မာလာရှမ်းကောအကြောင်း သိကောင်းစရာ

မာလာရှမ်းကောအကြောင်း သိကောင်းစရာ - Property Knowledge in Myanmar from iMyanmarHouse.com
18 Mar 2022 12:25 pm တွင် တင်ခဲ့သည်
2264 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

“မာလာရှမ်းကော စားမလား” လို့ မေးလိုက်တာနဲ့ ခေါင်းကလေးထောင်ပြီး “ဘယ်မှာလဲ” လို့ မေးရင်း တံတွေးကို ဂလုခနဲ မြိုချမိသွားပြီလား။

အသီးအရွက်တွေ အသားငါးတွေ စုံစုံလင်လင်ပါဝင်ပြီး ပူပူစပ်စပ်အရသာနဲ့ တရုတ်ဟင်းလျာဟာ ဒီကနေ့ ကမ္ဘာပေါ်မှာ အလွန်ရေပန်းစားနေတဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ အထူးသဖြင့် အရှေ့တိုင်းနဲ့ အရှေ့တောင်အာရှတိုင်းပြည်တွေမှာပေါ့။

မြန်မာနိုင်ငံမှာဆိုရင်လည်း မာလာရှမ်းကောဆိုင်တွေ အလျှိုအလျှိုပေါ်လာနေပြီး လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ အလွန်လူကြိုက်များလွန်းလှတဲ့ အစားအစာတစ်ခု ဖြစ်လာနေပါတယ်။ ဒီလိုအချိန်တိုအတွင်း ဘာကြောင့် လူကြိုက်များလာတာလဲ၊ မာလာရှမ်းကောက ကျန်းမာရေးနဲ့ ကိုက်ညီရဲ့လားဆိုတာကို ပြောပြပေးချင်ပါတယ်။

မာလာရှမ်းကောဆိုတာ

မာလာဆိုတာက တရုတ်စကားလုံးဖြစ်ပြီးတော့ “အထုံအစပ်” လို့ အဓိပ္ပါယ်ရပါတယ်။ ပါးစပ်ထဲထည့်လိုက်ချိန်မှာ ခံစားရတဲ့ ခံစားချက်ကို အစွဲပြုပြီး ခေါ်ဆိုကြတာပါ။ ဆီချွမ်ပြည်နယ် ယန်ဇီမြစ်တွင်းက ရေလုပ်သားတွေ လှေပေါ်မှာ ချက်ပြုတ်စားခဲ့တဲ့ အစားအစာတစ်ခုဖြစ်ပြီး ခုချိန်မှာတော့ ကမ္ဘာကျော် အစားအစာတစ်ခုဖြစ်နေပါပြီ။

မာလာရှမ်းကောရဲ့ အဓိကပစ္စည်းဖြစ်တဲ့ မာလာအနှစ်မှာ အဓိကအားဖြင့် ပါဝင်တာတွေကတော့ ငရုပ်သီးခြောက်၊ ဒူဘန်းလို့ ခေါ်တဲ့ ပဲအစပ်နှစ်၊ ဆီချွမ်ငရုပ်ကောင်း၊ ကြက်သွန်ဖြူ၊ လေးညှင်း၊ စမုန်စပါး၊ စမုန်နက်၊ ဖာလာနက်၊ချင်း၊ စင်နာမွန်၊ ဆားနဲ့ သကြားတို့ပါပဲ။ ဒီအရာတွေကို အမဲဆီ (အမဲသားကရတဲ့ အဆီ) ဒါမှမဟုတ် ဟင်းရွက်ဆီတွေနဲ့ မီးအေးအေးမှာတင်ပြီး နာရီနဲ့ချီကြိုချက်ထားတာပါ။

မာလာအနှစ်ထဲက ပါဝင်ပစ္စည်းအများစုဟာ သဘာဝထုတ်ကုန်တွေချည်းဖြစ်ပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တာတွေရော ကျန်းမာရေးနဲ့မညီညွတ်တာတွေပါ ရောနှောပါဝင်နေပြီး အဓိကအားဖြင့် အပူအစပ်စာတွေကိုချည်း စုစည်းထားတာမို့ အစာခြေစနစ်နဲ့ ဝမ်းဗိုက်ပြဿနာတွေကို ရင်ဆိုင်ရစေနိုင်ပါတယ်။

မာလာရှမ်းကောဆိုတာက ဒီမာလာအနှစ်ကို အသားတွေ၊ အသင့်စားအသားလုံးတွေ၊ ခေါက်ဆွဲခြောက်တွေ၊ ဟင်းချက်ဆီတွေနဲ့ တွဲဖက်ချက်ပြုတ်ဖန်တီးရတာကြောင့် ကယ်လိုရီပါဝင်မှုမြင့်မားတဲ့ အစားအစာတစ်ခုလည်းဖြစ်ပါတယ်။

အကြမ်းဖျဉ်းအားဖြင့် အသားတစ်မျိုးမျိုးနဲ့ ဖန်တီးထားတဲ့ မာလာရှမ်းကော ၂၀၀ ဂရမ်မှာ ကယ်လိုရီ ၅၈၉၊ အဆီ ၃၈ ဂရမ်၊ ပရိုတန်း ၅၄ ဂရမ်၊ ဆား ၃၆၇ မီလီဂရမ်၊ ပိုတက်ဆီယမ် ၇၂၀ ဂရမ်၊ ကိုလက်စထေရာ ၁၅၁ မီလီဂရမ်၊ ဖိုင်ဘာ ၃ ဂရမ်၊ သကြား ၁ ရမ်နဲ့ ကာဘိုဟိုက်ဒြိတ် ဂရမ်ပါဝင်နေတတ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချချင်သူတေအတွက်တော့ မဖြစ်မနေရှောင်ကျဉ်ရမယ့် အစားအစာလို ဆိုရပါလိမ့်မယ်။

မာလာရှမ်းကောက စွဲလမ်းစေသလား

ပြောရရင် ပိုင်မုန့်တွေလိုပါပဲ။ သာမန်အခြေအနေတွေကနေကွဲထွက်ပြီး ရိုးရိုးရှင်းရှင်းနဲ့ကို ထူးခြားနေတာမျိုးပေါ့။ မာလာရှမ်းကောတွေကလည်း လူတွေစွဲမက်သွားစေတဲ့ အရသာတစ်မျိုးကို ပိုင်ဆိုင်ထားပါတယ်။ စပ်တဲ့ ပူတဲ့အစားအစာတွေ အများကြီးရှိပေမယ့် မာလာရှမ်းကောလောက်တော့ လူတွေကို ဆွဲဆောင်နိုင်စွမ်းမမြင့်မားလှပါဘူး။

ပူစပ်တဲ့ အနှစ်နဲ့ လတ်ဆတ်ပြီး အရသာပြည့်ဝတဲ့ အသီးအရွက်တွေ၊ အသားငါးတွေ၊ ပင်လယ်စာတွေ ရောနှောချက်ပြုတ်ထားတာမို့ ပူပူနွေးနွေးစားမယ်ဆိုရင် အစားအသောက်ရဲ့ အရသာအပြင် ပူပူစပ်စပ်ဝေဒနာကြောင့် စိတ်လှုပ်ရှားစေတာကလည်း ဒီဟင်းအမယ်ရဲ့ ဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်။

စိတ်ပညာသဘောအရဆိုရင်လည်း လူတွေဟာ အရသာကြောင့်အစားအစာကို နှစ်သက်ကြတာဖြစ်ပေမယ့် အရသာထက်ပိုကဲပြီး စိတ်ခံစားချက်တစ်စုံတစ်ရာကိုပါ နှိုးဆော်နိုင်တဲ့ အစားအစာတွေကို ပိုနှစ်သက်တတ်ကြတယ်လို့ ဆိုပါတယ်။ ဥပမာ ကော်ဖီတို့ ချောကလက်တို့လိုမျိုးပေါ့။

မာလာရှမ်းကောကို ဆိုရင်လည်း ပူလိုက်တာ စပ်လိုက်တာဆိုတဲ့ စကားတွေနောက်မှာ လျှာကိုတဟူးဟူး မှုတ်ရင်း မကုန်မချင်းစားမိသွားတတ်ကြတာ လူတိုင်းနီးပါးပါ။ မာလာရှမ်းကောကို ဆွဲဆောင်မှုဖြစ်စေတဲ့ နောက်ထပ်တစ်ချက်ကတော့ ပါဝင်ပစ္စည်းထဲက ဆီချွမ်ဒေသထွက် ငြုပ်ကောင်းမှုန့်ဖြစ်ပြီးတော့ သူ့ရဲ့ အပူအစပ်အရသာက ဒီအစားအသောက်ရဲ့ အသက်လို့တောင်ဆိုကြပါတယ်။

မာလာရှမ်းကောကိုလည်းကြိုက်တယ် ဝိတ်လည်းမတက်ချင်ဘူး

မာလာရှမ်းကောမှာ အဓိက ကျန်းမာရေးနဲ့ မညီညွတ်စေတာက အဆီနဲ့ ဖြည့်စွက်အမယ်တွေပါပဲ။ ဆီတွေ၊ အသားတွေ၊ အဆီများတဲ့ ဝက်သားတွေ၊ အသင့်ပြုပြင်ထားတဲ့ အသားလုံးတွေ၊ အပိုဖြည့်စွက်ထားတဲ့ ဆားနဲ့ သကြားတွေက ကျန်းမာရေးကို အဓိက ထိခိုက်စေတာပါ။

ဒါပေမယ့် ဒါတွေကို ဖယ်လိုရင် ကျန်းမာရေးနဲ့ ညီညွတ်သွားမယ်လို့ မဆိုသာပါဘူး။ သူ့ရဲ့ အနှစ်မှာနဂိုပါဝင်နေတဲ့ ပစ္စည်းတွေက ဗိုက်မကောင်းသူတွေနဲ့ မသင့်လျော်ပါဘူး။ ဒါကြောင့် မာလာရှမ်းကောကို ကျန်းမာရေးနဲ့ ညီညွတ်စွာစားဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။

တစ်ခုရှိတာက အမြဲတမ်းမဟုတ်ပဲ နှစ်ပတ် ၁ ခါ၊ ဒါမှမဟုတ် ၁ လ တစ်ခါလောက်သာ စားမယ်ဆိုရင် ကုန်ကျစရိတ်လည်း နည်းပါးမှာဖြစ်သလို ဒီလိုစားသောက်မှုကြောင့် ရလာမယ့် အဆီတွေ၊ ကယ်လိုရီတွေကိုလည်း ကျန်တဲ့အချိန်တွေမှာ ကောင်းကောင်းခြေဖျက်နိုင်တာမို့ အဆင်ပြေနိုင်ပါတယ်။

ကိုယ်တိုင် အိမ်မှာလုပ်စားမယ်ဆိုရင်တော့ လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ သားငါးတွေကို အဓိက အသုံးပြုပြီး ဆီ၊ ဟင်းခတ်မှုန့်နဲ့ ဆားတွေကို ပမာဏနည်းနည်းသာထည့်သွင်းပြီး ချက်ပြုတ်စားနိုင်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: foodindustrydirectory

 

[Zawgyi]

မာလာ႐ွမ္းေကာအေၾကာင္း သိေကာင္းစရာ

“မာလာ႐ွမ္းေကာ စားမလား” လို႔ ေမးလိုက္တာနဲ႔ ေခါင္းကေလးေထာင္ၿပီး “ဘယ္မွာလဲ” လို႔ ေမးရင္း တံေတြးကို ဂလုခနဲ ၿမိဳခ်မိသြားၿပီလား။

အသီးအ႐ြက္ေတြ အသားငါးေတြ စုံစုံလင္လင္ပါဝင္ၿပီး ပူပူစပ္စပ္အရသာနဲ႔ တ႐ုတ္ဟင္းလ်ာဟာ ဒီကေန႔ ကမ႓ာေပၚမွာ အလြန္ေရပန္းစားေနတဲ့ အစားအစာတစ္မ်ိဳးျဖစ္ပါတယ္။ အထူးသျဖင့္ အေ႐ွ႕တိုင္းနဲ႔ အေ႐ွ႕ေတာင္အာ႐ွတိုင္းျပည္ေတြမွာေပါ့။

ျမန္မာႏိုင္ငံမွာဆိုရင္လည္း မာလာ႐ွမ္းေကာဆိုင္ေတြ အလွ်ိဳအလွ်ိဳေပၚလာေနၿပီး လြန္ခဲ့တဲ့ႏွစ္အနည္းငယ္အတြင္းမွာ အလြန္လူႀကိဳက္မ်ားလြန္းလွတဲ့ အစားအစာတစ္ခု ျဖစ္လာေနပါတယ္။ ဒီလိုအခ်ိန္တိုအတြင္း ဘာေၾကာင့္ လူႀကိဳက္မ်ားလာတာလဲ၊ မာလာ႐ွမ္းေကာက က်န္းမာေရးနဲ႔ ကိုက္ညီရဲ႕လားဆိုတာကို ေျပာျပေပးခ်င္ပါတယ္။

မာလာ႐ွမ္းေကာဆိုတာ -------------------------

မာလာဆိုတာက တ႐ုတ္စကားလုံးျဖစ္ၿပီးေတာ့ “အထုံအစပ္” လို႔ အဓိပၸါယ္ရပါတယ္။ ပါးစပ္ထဲထည့္လိုက္ခ်ိန္မွာ ခံစားရတဲ့ ခံစားခ်က္ကို အစြဲျပဳၿပီး ေခၚဆိုၾကတာပါ။ ဆီခြၽမ္ျပည္နယ္ ယန္ဇီျမစ္တြင္းက ေရလုပ္သားေတြ ေလွေပၚမွာ ခ်က္ျပဳတ္စားခဲ့တဲ့ အစားအစာတစ္ခုျဖစ္ၿပီး ခုခ်ိန္မွာေတာ့ ကမ႓ာေက်ာ္ အစားအစာတစ္ခုျဖစ္ေနပါၿပီ။

မာလာ႐ွမ္းေကာရဲ႕ အဓိကပစၥည္းျဖစ္တဲ့ မာလာအႏွစ္မွာ အဓိကအားျဖင့္ ပါဝင္တာေတြကေတာ့ င႐ုပ္သီးေျခာက္၊ ဒူဘန္းလို႔ ေခၚတဲ့ ပဲအစပ္ႏွစ္၊ ဆီခြၽမ္င႐ုပ္ေကာင္း၊ ၾကက္သြန္ျဖဴ၊ ေလးညႇင္း၊ စမုန္စပါး၊ စမုန္နက္၊ ဖာလာနက္၊ခ်င္း၊ စင္နာမြန္၊ ဆားနဲ႔ သၾကားတို႔ပါပဲ။ ဒီအရာေတြကို အမဲဆီ (အမဲသားကရတဲ့ အဆီ) ဒါမွမဟုတ္ ဟင္း႐ြက္ဆီေတြနဲ႔ မီးေအးေအးမွာတင္ၿပီး နာရီနဲ႔ခ်ီႀကိဳခ်က္ထားတာပါ။

မာလာအႏွစ္ထဲက ပါဝင္ပစၥည္းအမ်ားစုဟာ သဘာဝထုတ္ကုန္ေတြခ်ည္းျဖစ္ေပမယ့္ က်န္းမာေရးနဲ႔ ညီၫြတ္တာေတြေရာ က်န္းမာေရးနဲ႔မညီၫြတ္တာေတြပါ ေရာေႏွာပါဝင္ေနၿပီး အဓိကအားျဖင့္ အပူအစပ္စာေတြကိုခ်ည္း စုစည္းထားတာမို႔ အစာေျခစနစ္နဲ႔ ဝမ္းဗိုက္ျပႆနာေတြကို ရင္ဆိုင္ရေစႏိုင္ပါတယ္။

မာလာ႐ွမ္းေကာဆိုတာက ဒီမာလာအႏွစ္ကို အသားေတြ၊ အသင့္စားအသားလုံးေတြ၊ ေခါက္ဆြဲေျခာက္ေတြ၊ ဟင္းခ်က္ဆီေတြနဲ႔ တြဲဖက္ခ်က္ျပဳတ္ဖန္တီးရတာေၾကာင့္ ကယ္လိုရီပါဝင္မႈျမင့္မားတဲ့ အစားအစာတစ္ခုလည္းျဖစ္ပါတယ္။

အၾကမ္းဖ်ဥ္းအားျဖင့္ အသားတစ္မ်ိဳးမ်ိဳးနဲ႔ ဖန္တီးထားတဲ့ မာလာ႐ွမ္းေကာ ၂၀၀ ဂရမ္မွာ ကယ္လိုရီ ၅၈၉၊ အဆီ ၃၈ ဂရမ္၊ ပ႐ိုတန္း ၅၄ ဂရမ္၊ ဆား ၃၆၇ မီလီဂရမ္၊ ပိုတက္ဆီယမ္ ၇၂၀ ဂရမ္၊ ကိုလက္စေထရာ ၁၅၁ မီလီဂရမ္၊ ဖိုင္ဘာ ၃ ဂရမ္၊ သၾကား ၁ ရမ္နဲ႔ ကာဘိုဟိုက္ၿဒိတ္ ဂရမ္ပါဝင္ေနတတ္ပါတယ္။ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ခ်င္သူေတအတြက္ေတာ့ မျဖစ္မေနေ႐ွာင္က်ဥ္ရမယ့္ အစားအစာလို ဆိုရပါလိမ့္မယ္။

မာလာ႐ွမ္းေကာက စြဲလမ္းေစသလား ----------------------------------------

ေျပာရရင္ ပိုင္မုန္႔ေတြလိုပါပဲ။ သာမန္အေျခအေနေတြကေနကြဲထြက္ၿပီး ႐ိုး႐ိုး႐ွင္း႐ွင္းနဲ႔ကို ထူးျခားေနတာမ်ိဳးေပါ့။ မာလာ႐ွမ္းေကာေတြကလည္း လူေတြစြဲမက္သြားေစတဲ့ အရသာတစ္မ်ိဳးကို ပိုင္ဆိုင္ထားပါတယ္။ စပ္တဲ့ ပူတဲ့အစားအစာေတြ အမ်ားႀကီး႐ွိေပမယ့္ မာလာ႐ွမ္းေကာေလာက္ေတာ့ လူေတြကို ဆြဲေဆာင္ႏိုင္စြမ္းမျမင့္မားလွပါဘူး။

ပူစပ္တဲ့ အႏွစ္နဲ႔ လတ္ဆတ္ၿပီး အရသာျပည့္ဝတဲ့ အသီးအ႐ြက္ေတြ၊ အသားငါးေတြ၊ ပင္လယ္စာေတြ ေရာေႏွာခ်က္ျပဳတ္ထားတာမို႔ ပူပူေႏြးေႏြးစားမယ္ဆိုရင္ အစားအေသာက္ရဲ႕ အရသာအျပင္ ပူပူစပ္စပ္ေဝဒနာေၾကာင့္ စိတ္လႈပ္႐ွားေစတာကလည္း ဒီဟင္းအမယ္ရဲ႕ ဆြဲေဆာင္မႈတစ္ခုျဖစ္ပါတယ္။

စိတ္ပညာသေဘာအရဆိုရင္လည္း လူေတြဟာ အရသာေၾကာင့္အစားအစာကို ႏွစ္သက္ၾကတာျဖစ္ေပမယ့္ အရသာထက္ပိုကဲၿပီး စိတ္ခံစားခ်က္တစ္စုံတစ္ရာကိုပါ ႏိႈးေဆာ္ႏိုင္တဲ့ အစားအစာေတြကို ပိုႏွစ္သက္တတ္ၾကတယ္လို႔ ဆိုပါတယ္။ ဥပမာ ေကာ္ဖီတို႔ ေခ်ာကလက္တို႔လိုမ်ိဳးေပါ့။

မာလာ႐ွမ္းေကာကို ဆိုရင္လည္း ပူလိုက္တာ စပ္လိုက္တာဆိုတဲ့ စကားေတြေနာက္မွာ လွ်ာကိုတဟူးဟူး မႈတ္ရင္း မကုန္မခ်င္းစားမိသြားတတ္ၾကတာ လူတိုင္းနီးပါးပါ။ မာလာ႐ွမ္းေကာကို ဆြဲေဆာင္မႈျဖစ္ေစတဲ့ ေနာက္ထပ္တစ္ခ်က္ကေတာ့ ပါဝင္ပစၥည္းထဲက ဆီခြၽမ္ေဒသထြက္ ျငဳပ္ေကာင္းမႈန္႔ျဖစ္ၿပီးေတာ့ သူ႕ရဲ႕ အပူအစပ္အရသာက ဒီအစားအေသာက္ရဲ႕ အသက္လို႔ေတာင္ဆိုၾကပါတယ္။

မာလာ႐ွမ္းေကာကိုလည္းႀကိဳက္တယ္ ဝိတ္လည္းမတက္ခ်င္ဘူး -----------------------------------------------------------------

မာလာ႐ွမ္းေကာမွာ အဓိက က်န္းမာေရးနဲ႔ မညီၫြတ္ေစတာက အဆီနဲ႔ ျဖည့္စြက္အမယ္ေတြပါပဲ။ ဆီေတြ၊ အသားေတြ၊ အဆီမ်ားတဲ့ ဝက္သားေတြ၊ အသင့္ျပဳျပင္ထားတဲ့ အသားလုံးေတြ၊ အပိုျဖည့္စြက္ထားတဲ့ ဆားနဲ႔ သၾကားေတြက က်န္းမာေရးကို အဓိက ထိခိုက္ေစတာပါ။

ဒါေပမယ့္ ဒါေတြကို ဖယ္လိုရင္ က်န္းမာေရးနဲ႔ ညီၫြတ္သြားမယ္လို႔ မဆိုသာပါဘူး။ သူ႕ရဲ႕ အႏွစ္မွာနဂိုပါဝင္ေနတဲ့ ပစၥည္းေတြက ဗိုက္မေကာင္းသူေတြနဲ႔ မသင့္ေလ်ာ္ပါဘူး။ ဒါေၾကာင့္ မာလာ႐ွမ္းေကာကို က်န္းမာေရးနဲ႔ ညီၫြတ္စြာစားဖို႔ဆိုတာကေတာ့ မျဖစ္ႏိုင္ပါဘူး။

တစ္ခု႐ွိတာက အၿမဲတမ္းမဟုတ္ပဲ ႏွစ္ပတ္ ၁ ခါ၊ ဒါမွမဟုတ္ ၁ လ တစ္ခါေလာက္သာ စားမယ္ဆိုရင္ ကုန္က်စရိတ္လည္း နည္းပါးမွာျဖစ္သလို ဒီလိုစားေသာက္မႈေၾကာင့္ ရလာမယ့္ အဆီေတြ၊ ကယ္လိုရီေတြကိုလည္း က်န္တဲ့အခ်ိန္ေတြမွာ ေကာင္းေကာင္းေျခဖ်က္ႏိုင္တာမို႔ အဆင္ေျပႏိုင္ပါတယ္။

ကိုယ္တိုင္ အိမ္မွာလုပ္စားမယ္ဆိုရင္ေတာ့ လတ္ဆတ္တဲ့ အသီးအ႐ြက္ေတြ၊ သားငါးေတြကို အဓိက အသုံးျပဳၿပီး ဆီ၊ ဟင္းခတ္မႈန္႔နဲ႔ ဆားေတြကို ပမာဏနည္းနည္းသာထည့္သြင္းၿပီး ခ်က္ျပဳတ္စားႏိုင္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: foodindustrydirectory

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service