သိုင်းလောက၏စိန်ခေါ်သံ သရုပ်ဆောင် ဝေါလေ့စ်ဟောင်၏ သန်း ၁၀၀ ကျော်တန် စံအိမ်
သိုင်းလောက၏စိန်ခေါ်သံ သရုပ်ဆောင် ဝေါလေ့စ်ဟောင်၏ သန်း ၁၀၀ ကျော်တန် စံအိမ် - Property News in Myanmar from iMyanmarHouse.com
15 Mar 2022 10:21 am တွင် တင်ခဲ့သည်
2922 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
သိုင်းလောက၏ စိန်ခေါ်သံသည် မြန်မာရုပ်သံပရိသတ်များအကြား လူကြိုက်အများဆုံး သိုင်းဇာတ်လမ်းတွဲ များတွင် ထိပ်ဆုံးနေရာမှ ပါဝင်သော ဇာတ်လမ်းတွဲတစ်ခုဖြစ်သည်။
ဝေါလေ့စ်ဟောင်သည် ဇာတ်ကားများစွာ သရုပ်ဆောင်ခဲ့သည့်အနက် သိုင်းလောက၏ စိန်ခေါ်သံတွင် ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့မှုမှာ သူ၏ အအောင်မြင်ဆုံးဖြစ်သည်။
ဝေါလေ့စ်ဟောင်ကို ဟောင်ကျန်းဟွာဟုလည်း လူသိများပြီး သူ၏ဇနီးဖြစ်သူ ရူဘီလင်းနှင့် ချစ်ကြိုက်နေကြောင်း ၂၀၁၆ ခုနှစ်အတွင်းက ဝန်ခံခဲ့ပြီးနောက် မကြာမီတွင် လက်ထပ်ခဲ့ကြသည်။
ယခုအခါ ဝေါလေ့စ်ဟောင်တို့ ဇနီးမောင်နှံသည် ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ ကျော်တန် စံအိမ်တစ်လုံးသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး ၎င်းတို့၏ သန်း ၁၀၀ ကျော်တန် နေအိမ်ကို ရုပ်ရှင်မင်းသမီး ရှုကြည်နှင့် ဟောင်ကောင်ရုပ်ရှင်မင်းသား Feng Delun တို့ စုံတွဲအား အငှားချထားပေးခဲ့သည်။
ဝေါလေ့စ်ဟောင်၏ ဇနီး ရူဘီလင်းနှင့် ရုပ်ရှင်မင်းသမီး ရှုကြည်တို့မှာ နှစ်ပေါင်းများစွာ ခင်မင်ခဲ့ကြသော သူငယ်ချင်းများဖြစ်ကြပြီး ၎င်းတို့အကြားခင်မင်မှုသက်တမ်းမှာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပြီ ဖြစ်သည်။
၎င်းတို့နှစ်ဦးသည် အတူစားသောက်၊ ရုပ်ရှင်ကြည့်ကြရုံမျှမက တစ်ဦးရုပ်ရှင်ရိုက်ရာနေရာသို့လည်း တစ်ဦးလိုက်ပါလေ့ရှိကြသည်။
အင်စတာဂရမ်တွင်လည်း တစ်ဦးနှင့်တစ်ဦးထိတွေ့မှုများရှိကြသည်။ ထိုအချက်များကိုကြည့်လျှင် ရူဘီလင်းနှင့် ရှုကြည်အကြားဆက်ဆံရေးမှာ မိတ်ဆွေကောင်းတစ်ဦးအဖြစ် သာမက မိသားစုဝင်တစ်ဦးသဖွယ်ပါ အပြန်အလှန် သဘောထားကြောင်းသိသာသည်။
ဝေါလေ့စ်ဟောင်နှင့် ရူဘီလင်းတို့စုံတွဲသည် ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့ West District ရှိ ထိုင်ဝမ်ဒေါ်လာ သန်း ၁၀၀ ကျော်တန် တန်ဖိုးကြီးစံအိမ်တစ်လုံးသို့ မကြာသေးမီက ပြောင်းရွှေ့သွားခဲ့ကြသည်။
ဝေါလေ့စ်ဟောင်တို့ စုံတွဲသည် ထိုင်ဝမ်ဒေါ်လာ သန်း ၄၀ နီးပါးတန်ကြေးရှိပြီး ထိုင်ဝမ်တွင် ၂ စီးတည်းသာ ရှိသော အနီရောင် Limited Ferrari F12tdf အမျိုးအစား ကားတစ်စီးနှင့် ထိုင်ဝမ်ဒေါ်လာ ၁၇ ဒသမ ၉ သန်းတန် Ferrari GTC4Lusso အမျိုးအစားပြိုင်ကားများလည်း ဝယ်ယူထားသည်။
ဝေါလေ့စ်ဟောင်တို့စုံတွဲသည် စံအိမ်သစ်သို့ပြောင်းရွှေ့ခဲ့ကြသော်လည်း တိုင်ပေမြို့၊ Songshan ခရိုင်ရှိ စံအိမ်ကို ပြန်လည်ရောင်းထုတ်ခြင်း မပြုခဲ့။
ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးအခြေအနေများကြောင့် ရှုကြည်တို့ ဇနီးမောင်နှံမှာ ထိုင်ဝမ်တွင် ယာယီနေထိုင်ရန် နေရာရှာဖွေနေချိန်လည်း ဖြစ်ရာ ကံကောင်းထောက်မစွာဖြင့် ရူဘီလင်း၏ အကူအညီ ရရှိခဲ့ခြင်း ဖြစ်သည်။
ရှုကြည်အား အငှားချပေးသော စံအိမ်ရှိရာဒေသတွင် ၁ စတုရန်းမီတာ ပေါက်ဈေးမှာ ထိုင်ဝမ်ဒေါ်လာ ၃၀၀၀၀၀ ခန့်ရှိရာ ရှုကြည်တို့စုံတွဲကို ငှားရမ်းပေးထားသည့် စံအိမ်တန်ကြေးမှာ ထိုင်ဝမ်ဒေါ်လာ သန်း ၁၀၀ နီးပါးဖြစ်ဖွယ် ရှိသည်။
(သိုင်းလောက၏ စိန်ခေါ်သံ)
သိုင်းလောက၏ စိန်ခေါ်သံ (笑傲江湖) သည် တရုတ်စာရေးဆရာ ကျင်းယုံ၏ သိုင်းဝတ္ထု ဖြစ်ပြီး ၁၉၆၇ ခုနှစ်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ မြန်မာနိုင်ငံတွင် တက္ကသိုလ် နေလင်းအောင်က မြန်မာပြန်ဆိုခဲ့ရာတွင်လည်း အောင်မြင်မှု များစွာ ရရှိခဲ့သည်။
ကျင်းယုံ၏ အခြားဝတ္ထုများနည်းတူ “သိုင်းလောက၏ စိန်ခေါ်သံ”ကိုလည်း ရုပ်ရှင်ဇာတ်လမ်းတွဲအဖြစ် တစ်ကြိမ်ထက်မနည်း ရိုက်ကူးခဲ့သည်။
ကျင်းယုံ ရေးသားခဲ့သော သိုင်းဝတ္ထုများမှာ မြန်မာပရိသတ်များအကြား များစွာကျော်ကြားပြီး ၎င်းဝတ္ထုများကို ရုပ်ရှင်ဇာတ်လမ်းတွဲများအဖြစ် ရိုက်ကူးရာတွင်လည်း များစွာအောင်မြင်ခဲ့သည်။
ကျင်းယုံ၏ လက်ရာများအနက် ထင်ရှားသည်များမှာ
-နဂါးနိုင်ဓား
-သိုင်းလောက၏ စိန်ခေါ်သံ
-သိမ်းငှက်သူရဲကောင်း
-တိမ်လွှာနဂါး သူရဲကောင်းများ
-နှင်းတောင်သူရဲကောင်း အစရှိသည်တို့ ဖြစ်သည်။
(ဝေါလေ့စ်ဟောင် ဘာလဲ)
ဝေါလေ့စ်ဟောင်သည် ထိုင်ဝမ်ရုပ်ရှင်သရုပ်ဆောင်၊ အဆိုတော်၊ ထုတ်လုပ်သူတစ်ဦးဖြစ်သည်။
ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့တွင် ၁၉၇၉ ခုနှစ်၌ မွေးဖွားသည်။
ဇာတ်ကားများစွာ သရုပ်ဆောင်ခဲ့သည့်အနက် ထင်ရှားသည်တို့မှာ Chinese Paladin 3-၂၀၀၉၊ Swordsman-၂၀၁၃ (သိုင်းလောက၏ စိန်ခေါ်သံ)၊ Battle of Changsha (၂၀၁၄) နှင့် The Journey of Flower-၂၀၁၅ တို့ ဖြစ်သည်။
ဖော့ဘ်မဂ္ဂဇင်းကြီး၏ တရုတ်ပြည်ထိပ်တန်းအကျော်အမော် ၁၀၀ စာရင်းတွင် ဝေါလေ့စ်ဟောင်မှာ မကြာခဏ ထည့်သွင်းဖော်ပြခံရသည်။
၂၀၁၆ ခုနှစ်၊ မေလအတွင်း ရုပ်ရှင်မင်းသမီး ရူဘီလင်းနှင့် ချစ်ကြိုက်နေကြောင်း ဝေါလေ့စ်ဟောင်က အတည်ပြုခဲ့ကာ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း၌ လက်ထပ်ခဲ့ကြသည်။
(ဆက်စပ်သတင်း)
ဝေါလေ့စ်ဟောင်၏ စံအိမ်အကြောင်း ဖတ်ရှုရမှုအပေါ် ကျေနပ်နှစ်သက်မည်ဟု iMyanmarHouse.com မှ မျှော်လင့်ပါသည်။ ဖတ်ရှုပြီးနောက် သင်၏ ထင်မြင်ယူဆချက်များကိုလည်း ကွန်မန့်တွင် ဝေမျှပေးခဲ့ပါဦးနော်။ ဝေါလေ့စ်ဟောင်၏ စံအိမ်အကြောင်းကဲ့သို့ အခြားသော အကျော်အမော်များ၏ စံအိမ်များအကြောင်းကိုလည်း iMyanmarHose.com ၏ သတင်းစာမျက်နှာ https://www.iMyanmarHouse.com/news တွင် ဖတ်ရှုနိုင်ပါသည်။
နောက်ဆုံးအချက်ကား အခြားမည်သည့် အကျော်အမော်၏ စံအိမ်အကြောင်း iMyanmarHouse.com မှာ ဖတ်ရှုလိုပါသလဲ။ ဖတ်ချင်သည့် အကျော်အမော်၏ အမည်ကို ကွန်မန့်မှာ ရေးသားပေးခဲ့ကြပါဦး။ အဆုံးအထိ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Ruby Lin Huo Jianhua moved into a new house with over 100 million yuan and borrowed nearly 100 million old house for Shu Qi and Feng Delun (lujuba)
[Zawgyi]
-နဂါးနိုင်ဓား
-သိမ်းငှက်သူရဲကောင်း
(ဝေါလေ့စ်ဟောင် ဘာလဲ)
(ဆက်စပ်သတင်း)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service