အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး - Property Knowledge in Myanmar from iMyanmarHouse.com
19 Mar 2022 11:14 am တွင် တင်ခဲ့သည်
2442 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

ရေနွေးပူလောင်တာကြောင့် အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်သလို ဖိအားများတာကြောင့်လည်း အရည်ကြည်ဖုလေးတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်လာတဲ့အခါ အရည်ကြည်ဖုလေးတွေကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။

အရည်ကြည်ဖုလေးတွေကို သေချာ ဂရုမစိုက်မိဘူးဆိုရင် အရည်ကြည်ဖုတွေက ပေါက်သွားပြီး အနာဖြစ်တာ၊ ပိုးဝင်တာလိုမျိုး မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်လာစေဖို့အတွက် အရေပြားပေါ်မှာ အရည်ကြည်ဖုလေးတွေကို ဘယ်လိုမျိုး သေချာ ဂရုစိုက်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ပြောပြပေးချင်ပါတယ်။

အရည်ကြည်ဖုတွေ ဘာကြောင့်ဖြစ်ရတာလဲ ??

အရည်ကြည်ဖုလေးတွေက ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့မှာ ဖြစ်နိုင်ပါတယ်။

➡ ဆီပူလောင်တာ

➡ ရေနွေးပူလောင်တာ

➡ မီးပူကပ်မိတာ

➡ ခြေထောက်မှာဆိုရင် ဖိနပ်ပေါက်တာ

➡ ကြမ်းတမ်းတဲ့ မျက်နှာပြင်တွေမှာ ဖိနပ်မပါဘဲ အချိန်အကြာကြီး လျှောက်မိတာ

➡ လက်မှာဆိုရင် တစ်ခုခုကို ကတ်ကြေးသုံးပြီး ဖိညှပ်ရင်း ဖိအားကြောင့် ဖြစ်တာ

➡ ပေါက်တူးပေါက်ရတာကြောင့် အရည်ကြည်ဖုထတာ

➡ ပိုးဝင်ကူးစက်တာကြောင့် အရည်ကြည်ဖုထတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

 

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ အိမ်တွင်းကုထုံး

အရည်ကြည်ဖုလေးတွေကို သက်သာစေဖို့ လုပ်ဆောင်ပေးရမယ့် အိမ်တွင်းကုထုံးလေးတွေကို အတူတူ ကြည့်လိုက်ရအောင်လား။

ရှားစောင်းလက်ပပ်

ရှာစောင်းလက်ပပ် ဂျယ်လီသားကို ကြေအောင်မွှေထားတာ ဒါမှမဟုတ် ခပ်ပါးပါး အလွှာလေး ဖြစ်အောင် လှီးလိုက်ပါ။ ပြီးရင် သေချာ သန့်စင်ထားတဲ့ အရည်ကြည်ဖုလေးပေါ်မှာ ကပ်ပေးပါ။ ပုံမှန်လေး လုပ်ပေးမယ်ဆိုရင် အရည်ကြည်ဖုလေးတွေက အထိအခိုက် မဖြစ်ဘဲ သက်သာသွားမှာပါ။

Petroleum jelly

petroleum jelly ကလည်း အရည်ကြည်ဖုတွေကို သက်သာစေမယ့် လွယ်ကူရိုးစင်းတဲ့ နည်းလမ်းတစ်ခုပါ။ အရည်ကြည်ဖုလေးတွေပေါ်ကို petroleum jelly ခပ်ပါးပါးလေး လိမ်းပေးတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က အသားအရေကို ကျန်းမာစေသလို အရည်ကြည်ဖုလေးတွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ပန်းသီးရှာလကာရည်ကို ရေနဲ့ဆတူရော ဂွမ်းစသန့်သန့်လေးနဲ့ တို့ပြီး အရည်ကြည်ဖုလေးပေါ်မှာ ကပ်ပေးထားရုံပါ။ အချိန်အကြာကြီး မထားမိဖို့တော့ လိုပါမယ်။

ပန်းသီးရှာလကာရည်က ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အုန်းဆီ

သဘာဝ အုန်းဆီ စစ်စစ်လေးက အရေပြားပေါ်က အရည်ကြည်ဖုတွေကို သက်သာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ သန့်စင်ထားတဲ့ အရည်ကြည်ဖုလေးတွေကို အုန်းဆီလေး ခပ်ပါးပါး လိမ်းပေးထားရုံပါ။ တစ်နေ့ကို ၃ ကြိမ်ကနေ ၄ ကြိမ်လောက်အထိ လိမ်းပေးလို့ ရပါတယ်။

သွားတိုက်ဆေး

သွားတိုက်ဆေးကတော့ လူသုံးများတဲ့ အရည်ကြည်ဖု အိမ်တွင်းကုထုံး တစ်ရပ်ပါ။ အရည်ကြည်ဖုလေးတွေပေါ်မှာ သွားတိုက်ဆေးလေး ခပ်ပါးပါး လိမ်းပေးရမှာပါ။ ခြောက်သွားအောင် ထားလို့လည်း ရပါတယ်။

ရေနွေးကြမ်း

လက်ဖက်ခြောက်ခတ်ထားတဲ့ ရေနွေးကြမ်းကို အအေးခံပြီး အဝကျယ်ကျယ် ဇလုံထဲကို ထည့်ပါ။ ပြီးရင် အရည်ကြည်ဖု ဖြစ်နေတဲ့ နေရာလေးကို ရေနွေးကြမ်းထဲ စိမ်ထားပေးရမှာပါ။ ၁၅ မိနစ်ကနေ မိနစ် ၂၀လောက် စိမ်ထားပေးပါ။

ဒီလို စိမ်ထားတာက အရည်ကြည်ဖုကို သက်သာစေနိုင်သလို ပိုးဝင်ကူးစက်တာမျိုး မဖြစ်စေဖို့လည်း ထောက်ကူပေးနိုင်ပါတယ်။

Diaper Rash Cream

Diaper Rash Cream က ဇင့်အောက်ဆိုဒ်ပါတာကြောင့် ဘေဘီလေးတွေ သေးခံလောင်တာကို သက်သာစေနိုင်သလို အရေပြားပေါ်က အရည်ကြည်ဖုတွေကို သက်သာအောင်လည်း လုပ်ဆောင်ပေးနိုင်ပါတယ်။ အရည်ကြည်ဖုလေးတွေပေါ်မှာ ခပ်ပါးပါးလေး ပုံမှန် လိမ်းပေးရုံပါ။

တစ်နေ့ကို ၂ ကြိမ်ကနေ ၃ ကြိမ်လောက်အထိ အသုံးပြုပေးလို့ ရပါတယ်။

အရေပြားပေါ်က အရည်ကြည်ဖုလေးတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မနေပါနဲ့တော့။ အခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သုံးပြီး ပိုးဝင်ကူးစက်မှု မရှိအောင် ကာကွယ်ပြီး အမြန်ဆုံး သက်သာအောင် လုပ်ဆောင်လိုက်စို့နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

[Zawgyi]

အရည္ၾကည္ဖုေလးေတြကို သက္သာေစဖို႔ အိမ္တြင္းကုထုံး

 

ေရေႏြးပူေလာင္တာေၾကာင့္ အရည္ၾကည္ဖုေလးေတြ ျဖစ္ႏိုင္သလို ဖိအားမ်ားတာေၾကာင့္လည္း အရည္ၾကည္ဖုေလးေတြ ျဖစ္ႏိုင္ပါတယ္။ ဒီလို ျဖစ္လာတဲ့အခါ အရည္ၾကည္ဖုေလးေတြကို ေသခ်ာေလး ဂ႐ုစိုက္ဖို႔ လိုပါမယ္။

အရည္ၾကည္ဖုေလးေတြကို ေသခ်ာ ဂ႐ုမစိုက္မိဘူးဆိုရင္ အရည္ၾကည္ဖုေတြက ေပါက္သြားၿပီး အနာျဖစ္တာ၊ ပိုးဝင္တာလိုမ်ိဳး မလိုလားအပ္တဲ့ ေနာက္ဆက္တြဲ က်န္းမာေရး ျပႆနာေတြ ျဖစ္ေစႏိုင္ပါတယ္။ ဒီလို မလိုလားအပ္တဲ့ ေနာက္ဆက္တြဲ ျပႆနာေတြ မျဖစ္လာေစဖို႔အတြက္ အေရျပားေပၚမွာ အရည္ၾကည္ဖုေလးေတြကို ဘယ္လိုမ်ိဳး ေသခ်ာ ဂ႐ုစိုက္ရမလဲဆိုတာကို ေဆာင္းပါးေလးထဲမွာ ေျပာျပေပးခ်င္ပါတယ္။

အရည္ၾကည္ဖုေတြ ဘာေၾကာင့္ျဖစ္ရတာလဲ ??

အရည္ၾကည္ဖုေလးေတြက ခႏၶာကိုယ္ရဲ႕ ေနရာ အႏွံ႔မွာ ျဖစ္ႏိုင္ပါတယ္။

➡ ဆီပူေလာင္တာ

➡ ေရေႏြးပူေလာင္တာ

➡ မီးပူကပ္မိတာ

➡ ေျခေထာက္မွာဆိုရင္ ဖိနပ္ေပါက္တာ

➡ ၾကမ္းတမ္းတဲ့ မ်က္ႏွာျပင္ေတြမွာ ဖိနပ္မပါဘဲ အခ်ိန္အၾကာႀကီး ေလွ်ာက္မိတာ

➡ လက္မွာဆိုရင္ တစ္ခုခုကို ကတ္ေၾကးသုံးၿပီး ဖိညႇပ္ရင္း ဖိအားေၾကာင့္ ျဖစ္တာ

➡ ေပါက္တူးေပါက္ရတာေၾကာင့္ အရည္ၾကည္ဖုထတာ

➡ ပိုးဝင္ကူးစက္တာေၾကာင့္ အရည္ၾကည္ဖုထတာမ်ိဳးေတြ ျဖစ္ႏိုင္ပါတယ္။

 

အရည္ၾကည္ဖုေလးေတြကို သက္သာေစဖို႔ အိမ္တြင္းကုထုံး

အရည္ၾကည္ဖုေလးေတြကို သက္သာေစဖို႔ လုပ္ေဆာင္ေပးရမယ့္ အိမ္တြင္းကုထုံးေလးေတြကို အတူတူ ၾကည့္လိုက္ရေအာင္လား။

႐ွားေစာင္းလက္ပပ္

႐ွာေစာင္းလက္ပပ္ ဂ်ယ္လီသားကို ေၾကေအာင္ေမႊထားတာ ဒါမွမဟုတ္ ခပ္ပါးပါး အလႊာေလး ျဖစ္ေအာင္ လွီးလိုက္ပါ။ ၿပီးရင္ ေသခ်ာ သန္႔စင္ထားတဲ့ အရည္ၾကည္ဖုေလးေပၚမွာ ကပ္ေပးပါ။ ပုံမွန္ေလး လုပ္ေပးမယ္ဆိုရင္ အရည္ၾကည္ဖုေလးေတြက အထိအခိုက္ မျဖစ္ဘဲ သက္သာသြားမွာပါ။

Petroleum jelly

petroleum jelly ကလည္း အရည္ၾကည္ဖုေတြကို သက္သာေစမယ့္ လြယ္ကူ႐ိုးစင္းတဲ့ နည္းလမ္းတစ္ခုပါ။ အရည္ၾကည္ဖုေလးေတြေပၚကို petroleum jelly ခပ္ပါးပါးေလး လိမ္းေပးတာကလည္း နည္းလမ္းေကာင္း တစ္ရပ္ပါ။

ပန္းသီး႐ွာလကာရည္

ပန္းသီး႐ွာလကာရည္က အသားအေရကို က်န္းမာေစသလို အရည္ၾကည္ဖုေလးေတြ သက္သာေစဖို႔လည္း အသုံးျပဳေပးလို႔ ရပါတယ္။ ပန္းသီး႐ွာလကာရည္ကို ေရနဲ႔ဆတူေရာ ဂြမ္းစသန္႔သန္႔ေလးနဲ႔ တို႔ၿပီး အရည္ၾကည္ဖုေလးေပၚမွာ ကပ္ေပးထား႐ုံပါ။ အခ်ိန္အၾကာႀကီး မထားမိဖို႔ေတာ့ လိုပါမယ္။

ပန္းသီး႐ွာလကာရည္က ပိုးဝင္ကူးစက္တာမ်ိဳး မျဖစ္ေစဖို႔ ကာကြယ္ေပးႏိုင္ပါတယ္။

အုန္းဆီ

သဘာဝ အုန္းဆီ စစ္စစ္ေလးက အေရျပားေပၚက အရည္ၾကည္ဖုေတြကို သက္သာေစဖို႔ ေထာက္ကူေပးႏိုင္ပါတယ္။ သန္႔စင္ထားတဲ့ အရည္ၾကည္ဖုေလးေတြကို အုန္းဆီေလး ခပ္ပါးပါး လိမ္းေပးထား႐ုံပါ။ တစ္ေန႔ကို ၃ ႀကိမ္ကေန ၄ ႀကိမ္ေလာက္အထိ လိမ္းေပးလို႔ ရပါတယ္။

သြားတိုက္ေဆး

သြားတိုက္ေဆးကေတာ့ လူသုံးမ်ားတဲ့ အရည္ၾကည္ဖု အိမ္တြင္းကုထုံး တစ္ရပ္ပါ။ အရည္ၾကည္ဖုေလးေတြေပၚမွာ သြားတိုက္ေဆးေလး ခပ္ပါးပါး လိမ္းေပးရမွာပါ။ ေျခာက္သြားေအာင္ ထားလို႔လည္း ရပါတယ္။

ေရေႏြးၾကမ္း

လက္ဖက္ေျခာက္ခတ္ထားတဲ့ ေရေႏြးၾကမ္းကို အေအးခံၿပီး အဝက်ယ္က်ယ္ ဇလုံထဲကို ထည့္ပါ။ ၿပီးရင္ အရည္ၾကည္ဖု ျဖစ္ေနတဲ့ ေနရာေလးကို ေရေႏြးၾကမ္းထဲ စိမ္ထားေပးရမွာပါ။ ၁၅ မိနစ္ကေန မိနစ္ ၂၀ေလာက္ စိမ္ထားေပးပါ။

ဒီလို စိမ္ထားတာက အရည္ၾကည္ဖုကို သက္သာေစႏိုင္သလို ပိုးဝင္ကူးစက္တာမ်ိဳး မျဖစ္ေစဖို႔လည္း ေထာက္ကူေပးႏိုင္ပါတယ္။

Diaper Rash Cream

Diaper Rash Cream က ဇင့္ေအာက္ဆိုဒ္ပါတာေၾကာင့္ ေဘဘီေလးေတြ ေသးခံေလာင္တာကို သက္သာေစႏိုင္သလို အေရျပားေပၚက အရည္ၾကည္ဖုေတြကို သက္သာေအာင္လည္း လုပ္ေဆာင္ေပးႏိုင္ပါတယ္။ အရည္ၾကည္ဖုေလးေတြေပၚမွာ ခပ္ပါးပါးေလး ပုံမွန္ လိမ္းေပး႐ုံပါ။

တစ္ေန႔ကို ၂ ႀကိမ္ကေန ၃ ႀကိမ္ေလာက္အထိ အသုံးျပဳေပးလို႔ ရပါတယ္။

အေရျပားေပၚက အရည္ၾကည္ဖုေလးေတြေၾကာင့္ စိတ္အေႏွာင့္အယွက္ျဖစ္မေနပါနဲ႔ေတာ့။ အခုေျပာျပခဲ့တဲ့ နည္းလမ္းေတြကို သုံးၿပီး ပိုးဝင္ကူးစက္မႈ မ႐ွိေအာင္ ကာကြယ္ၿပီး အျမန္ဆုံး သက္သာေအာင္ လုပ္ေဆာင္လိုက္စို႔ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service