လျှပ်စစ်မီးမရှိဘဲ အစားအစာ အေးမြနေစေရန် နည်းလမ်း (၈) သွယ်

လျှပ်စစ်မီးမရှိဘဲ အစားအစာ အေးမြနေစေရန် နည်းလမ်း (၈) သွယ် - Property Knowledge in Myanmar from iMyanmarHouse.com
18 Mar 2022 10:31 am တွင် တင်ခဲ့သည်
719 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

အစားအစာတစ်ခုကို လျှပ်စစ်မီးမရှိဘဲ သိုလှောင်ဖို့အတွက် ၎င်းအစာအစာကို ဘယ်အပူချိန်မှာ သိုလှောင်ဖို့လိုတယ်ဆိုတာကို နားလည်ဖို့ လိုပါတယ်။ (အထူးသဖြင့် ပျက်စီးပုပ်သိုးလွယ်သော စားဖွယ်) အစားအစာတွေကို မသင့်‌လျော်တဲ့အပူချိန်တွေမှာ သိုလှောင်တဲ့အခါ ဗက်တီးရီးယားပိုးတွေကို တိုးပွားပျံ့နှံ့စေပါတယ်။ အလွန်မြင့်မားတဲ့အပူချိန်မှာ ထားရှိထားတဲ့ အစားအစာကို သင်က စားသုံးလိုက်တယ်ဆိုရင် သင့်မှာ အစားအစာကြောင့်ဖြစ်တဲ့ နာမကျန်းမှုတစ်ခုခု ဖြစ်ပွားနိုင်ခြေမြင့်မားပါတယ်။

အပူချိန် ၄၀ ဒီဂရီဖာရင်ဟိုက် (၄.၄ ဒီဂရီဆဲလ်ဆီးယပ်စ်) နှင့်အောက်တွင် သိုလှောင်ရမည့် အစားအစာများ

- အသားငါး

- ပင်လယ်စာ

- နို့နှင့် နို့ထွက်ကုန်များ

- ချက်ပြုတ်ထားသောသ စားဖွယ်များ

- ခြံထွက်မဟုတ်သော ကြက်ဥ၊ ဘဲဥ၊ ငုံးဥများ

- ဖွင့်ထားပြီးသော စားပွဲတင်ဆော့စ်နှင့် စားမြိန်ရည်များ

အခန်းအပူချိန်တွင် သိုလှောင်ရမည့် အစားအစာများ

- ပျားရည်

- ဆီများ

- (အဖုံးမဖွင့်ရသေးသော) စည်သွပ်ထားသည့် အစားအစာ

- ပေါင်မုန့်

- ပဲခြောက်များ၊ ထမင်း၊ ပါစတာ

- ကော်ဖီ

- ထောပတ်

- ခရမ်းချဉ်သီးများ

- ငှက်ပျောသီးများ

- အာလူးများ

- ဆောင်းဖရုံသီး

လျှပ်စစ်မီးမရှိဘဲ အစားအစာ အေးမြနေစေရန် နည်းလမ်း ၈ သွယ်

၁။ သင့်အစားအစာကို ထုပ်ပိုးပါ

အကယ်၍သင်က သင့်အစားအစာကို တိုတောင်းတဲ့အချိန်ပိုင်းတစ်ခုကြာ အေးမြနေစေဖို့ပဲ လိုတယ်ဆိုရင် အရိုးရှင်းဆုံးနည်းလမ်းတစ်ခုကတော့ ၎င်းအစားအစာကို ကြီးမားတဲ့အထည်စတစ်ခုနဲ့ လုံခြုံအောင် ထုပ်ပိုးတာပါပဲ။ အဲဒီအထည်စကို ရေအေးရွှဲနေအောင်စွတ်ကာ ရေစင်အောင်ညှစ်ပြီး အေးနေစေဖို့တော့ လိုပါတယ်။ အထည်စမှာ အအေးဓာတ်မရှိတော့ဘူးဆိုတာနဲ့ အထည်စ ပြန်အေးအောင် ရေပြန်စွတ်၍ ရေပြန်ညှစ်ခြင်းလုပ်ငန်းစဉ်ကို ပြန်ကျော့ပါ။ အဲဒီအဝတ်စနဲ့ထုပ်ပိုးထားတဲ့ အစားအစာကို အရိပ်ရပြီး အေးမြတဲ့နေရာ၊ အပူချိန်နိမ့်တဲ့နေရာမှာ ထားပါ။

၂။ မြေအိုးရေခဲသေတ္တာ အသုံးပြုပါ

အာရဗစ်ဘာသာစကားနဲ့ Zeer လို့ခေါ်ပြီး အင်္ဂလိပ်လို pot-in-pot refrigerator မြေအိုးရေခဲသေတ္တာ (အဝအရွယ်အစားအနည်းငယ်ကွာသော မြေအိုးနှစ်လုံးကို စွပ်ကာ ကြားမှဟနေသည့် ပတ်ပတ်လည်ထဲ သဲ၊ ကျောက်စရစ်၊ ရေတို့ထည့်ကာ အတွင်းမြေအိုးထဲ အစားအစာကို ထည့်၍ မြေအိုးနှစ်အိုးစလုံး၏ အပေါ်မှ ရေစင်အောင် ညှစ်ထားသော ရေစိုဝတ်ဖုံးလွှမ်းခြင်း။ ရေစိုဝတ်အား အမြဲစိုစွတ်နေပါစေ။ အချို့လည်း ရေစိုဝတ်ဖြင့်မဟုတ်ဘဲ အဖုံးတစ်ခုခုဖြင့် ဖုံးကြပါတယ်) ကို အသုံးပြုပါ။ ကမ္ဘာ့ဒေသအများအပြားမှာ ယခုတိုင် ၎င်းအိုးတွေကို အသုံးပြုနေကြဆဲဖြစ်ပါတယ်။

၃။ ရေငွေ့ပျံရေခဲသေတ္တာ ဖန်တီးပါ

ရေဖြည့်ထားတဲ့ ဗန်းကျယ်ကျယ်အပေါ်မှာ (ရွှေ့လို့ပြုလို့ရတဲ့) အဆင့်များပါသော စင်တစ်ခုတင်ပါ။ စင်နံဘေးနဲ့အထက်ဝန်းကျင်ပတ်လည်ကို ရေစိုဝတ်နဲ့ ပတ်ပတ်လည်ပိတ်ဖုံးထားပြီး စင်အတွင်းရှိ အဆင့်တွေမှာ အစားအစာကို ထားရှိခြင်းဖြစ်ပါတယ်။ ၎င်းရေငွေ့ပျံရေခဲသေတ္တာကို လေတိုက်တဲ့နေရာမှာ ထားရှိတာ ပိုကောင်းပါတယ်။ တိုက်ခတ်လာတဲ့လေတွေက ရေမျက်နှာပြင်ကို ဖြတ်ပြီး စင်ပေါ်ကို အအေးဓာတ်ထုတ်လွှတ်မှာမို့လို့ပဲ ဖြစ်ပါတယ်။

၄။ အစားအစာကို မြေအောက်ခန်းမှာ သိုလှောင်ပါ

ဒီနည်းလမ်းကတော့ မြေအောက်ခန်းရှိသူတွေအတွက်ပါ။ ရေခဲဘူးနဲ့ ရေခဲသေတ္တာတို့ မပေါ်မီ လူတွေလေ့လာတွေ့ရှိခဲ့တာကတော့ မြေအောက်မှာ ပိုအေးတယ်ဆိုတာပါပဲ။ အကယ်၍ သင့်မှာ မြေအောက်ခန်းရှိတယ်ဆိုရင် မြေအောက်ခန်းတွေက အပေါ်ထပ်တွေထက် ပိုအေးတယ်ဆိုတာကို သင်သိရှိသဘောပေါက်ထားနှင့်ပြီးသားဖြစ်နိုင်ပါတယ်။ ဟိုးရှေးရာစုနှစ်ချီကြာခဲ့တဲ့ခေတ်တွေတုန်းကဆို လူတွေက အာလူးနဲ့ မုန်လာဥလိုမျိုး သစ်မြစ်သစ်သီးဝလံတွေကို သိုလှောင်ဖို့ မြေအောက်ခန်းတွေ ဖန်တီးခဲ့ကြပါတယ်။

၅။ အနီးအနားရှိ အေးမြသောစမ်းချောင်းကို အသုံးပြုပါ

သင့်အိမ်အနားမှာ စီးဆင်းနေတဲ့၊ အေးမြတဲ့ စမ်းချောင်းတစ်ခု ရှိပါသလား? ရေ၊ လေလုံတဲ့ သိုလှောင်ဘူးတစ်ခုထဲ အစားအစာကို ထည့်ကာ ထိုဘူးအား စမ်းချောင်းရေထဲမှာ စမ်းချောင်း‌ရေထဲ မျောမသွားအောင် သေချာစီမံထားရှိပါ။

၆။ တွင်းအိမ် သို့မဟုတ် စမ်းအိမ်တည်ဆောက်ပါ

လွန်ခဲ့တဲ့ ရာစုနှစ်တွေတုန်းက လူတွေဟာ အစားအစာသိုလှောင်ဖို့အတွက် ရေတွင်းအပေါ် သို့မဟုတ် စမ်းအပေါ်မှာဖြတ်၍ အဆောက်အအုံငယ်လေးတွေ တည်ဆောက်ခဲ့ကြပါတယ်။ စမ်းရေ/တွင်းရေမှ အအေးဓာတ်က အစားအစာကို လျှပ်စစ်မီးမလိုဘဲ အေးမြနေစေပါတယ်။

စမ်းအိမ် သို့မဟုတ် တွင်းအိမ်တည်ဆောက်ခြင်းနဲ့ပတ်သက်တဲ့ ပြဿနာကတော့ တည်ဆောက်စရိတ်ကြီးမားမှုနဲ့ အလုပ်များမှုပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ၎င်းအိမ်တွေဟာ နှစ်ပေါင်းများစွာ ကြာရှည်ခံပါတယ်။ အချို့ကောင်းကောင်းဆောက်ထားတဲ့ စမ်းအိမ်တွေဆို ရာစုနှစ်နဲ့ချီ တာရှည်ခံတယ်လို့ သိရပါတယ်။

၇။ ရေခဲဘူး ပြုလုပ်ပါ

ရေခဲဘူး/ပုံးတွေဟာ သင်ထင်ကောင်းထင်နိုင်သလောက်တော့ သက်တမ်းမရင့်သေးပါဘူး။ ၁၉၄၀ ဝန်းကျင်နဲ့ ၁၉၅၀ ဝန်းကျင်မှာ ပေါ်ပေါက်ကာစတင်ရေပန်းစားခဲ့တာဖြစ်ပါတယ်။ ရေခဲသေတ္တာမတီထွင်နိုင်မီမှာ ရေခဲဘူး/ပုံးတွေကိုပဲ အများအားဖြင့် သုံးခဲ့ကြရတာပါ။ ရေခဲဘူး/ပုံးတစ်ခု ရှိဖို့အတွက် သင့်မှာ ရေခဲရှိဖို့လိုပါတယ်။ ဘူး/ပုံးထဲ ရေခဲထည့်ပြီး ထိုပုံးထဲ အစားအစာကို ထည့်ကာ သိုလှောင်ခြင်းနည်းပဲဖြစ်ပါတယ်။ ဟိုတုန်းကတော့ ရေခဲကို ရေခဲနေတဲ့ကန်တွေကနေ ယူပြီး ကောက်ရိုးမျှင်၊ လွှစာတွေနဲ့ သိုလှောင်ခဲ့ကြရတာဖြစ်ပါတယ်။

၈။ မီးသွေးအအေးခံဘူး ပြုလုပ်ပါ

မီးသွေးအအေးခံဘူးဆိုတာ သစ်သားဘောင်တွေနဲ့ တည်ဆောက်ထားတဲ့ သိုလှောင်ရုံငယ်လေးကို သစ်သားဘောင်တွေကြားထဲ ဆန်ခါစအကျဲဖြင့် မီးသွေးတွေသွပ်သွင်းကာ ‘မီးသွေးနံရံများရှိသော သိုလှောင်ရုံငယ်’ ကို ပြောတာဖြစ်ပါတယ်။

သင့်အစားအစာကို အေးမြနေစေပါ

အစားအစာကို လျှပ်စစ်မီးမရှိဘဲ အေးမြနေစေဖို့ဆိုတာ ခဲရာခဲဆစ်နိုင်လှပါတယ်။ သင့်အနေနဲ့ သင့်အစားအစာမှာ ဗက်တီးရီးယားပိုးမပျံ့နှံ့အောင် ၎င်းအစားအစာကို တစ်သတ်မတ်တည်းသောအပူချိန်မှာ ထိန်းသိမ်းရပါမယ်။ အောက်ဖော်ပြပါနည်းလမ်းရှစ်သွယ်က သင့်အစားအစာကို အေးမြနေစေပါလိမ့်မယ်၊ ဒါပေမဲ့ အစားအစာဘေးကင်းလုံခြုံမှုအတွက် သင့်လျော်တဲ့အပူချိန်ကို အပူချိန်တိုင်းကိရိယာနဲ့ စောင့်ကြည့်စစ်ဆေးဖို့တော့ မမေ့ပါနဲ့နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: 9 Ways To Keep Food Cold Without Electricity (urbansurvivalsite.com)

 

[Zawgyi]

လွ်ပ္စစ္မီးမ႐ွိဘဲ အစားအစာ ေအးျမေနေစရန္ နည္းလမ္း (၈) သြယ္

 

အစားအစာတစ္ခုကို လွ်ပ္စစ္မီးမ႐ွိဘဲ သိုေလွာင္ဖို႔အတြက္ ၎အစာအစာကို ဘယ္အပူခ်ိန္မွာ သိုေလွာင္ဖို႔လိုတယ္ဆိုတာကို နားလည္ဖို႔ လိုပါတယ္။ (အထူးသျဖင့္ ပ်က္စီးပုပ္သိုးလြယ္ေသာ စားဖြယ္) အစားအစာေတြကို မသင့္‌ေလ်ာ္တဲ့အပူခ်ိန္ေတြမွာ သိုေလွာင္တဲ့အခါ ဗက္တီးရီးယားပိုးေတြကို တိုးပြားပ်ံ႕ႏွံ႔ေစပါတယ္။ အလြန္ျမင့္မားတဲ့အပူခ်ိန္မွာ ထား႐ွိထားတဲ့ အစားအစာကို သင္က စားသုံးလိုက္တယ္ဆိုရင္ သင့္မွာ အစားအစာေၾကာင့္ျဖစ္တဲ့ နာမက်န္းမႈတစ္ခုခု ျဖစ္ပြားႏိုင္ေျချမင့္မားပါတယ္။

အပူခ်ိန္ ၄၀ ဒီဂရီဖာရင္ဟိုက္ (၄.၄ ဒီဂရီဆဲလ္ဆီးယပ္စ္) ႏွင့္ေအာက္တြင္ သိုေလွာင္ရမည့္ အစားအစာမ်ား

- အသားငါး

- ပင္လယ္စာ

- ႏို႔ႏွင့္ ႏို႔ထြက္ကုန္မ်ား

- ခ်က္ျပဳတ္ထားေသာသ စားဖြယ္မ်ား

- ျခံထြက္မဟုတ္ေသာ ၾကက္ဥ၊ ဘဲဥ၊ ငုံးဥမ်ား

- ဖြင့္ထားၿပီးေသာ စားပြဲတင္ေဆာ့စ္ႏွင့္ စားၿမိန္ရည္မ်ား

အခန္းအပူခ်ိန္တြင္ သိုေလွာင္ရမည့္ အစားအစာမ်ား

- ပ်ားရည္

- ဆီမ်ား

- (အဖုံးမဖြင့္ရေသးေသာ) စည္သြပ္ထားသည့္ အစားအစာ

- ေပါင္မုန္႔

- ပဲေျခာက္မ်ား၊ ထမင္း၊ ပါစတာ

- ေကာ္ဖီ

- ေထာပတ္

- ခရမ္းခ်ဥ္သီးမ်ား

- ငွက္ေပ်ာသီးမ်ား

- အာလူးမ်ား

- ေဆာင္းဖ႐ုံသီး

လွ်ပ္စစ္မီးမ႐ွိဘဲ အစားအစာ ေအးျမေနေစရန္ နည္းလမ္း ၈ သြယ္

၁။ သင့္အစားအစာကို ထုပ္ပိုးပါ

အကယ္၍သင္က သင့္အစားအစာကို တိုေတာင္းတဲ့အခ်ိန္ပိုင္းတစ္ခုၾကာ ေအးျမေနေစဖို႔ပဲ လိုတယ္ဆိုရင္ အ႐ိုး႐ွင္းဆုံးနည္းလမ္းတစ္ခုကေတာ့ ၎အစားအစာကို ႀကီးမားတဲ့အထည္စတစ္ခုနဲ႔ လုံျခဳံေအာင္ ထုပ္ပိုးတာပါပဲ။ အဲဒီအထည္စကို ေရေအး႐ႊဲေနေအာင္စြတ္ကာ ေရစင္ေအာင္ညႇစ္ၿပီး ေအးေနေစဖို႔ေတာ့ လိုပါတယ္။ အထည္စမွာ အေအးဓာတ္မ႐ွိေတာ့ဘူးဆိုတာနဲ႔ အထည္စ ျပန္ေအးေအာင္ ေရျပန္စြတ္၍ ေရျပန္ညႇစ္ျခင္းလုပ္ငန္းစဥ္ကို ျပန္ေက်ာ့ပါ။ အဲဒီအဝတ္စနဲ႔ထုပ္ပိုးထားတဲ့ အစားအစာကို အရိပ္ရၿပီး ေအးျမတဲ့ေနရာ၊ အပူခ်ိန္နိမ့္တဲ့ေနရာမွာ ထားပါ။

၂။ ေျမအိုးေရခဲေသတၱာ အသုံးျပဳပါ

အာရဗစ္ဘာသာစကားနဲ႔ Zeer လို႔ေခၚၿပီး အဂၤလိပ္လို pot-in-pot refrigerator ေျမအိုးေရခဲေသတၱာ (အဝအ႐ြယ္အစားအနည္းငယ္ကြာေသာ ေျမအိုးႏွစ္လုံးကို စြပ္ကာ ၾကားမွဟေနသည့္ ပတ္ပတ္လည္ထဲ သဲ၊ ေက်ာက္စရစ္၊ ေရတို႔ထည့္ကာ အတြင္းေျမအိုးထဲ အစားအစာကို ထည့္၍ ေျမအိုးႏွစ္အိုးစလုံး၏ အေပၚမွ ေရစင္ေအာင္ ညႇစ္ထားေသာ ေရစိုဝတ္ဖုံးလႊမ္းျခင္း။ ေရစိုဝတ္အား အၿမဲစိုစြတ္ေနပါေစ။ အခ်ိဳ႕လည္း ေရစိုဝတ္ျဖင့္မဟုတ္ဘဲ အဖုံးတစ္ခုခုျဖင့္ ဖုံးၾကပါတယ္) ကို အသုံးျပဳပါ။ ကမ႓ာ့ေဒသအမ်ားအျပားမွာ ယခုတိုင္ ၎အိုးေတြကို အသုံးျပဳေနၾကဆဲျဖစ္ပါတယ္။

၃။ ေရေငြ႕ပ်ံေရခဲေသတၱာ ဖန္တီးပါ

ေရျဖည့္ထားတဲ့ ဗန္းက်ယ္က်ယ္အေပၚမွာ (ေ႐ႊ႕လို႔ျပဳလို႔ရတဲ့) အဆင့္မ်ားပါေသာ စင္တစ္ခုတင္ပါ။ စင္နံေဘးနဲ႔အထက္ဝန္းက်င္ပတ္လည္ကို ေရစိုဝတ္နဲ႔ ပတ္ပတ္လည္ပိတ္ဖုံးထားၿပီး စင္အတြင္း႐ွိ အဆင့္ေတြမွာ အစားအစာကို ထား႐ွိျခင္းျဖစ္ပါတယ္။ ၎ေရေငြ႕ပ်ံေရခဲေသတၱာကို ေလတိုက္တဲ့ေနရာမွာ ထား႐ွိတာ ပိုေကာင္းပါတယ္။ တိုက္ခတ္လာတဲ့ေလေတြက ေရမ်က္ႏွာျပင္ကို ျဖတ္ၿပီး စင္ေပၚကို အေအးဓာတ္ထုတ္လႊတ္မွာမို႔လို႔ပဲ ျဖစ္ပါတယ္။

၄။ အစားအစာကို ေျမေအာက္ခန္းမွာ သိုေလွာင္ပါ

ဒီနည္းလမ္းကေတာ့ ေျမေအာက္ခန္း႐ွိသူေတြအတြက္ပါ။ ေရခဲဘူးနဲ႔ ေရခဲေသတၱာတို႔ မေပၚမီ လူေတြေလ့လာေတြ႕႐ွိခဲ့တာကေတာ့ ေျမေအာက္မွာ ပိုေအးတယ္ဆိုတာပါပဲ။ အကယ္၍ သင့္မွာ ေျမေအာက္ခန္း႐ွိတယ္ဆိုရင္ ေျမေအာက္ခန္းေတြက အေပၚထပ္ေတြထက္ ပိုေအးတယ္ဆိုတာကို သင္သိ႐ွိသေဘာေပါက္ထားႏွင့္ၿပီးသားျဖစ္ႏိုင္ပါတယ္။ ဟိုးေ႐ွးရာစုႏွစ္ခ်ီၾကာခဲ့တဲ့ေခတ္ေတြတုန္းကဆို လူေတြက အာလူးနဲ႔ မုန္လာဥလိုမ်ိဳး သစ္ျမစ္သစ္သီးဝလံေတြကို သိုေလွာင္ဖို႔ ေျမေအာက္ခန္းေတြ ဖန္တီးခဲ့ၾကပါတယ္။

၅။ အနီးအနား႐ွိ ေအးျမေသာစမ္းေခ်ာင္းကို အသုံးျပဳပါ

သင့္အိမ္အနားမွာ စီးဆင္းေနတဲ့၊ ေအးျမတဲ့ စမ္းေခ်ာင္းတစ္ခု ႐ွိပါသလား? ေရ၊ ေလလုံတဲ့ သိုေလွာင္ဘူးတစ္ခုထဲ အစားအစာကို ထည့္ကာ ထိုဘူးအား စမ္းေခ်ာင္းေရထဲမွာ စမ္းေခ်ာင္း‌ေရထဲ ေမ်ာမသြားေအာင္ ေသခ်ာစီမံထား႐ွိပါ။

၆။ တြင္းအိမ္ သို႔မဟုတ္ စမ္းအိမ္တည္ေဆာက္ပါ

လြန္ခဲ့တဲ့ ရာစုႏွစ္ေတြတုန္းက လူေတြဟာ အစားအစာသိုေလွာင္ဖို႔အတြက္ ေရတြင္းအေပၚ သို႔မဟုတ္ စမ္းအေပၚမွာျဖတ္၍ အေဆာက္အအုံငယ္ေလးေတြ တည္ေဆာက္ခဲ့ၾကပါတယ္။ စမ္းေရ/တြင္းေရမွ အေအးဓာတ္က အစားအစာကို လွ်ပ္စစ္မီးမလိုဘဲ ေအးျမေနေစပါတယ္။

စမ္းအိမ္ သို႔မဟုတ္ တြင္းအိမ္တည္ေဆာက္ျခင္းနဲ႔ပတ္သက္တဲ့ ျပႆနာကေတာ့ တည္ေဆာက္စရိတ္ႀကီးမားမႈနဲ႔ အလုပ္မ်ားမႈပဲျဖစ္ပါတယ္။ ဒါေပမဲ့လည္း ၎အိမ္ေတြဟာ ႏွစ္ေပါင္းမ်ားစြာ ၾကာ႐ွည္ခံပါတယ္။ အခ်ိဳ႕ေကာင္းေကာင္းေဆာက္ထားတဲ့ စမ္းအိမ္ေတြဆို ရာစုႏွစ္နဲ႔ခ်ီ တာ႐ွည္ခံတယ္လို႔ သိရပါတယ္။

၇။ ေရခဲဘူး ျပဳလုပ္ပါ

ေရခဲဘူး/ပုံးေတြဟာ သင္ထင္ေကာင္းထင္ႏိုင္သေလာက္ေတာ့ သက္တမ္းမရင့္ေသးပါဘူး။ ၁၉၄၀ ဝန္းက်င္နဲ႔ ၁၉၅၀ ဝန္းက်င္မွာ ေပၚေပါက္ကာစတင္ေရပန္းစားခဲ့တာျဖစ္ပါတယ္။ ေရခဲေသတၱာမတီထြင္ႏိုင္မီမွာ ေရခဲဘူး/ပုံးေတြကိုပဲ အမ်ားအားျဖင့္ သုံးခဲ့ၾကရတာပါ။ ေရခဲဘူး/ပုံးတစ္ခု ႐ွိဖို႔အတြက္ သင့္မွာ ေရခဲ႐ွိဖို႔လိုပါတယ္။ ဘူး/ပုံးထဲ ေရခဲထည့္ၿပီး ထိုပုံးထဲ အစားအစာကို ထည့္ကာ သိုေလွာင္ျခင္းနည္းပဲျဖစ္ပါတယ္။ ဟိုတုန္းကေတာ့ ေရခဲကို ေရခဲေနတဲ့ကန္ေတြကေန ယူၿပီး ေကာက္႐ိုးမွ်င္၊ လႊစာေတြနဲ႔ သိုေလွာင္ခဲ့ၾကရတာျဖစ္ပါတယ္။

၈။ မီးေသြးအေအးခံဘူး ျပဳလုပ္ပါ

မီးေသြးအေအးခံဘူးဆိုတာ သစ္သားေဘာင္ေတြနဲ႔ တည္ေဆာက္ထားတဲ့ သိုေလွာင္႐ုံငယ္ေလးကို သစ္သားေဘာင္ေတြၾကားထဲ ဆန္ခါစအက်ဲျဖင့္ မီးေသြးေတြသြပ္သြင္းကာ ‘မီးေသြးနံရံမ်ား႐ွိေသာ သိုေလွာင္႐ုံငယ္’ ကို ေျပာတာျဖစ္ပါတယ္။

သင့္အစားအစာကို ေအးျမေနေစပါ

အစားအစာကို လွ်ပ္စစ္မီးမ႐ွိဘဲ ေအးျမေနေစဖို႔ဆိုတာ ခဲရာခဲဆစ္ႏိုင္လွပါတယ္။ သင့္အေနနဲ႔ သင့္အစားအစာမွာ ဗက္တီးရီးယားပိုးမပ်ံ႕ႏွံ႔ေအာင္ ၎အစားအစာကို တစ္သတ္မတ္တည္းေသာအပူခ်ိန္မွာ ထိန္းသိမ္းရပါမယ္။ ေအာက္ေဖာ္ျပပါနည္းလမ္း႐ွစ္သြယ္က သင့္အစားအစာကို ေအးျမေနေစပါလိမ့္မယ္၊ ဒါေပမဲ့ အစားအစာေဘးကင္းလုံျခဳံမႈအတြက္ သင့္ေလ်ာ္တဲ့အပူခ်ိန္ကို အပူခ်ိန္တိုင္းကိရိယာနဲ႔ ေစာင့္ၾကည့္စစ္ေဆးဖို႔ေတာ့ မေမ့ပါနဲ႔ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: 9 Ways To Keep Food Cold Without Electricity (urbansurvivalsite.com)

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Innwa Pyae Sone
Ponnami Estate

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service