ပေါင်ချိန်ဇာတ်လမ်းတွဲတွင် ကျန်ကျောင်းအဖြစ်သရုပ်ဆောင်ခဲ့သူ လူပျိုကြီး ကန်နီဟို၏ ပေါင်မုန့်ဆိုင်လေး
ပေါင်ချိန်ဇာတ်လမ်းတွဲတွင် ကျန်ကျောင်းအဖြစ်သရုပ်ဆောင်ခဲ့သူ လူပျိုကြီး ကန်နီဟို၏ ပေါင်မုန့်ဆိုင်လေး - Property News in Myanmar from iMyanmarHouse.com
14 Mar 2022 10:09 am တွင် တင်ခဲ့သည်
5153 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
တရုတ်ပြည်၏ ဂန္ထဝင်ရုပ်သံဇာတ်လမ်းတွဲဖြစ်သော ပြည်သူ့တရားရှင် ပေါင်ချိန်ဇာတ်လမ်းတွဲများတွင် ကျန်ကျောင်းအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော ဟောင်ကောင်ရုပ်ရှင်မင်းသား ကန်နီဟိုသည် ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ ခန့် ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း သူ၏ မုန့်တိုက်တွင် ဖောက်သည်များကို ကိုယ်တိုင်ပေါင်မုန့်များ ထုပ်ပိုးပေးနေဆဲ ဖြစ်သည်။
ဟောင်ကောင်အခြေစိုက် ရုပ်သံကုမ္ပဏီ ATV (Asia Television Limited) ၏ သရုပ်ဆောင်ဖြစ်သော ကန်နီဟိုသည် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သော်လည်း ၁၉၉၃ ခုနှစ်က ထုတ်လွှင့်ခဲ့သော ပြည်သူ့တရားရှင်ဇာတ်ကားဖြင့် လူသိအများဆုံးဖြစ်သည်။
ကန်နီဟိုသည် ရုပ်ရှင်လောကမှ ၂၀၁၁ ခုနှစ်ကတည်းက အနားယူခဲ့ကာ သူ၏မိတ်ဆွေများနှင့်အတူ ကျန်းမာရေးအတွက်ကောင်းမွန်သည့် စားသောက်ကုန်ကုမ္ပဏီတစ်ခု တည်ထောင်ထားသည်။
စားသောက်ကုန်ကုမ္ပဏီတည်နေရာမှာ တရုတ်ပြည်၊ ဟွေ့ကျိုးပြည်နယ်တွင် ဖြစ်သည်။
ကန်နီဟိုသည် သန်းကြွယ်သူဌေးတစ်ဦးဖြစ်ပြီး သတင်းများအရ သူ၏ ကြွယ်ဝမှုမှာ ဟောင်ကောင်ဒေါ်လာ သန်း ၁၀၀ (စင်္ကာပူဒေါ်လာ ၁၇ ဒသမ ၆ သန်း) ရှိသည်ဟု ဆိုသည်။
၂၀၁၈ ခုနှစ်တွင်မူ ကန်နီဟိုသည် သူ၏ကိုယ်ပိုင်မုန့်တိုက်တစ်ခုဖွင့်လှစ်ခဲ့ပြီး ကူစဲ့ကူချန် (Kusekuchen) ဟု အမည်ပေးထားသည်။
သတင်းများအရ ကန်နီဟိုသည် သူ၏မုန့်ဆိုင်တွင် ဖောက်သည်များဝယ်ယူသော မုန့်များကို မကြာခဏ ဝင်ရောက်ထုပ်ပိုးပေးလေ့ရှိသည်ဟု ဆိုသည်။ သူ၏ဆိုင်သို့ မုန့်လာဝယ်ယူသူတစ်ဦးက ကန်နီဟို ရောင်းချပေးချိန် တွေ့မြင်ခဲ့ရပုံကို ဓတာ်ပုံရိုက်ကာ လူမှုကွန်ရက်တွင် တင်ထားခဲ့ပြီး ရုပ်ရှင်မင်းသားဟောင်း ကန်နီဟိုမှာ အလွန်သဘောကောင်းကောင်း ရေးသားထားသည်။
အခြားဖောက်သည်တစ်ဦးကလည်း ကန်နီဟိုက ၎င်းတို့အတွက် ပေါင်မုန့်ထုတ်ပိုးပေးနေပုံကို ဗွီဒီယိုရိုက်ကူးကာ လူမှုကွန်ရက်တွင် တင်ထားခဲ့သည်။ ကန်နီဟိုမှာ အလွန်ပွင့်လင်းဖော်ရွေကြောင်း၊ ဖောက်သည်များနှင့်အတူ လွတ်လပ်စွာ ရယ်ရယ်မောမောရှိနေကြောင်း ရေးသားထားသည်။
ရုပ်ရှင်လောက အပြင်စည်းသို့ ရောက်ရှိနေပြီဖြစ်သော မင်းသားဟောင်း ကန်နီဟိုမှာ အသက် ၆၀ ကျော်ရှိလာပြီဖြစ်ပြီး ယနေ့တိုင် လူပျိုကြီးဖြစ်ကာ နုငယ်စဉ်က ပေါ်ပေါက်ခဲ့ဖူးသော သတင်းများမှာ ယနေ့တိုင် လာရောက်ရိုက်ခတ်နေဆဲ ဖြစ်သည်။
ကန်နီဟိုသည် နုပျိုစဉ်ကာလများက ထိုင်ဝမ်ရုပ်ရှင်မင်းသမီး (ယခု နိုင်ငံရေးသမား) မေချင်းနှင့် ချစ်ကြိုက်ခဲ့ဖူးပြီး နောက်ပိုင်းတွင်မူ လမ်းခွဲခဲ့ကြသည်။
ယခင်က ချစ်ခဲ့ဖူးသူနှစ်ဦးမှာ ယနေ့တိုင် မိတ်ဆွေကောင်းများ ဖြစ်နေဆဲပင်။
ချစ်သူအဖြစ်မှ လမ်းခွဲခဲ့ကြပြီးနောက်ပိုင်း အကယ်၍ ကန်နီဟို အသက် ၆၀ အရွယ်တွင် နှစ်ဦးလုံး လက်မထပ်ရသေးပါက ရွှေရတုအချစ်အဖြစ် ပြန်လည်ပေါင်းဖက်ကြမည်ဟု စနောက်ကာ ပြောခဲ့ကြဖူးသည်။
ကန်နီဟိုသည် လွန်ခဲ့သော ၃ နှစ်ခန့်က အသက် ၆၀ ပြည့်ခဲ့ပြီး ယနေ့တိုင် လူပျိုကြီးဖြစ်နေဆဲပင်။
သူ၏ ပရိသတ်များစွာက ၎င်းတို့ချစ်သူနှစ်ဦးကြားထားခဲ့သည့်ကတိ အမှန်တကယ် အကောင်အထည် ပေါ်လာဖွယ် ရှိ၊ မရှိကို သိလိုကြသည်။
ကန်နီဟို အသက် ၅၀ ကျော်အရွယ်ခန့်ကလည်း မေချင်းနှင့် မိမိအကြား ကတိစကားမှာ အသက်ဝင်နေဆဲဖြစ်ကြောင်း ပြောခဲ့ဖူးသည်။
မကြာသေးမီကမူ အဆိုပါအကြောင်းရပ်နှင့်စပ်လျဉ်းပြီး မေချင်းအား လူတစ်ဦးက မေးမြန်းခဲ့ရာတွင် အသက် ၅၀ ကျော် အရွယ်ရှိပြီဖြစ်သည့် မေချင်းက “နင်တို့ကောင်တွေကလည်း ငါတို့ စနောက်ခဲ့တာကို အတည်ယူနေကြတာလား” ဟု ဆိုသည်။
ကန်နီဟိုအတွက် မျှော်လင့်ချက်မဲ့ပြီ ထင်၏။
မေချင်းက ဆက်ပြောသည်မှာ ကန်နီဟိုနှင့် အဆက်အသွယ်မရှိတော့သည်မှာ နှစ်ပေါင်းအတော်ကြာပြီ ဖြစ်ကြောင်း၊ ယခုအခါ နိုင်ငံရေးကိစ္စများကိုသာ အာရုံစိုက်နေကြောင်း ပြောခဲ့သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Justice Bao Actor Kenny Ho Reportedly Worth S$17.6Mil; Still Packs Bread For Customers At His Bakery (todayonline)
[Zawgyi]
သတင်းများအရ ကန်နီိဟိုသည် သူ၏မုန့်ဆိုင်တွင် ဖောက်သည်များဝယ်ယူသော မုန့်များကို မကြာခဏ ဝင်ရောက်ထုပ်ပိုးပေးလေ့ရှိသည်ဟု ဆိုသည်။ သူ၏ဆိုင်သို့ မုန့်လာဝယ်ယူသူတစ်ဦးက ကန်နီဟို ရောင်းချပေးချိန် တွေ့မြင်ခဲ့ရပုံကို ဓတ်ာပုံရိုက်ကာ လူမှုကွန်ရက်တွင် တင်ထားခဲ့ပြီး ရုပ်ရှင်မင်းသားဟောင်း ကန်နီဟိုမှာ အလွန်သဘောကောင်းကောင်း ရေးသားထားသည်။
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
imyanmarmarket
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service