အသား ငါး၊ ဟင်းသီးဟင်းရွက်နဲ့ အခြားအစားအစာများကို ဘယ်နှကြိမ် ရေဆေးသင့်သလဲ ??

အသား ငါး၊ ဟင်းသီးဟင်းရွက်နဲ့ အခြားအစားအစာများကို ဘယ်နှကြိမ် ရေဆေးသင့်သလဲ ?? - Property Knowledge in Myanmar from iMyanmarHouse.com
21 Mar 2022 12:21 pm တွင် တင်ခဲ့သည်
1283 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

ကျန်းမာရေးကို ဂရုစိုက်တဲ့သူတွေအဖို့ အသားငါး၊ ဟင်းသီးဟင်းရွက်နဲ့ စားသောက်ကုန်များကို စနစ်တကျဆေးကြောဖို့လိုအပ်ပါတယ်။ အစားအသောက်တွေ ဆေးကြောဖို့ဆိုတာလည်း ရေပိုက်ခေါင်းလေး လှည့်လိုက်တာနဲ့ဆေးကြောလို့ရတာကြောင့် ဘယ်လောက်မှ ခက်ခဲတာ မဟုတ်လို့ ကျန်းမာရေးနဲ့ ညီညွတ်ဖို့အတွက် မဖြစ်မနေပြုလုပ်သင့်တဲ့ အလေ့အကျင့်တစ်ခုပါပဲ။

ဒါပေမဲ့ တစ်ခါတစ်ရံမှာ မသိလိုက်မသိဘာသာနဲ့ အမှားတစ်ချို့ ပြုလုပ်မိကြပါတယ်။ ဘယ်လိုအမှားတွေ ဖြစ်မလဲဆိုတာ အတူတူ ဆက်ဖတ်ကြည့်လိုက်ရအောင်။

 

အအေးခံထားတဲ့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများ

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေကို ရေခဲသေတ္တာထဲထည့်ပြီး အအေးမခံခင်မှာ အများစုကတော့ ရေအရင် ဆေးကြပါတယ်။ အဲ့ဒါကြောင့် ရေခဲသေတ္တာကထုတ်ပြီး ကြော်လှော်ဖို့ ပြင်ဆင်ကြတော့ ဟင်းရွက်တွေကို မဆေးတော့ပါဘူး။ မီးအပူ ပြင်းပြင်းနဲ့ ကြော်လှော်ချက်ပြုတ်ရင်တော့ ပြဿနာမရှိပေမယ့် အစိမ်းစားမယ်၊ တို့စားမယ်ဆိုရင်တော့ ဘက်တီးရီးယားနဲ့ အညစ်အကြေးများ ကပ်ညှိနေတာကြောင့် ရေတစ်ထပ် ပြန်ဆေးသင့်ပါတယ်။

 

စူပါမားကတ်က နွားနို့ဗူးများ

စူပါမားကတ်က နွားနို့ဗူးတွေ၊ ဒိန်ချဉ်ဗူးတွေ ဝယ်ပြီးတဲ့အခါမှာလည်း အိမ်ပြန်ရောက်လို့ ဗူးအဖုံးမဖွင့်ခင်မှာ ရေနဲ့ ဆေးကြောပေးပါ။ ထောင်ပေါင်းများစွာသော ဈေးဝယ်သူတွေက အဲ့ဒီပုလင်းတွေကို ကိုင်တွယ် ထိတွေ့မယ်။ အညွှန်းဖတ်မယ် စသဖြင့် ပြုလုပ်တတ်ကြပါတယ်။ နွားနို့ဗူးအဖုံးဖွင့်လိုက်တာနဲ့ ဘက်တီးရီးယားတွေက ဗူးထဲကို အလွယ်တကူဝင်ရောက်နိုင်ပါတယ်။

 

ငါး

အပူချိန်ပြင်းပြင်းနဲ့ ကြော်လှော်ချက်ပြုတ်တဲ့အခါ ဘက်တီးရီးယားတွေက သေသွားတာကြောင့် ငါးအစိမ်းကို ဆေးစရာမလိုပါဘူး။ တကယ်လို့ ဘေစင်ထဲမှာ ငါးအစိမ်းတွေကို ရေနဲ့ ဆေးကြောတဲ့အခါ ဘက်တီးရီးယားတွေက သင့်မီးဖိုချောင်ထဲမှာ ပျံ့နှံ့သွားတတ်လို့ပါပဲ။

 

ဂေါ်ဖီထုပ်နှင့် ပန်းဂေါ်ဖီများ

ဂေါ်ဖီထုပ်အနီပဲဖြစ်ဖြစ်၊ အဖြူပဲဖြစ်ဖြစ် ဆေးကြောခါနီးဆိုရင် အပေါ်ယံလွှာ ၂ လွှာကို အရင်ခွာလိုက်ပါ။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေက အပေါ်ယံလွှာမှာ ကပ်ငြိနေကြလို့ပါပဲ။ ပိုးကောင်နဲ့ ဘက်တီးရီးယားများကိုဖယ်ရှားဖို့အတွက် ရေထည့်ထားတဲ့ ဇလုံထဲကို ရှာလကာရည်ထည့်ပြီး ဂေါ်ဖီထုပ်ကို မိနစ် အနည်းငယ်ခန့် စိမ်ထားလိုက်ပါ။ ပန်းဂေါ်ဖီဆိုလည်း ပန်းပွင့်လေးတွေကို လှီးဖြတ်ပြီးတဲ့အခါ ရေသေချာဆေးဖို့ လိုအပ်ပါတယ်။

 

ဆိုဒါဗူး၊ ကိုကာကိုလာဗူးနဲ့ အလားတူသံဗူးများ

ကိုကာကိုလာဗူးတွေကို ရေမဆေးဘဲနဲ့ (သို့) တစ်သျှူးလေးနဲ့ အပေါ်ပိုင်းကို မသုတ်ဘဲ မသောက်သင့်ပါဘူး။ အဲ့ဒီဗူးတွေကို ကုန်ကားနဲ့ တစ်နေရာက နောက်တစ်နေရာ ပို့တဲ့အခါ၊ သိုလှောင်ထားတဲ့အခါမှာလည်း မျက်စိနဲ့ မမြင်နိုင်တဲ့ ဖုန်မှုန့်တွေ ကပ်ငြိနေပါတယ်။ သံဗူးထဲက အအေးကို ဖန်ခွက်ထဲ ပြန်ပြောင်းထည့်ပြီး သောက်တာကတော့ အကောင်းဆုံးပါပဲ။

 

ဆလပ်ရွက်

များသောအားဖြင့် ဆလပ်ရွက်တွေကို အစိမ်းစားကြတာပါ။ အကြော်နဲ့ တွဲဖက်စားကြတယ်၊ ကိုရီးယားစာတွေ စားတဲ့အခါ အသားကင်နဲ့ တွဲဖက်စားကြပါတယ်။ ဒါကြောင့် ဆလပ်ရွက်ကို တစ်ရွက်ချင်းစီသေချာခွာပြီးတဲ့အခါ ရေအေးအေးထဲမှာ မိနစ်အနည်းငယ်လောက် စိမ်ထားလိုက်ပါ။ ပြီးရင် ဆန်ခါထဲထည့်ပြီး ရေစစ်လိုက်ပါ။ ခြောက်သွားရင်တော့ သုံးဆောင်လို့ရပါပြီ။

ပန်းသီး

ပန်းသီးမစားခင်မှာ ရေထဲမှာ ၁၂ မိနစ်ခန့် (သို့) မုန့်ဖုတ်ဆိုဒါရောထားတဲ့ ရေထဲမှာ ၁၂ မိနစ်ခန့် စိမ်ထားမယ်ဆိုရင် ပန်းသီးမှာရှိတဲ့ ဓာတုဓာတ်တွေက ပျက်ပြယ်သွားပါလိမ့်မယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: myfoodmyanmar

 

[Zawgyi]


 





 



 

ငါး


 



 



 

ဆလပ်ရွက်


 

ပန်းသီး





Credit: myfoodmyanmar

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
CarsDB
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service