ပေးလိုက်တာကပရိုဘောက်စ်ကား ပြန်ရလာတော့ မြေဂရန် အတု

ပေးလိုက်တာကပရိုဘောက်စ်ကား ပြန်ရလာတော့ မြေဂရန် အတု - Property Knowledge in Myanmar from iMyanmarHouse.com
14 Mar 2022 11:32 am တွင် တင်ခဲ့သည်
830 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

ကျွန်တော်တို့ မြန်မာလူမျိုးများဟာ တစ်ဖက်သားကို အလွန်အားနာတတ်သော စိတ်လွန်ကဲကြတာကို တွေ့ရပါတယ်။ တစ်ဖက်သားအခက်အခဲရှိ၍ အကူအညီတောင်းလာလျင်လည်း အစွမ်းကုန်ကူညီတတ်ကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် ဘာသာရေးအဆုံးအမအတိုင်းလိုက်နာကျင့်သုံးသူများဆိုရင် ပိုလို့ပင်အားနားတတ်ကြတာကို တွေ့ရပါတယ်။

အကူအညီတောင်းလာသူတစ်ဦးက အသက်ဘေးနဲ့ ရင်ဆိုင်ရတဲ့အတွက်ကြောင့် ဒုက္ခဘေးခံစားနေရတာကို မြင်တွေ့ရရင် ကူညီချင်တဲ့ စ်ိတ်တွေ တစ်ဖွားဖွားပေါ်လာကာ ကိုယ်ကျိုးကို မကြည့်ဘဲ ကူညီလိုက်တာမျိုးတွေ့ရတယ်။ စားဝတ်နေရေး အခက်အခဲဖြစ်နေရင်လည်း ငွေကြေးနဲ့ ကူညီတတ်ကြပြန်တယ်။

ဒါပေမဲ့ အဲဒီလို စေတနာတရားအပြည့်နဲ့ ကူညီပေးလိုက်ပေမယ့် တစ်ဖက်လူက စေတနာကို မတုံ့ပြန်ဘဲ စေတနာနဲ့ ကူညီတဲ့လူကို ကျေးဇူးမတင်တဲ့အပြင် ရန်သူသဖွယ် ဆက်ဆံခံရတာမျိုးတွေလည်း လူ့ဘဝမှာ ရှိနေတာကိုတွေ့ရတယ်။

စေတနာဆိုတဲ့နေရာမှာ စေတနာသုံးတန် (မလှူမီ၊ လှူဆဲ ၊ လှူပြီး) နဲ့ လှူတာတွေကတော့ သံသရာကောင်းဖို့အတွက် ရည်မှန်းပြီး ပေးကမ်းစွန့်ကျဲတာဖြစ်ပါတယ်။ ပုထုဇဉ်လူသားတွေရဲ့ဘဝမှာ ရသမျှအကုန်ပေးကမ်းစွန့်ကျဲလိုက်လို့လည်းမဖြစ်သေးဘူးလေ။ ဗုဒ္ဓဘုရားရှင် ဟောကြားထားတဲ့အတိုင်းတစ်နေ့ရလာတဲ့ ဝင်ငွေရဲ့လေးပုံတစ်ပုံပဲလှူရတာ မဟုတ်လား။ ဝင်ငွေရဲ့ နှစ်ပုံကို ပြန်လည်ရင်းနှီးမြှုပ်နှံမယ်၊ ကျန်တဲ့တစ်ပုံကိုပဲ မိသားစု စားကြရမှာလေ။ ဒါမှသာ လှူလည်း လှူ၊ ထားလည်းထား၊ စားလည်းစားမှ များလည်းများလာနိုင်မယ်မဟုတ်လား။

ဒါကြောင့် ပြောတာပေါ့ တတ်နိုင်သလောက်လှူပြီးရင် အရင်းအနှီး ရအောင်ထားဖို့လည်းလိုသေးတယ်လေ။ အဲဒီလို ဘုရားပေးနဲ့ အညီ သီလနဲ့ ပြည့်စုံ၊ သူတို့ကို ကူညီခြင်လာတာအကောင်းဆုံပါပဲ။ အကျင့်စာရိတ္တကောင်းသူတွေကို ကူညီရင် ကျေးဇူးသိတတ် သလို ကျေးဇူးလည်း ပြန်ဆပ်ကြပါတယ်။ ဒါပေမဲ့ ရိုးသားသယောင် ချမ်းသာသယောင်ဆောင်ပြီး မထင်မှတ်ဘဲ ဇာတိရုပ်ပေါ်လာပြီး လှည့်စားသွားလို့ တစ်ဖက်က ကူညီသူမှာ ဟတ်ထိပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်သွားရတဲ့ သာဓကလေတွေလည်းတွေ့ရပါတယ်။ ဒီလိုလောကမှာ ကတိသစ္စာတည်သူတွေရှိသလို ကတိ ဖောက်ဖျက်တတ်သူတွေလည်းရှိနေတာကို ကိုယ်တွေ့ကြုံ့မှ ပိုလို့ ယုံရပါတော့တယ်။

“ဇေယျာမြင့်မြတ်” တစ်ယောက် မိမိရဲ့ ကိုယ်ပိုင်စီးပွားရေးမှာ အသုံးပြုဖို့ ပရိုဘောက်စ်အိမ်စီးတစ်စီးဝယ်ထားပါတယ်။ ဝယ်သာဝယ်ထားပေမယ့် တစ်ခါတစ်ရံမြို့ထဲ သွားတဲ့အခါမှာ ဖြစ်ဖြစ်၊ ခရီးသွားတဲ့အခါမှာ ဖြစ်ဖြစ်။ ထုတ်စီးဖြစ်ပါတယ်။ ကျန်တဲ့အချိန်မှာတော့ အိမ်မှာဘဲထားလေ့ရှိပါတယ်။ သူ့ရဲ့ စီးပွားရေးကလည်း အိမ်တွင်းစီးပွားရေးဆိုတော့ အဝေးသွားစရာမရှိလို့ မသုံးဖြစ်တာလည်းဖြစ်ပါတယ်။ မိသားစု လုပ်ငန်းကထွက်ရှ်ိလာတဲ့ ပစ္စည်းတွေကလည်း မိမိနေတဲ့ မြို့နယ်အတွင်း ဈေးဆိုင်တွေမှာပဲ ဖောက်သည်သွင်းရတာဖြစ်တော့ ဆိုင်ကယ်တစ်စီးရှိတာနဲ့ လုံလောက်တယ်လေ။

ဒီအခြေအနေကို အတွင်းသိဖြစ်တဲ့ မိတ်ဆွေဖြစ်သူ လူဇော်တစ်ယောက် ဇေယျာမြင့်မြတ်ထံ ကားငှါးဖို့ ရောက်လာပါတယ်။

လူဇော်က အိမ်ခြံမြေ အရောင်းအဝယ်လုပ်ကိုင်နေသူပါ ၂၀၁၂ ခုနှစ် တစ်ခေတ်မှာ ဝယ်ရောင်းပွဲစားလုပ်ရင်း စီးပွားရေး အဆင်ပြေလာသူတစ်ယောက်ပါ။ ဒါကြောင့် သူ့ရဲ့ အကျိုးဆောင်လုပ်ငန်းမှာ ကားမရှိရင် အဆင်မပြေပါဘူး။ တက္ကစီ တစ်စီးငှါးစီးပေမယ့်လည်း တစ်ရက် သုံးသောင်းခွဲဆိုတော့ ရေရှည်မှာ ဘတ်ဂျက်ထိခိုက်ပါတယ်။

ဒါကြောင့် သူ့ရဲ့ အကျိုးဆောင်လုပ်ငန်းအဆင်ပြေဖို့နဲ့ လူအထင်ကြီးစေဖို့ ဇေယျာမြင့်မြတ်ရဲ့ ကိုယ်ပိုင်ကားကို စပေါ် ငါးသိန်းပေးပြီး တစ်လ သုံးသိန်းလပေးစနစ်နဲ့ ကားငှါးဖို့ ကမ်းလှမ်းလာတာပါ။ ဇေယျာမြင့်မြတ်အနေနဲ့ကလည်း တစ်ရပ်ကွက်ထဲမှာ အတူတူနေသူလည်းဖြစ်တယ်။ အသိအကျွမ်းတွေလည်းဖြစ်တယ်။ ပြီးတော့ ကားငှါးလိုက်ခြင်းဖြင့် တစ်လသုံးသိန်း ပုံမှန်ဝင်ငွေရနေမယ်ဆိုတဲ့ စိတ်ကူးနဲ့ ငှါးဖြစ်သွားတယ်လေ။

အိမ်ခြံမြေအကျိုးဆောင်ကြီး လူဇော်တစ်ယောက်အိမ်ခြံမြေတစ်ခေတ်ကောင်းခဲ့စဉ်ကတော့ အရှုံးထက်အမြတ်ကများများရလာတော့ စီးပွားရေးအဆင်ပြေခဲ့တာပေါ့။ ဝယ်ရောင်းပွဲစားအချင်းချင်းတောင် ကိုယ်ပိုင်ကားနဲ့ ကိုယ်ပိုင်တိုက်နဲ့ဆိုတော့ အထင်ကြီးလေးစားခြင်းကိုခံခဲ့ရသူပါ။ အဲဒီအချိန်က ငွေလိုရင် ငွေရပါတယ်။ ရွှေလိုရင် ရွှေရတဲ့အချိန်ဆိုတော့တစ်လသုံးသိန်းဆို သူ့အတွက် မပြောပလောက်ဘူးပေါ့။

အိမ်ခြံမြေအရောင်းအဝယ်တွေကလည်း ဒီလိုပဲ ပုံမှန်အရောင်းအဝယ်ဖြစ်နေပေမယ့် ၂၀၁၅ ခုနှစ်နောက်ပိုင်းကစလို့မြေဈေး အကျဘက်ကို ဦးတည်နေတာ ဒီနေ့အထိပါပဲ။ အိမ်ခြံမြေအရောင်းအဝယ်လောကထဲ တစ်ကယ်ဝင်ကြည့်မှ လူတွေဟာ “ငို့ဘ ငါ့ဖို့” ဆိုတဲ့လူတွေက များတယ်ဆိုတော့ လူဇော်သိလာရတယ်။ “ဟင်းစား” ပဲပေးပြီးတော့ “ ကွန်ချက်” ကို မပြကြဘူး။ ပထမတော့ မြေချပါမစ်နဲ့ ဂရန်မြေ အစစ်အမှန်တွေနဲ့ ရှယ်ယာတူလုပ်ကြတယ်။ “ လူဇော်” ကလည်း လောဘသားမို့ အမြတ်အစွန်းရတာမြင်တော့ စွန့်စားချင်လာတယ်။ အဲဒီမှာ ပွဲစားကြီးတစ်ယောက်က လှိုင်သာယာစက်မှုဇုန်နားက (၂) ကွက်တွဲမြေကွက်ကြီးကို သိန်း ၁၀၀၀ တန်နေပေမယ့် သိန်း ၅၀၀ နဲ့ရောင်းပေးတယ်လေ။ ဗိုက်နာလို့ လျှော့ရောင်းတာလို့ လျှာအရိုးမရှိတိုင်း ယုံကြည်အောင် ပြောတာပေါ့။

“ သိန်း ၅၀၀ လောလောဆယ် လက်ထဲမှာမရှိဘူး ” ပြောတော့ “လွယ်ပါတယ်ကွာ။ မင်းအိမ်နဲ့ကားကိုပေါင်ပြီး ဝယ်ထားလ်ိုက်ပေါ့။ ပြီးတော့ သိန်း ၁၀၀၀ နဲ့ပြန်ရောင်းလိုက်ပေါ့ လို့ စည်းရုံးတာနဲ့ ကားနဲ့အိမ်ကိုပေါင်ပြီး ဝယ်လိုက်တယ်လေ။ ဝယ်ပြီး ပြန်ရောင်းတဲ့အခါ ဝယ်သူတွေကလည်းနေရာကောင်းထောင့်ကွက်မို့ အရမ်းကြိုက်ကြတယ်။ ဒါနဲ့ စရန်ပေးတဲ့နေ့မှာ ရန်ကုန်မြို့တော်ခန်းမမှာ သွားပြီး စစ်ကြည့်တဲ့အခါမှာ အတုကြီးဖြစ်နေမှန်းသိတော့တယ် “လူဇော်” ရူးမတတ် ခံစားရတယ်။

“ ဒီလိုနဲ့ ကားငှါးခ တစ်လ(၃)သိန်းလည်း မပေးနိုင် အိမ်ပေါင်ထားတာလည်း အတိုးမဆပ်နိုင်ဖြစ်နေချိန်မှာ အိမ်ခြံမြေအကြောင်းလေ့လာဘူးခြင်းမရှိတဲ့ ကားပိုင်ရှင် ဇေယျာမြင့်မြတ်ကို ဂရန်ကို အပေါင်ယူးထားပါလို့ ပြောပြီးပေးလိုက်တယ်။ အဲဒီနောက်ပိုင်း လူရော ကားရော ပြန်ပေါ်မလာတော့ဘူး။ ဒီတော့မှ ဇေယျာမြင့်မြတ်လည်း မြို့တော်ခန်းမမှာ ဂရန်သွားစစ်ကြည့်တော့ “ အိုးအ်ိမ် ” ဂရန်အတုကြီးမှန်း သိရတော့တယ်။

အခုချိန်မှာတော့ဇေယျာမြင့်မြတ်တစ်ယောက်သူများအရှုတ်ကြီးကို လက်ထဲမှာ ကိုင်ထားရင်း ဘာဆက်လုပ်ရင်ကောင်းမလဲ စဉ်းစားရခက်နေပါတော့တယ်။ ဒါကြောင့် ဒီခေတ်ကြီးမှာ “ က်ိုယ်ဒူးက်ိုယ်မျှမယုံရ ” လို့ လူကြီးသူမတွေပြောကြတာ တကယ်ဖြစ်နေပါရောလားလို့ တွေးမိပြီး စားမဝင် အိပ်မပျော် သောကတွေပင်လယ်ဝေနေရပါတော့တယ်။

သုခိအတ္တာနံ၊ ပရိဟရန္တု။ ဒုက္ခာမုစ္စန္တု၊ ကမ္မဿကာ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: လွှတ်တော်ရှေ့နေမောင်ကောင်းဖေ

 

[Zawgyi]

ေပးလိုက္တာကပ႐ိုေဘာက္စ္ကား ျပန္ရလာေတာ့ ေျမဂရန္ အတု

ကၽြန္ေတာ္တို႕ ျမန္မာလူမ်ိဳးမ်ားဟာ တစ္ဖက္သားကို အလြန္အားနာတတ္ေသာ စိတ္လြန္ကဲၾကတာကို ေတြ႕ရပါတယ္။ တစ္ဖက္သားအခက္အခဲရွိ၍ အကူအညီေတာင္းလာလ်င္လည္း အစြမ္းကုန္ကူညီတတ္ၾကတာာကို ေတြ႕ရပါတယ္။ အထူးသျဖင့္ ဘာသာေရးအဆံုးအမအတိုင္းလိုက္နာက်င့္သံုးသူမ်ားဆိုရင္ ပိုလို႕ပင္အားနားတတ္ၾကတာကို ေတြ႕ရပါတယ္။

အကူအညီေတာင္းလာသူတစ္ဦးက အသက္ေဘးနဲ႕ ရင္ဆိုင္ရတဲ့အတြက္ေၾကာင့္ ဒုကၡေဘးခံစားေနရတာကို ျမင္ေတြ႕ရရင္ ကူညီခ်င္တဲ့ စိ္တ္ေတြ တစ္ဖြားဖြားေပၚလာကာ ကိုယ္က်ိဳးကို မၾကည့္ဘဲ ကူညီလိုက္တာမ်ိဳးေတြ႕ရတယ္။ စားဝတ္ေနေရး အခက္အခဲျဖစ္ေနရင္လည္း ေငြေၾကးနဲ႕ ကူညီတတ္ၾကျပန္တယ္။

ဒါေပမဲ့ အဲဒီလို ေစတနာတရားအျပည့္နဲ႔ ကူညီေပးလိုက္ေပမယ့္ တစ္ဖက္လူက ေစတနာကို မတံု႕ျပန္ဘဲ ေစတနာနဲ႕ ကူညီတဲ့လူကို ေက်းဇူးမတင္တဲ့အျပင္ ရန္သူသဖြယ္ ဆက္ဆံခံရတာမ်ိဳးေတြလည္း လူ႔ဘဝမွာ ရွိေနတာကိုေတြ႕ရတယ္။

ေစတနာဆိုတဲ့ေနရာမွာ ေစတနာသံုးတန္ (မလွဴမီ၊ လွဴဆဲ ၊ လွဴၿပီး) နဲ႕ လွဴတာေတြကေတာ့ သံသရာေကာင္းဖို႕အတြက္ ရည္မွန္းၿပီး ေပးကမ္းစြန္႕က်ဲတာျဖစ္ပါတယ္။ ပုထုဇဥ္လူသားေတြရဲ႕ဘဝမွာ ရသမွ်အကုန္ေပးကမ္းစြန္႕က်ဲလိုက္လို႕လည္းမျဖစ္ေသးဘူးေလ။ ဗုဒၶဘုရားရွင္ ေဟာၾကားထားတဲ့အတိုင္းတစ္ေန႕ရလာတဲ့ ဝင္ေငြရဲ႕ေလးပံုတစ္ပံုပဲလွဴရတာ မဟုတ္လား။ ဝင္ေငြရဲ႕ ႏွစ္ပံုကို ျပန္လည္ရင္းႏွီးႁမွဳပ္ႏွံမယ္၊ က်န္တဲ့တစ္ပံုကိုပဲ မိသားစု စားၾကရမွာေလ။ ဒါမွသာ လွဴလည္း လွဴ၊ ထားလည္းထား၊ စားလည္းစားမွ မ်ားလည္းမ်ားလာႏိုင္မယ္မဟုတ္လား။

ဒါေၾကာင့္ ေျပာတာေပါ့ တတ္ႏိုင္သေလာက္လွဴၿပီးရင္ အရင္းအႏွီး ရေအာင္ထားဖို႕လည္းလိုေသးတယ္ေလ။ အဲဒီလို ဘုရားေပးနဲ႕ အညီ သီလနဲ႕ ျပည့္စံု၊ သူတို႕ကို ကူညီျခင္လာတာအေကာင္းဆံုပါပဲ။ အက်င့္စာရိတၱေကာင္းသူေတြကို ကူညီရင္ ေက်းဇူးသိတတ္ သလို ေက်းဇူးလည္း ျပန္ဆပ္ၾကပါတယ္။ ဒါေပမဲ့ ႐ိုးသားသေယာင္ ခ်မ္းသာသေယာင္ေဆာင္ၿပီး မထင္မွတ္ဘဲ ဇာတိ႐ုပ္ေပၚလာၿပီး လွည့္စားသြားလို႕ တစ္ဖက္က ကူညီသူမွာ ဟတ္ထိၿပီး စိတ္ဆင္းရဲ ကိုယ္ဆင္းရဲ ျဖစ္သြားရတဲ့ သာဓကေလေတြလည္းေတြ႕ရပါတယ္။ ဒီလိုေလာကမွာ ကတိသစၥာတည္သူေတြရွိသလို ကတိ ေဖာက္ဖ်က္တတ္သူေတြလည္းရွိေနတာကို ကိုယ္ေတြ႕ၾကံဳ႕မွ ပိုလို႔ ယံုရပါေတာ့တယ္။

“ေဇယ်ာျမင့္ျမတ္” တစ္ေယာက္ မိမိရဲ႕ ကိုယ္ပိုင္စီးပြားေရးမွာ အသံုးျပဳဖို႕ ပ႐ိုေဘာက္စ္အိမ္စီးတစ္စီးဝယ္ထားပါတယ္။ ဝယ္သာဝယ္ထားေပမယ့္ တစ္ခါတစ္ရံၿမိဳ႕ထဲ သြားတဲ့အခါမွာ ျဖစ္ျဖစ္၊ ခရီးသြားတဲ့အခါမွာ ျဖစ္ျဖစ္။ ထုတ္စီးျဖစ္ပါတယ္။ က်န္တဲ့အခ်ိန္မွာေတာ့ အိမ္မွာဘဲထားေလ့ရွိပါတယ္။ သူ႔ရဲ႔ စီးပြားေရးကလည္း အိမ္တြင္းစီးပြားေရးဆိုေတာ့ အေဝးသြားစရာမရွိလို႕ မသံုးျဖစ္တာလည္းျဖစ္ပါတယ္။ မိသားစု လုပ္ငန္းကထြက္ရွိ္လာတဲ့ ပစၥည္းေတြကလည္း မိမိေနတဲ့ ၿမိဳ႕နယ္အတြင္း ေဈးဆိုင္ေတြမွာပဲ ေဖာက္သည္သြင္းရတာျဖစ္ေတာ့ ဆိုင္ကယ္တစ္စီးရွိတာနဲ႕ လံုေလာက္တယ္ေလ။

ဒီအေျခအေနကို အတြင္းသိျဖစ္တဲ့ မိတ္ေဆြျဖစ္သူ လူေဇာ္တစ္ေယာက္ ေဇယ်ာျမင့္ျမတ္ထံ ကားငွါးဖို႕ ေရာက္လာပါတယ္။

လူေဇာ္က အိမ္ျခံေျမ အေရာင္းအဝယ္လုပ္ကိုင္ေနသူပါ ၂၀၁၂ ခုႏွစ္ တစ္ေခတ္မွာ ဝယ္ေရာင္းပြဲစားလုပ္ရင္း စီးပြားေရး အဆင္ေျပလာသူတစ္ေယာက္ပါ။ ဒါေၾကာင့္ သူ႕ရဲ႕ အက်ိဳးေဆာင္လုပ္ငန္းမွာ ကားမရွိရင္ အဆင္မေျပပါဘူး။ တကၠစီ တစ္စီးငွါးစီးေပမယ့္လည္း တစ္ရက္ သံုးေသာင္းခြဲဆိုေတာ့ ေရရွည္မွာ ဘတ္ဂ်က္ထိခိုက္ပါတယ္။

ဒါေၾကာင့္ သူ႕ရဲ႕ အက်ိဳးေဆာင္လုပ္ငန္းအဆင္ေျပဖို႕နဲ႕ လူအထင္ႀကီးေစဖို႕ ေဇယ်ာျမင့္ျမတ္ရဲ႕ ကိုယ္ပိုင္ကားကို စေပၚ ငါးသိန္းေပးၿပီး တစ္လ သံုးသိန္းလေပးစနစ္နဲ႕ ကားငွါးဖို႕ ကမ္းလွမ္းလာတာပါ။ ေဇယ်ာျမင့္ျမတ္အေနနဲ႕ကလည္း တစ္ရပ္ကြက္ထဲမွာ အတူတူေနသူလည္းျဖစ္တယ္။ အသိအကၽြမ္းေတြလည္းျဖစ္တယ္။ ၿပီးေတာ့ ကားငွါးလိုက္ျခင္းျဖင့္ တစ္လသံုးသိန္း ပံုမွန္ဝင္ေငြရေနမယ္ဆိုတဲ့ စိတ္ကူးနဲ႕ ငွါးျဖစ္သြားတယ္ေလ။

အိမ္ျခံေျမအက်ိဳးေဆာင္ႀကီး လူေဇာ္တစ္ေယာက္အိမ္ျခံေျမတစ္ေခတ္ေကာင္းခဲ့စဥ္ကေတာ့ အရႈံးထက္အျမတ္ကမ်ားမ်ားရလာေတာ့ စီးပြားေရးအဆင္ေျပခဲ့တာေပါ့။ ဝယ္ေရာင္းပြဲစားအခ်င္းခ်င္းေတာင္ ကိုယ္ပိုင္ကားနဲ႕ ကိုယ္ပိုင္တိုက္နဲ႕ဆိုေတာ့ အထင္ႀကီးေလးစားျခင္းကိုခံခဲ့ရသူပါ။ အဲဒီအခ်ိန္က ေငြလိုရင္ ေငြရပါတယ္။ ေရႊလိုရင္ ေရႊရတဲ့အခ်ိန္ဆိုေတာ့တစ္လသံုးသိန္းဆို သူ႕အတြက္ မေျပာပေလာက္ဘူးေပါ့။

အိမ္ျခံေျမအေရာင္းအဝယ္ေတြကလည္း ဒီလိုပဲ ပံုမွန္အေရာင္းအဝယ္ျဖစ္ေနေပမယ့္ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္းကစလို႕ေျမေဈး အက်ဘက္ကို ဦးတည္ေနတာ ဒီေန႕အထိပါပဲ။ အိမ္ျခံေျမအေရာင္းအဝယ္ေလာကထဲ တစ္ကယ္ဝင္ၾကည့္မွ လူေတြဟာ “ငို႕ဘ ငါ့ဖို႕” ဆိုတဲ့လူေတြက မ်ားတယ္ဆိုေတာ့ လူေဇာ္သိလာရတယ္။ “ဟင္းစား” ပဲေပးၿပီးေတာ့ “ ကြန္ခ်က္” ကို မျပၾကဘူး။ ပထမေတာ့ ေျမခ်ပါမစ္နဲ႕ ဂရန္ေျမ အစစ္အမွန္ေတြနဲ႕ ရွယ္ယာတူလုပ္ၾကတယ္။ “ လူေဇာ္” ကလည္း ေလာဘသားမို႕ အျမတ္အစြန္းရတာျမင္ေတာ့ စြန္႕စားခ်င္လာတယ္။ အဲဒီမွာ ပြဲစားႀကီးတစ္ေယာက္က လိႈင္သာယာစက္မႈဇုန္နားက (၂) ကြက္တြဲေျမကြက္ႀကီးကို သိန္း ၁၀၀၀ တန္ေနေပမယ့္ သိန္း ၅၀၀ နဲ႕ေရာင္းေပးတယ္ေလ။ ဗိုက္နာလို႕ ေလွ်ာ့ေရာင္းတာလို႕ လွ်ာအ႐ိုးမရွိတိုင္း ယံုၾကည္ေအာင္ ေျပာတာေပါ့။

“ သိန္း ၅၀၀ ေလာေလာဆယ္ လက္ထဲမွာမရွိဘူး ” ေျပာေတာ့ “လြယ္ပါတယ္ကြာ။ မင္းအိမ္နဲ႕ကားကိုေပါင္ၿပီး ဝယ္ထားလိ္ုက္ေပါ့။ ၿပီးေတာ့ သိန္း ၁၀၀၀ နဲ႕ျပန္ေရာင္းလိုက္ေပါ့ လို႕ စည္း႐ုံးတာနဲ႕ ကားနဲ႕အိမ္ကိုေပါင္ၿပီး ဝယ္လိုက္တယ္ေလ။ ဝယ္ၿပီး ျပန္ေရာင္းတဲ့အခါ ဝယ္သူေတြကလည္းေနရာေကာင္းေထာင့္ကြက္မို႕ အရမ္းႀကိဳက္ၾကတယ္။ ဒါနဲ႕ စရန္ေပးတဲ့ေန႕မွာ ရန္ကုန္ၿမိဳ႕ေတာ္ခန္းမမွာ သြားၿပီး စစ္ၾကည့္တဲ့အခါမွာ အတုႀကီးျဖစ္ေနမွန္းသိေတာ့တယ္ “လူေဇာ္” ႐ူးမတတ္ ခံစားရတယ္။

“ ဒီလိုနဲ႕ ကားငွါးခ တစ္လ(၃)သိန္းလည္း မေပးႏိုင္ အိမ္ေပါင္ထားတာလည္း အတိုးမဆပ္ႏိုင္ျဖစ္ေနခ်ိန္မွာ အိမ္ျခံေျမအေၾကာင္းေလ့လာဘူးျခင္းမရွိတဲ့ ကားပိုင္ရွင္ ေဇယ်ာျမင့္ျမတ္ကို ဂရန္ကို အေပါင္ယူးထားပါလို႕ ေျပာၿပီးေပးလိုက္တယ္။ အဲဒီေနာက္ပိုင္း လူေရာ ကားေရာ ျပန္ေပၚမလာေတာ့ဘူး။ ဒီေတာ့မွ ေဇယ်ာျမင့္ျမတ္လည္း ၿမိဳ႕ေတာ္ခန္းမမွာ ဂရန္သြားစစ္ၾကည့္ေတာ့ “ အိုးအိ္မ္ ” ဂရန္အတုႀကီးမွန္း သိရေတာ့တယ္။

အခုခ်ိန္မွာေတာ့ေဇယ်ာျမင့္ျမတ္တစ္ေယာက္သူမ်ားအရႈတ္ႀကီးကို လက္ထဲမွာ ကိုင္ထားရင္း ဘာဆက္လုပ္ရင္ေကာင္းမလဲ စဥ္းစားရခက္ေနပါေတာ့တယ္။ ဒါေၾကာင့္ ဒီေခတ္ႀကီးမွာ “ ကိ္ုယ္ဒူးကိ္ုယ္မွ်မယံုရ ” လို႕ လူႀကီးသူမေတြေျပာၾကတာ တကယ္ျဖစ္ေနပါေရာလားလို႕ ေတြးမိၿပီး စားမဝင္ အိပ္မေပ်ာ္ ေသာကေတြပင္လယ္ေဝေနရပါေတာ့တယ္။

သုခိအတၱာနံ၊ ပရိဟရႏၲဳ။ ဒုကၡာမုစၥႏၲဳ၊ ကမၼႆကာ

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ရှင်အိမ်ငှားလိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
ပြင်သစ်နိုင်ငံတွင် အိမ်ငှားက အိမ်လခ မပေးသောကြောင့် အိမ်ရှင်က တံခါးနှင့် ပြတင်းပေါက်များ ဖြုတ်ပစ်
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
အင်္ဂလန်ရှိ ကျေးရွာတစ်ခုတွင် ၁၈ ရာစုကတည်းက ဆောက်လုပ်ခဲ့သည့် နေအိမ်ကို ပြန်လည်ပြင်ဆင်သော ဇနီးမောင်နှံ မီးဖိုဆောင်အောက်မှ
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

Sweet Dream Villa
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service