နေ့စဉ် ကိုလာသောက်သုံးပါက ဖြစ်ပေါ်ကြုံတွေ့နိုင်သည့် အရာ (၆)ခု

နေ့စဉ် ကိုလာသောက်သုံးပါက ဖြစ်ပေါ်ကြုံတွေ့နိုင်သည့် အရာ (၆)ခု - Property Knowledge in Myanmar from iMyanmarHouse.com
18 Mar 2022 11:52 am တွင် တင်ခဲ့သည်
1262 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

ယနေ့ခေတ်မှာ ကိုကာကိုလာ၊ ပက်စီ အစရှိတဲ့ အချိုရည်တွေ သောက်သုံးမှုဟာ တဖြည်းဖြည်းများပြားလာပါတယ်။ ဒီလို သကြားဓာတ်အခြေပြုထုတ်လုပ်ထားတဲ့ အချိုရည်တွေဟာ အဝလွန်ခြင်းအပါအဝင် အခြားရောဂါတွေနဲ့ ဆက်စပ်နေတာကိုလည်း လေ့လာတွေ့ရှိခဲ့ပြီးဖြစ်ပါတယ်။ ဒီထဲကမှ ကိုကာကိုလာ ဒါမှမဟုတ် အခြားကိုလာ အချိုရည်တွေကို နေ့စဉ်သောက်သုံးလေ့ရှိတယ်ဆိုရင် ဘာတွေကြုံတွေ့ရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

၁။ ကျန်းမာရေးနဲ့ မညီညွတ်တာတွေ ပိုစားချင်စိတ်ဖြစ်လာမယ်

လေ့လာမှုတွေအရ အချိုရည်သောက်သုံးမှုများသူတွေဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို သိပ်မရွေးချယ်ဖြစ်ကြတော့ဘူးလို့ သိရပါတယ်။ ဒါ့ကြောင့် အချိုရည်နေ့စဉ်ပုံမှန်သောက်သုံးလေ့ရှိသူတွေဟာ ဗီတာမင်နဲ့ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေ လုံလောက်စွာ မရရှိနိုင်တာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် အချိုရည်သောက်သုံးလေ့ရှိသူတွေဟာ နွားနို့သောက်သုံးမှုလည်း နည်းပါသွားတတ်တာကြောင့် အရိုးကျန်းမာရေးကို အားနည်းစေနိုင်ပါတယ်။

၂။ သွားကျန်းမာရေး ထိခိုက်နိုင်တယ်

အချိုရည်တွေမှာ သကြားဓာတ်နဲ့ အက်ဆစ်ဓာတ်ပါဝင်မှုနှုန်းမြင့်မားတာကြောင့် သွားပိုးစားခြင်းနဲ့ သွားကြွေလွှာပျက်စီးခြင်းတို့ ဖြစ်လာနိုင်ပါတယ်။

၃။ အရိုးကြံ့ခိုင်မှု အားနည်းလာမယ်

ကိုလာနဲ့အခြားအချိုရည်တွေကို ပုံမှန်သောက်သုံးခြင်းက အရိုးတွင်း သတ္တုဓာတ်တွေရဲ့ သိပ်သည်းဆကိုလည်း လျော့ကျစေနိုင်တာက အရိုးကြံ့ခိုင်သန်မာမှုကို အားနည်းသွားစေပါတယ်။ ဒီအချိုရည်တွေမှာ သကြားဓာတ်အပြင် ကဖိန်းဓာတ်လည်း များပြားစွာပါဝင်ပါတယ်။ ကဖိန်းဓာတ်ဟာ အရိုးကို ကြံ့ခိုင်သန်မာစေတဲ့ ကယ်စီယမ်ဓာတ်တွေကို ဆီးနဲ့အတူ စွန့်ထုတ်ပစ်အောင် လုပ်ပေးနိုင်တာကြောင့် အရိုးကြံ့ခိုင်မှု အားနည်းလာတဲ့အပြင် အရိုးပွရောဂါအထိ ဖြစ်လာနိုင်ပါတယ်။

၄။ နာတာရှည်ရောဂါတွေ ဖြစ်ဖို့ အလားအလာပိုများလာမယ်

တစ်နေ့ကို အချိုရည် ၃၅၀ မီလီလီတာ (တစ်ဘူး) ထက်ပိုသောက်သုံးလေ့ရှိသူတွေမှာ အဝလွန်ခြင်း၊ သကြားဓာတ်မူမမှန်ခြင်း၊ ဇီဝကမ္မဖြစ်စဉ် မူမမှန်ခြင်း၊ သွေးဖိအားမြင့်တက်ခြင်း၊ ကျန်မာရေးကို ထိခိုက်စေနိုင်တဲ့ LDL ကိုလက်စထရောဓာတ်များပြားခြင်း၊ နှလုံးတိုက်ခိုက်ခံရခြင်း စတဲ့ရောဂါဝေဒနာတွေ ခံစားရနိုင်ချေ ပိုများပါတယ်။ ဒါ့အပြင် ဆီးချိုအမျိုးအစားနှစ်နဲ့ အခြားနှလုံးသွေးကြောဆိုင်ရာ ရောဂါတွေလည်း ဖြစ်ပေါ်ခံစားရနိုင်ချေ များပြားလာပါတယ်။

၅။ မသောက်ရ မနေနိုင်ဖြစ်လာမယ်

ကိုလာအမျိုးအစား အချိုရည်တွေမှာ အခြားအချိုရည်တွေထက် ကဖိန်းဓာတ်ပိုမိုများပြားစွာ ပါဝင်ပါတယ်။ ကဖိန်းဓာတ်ဟာ လက်ဘက်ရည်၊ ကော်ဖီနဲ့ ချောကလက်တို့မှာ သဘာဝအတိုင်းတွေ့ရတတ်ပြီး စွဲလမ်းစေတဲ့ အာနိသင်ရှိပါတယ်။ အချိုရည် ၃၇၅ မီလီလီတာ တစ်ဘူးမှာ ကဖိန်းဓာတ် ၄၀ mg ကနေ ၅၀ mg လောက်အထိ ပါဝင်တတ်တာကြောင့် ကော်ဖီပြင်းတစ်ခွက်နဲ့ ညီမျှပါတယ်။ ကဖိန်းဓာတ်ဟာ နိုးကြားတက်ကြွစေခြင်း၊ ခွန်အားပြည့်သလို ခံစားရခြင်းနဲ့ အာရုံလန်းဆန်စေခြင်း စတာတွေကို ဖြစ်စေနိုင်ပေမယ့် အမြဲစွဲမြဲသောက်သုံးခဲ့မယ်ဆိုရင်တော့ စွဲလမ်းမှုပြဿနာတွေ ရှိတတ်ပါတယ်။ ပုံမှန်သောက်နေကျအတိုင်း မသောက်ရတဲ့အခါမှာ ခေါင်းကိုက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ နိုးကြားတက်ကြွမှု လျော့နည်းလာခြင်းနဲ့ စိတ်ဓာတ်ကျခြင်းတွေကို ဖြစ်စေပါတယ်။

၆။ ကင်ဆာဖြစ်နိုင်ချေ ပိုများလာမယ်

အချိုရည်အမျိုးမျိုးမှာ ကင်ဆာကို ဖြစ်စေနိုင်တဲ့ Benzene ဓာတ်ပစ္စည်းကို ထုတ်ပေးနိုင်တဲ့ benzoic အက်ဆစ်ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့ကြောင့် ကိုလာအပါအဝင် အချိုရည်တွေကို သီတင်းတစ်ပတ်ကို တစ်ဘူးထက်ပိုပြီး သောက်သုံးမယ်ဆိုရင် ကင်ဆာဖြစ်နိုင်ချေလည်း မြင့်တက်လာနိုင်ပါတယ်။

အခုဖော်ပြခဲ့တဲ့ အချက်တွေက အချိုရည်ကို ရံဖန်ရံခါသောက်သုံးရုံနဲ့ ဖြစ်နိုင်တာမဟုတ်ပါဘူး။ နေ့စဉ် ပုံမှန်ဆိုသလို စွဲမြဲသောက်သုံးသူတွေမှာ တွေရနိုင်ချေရှိတဲ့ အချက်တွေဖြစ်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Gentleman Magazine

[Zawgyi]

ေန႔စဥ္ ကိုလာေသာက္သုံးပါက ျဖစ္ေပၚၾကဳံေတြ႕ႏိုင္သည့္ အရာ (၆)ခု

ယေန႔ေခတ္မွာ ကိုကာကိုလာ၊ ပက္စီ အစ႐ွိတဲ့ အခ်ိဳရည္ေတြ ေသာက္သုံးမႈဟာ တျဖည္းျဖည္းမ်ားျပားလာပါတယ္။ ဒီလို သၾကားဓာတ္အေျချပဳထုတ္လုပ္ထားတဲ့ အခ်ိဳရည္ေတြဟာ အဝလြန္ျခင္းအပါအဝင္ အျခားေရာဂါေတြနဲ႔ ဆက္စပ္ေနတာကိုလည္း ေလ့လာေတြ႕႐ွိခဲ့ၿပီးျဖစ္ပါတယ္။ ဒီထဲကမွ ကိုကာကိုလာ ဒါမွမဟုတ္ အျခားကိုလာ အခ်ိဳရည္ေတြကို ေန႔စဥ္ေသာက္သုံးေလ့႐ွိတယ္ဆိုရင္ ဘာေတြၾကံဳေတြ႕ရမလဲဆိုတာကို ေဖာ္ျပလိုက္ပါတယ္။

၁။ က်န္းမာေရးနဲ႔ မညီၫြတ္တာေတြ ပိုစားခ်င္စိတ္ျဖစ္လာမယ္

ေလ့လာမႈေတြအရ အခ်ိဳရည္ေသာက္သုံးမႈမ်ားသူေတြဟာ က်န္းမာေရးနဲ႔ညီၫြတ္တဲ့ အစားအေသာက္ေတြကို သိပ္မေ႐ြးခ်ယ္ျဖစ္ၾကေတာ့ဘူးလို႔ သိရပါတယ္။ ဒါ့ေၾကာင့္ အခ်ိဳရည္ေန႔စဥ္ပုံမွန္ေသာက္သုံးေလ့႐ွိသူေတြဟာ ဗီတာမင္နဲ႔ သတၱဳဓာတ္၊ အမွ်င္ဓာတ္ေတြ လုံေလာက္စြာ မရ႐ွိႏိုင္တာမ်ိဳး ျဖစ္တတ္ပါတယ္။ ဒါ့အျပင္ အခ်ိဳရည္ေသာက္သုံးေလ့႐ွိသူေတြဟာ ႏြားႏို႔ေသာက္သုံးမႈလည္း နည္းပါသြားတတ္တာေၾကာင့္ အ႐ိုးက်န္းမာေရးကို အားနည္းေစႏိုင္ပါတယ္။

၂။ သြားက်န္းမာေရး ထိခိုက္ႏိုင္တယ္

အခ်ိဳရည္ေတြမွာ သၾကားဓာတ္နဲ႔ အက္ဆစ္ဓာတ္ပါ၀င္မႈႏႈန္းျမင့္မားတာေၾကာင့္ သြားပိုးစားျခင္းနဲ႔ သြားေႂကြလႊာပ်က္စီးျခင္းတို႔ ျဖစ္လာႏိုင္ပါတယ္။

၃။ အ႐ိုးၾကံ့ခိုင္မႈ အားနည္းလာမယ္

ကိုလာနဲ႔အျခားအခ်ိဳရည္ေတြကို ပုံမွန္ေသာက္သုံးျခင္းက အ႐ိုးတြင္း သတၱဳဓာတ္ေတြရဲ႕ သိပ္သည္းဆကိုလည္း ေလ်ာ့က်ေစႏိုင္တာက အ႐ိုးၾကံ့ခိုင္သန္မာမႈကို အားနည္းသြားေစပါတယ္။ ဒီအခ်ိဳရည္ေတြမွာ သၾကားဓာတ္အျပင္ ကဖိန္းဓာတ္လည္း မ်ားျပားစြာပါ၀င္ပါတယ္။ ကဖိန္းဓာတ္ဟာ အ႐ိုးကို ၾကံ့ခိုင္သန္မာေစတဲ့ ကယ္စီယမ္ဓာတ္ေတြကို ဆီးနဲ႔အတူ စြန္႔ထုတ္ပစ္ေအာင္ လုပ္ေပးႏိုင္တာေၾကာင့္ အ႐ိုးၾကံ့ခိုင္မႈ အားနည္းလာတဲ့အျပင္ အ႐ိုးပြေရာဂါအထိ ျဖစ္လာႏိုင္ပါတယ္။

၄။ နာတာ႐ွည္ေရာဂါေတြ ျဖစ္ဖို႔ အလားအလာပိုမ်ားလာမယ္

တစ္ေန႔ကို အခ်ိဳရည္ ၃၅၀ မီလီလီတာ (တစ္ဘူး) ထက္ပိုေသာက္သုံးေလ့႐ွိသူေတြမွာ အဝလြန္ျခင္း၊ သၾကားဓာတ္မူမမွန္ျခင္း၊ ဇီဝကမၼျဖစ္စဥ္ မူမမွန္ျခင္း၊ ေသြးဖိအားျမင့္တက္ျခင္း၊ က်န္မာေရးကို ထိခိုက္ေစႏိုင္တဲ့ LDL ကိုလက္စထေရာဓာတ္မ်ားျပားျခင္း၊ ႏွလုံးတိုက္ခိုက္ခံရျခင္း စတဲ့ေရာဂါေဝဒနာေတြ ခံစားရႏိုင္ေခ် ပိုမ်ားပါတယ္။ ဒါ့အျပင္ ဆီးခ်ိဳအမ်ိဳးအစားႏွစ္နဲ႔ အျခားႏွလုံးေသြးေၾကာဆိုင္ရာ ေရာဂါေတြလည္း ျဖစ္ေပၚခံစားရႏိုင္ေခ် မ်ားျပားလာပါတယ္။

၅။ မေသာက္ရ မေနႏိုင္ျဖစ္လာမယ္

ကိုလာအမ်ိဳးအစား အခ်ိဳရည္ေတြမွာ အျခားအခ်ိဳရည္ေတြထက္ ကဖိန္းဓာတ္ပိုမိုမ်ားျပားစြာ ပါ၀င္ပါတယ္။ ကဖိန္းဓာတ္ဟာ လက္ဘက္ရည္၊ ေကာ္ဖီနဲ႔ ေခ်ာကလက္တို႔မွာ သဘာဝအတိုင္းေတြ႕ရတတ္ၿပီး စြဲလမ္းေစတဲ့ အာနိသင္႐ွိပါတယ္။ အခ်ိဳရည္ ၃၇၅ မီလီလီတာ တစ္ဘူးမွာ ကဖိန္းဓာတ္ ၄၀ mg ကေန ၅၀ mg ေလာက္အထိ ပါ၀င္တတ္တာေၾကာင့္ ေကာ္ဖီျပင္းတစ္ခြက္နဲ႔ ညီမွ်ပါတယ္။ ကဖိန္းဓာတ္ဟာ ႏိုးၾကားတက္ႂကြေစျခင္း၊ ခြန္အားျပည့္သလို ခံစားရျခင္းနဲ႔ အာ႐ုံလန္းဆန္ေစျခင္း စတာေတြကို ျဖစ္ေစႏိုင္ေပမယ့္ အၿမဲစြဲၿမဲေသာက္သုံးခဲ့မယ္ဆိုရင္ေတာ့ စြဲလမ္းမႈျပႆနာေတြ ႐ွိတတ္ပါတယ္။ ပုံမွန္ေသာက္ေနက်အတိုင္း မေသာက္ရတဲ့အခါမွာ ေခါင္းကိုက္ျခင္း၊ ပင္ပန္းႏြမ္းနယ္ျခင္း၊ ႏိုးၾကားတက္ႂကြမႈ ေလ်ာ့နည္းလာျခင္းနဲ႔ စိတ္ဓာတ္က်ျခင္းေတြကို ျဖစ္ေစပါတယ္။

၆။ ကင္ဆာျဖစ္ႏိုင္ေခ် ပိုမ်ားလာမယ္

အခ်ိဳရည္အမ်ိဳးမ်ိဳးမွာ ကင္ဆာကို ျဖစ္ေစႏိုင္တဲ့ Benzene ဓာတ္ပစၥည္းကို ထုတ္ေပးႏိုင္တဲ့ benzoic အက္ဆစ္ဓာတ္ေတြ ပါ၀င္ပါတယ္။ ဒါ့ေၾကာင့္ ကိုလာအပါအဝင္ အခ်ိဳရည္ေတြကို သီတင္းတစ္ပတ္ကို တစ္ဘူးထက္ပိုၿပီး ေသာက္သုံးမယ္ဆိုရင္ ကင္ဆာျဖစ္ႏိုင္ေခ်လည္း ျမင့္တက္လာႏိုင္ပါတယ္။

အခုေဖာ္ျပခဲ့တဲ့ အခ်က္ေတြက အခ်ိဳရည္ကို ရံဖန္ရံခါေသာက္သုံး႐ုံနဲ႔ ျဖစ္ႏိုင္တာမဟုတ္ပါဘူး။ ေန႔စဥ္ ပုံမွန္ဆိုသလို စြဲၿမဲေသာက္သုံးသူေတြမွာ ေတြရႏိုင္ေခ်႐ွိတဲ့ အခ်က္ေတြျဖစ္ပါတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပ

Credit: Gentleman Magazine

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Ponnami Estate
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service