ဉာဏ်ရည်ထက်မြက်လွန်းသူတွေ ကြုံတွေ့ရသည့် အခက်အခဲ (၆) ခု

ဉာဏ်ရည်ထက်မြက်လွန်းသူတွေ ကြုံတွေ့ရသည့် အခက်အခဲ (၆) ခု - Property Knowledge in Myanmar from iMyanmarHouse.com
14 Mar 2022 12:24 pm တွင် တင်ခဲ့သည်
2262 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

အရမ်းတော်ပြီး ဉာဏ်ရည်ထက်မြက်တဲ့သူတွေကို စူပါလူသားတွေအဖြစ် အများစုက မှတ်ထင်တတ်ကြပါတယ်။ သူတို့ရဲ့ ဦးနှောက်အရည်အသွေးက ဘဝအခက်အခဲတွေကို အလွယ်တကူကျော်ဖြတ်နိုင်အောင် ကူညီပေးပြီး သာမန်လူတွေရဲ့ ပြဿနာတွေလောက်ကို ရုန်းကန်နေစရာမလိုဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ မဟုတ်ပါဘူး။ ဘယ်လောက်ပဲ ဉာဏ်ရည်ထက်မြက်နေပါစေ သူတို့လည်း ပုခုံးနှစ်ဖက်ကြား ခေါင်းပေါက်တဲ့ လူတွေပဲ ဖြစ်ပါတယ်။

တကယ်ဆိုရင် အရမ်းတော်ပြီး ဉာဏ်ရည်ထက်မြက်တဲ့သူတွေက အခြားသူတွေနဲ့ မတူပဲ ရုန်းကန်ရတာတွေ ရှိကြပါတယ်။ သူတို့က ဉာဏ်ရည်ထက်မြက်တဲ့အတွက် သူတို့ရဲ့ အပြုအမူအပေါ် အခြားသူတွေက နားမလည်နိုင်ဖြစ်ကြပြီး အထီးကျန်နေတတ်ပါတယ်။ သူငယ်ချင်းတွေနဲ့ မိသားစုဝင်တွေကလည်း သင့်ခံစားချက်တွေကို နားလည်မှာမဟုတ်ပါဘူး။ သင့်မှာလည်း အခုဖော်ပြမယ့် အခက်အခဲတွေနဲ့ ရုန်းကန်မှုတွေ ရှိနေတယ်ဆိုရင် ဉာဏ်ရည်ထက်မြက်သူတစ်ယောက်အဖြစ် ဂုဏ်ယူလိုက်ပါ။

၁။ အလာပသလာပစကားတွေပြောဖို့ စိတ်မပါဘူး

သင်က ဉာဏ်ရည်ထက်မြက်သူတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘာမဟုတ်တဲ့ သာမန်အကြောင်းကိစ္စတွေကို ပြောဆိုနေကြတဲ့ စကားဝိုင်းမှာ ဝင်ပါဖို့အတွက် အဆင်ပြေမှာမဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သင့်ခေါင်းထဲမှာ ကြီးကျယ်ခမ်းနားတဲ့ စိတ်ကူးအကြံဉာဏ်တွေနဲ့ ပြည့်နေတာကြောင့် ဖြစ်ပါတယ်။ သင် စိတ်ဝင်စားတဲ့ အကြောင်းအရာတွေက သိပ္ပံပညာ၊ အနုပညာ၊ ဒဿန စတာမျိုးတွေ ဖြစ်နေတတ်ပြီး သာမန်စကားဝိုင်းတွေမှာ သိပ်ပြောလေ့မရှိတဲ့အကြောင်းအရာတွေ ဖြစ်ပါတယ်။ ဒါကြောင့် သာမန်စကားဝိုင်းတွေမှာ ဝင်ရောက်ဆွေးနွေပြောဆိုဖို့က သင့်အတွက် အချိန်ဖြုန်းရာရောက်ပြီး မွန်းကျပ်သလို ခံစားရစေနိုင်ပါတယ်။

၂။ ပြောတာထက် စဉ်းစားတာ ပိုများတယ်

သင့်ရဲ့ဦးနှောက်က အကြောင်းကိစ္စတစ်ခု၊ ပြဿနာတစ်ခုနဲ့ ပတ်သက်ပြီး ဖြစ်နိုင်ချေရှိတဲ့ ဖြေရှင်းချက်တွေကို ရှာဖွေနေတတ်တာကြောင့် သင့်အယူအဆတွေ၊ ဆုံးဖြတ်ချက်တွေကို ထုတ်မပြောခင်မှာ စဉ်းစားချိန်က သာမန်လူတွေထက် ပိုကြာတတ်ပါတယ်။ ဒါတင်မကသေးပါဘူး။ အဖြေမှန်တစ်ခု၊ စိတ်ကူးကောင်းတစ်ခု မဟုတ်သေးဘူးလို့ ထင်နေရင်လည်း စကားတစ်လုံးမှ ပြောမှာမဟုတ်ပါဘူး။ ဒီလို စဉ်းစားတွေးခေါ်တဲ့ နည်းလမ်းကို သင့်ပတ်ဝန်းကျင်က လူတွေက နားမလည်နိုင်ကြတဲ့အတွက် သင့်ကို သီးခြားနေတတ်သူတစ်ယောက်၊ စိတ်မဝင်စားသူတစ်ယောက်အဖြစ် မှတ်ထင်ကြပါလိမ့်မယ်။

၃။ အလုပ်မှာ အလွယ်တကူ ပျင်းရိလာတတ်တယ်

သင့်ရဲ့ ဦးနှောက်က စိတ်ကူးသစ်တွေ၊ လုပ်ငန်းအသစ်တွေကိုပဲ အမြဲတစေတောင့်တနေတတ်တာကြောင့် စိတ်ဝင်စားမိတဲ့အလုပ်တစ်ခုကို နားလည်ကျွမ်းကျင်လာပြီဆိုရင် ပျင်းရိငြီးငွေ့လာတတ်ပါတယ်။ တစ်နေ့တာ ပုံမှန်အလုပ်တွေ ပြီးစီးဖို့ကိုတောင်မှ မနည်းလုပ်ဆောင်ရပါလိမ့်မယ်။ သင့်အလုပ်ရှင်ကလည်း ဒီအချက်ကို နားမလည်နိုင်ပဲ လုပ်ရိုးလုပ်စဉ်အလုပ်တွေ ပြီးဖို့ကိုပဲ ခိုင်းနေဦးမှာပါ။

၄။ တစ်ခုခုလုပ်ဖို့ နှောင့်နှေးကြန့်ကြာတတ်ပါတယ်။

စိတ်ကူးအိုင်ဒီယာသမားထက် လက်တွေ့လုပ်တတ်သူတွေကို အသိအမှတ်ပြုတတ်သူတွေကြားမှာ စိတ်ကူးသမားတွေကို အလုပ်လက်ကြောမတင်းသူတွေလို့ ယူဆတ်ကြပါတယ်။ တကယ်တော့ ဉာဏ်ရည်ထက်မြက်တဲ့သူတွေက စိတ်ကူးအမျိုးမျိုးကို အကြံထုတ်နေတာဖြစ်တဲ့အတွက် တကယ်လုပ်တဲ့အခါမှာ နှောင့်နှေးကြန့်ကြာတတ်တာဖြစ်ပါတယ်။

၅။ လူမှုဆက်ဆံရေး မကောင်းသူအဖြစ် သတ်မှတ်ခံရတယ်

ဒီလိုအထင်ခံရတာကတော့ ခုနကဖော်ပြခဲ့တဲ့ အချက်တွေရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ အလာပသလာပစကားဝိုင်းတွေကို ရှောင်တယ်၊ မသေချာသေးရင် စကားမပြောဘူး၊ စိတ်ကူးအကြံဟောင်းတွေကို အထင်မကြီးဘူး၊ တကယ်အကောင်အထည်ဖော်ဖို့ထက် စိတ်ကူးဖို့ကိုပဲ အားသန်တယ် စတဲ့ အချက်တွေကြောင့် လူမှုဆက်ဆံရေး မကောင်းသူအဖြစ် ပတ်ဝန်းကျင်က လူတွေက သတ်မှတ်လိုက်မှာ ဖြစ်ပါတယ်။ သူတို့နားမလည်နိုင်လေ သင့်ကို ဂေါက်သီးတစ်ယောက်အဖြစ် ပိုသတ်မှတ်လေးပဲ ဖြစ်ပါတယ်။

၆။ အချစ်နဲ့ တွေ့ဖို့ ခက်ခဲတယ်

သင့်အတွက် အချစ်ရေးကိစ္စက သာမန်လူတွေထက် ခက်ခဲနေတတ်ပါတယ်။ သတိကြီးကြီးထားတတ်တာ၊ ကျိုးကြောင်းချင်းချိန်စဉ်းစားတတ်တာနဲ့ အခြားသူတွေထက် လွတ်လွတ်လပ်လပ်နေတတ်တာတွေကြောင့် အရမ်းသွေးအေးပြီး ထိန်းသိမ်းနေတတ်ပါတယ်။ ဒါ့အပြင် သင့်ကိုယ်သင် ထိန်းချုပ်လွန်းတဲ့အတွက် သဘာဝအတိုင်း စိတ်ဝင်စားချစ်မိသွားတာမျိုးလည်း ရှိမှာမဟုတ်ပါဘူး။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: Gentleman Magazine

 

[Zawgyi]

ဉာဏ္ရည္ထက္ျမက္လြန္းသူေတြ ၾကဳံေတြ႕ရသည့္ အခက္အခဲ (၆) ခု

အရမ္းေတာ္ၿပီး ဉာဏ္ရည္ထက္ျမက္တဲ့သူေတြကို စူပါလူသားေတြအျဖစ္ အမ်ားစုက မွတ္ထင္တတ္ၾကပါတယ္။ သူတို႔ရဲ႕ ဦးေႏွာက္အရည္အေသြးက ဘဝအခက္အခဲေတြကို အလြယ္တကူေက်ာ္ျဖတ္ႏိုင္ေအာင္ ကူညီေပးၿပီး သာမန္လူေတြရဲ႕ ျပႆနာေတြေလာက္ကို ႐ုန္းကန္ေနစရာမလိုဘူးလို႔ ထင္ၾကပါတယ္။ တကယ္ေတာ့ မဟုတ္ပါဘူး။ ဘယ္ေလာက္ပဲ ဉာဏ္ရည္ထက္ျမက္ေနပါေစ သူတို႔လည္း ပုခုံးႏွစ္ဖက္ၾကား ေခါင္းေပါက္တဲ့ လူေတြပဲ ျဖစ္ပါတယ္။

တကယ္ဆိုရင္ အရမ္းေတာ္ၿပီး ဉာဏ္ရည္ထက္ျမက္တဲ့သူေတြက အျခားသူေတြနဲ႔ မတူပဲ ႐ုန္းကန္ရတာေတြ ႐ွိၾကပါတယ္။ သူတို႔က ဉာဏ္ရည္ထက္ျမက္တဲ့အတြက္ သူတို႔ရဲ႕ အျပဳအမူအေပၚ အျခားသူေတြက နားမလည္ႏိုင္ျဖစ္ၾကၿပီး အထီးက်န္ေနတတ္ပါတယ္။ သူငယ္ခ်င္းေတြနဲ႔ မိသားစုဝင္ေတြကလည္း သင့္ခံစားခ်က္ေတြကို နားလည္မွာမဟုတ္ပါဘူး။ သင့္မွာလည္း အခုေဖာ္ျပမယ့္ အခက္အခဲေတြနဲ႔ ႐ုန္းကန္မႈေတြ ႐ွိေနတယ္ဆိုရင္ ဉာဏ္ရည္ထက္ျမက္သူတစ္ေယာက္အျဖစ္ ဂုဏ္ယူလိုက္ပါ။

၁။ အလာပသလာပစကားေတြေျပာဖို႔ စိတ္မပါဘူး

သင္က ဉာဏ္ရည္ထက္ျမက္သူတစ္ေယာက္ျဖစ္ခဲ့မယ္ဆိုရင္ ဘာမဟုတ္တဲ့ သာမန္အေၾကာင္းကိစၥေတြကို ေျပာဆိုေနၾကတဲ့ စကားဝိုင္းမွာ ၀င္ပါဖို႔အတြက္ အဆင္ေျပမွာမဟုတ္ပါဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သင့္ေခါင္းထဲမွာ ႀကီးက်ယ္ခမ္းနားတဲ့ စိတ္ကူးအၾကံဉာဏ္ေတြနဲ႔ ျပည့္ေနတာေၾကာင့္ ျဖစ္ပါတယ္။ သင္ စိတ္ဝင္စားတဲ့ အေၾကာင္းအရာေတြက သိပၸံပညာ၊ အႏုပညာ၊ ဒႆန စတာမ်ိဳးေတြ ျဖစ္ေနတတ္ၿပီး သာမန္စကားဝိုင္းေတြမွာ သိပ္ေျပာေလ့မ႐ွိတဲ့အေၾကာင္းအရာေတြ ျဖစ္ပါတယ္။ ဒါေၾကာင့္ သာမန္စကားဝိုင္းေတြမွာ ၀င္ေရာက္ေဆြးေႏြေျပာဆိုဖို႔က သင့္အတြက္ အခ်ိန္ျဖဳန္းရာေရာက္ၿပီး မြန္းက်ပ္သလို ခံစားရေစႏိုင္ပါတယ္။

၂။ ေျပာတာထက္ စဥ္းစားတာ ပိုမ်ားတယ္

သင့္ရဲ႕ဦးေႏွာက္က အေၾကာင္းကိစၥတစ္ခု၊ ျပႆနာတစ္ခုနဲ႔ ပတ္သက္ၿပီး ျဖစ္ႏိုင္ေခ်႐ွိတဲ့ ေျဖ႐ွင္းခ်က္ေတြကို ႐ွာေဖြေနတတ္တာေၾကာင့္ သင့္အယူအဆေတြ၊ ဆုံးျဖတ္ခ်က္ေတြကို ထုတ္မေျပာခင္မွာ စဥ္းစားခ်ိန္က သာမန္လူေတြထက္ ပိုၾကာတတ္ပါတယ္။ ဒါတင္မကေသးပါဘူး။ အေျဖမွန္တစ္ခု၊ စိတ္ကူးေကာင္းတစ္ခု မဟုတ္ေသးဘူးလို႔ ထင္ေနရင္လည္း စကားတစ္လုံးမွ ေျပာမွာမဟုတ္ပါဘူး။ ဒီလို စဥ္းစားေတြးေခၚတဲ့ နည္းလမ္းကို သင့္ပတ္ဝန္းက်င္က လူေတြက နားမလည္ႏိုင္ၾကတဲ့အတြက္ သင့္ကို သီးျခားေနတတ္သူတစ္ေယာက္၊ စိတ္မဝင္စားသူတစ္ေယာက္အျဖစ္ မွတ္ထင္ၾကပါလိမ့္မယ္။

၃။ အလုပ္မွာ အလြယ္တကူ ပ်င္းရိလာတတ္တယ္

သင့္ရဲ႕ ဦးေႏွာက္က စိတ္ကူးသစ္ေတြ၊ လုပ္ငန္းအသစ္ေတြကိုပဲ အၿမဲတေစေတာင့္တေနတတ္တာေၾကာင့္ စိတ္ဝင္စားမိတဲ့အလုပ္တစ္ခုကို နားလည္ကြၽမ္းက်င္လာၿပီဆိုရင္ ပ်င္းရိၿငီးေငြ႕လာတတ္ပါတယ္။ တစ္ေန႔တာ ပုံမွန္အလုပ္ေတြ ၿပီးစီးဖို႔ကိုေတာင္မွ မနည္းလုပ္ေဆာင္ရပါလိမ့္မယ္။ သင့္အလုပ္႐ွင္ကလည္း ဒီအခ်က္ကို နားမလည္ႏိုင္ပဲ လုပ္႐ိုးလုပ္စဥ္အလုပ္ေတြ ၿပီးဖို႔ကိုပဲ ခိုင္းေနဦးမွာပါ။

၄။ တစ္ခုခုလုပ္ဖို႔ ေႏွာင့္ေႏွးၾကန္႔ၾကာတတ္ပါတယ္။

စိတ္ကူးအိုင္ဒီယာသမားထက္ လက္ေတြ႕လုပ္တတ္သူေတြကို အသိအမွတ္ျပဳတတ္သူေတြၾကားမွာ စိတ္ကူးသမားေတြကို အလုပ္လက္ေၾကာမတင္းသူေတြလို႔ ယူဆတ္ၾကပါတယ္။ တကယ္ေတာ့ ဉာဏ္ရည္ထက္ျမက္တဲ့သူေတြက စိတ္ကူးအမ်ိဳးမ်ိဳးကို အၾကံထုတ္ေနတာျဖစ္တဲ့အတြက္ တကယ္လုပ္တဲ့အခါမွာ ေႏွာင့္ေႏွးၾကန္႔ၾကာတတ္တာျဖစ္ပါတယ္။

၅။ လူမႈဆက္ဆံေရး မေကာင္းသူအျဖစ္ သတ္မွတ္ခံရတယ္

ဒီလိုအထင္ခံရတာကေတာ့ ခုနကေဖာ္ျပခဲ့တဲ့ အခ်က္ေတြရဲ႕ ရလဒ္တစ္ခုျဖစ္ပါတယ္။ သင့္အေနနဲ႔ အလာပသလာပစကားဝိုင္းေတြကို ေ႐ွာင္တယ္၊ မေသခ်ာေသးရင္ စကားမေျပာဘူး၊ စိတ္ကူးအၾကံေဟာင္းေတြကို အထင္မႀကီးဘူး၊ တကယ္အေကာင္အထည္ေဖာ္ဖို႔ထက္ စိတ္ကူးဖို႔ကိုပဲ အားသန္တယ္ စတဲ့ အခ်က္ေတြေၾကာင့္ လူမႈဆက္ဆံေရး မေကာင္းသူအျဖစ္ ပတ္ဝန္းက်င္က လူေတြက သတ္မွတ္လိုက္မွာ ျဖစ္ပါတယ္။ သူတို႔နားမလည္ႏိုင္ေလ သင့္ကို ေဂါက္သီးတစ္ေယာက္အျဖစ္ ပိုသတ္မွတ္ေလးပဲ ျဖစ္ပါတယ္။

၆။ အခ်စ္နဲ႔ ေတြ႕ဖို႔ ခက္ခဲတယ္

သင့္အတြက္ အခ်စ္ေရးကိစၥက သာမန္လူေတြထက္ ခက္ခဲေနတတ္ပါတယ္။ သတိႀကီးႀကီးထားတတ္တာ၊ က်ိဳးေၾကာင္းခ်င္းခ်ိန္စဥ္းစားတတ္တာနဲ႔ အျခားသူေတြထက္ လြတ္လြတ္လပ္လပ္ေနတတ္တာေတြေၾကာင့္ အရမ္းေသြးေအးၿပီး ထိန္းသိမ္းေနတတ္ပါတယ္။ ဒါ့အျပင္ သင့္ကိုယ္သင္ ထိန္းခ်ဳပ္လြန္းတဲ့အတြက္ သဘာဝအတိုင္း စိတ္ဝင္စားခ်စ္မိသြားတာမ်ိဳးလည္း ႐ွိမွာမဟုတ္ပါဘူး။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: Gentleman Magazine

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
တရုတ်ပြည်တွင် မိန်းကလေးတစ်ဦးက အိမ်လခ သက်သာစေရန်အတွက် ၎င်းအလုပ်လုပ်သည့်စက်ရုံရှိ အိမ်သာခန်းအတွင်း နေထိုင်သည့်ဖြစ်ရပ် လူမှ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service