာမာန်နေအိမ်ထက် ပစ္စည်းကိရိယာ ပိုမိုစုံလင်စွာ ထည့်သွင်းထားသော အားကစားလေ့ကျင့်ရေးခန်းမ ၁ ခုတို့ ပါဝင်သည်။ဧည့်ခန်း၊ စာကြည့်ခန်း၊ မိသားစုနားနေဆောင်၊ မီးဖိုဆောင်၊ ညစာစားခန်းနှင့် ရုပ်ရှင်ရုံတို့မှာ မြေညီထပ်တွင် တည်ရှိပြီး တွင်ကယ် ခါနာ၏ ရုံးခန်းမှာ ပထမထပ်တွင် တည်ရှိသည်။

 

(အက်ရှေးကူးမား၏ ဧည့်ခန်း)

(အက်ရှေးကူးမား၊ သူ၏မိခင်နှင့် ညီမဖြစ်သူတို့ကို ဧည့်ခန်းတွင် တွေ့ရပုံ)

(အက်ရှေးကူးမားနှင့် မိတ်ဆွေများ)

ဧည့်ခန်းနေရာကို မနုမရင့်လွန်းသော ရွှေရောင်ပြိုးပြိုးပြက်ပြက် အရောင်များဖြင့် မွမ်းမံထားရာ တန်ဖိုးကြီး ခေတ်ဆန်သည့် အငွေ့အသက်ကို ပေးစွမ်းနိုင်သည်။

မီးပန်းဆွဲဝိုင်းများ၊ နံရံကပ်စက္ကူဖြင့် အလှဆင်မှုများ၊ အနုပညာဆန်သော စားပွဲငယ်တစ်လုံး၊ ရင်သပ်ရှုမောဖွယ် ကော်ဇော၊ ခမ်းနားလှသော ထိုင်ခုံတို့ကို တွေ့ရသည်။

(အက်ရှေးကူးမား ဘာလဲ)

အက်ရှေးကူးမား (မွေး ၁၉၆၇၊ စက်တင်ဘာ ၉) ၏ အမည်ရင်းမှာ ရာဂျစ် ဟာရီး အွမ် ဘာသီယာ ဖြစ်သည်။

အက်ရှေးကူးမားသည် ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ကိုယ်ခံပညာရှင်၊ ရုပ်သံတင်ဆက်သူ တစ်ဦးဖြစ်သည်။

အနုပညာခရီး ၂၉ နှစ်တာကာလအတွင်း ရုပ်ရှင်ဇာတ်ကားပေါင်း ၁၀၀ ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ကာ အကောင်းဆုံး သရုပ်ဆောင်အဖြစ် အမျိုးသားရုပ်ရှင်ဆု ၁ ခုအပါအဝင် ဆုပေါင်းများစွာ ရရှိထားသည်။

အက်ရှေးကူးမားသည် ဘောလိဝုဒ်တွင် ရုပ်ရှင်အလွန်ရိုက်ရသည့် သရုပ်ဆောင်တစ်ဦးဖြစ်ပြီး ဇာတ်ကားပေါင်း ၁၁၃ ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့ကာ ယင်းအနက် ၅၂ ကားမှာ စီးပွားရေးအရ အောင်မြင်သည့်ဇာတ်ကားများ ဖြစ်သည်။

၂၀၁၆ ခုနှစ်အထိ သူ၏ရုပ်ရှင်များမှ စုစုပေါင်းရရှိငွေ ရူပီး ၃၀ ဘီလီယံ (ကန်ဒေါ်လာ သန်း ၃၉၀) ကျော်သည့် တစ်ဦးတည်းသော သရုပ်ဆောင်လည်း ဖြစ်သည်။

တွင်ကယ် ခါနာနှင့် ၂၀၀၁ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သား၁ ဦး ၊ သမီး ၁ ဦး ထွန်းကားသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Akshay Kumar House Mumbai: Address, Inside Tour, Images (magicbricks)

 

[Zawgyi]

ပရိသတ္သန္းေပါင္းမ်ားစြာ၏ ႏွလံုးသားမ်ားကို သိမ္းပိုက္ထားသူ အက္ေရွးကူးမား၏စံအိမ္

ေဘာလိဝုဒ္၏ ထိပ္တန္းစူပါၾကယ္ပြင့္ အက္ေရွးကူးမားသည္ ပရိသတ္သန္းေပါင္းမ်ားစြာ၏ ႏွလံုးသားမ်ားကို ပိုင္စိုးထားသူတစ္ဦး ျဖစ္သည္။

မြန္ဘိုင္းျမိဳ႕၊ Juhu ကမ္းေျခရွိ အက္ေရွးကူးမား၏ စံအိမ္မွာ ၎ႏွင့္ မိသားစုအား ရိုးတိုးရိပ္တိတ္ ျမင္ႏိုင္ရံုေလးျဖစ္ေစ ေတြ႔ျမင္လိုၾကေသာ တစ္ႏိုင္ငံလံုးမွ ပရိသတ္မ်ား ေနအိမ္ေရွ႕သို႔ လာေရာက္ၾကရာ အထင္ကရေနရာတစ္ခု ျဖစ္လာသည္။

အက္ေရွးကူးမားသည္ ဟင္ဒီရုပ္ရွင္ေလာကသို႔ ၁၉၉၁ ခုႏွစ္တြင္ စတင္ဝင္ေရာက္ခဲ့ကာ ေဘာလိဝုဒ္၏ ဝက္ဝက္ကြဲ ေအာင္ျမင္သည့္ ရုပ္ရွင္ဇာတ္ကားမ်ားျဖစ္ေသာ Padman ႏွင့္Toilet: Ek Prem Katha ဇာတ္ကားမ်ားျဖင့္ သန္းေပါင္းမ်ားစြာေသာ ပရိသတ္တို႔၏ ႏွလံုးသားမ်ားကို သိမ္းပိုက္ႏိုင္ခဲ့သည္။

အက္ေရွးကူးမားသည္ လြန္စြာအလုပ္ၾကိဳးစားျပီး စြယ္စံုရ မင္းသားတစ္လက္ျဖစ္ျပီး အခ်စ္၊ အၾကမ္း၊ အလြမ္း၊ အေသာ ၊ ရာဇဝင္ အစရွိေသာ ဇာတ္ကားေပါင္းစံုသရုပ္ေဆာင္ခဲ့ျပီး ရုပ္ရွင္ၾကည့္ပရိသတ္တို႔၏ ဘဝအစိတ္အပိုင္းတစ္ရပ္အျဖစ္ ႏွစ္ေပါင္း ၃၀ ၾကာ ရပ္တည္ခဲ့သည္။

သူသည္ သရုပ္ေဆာင္ေကာင္းတစ္ဦးျဖစ္ရံုမွ်မက အိမ္ေထာင္ဦးစီးေကာင္းတစ္ဦးလည္း ျဖစ္၏။

ကားရိုက္မရွိသည့္အခါမ်ားတြင္ အက္ေရွးကူးမားသည္ ဇနီးျဖစ္သူ တြင္ကယ္လ္ ခါနာ၊ ကေလးမ်ားျဖစ္ေသာ အာရက္ဗ္၊ နီတာရာတို႔ႏွင့္အတူ မြမ္ဘိုင္းမွ ကမ္းေျခစံအိမ္ၾကီးတြင္ အခ်ိန္ကုန္လြန္ျဖတ္သန္းေလ့ရွိသည္။

(အက္ေရွးကူးမား၏ အိမ္လိပ္စာ)

အက္ေရွးကူးမား၏ စံအိမ္မွာ တန္ဖိုးၾကီးမားျပီး က်ယ္ေျပာသည့္ ပန္းျခံတစ္ခုပါဝင္ေသာ ပင္လယ္ကမ္းေျခ စံအိမ္ၾကီးျဖစ္သည္။

အခ်က္အျခာက်ေသာေနရာတြင္ တည္ရွိသည့္ တည္ေနရာေကာင္းမြန္မႈအျပင္ ေနအိမ္ျပင္ပတြင္ အႏုပညာလက္ရာမ်ား၊ ရင္သပ္ရႈေမာဖြယ္ အတြင္းပိုင္း မြမ္းမံထားမႈမ်ားကိုလည္း ေတြ႔ရမည္ ျဖစ္သည္။

အက္ေရွးကူးမား၏ စံအိမ္တန္ေၾကးမွာ ရူပီး သန္း ၈၀၀ ခန္႔ တန္ေၾကးရွိမည္ဟု ခန္႔မွန္းရသည္။

အက္ေရွးကူးမား၏ အိမ္လိပ္စာ- 11. Juhu tara, juhu, Mumbai, Maharashtra - 400049

(အက္ေရွးကူးမားႏွင့္ တြင္ကယ္ ခါနာတို႔၏ စံအိမ္တြင္းျမင္ကြင္း)

နာမည္ေက်ာ္တစ္ဦး၏ စံအိမ္ဟု ေျပာဆိုေလာက္သည့္ ရင္သပ္ရႈေမာဖြယ္ ပန္းခ်ီကားမ်ား၊ အႏုပညာပစၥည္းမ်ား မ်ားျပားစြာ ေတြ႔ရသည္။

အက္ေရွးကူးမား၏ စံအိမ္မွာ ၂ လံုးတြဲျဖစ္ျပီး အိမ္တြင္းရုပ္ရွင္ရံု၊ သာမာန္ေနအိမ္ထက္ ပစၥည္းကိရိယာ ပိုမိုစံုလင္စြာ ထည့္သြင္းထားေသာ အားကစားေလ့က်င့္ေရးခန္းမ ၁ ခုတို႔ ပါဝင္သည္။

ဧည့္ခန္း၊ စာၾကည့္ခန္း၊ မိသားစုနားေနေဆာင္၊ မီးဖိုေဆာင္၊ ညစာစားခန္းႏွင့္ ရုပ္ရွင္ရံုတို႔မွာ ေျမညီထပ္တြင္ တည္ရွိျပီး တြင္ကယ္ ခါနာ၏ ရံုးခန္းမွာ ပထမထပ္တြင္ တည္ရွိသည္။

(အက္ေရွးကူးမား၏ ဧည့္ခန္း)

(အက္ေရွးကူးမား၊ သူ၏မိခင္ႏွင့္ ညီမျဖစ္သူတုိ႔ကို ဧည့္ခန္းတြင္ ေတြ႔ရပံု)

(အက္ေရွးကူးမားႏွင့္ မိတ္ေဆြမ်ား)

ဧည့္ခန္းေနရာကို မႏုမရင့္လြန္းေသာ ေရႊေရာင္ျပိဳးျပိဳးျပက္ျပက္ အေရာင္မ်ားျဖင့္ မြမ္းမံထားရာ တန္ဖိုးၾကီး ေခတ္ဆန္သည့္ အေငြ႔အသက္ကို ေပးစြမ္းႏိုင္သည္။

မီးပန္းဆြဲဝုိင္းမ်ား၊ နံရံကပ္စကၠဴျဖင့္ အလွဆင္မႈမ်ား၊ အႏုပညာဆန္ေသာ စားပြဲငယ္တစ္လံုး၊ ရင္သပ္ရႈေမာဖြယ္ ေကာ္ေဇာ၊ ခမ္းနားလွေသာ ထိုင္ခံုတို႔ကို ေတြ႔ရသည္။

(အက္ေရွးကူးမား ဘာလဲ)

အက္ေရွးကူးမား (ေမြး ၁၉၆၇၊ စက္တင္ဘာ ၉) ၏ အမည္ရင္းမွာ ရာဂ်စ္ ဟာရီး အြမ္ ဘာသီယာ ျဖစ္သည္။

အက္ေရွးကူးမားသည္ ရုပ္ရွင္သရုပ္ေဆာင္၊ ရုပ္ရွင္ထုတ္လုပ္သူ၊ ကိုယ္ခံပညာရွင္၊ ရုပ္သံတင္ဆက္သူ တစ္ဦးျဖစ္သည္။

အႏုပညာခရီး ၂၉ ႏွစ္တာကာလအတြင္း ရုပ္ရွင္ဇာတ္ကားေပါင္း ၁၀၀ ေက်ာ္တြင္ ပါဝင္သရုပ္ေဆာင္ခဲ့ကာ အေကာင္းဆံုး သရုပ္ေဆာင္အျဖစ္ အမ်ဳိးသားရုပ္ရွင္ဆု ၁ ခုအပါအဝင္ ဆုေပါင္းမ်ားစြာ ရရွိထားသည္။

အက္ေရွးကူးမားသည္ ေဘာလိဝုဒ္တြင္ ရုပ္ရွင္အလြန္ရိုက္ရသည့္ သရုပ္ေဆာင္တစ္ဦးျဖစ္ျပီး ဇာတ္ကားေပါင္း ၁၁၃ ကားတြင္ ပါဝင္သရုပ္ေဆာင္ခဲ့ကာ ယင္းအနက္ ၅၂ ကားမွာ စီးပြားေရးအရ ေအာင္ျမင္သည့္ဇာတ္ကားမ်ား ျဖစ္သည္။

၂၀၁၆ ခုႏွစ္အထိ သူ၏ရုပ္ရွင္မ်ားမွ စုစုေပါင္းရရွိေငြ ရူပီး ၃၀ ဘီလီယံ (ကန္ေဒၚလာ သန္း ၃၉၀) ေက်ာ္သည့္ တစ္ဦးတည္းေသာ သရုပ္ေဆာင္လည္း ျဖစ္သည္။

တြင္ကယ္ ခါနာႏွင့္ ၂၀၀၁ ခုႏွစ္တြင္ လက္ထပ္ခဲ့ျပီး သား၁ ဦး ၊ သမီး ၁ ဦး ထြန္းကားသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Akshay Kumar House Mumbai: Address, Inside Tour, Images (magicbricks)

 

 

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရသည့်အဖြစ် လူမှုကွန်ရက်တွင် ဂယက်ရိုက်...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူခဲ့ပုံ...
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
လူလုပ်အနုပညာအလား ထင်မှတ်မှားလောက်အောင် သဘာဝအတိုင်းဖြစ်ပေါ်တည်ရှိနေတဲ့ ထူးဆန်းအံ့ဖွယ် ဝက်သားတုံးသဏ္ဌာန် ကျောက်တုံး...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်လာပုံ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန်ဂိုဏ်း၏ သိုင်းသူရဲကောင်းဖြစ်လာမှု တရုတ်ပြည်၌ သတင်းကြီးနေ...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
MIngalardon Garden City
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service