သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ

သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ - Property Knowledge in Myanmar from iMyanmarHouse.com
11 Mar 2022 12:49 pm တွင် တင်ခဲ့သည်
677 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

အပေါ့အလေး အရေးအခင်းဆိုတာ အပြင်သွားတဲ့အချိန်မှာ မကြုံတွေ့နိုင်ဘူးလို့ ဘယ်သူမှ အတိအကျပြောလို့မရပါဘူး။ ဒီလိုအချိန်မျိုးဆိုရင် စူပါမားကတ် တစ်ခုခုထဲ အမြန်ဝင်ပြီး အများသုံးသန့်စင်ခန်းတွေ ရှာရတော့တာပဲမလား။ ဒါကတော့ သိပ်ပြဿနာမရှိပါဘူး။ ပြဿနာက လက်ဆေးပြီးနောက်ပိုင်းမှ စတာပါ။ တချို့အိမ်သာတွေမှာ တစ်သျှူးထားပေးထားတယ်၊ တချို့မှာက လက်အခြောက်ခံဖို့ အပူပေးစက်တွေ ထားပေးထားတယ်၊ ဒါမှမဟုတ်လည်း ၂မျိုးလုံးပေါ့။ လေ့လာချက်တွေအရ ဒီလက်အခြောက်ခံစက်တွေဟာ ဘက်တီးရီးယားပိုးပေါင်း မြောက်များစွာကို စိုနေတဲ့လက်ပေါ် ပြန်ကပ်သွားစေပြီး လူကိုဒုက္ခဖြစ်စေနိုင်တယ်ဆိုတာ တွေ့ရပါတယ်။

ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။

လက်အခြောက်ခံစက်သည် အပူ၊ အအေး ၂မျိုးလုံးဖြင့် လေမှုတ်ထုတ်ကာ လက်ကိုအခြောက်ခံဖို့ပဲ ဖြစ်ပါတယ်။ အဓိကပြဿနာက စက်ထဲမှာ ရှိနေတဲ့ ဖုန်မှုန့်တွေအပြင် အသုံးပြုသမျှ လူတိုင်းရဲ့ ရောဂါပိုးပေါင်းများစွာ၊ အပေါ့အလေးသွားပြီးလို့ ထွက်လာတဲ့ အနံ့အသက်နဲ့ မျက်စိနဲ့ မမြင်နိုင်တဲ့ ဘက်တီးရီးယားပိုးပေါင်းများစွာ အထဲမှာ ခိုအောင်းနေပါတယ်။ လက်အခြောက်ခံစက်ကို အသုံးပြုတဲ့အခါ နဂို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးထားပြီးသားလက်ပေါ်ကို ရောဂါပိုးတွေနဲ့ ပြည့်နှက်နေတဲ့ လေပြင်းတွေက အရှိန်ပြင်းပြင်းနဲ့ ဝင်လာပြီး လက်ပေါ်ကို ရေတွေကို ခြောက်စေကာ ရောဂါပိုးတွေကို လက်ပေါ်မှာ ဒီအတိုင်း ထားပစ်ခဲ့တာဖြစ်ပါတယ်။

တစ်ချိန်တုန်းကတော့ အများသုံးသန့်စင်ခန်းတွေမှာ လက်အခြောက်ခံစက်ကို တွင်တွင်ကျယ်ကျယ် အသုံးပြုခြင်း မရှိသေးဘဲ တစ်သျှူးလိပ်တွေကိုသာ ရေသုတ်ဖို့အတွက် ထားပေးထားတာပါ။ အဲ့နောက်ပိုင်းမှာတော့ တစ်သျှူးတွေဟာ ဝန်ထုပ်ဝန်ပိုးအမှိုက်ပွစေတယ်၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ် အစရှိတဲ့ အကြောင်းပြချက်တွေနဲ့ တစ်သျှူးတွေအစား လက်အခြောက်ခံစက်ကို နေရာတော်တော်များများက အိမ်သာတွေမှာ တပ်ဆင်လာကြတာပဲဖြစ်ပါတယ်။

လက်အခြောက်ခံစက်ထဲမှာ ဘယ်လိုဘက်တီးရီးယားပိုးမွှားတွေ ရှိနေနိုင်လဲ။

ရောဂါပိုးမွှားအများစုက ပူနွေးစိုစွတ်တဲ့ နေရာကို သဘောကျပြီး သူတို့အတွက် အသက်ရှင်ရတာလည်း လွယ်ကူသလို အကောင်ရေ ပွားများရတာလည်း ပိုလွယ်ပါတယ်။ လက်အခြောက်ခံစက်ဆိုတဲ့အတိုင်း လက်ဆေးပြီးသားရေတွေနဲ့ စိုစွတ်နေတဲ့အပြင် လျှပ်စစ်မီးနဲ့ ဆက်သွယ်ထားတာဖြစ်တဲ့အတွက် အထဲမှာ ပူနွေးစိုစွတ်နေမှာ အသေအချာပါပဲ။ ဒီလို လက်အခြောက်ခံစက်ထဲမှာ

• ဖျားနာခြင်း

• ချောင်းဆိုးခြင်း

• နှာစေးခြင်း

• အအေးမိတုပ်ကွေး

• ဗိုက်အောင့်ဗိုက်နာ

• ဓာတ်မတည့်ခြင်း

• အသားယားယံစေခြင်း

• ဝမ်းပျက်ဝမ်းလျှောအပြင် တခြားရောဂါပေါင်းများစွာကို ဖြစ်စေနိုင်တဲ့ ရောဂါပိုးမွှားတွေအပြင် မစင်ထဲမှာသာ တွေ့ရတတ်တဲ့ ပိုးမွှားတွေလည်း ပါနိုင်ပါတယ်။

ဒါဆိုရင် တစ်သျှူးသုံးရင်တော့ ဘာရောဂါပိုးမှ မကူးစက်နိုင်တော့ဘူးလား။

ဒီနေရာမှာ တစ်ခုပြောချင်တာက ရောဂါပိုးမွှားတွေသည် လေထဲမှာ အမြဲရှိနေနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူပေါင်းများစွာ ဝင်ထွက်သွားလာတဲ့အခါ သူတို့ ရှူသွင်းရှူထုတ်လိုက်တဲ့လေထဲမှာရော၊ အပြင်မသန့်ရှင်းတဲ့ လေထု၊ ဖုန်မှုန့်တွေဟာ ကိုယ့်အသားမှာ ကပ်ငြိနေနိုင်ပါတယ်။ ကွာသွားတာတစ်ခုက လက်အခြောက်ခံစက်တွေက ကိုယ့်လက်အရေပြားပေါ်ကို တိုက်ရိုက်ကျလာတဲ့အတွက် ပိုးကောင်ရေပေါင်းများစွာက တစ်ပါတည်း ကပ်ငြိလာတာဖြစ်ပြီး ကျန်တဲ့ အခြေအနေတွေကတော့ ကပ်ငြိခဲ့ရင်တောင်မှ ပိုးကောင် တစ်ကောင်၊ နှစ်ကောင်လောက်ပဲ ကပ်နိုင်ပါတယ်။

ဒါကြောင့် အများသုံးသန့်စင်ခန်းတွေ ဝင်ပြီး ပြန်ထွက်လာတဲ့အခါ လက်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာဆေးကြောပါ။ ရေစိုနေတဲ့ လက်ကို လက်အခြောက်ခံစက်အစား တစ်သျှူးနဲ့ပဲ သေချာသုတ်ပေးပါ။ ဒါက ပိုစိတ်ချရပြီး ဘေးကင်းပါတယ်။ အကယ်လို့ တစ်သျှူးမထားပေးထားဘူးဆိုရင်တော့ ဒီအတိုင်း ထွက်လာပါ။ ၂ မိနစ်လောက်နေရင် လက်ပေါ်က ရေတွေက သူ့ဘာသာခြောက်သွားပါလိမ့်မယ်။ ဒီကိစ္စကို သေချာလေး ဂရုစိုက်ဖို့ တိုက်တွန်းပေးလိုက်တယ်နော်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-966901767, 09-268022352 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

[Zawgyi]

သန္႔စင္ခန္း လက္အေျခာက္ခံစက္ထဲမွ မေရႏိုင္တဲ့ ဘက္တီးရီးယားပိုးမႊားေတြ

အေပါ့အေလး အေရးအခင္းဆိုတာ အျပင္သြားတဲ့အခ်ိန္မွာ မၾကဳံေတြ႕ႏိုင္ဘူးလို႔ ဘယ္သူမွ အတိအက်ေျပာလို႔မရပါဘူး။ ဒီလိုအခ်ိန္မ်ိဳးဆိုရင္ စူပါမားကတ္ တစ္ခုခုထဲ အျမန္ဝင္ၿပီး အမ်ားသုံးသန္႔စင္ခန္းေတြ ႐ွာရေတာ့တာပဲမလား။ ဒါကေတာ့ သိပ္ျပႆနာမ႐ွိပါဘူး။ ျပႆနာက လက္ေဆးၿပီးေနာက္ပိုင္းမွ စတာပါ။ တခ်ိဳ႕အိမ္သာေတြမွာ တစ္သွ်ဴးထားေပးထားတယ္၊ တခ်ိဳ႕မွာက လက္အေျခာက္ခံဖို႔ အပူေပးစက္ေတြ ထားေပးထားတယ္၊ ဒါမွမဟုတ္လည္း ၂မ်ိဳးလုံးေပါ့။ ေလ့လာခ်က္ေတြအရ ဒီလက္အေျခာက္ခံစက္ေတြဟာ ဘက္တီးရီးယားပိုးေပါင္း ေျမာက္မ်ားစြာကို စိုေနတဲ့လက္ေပၚ ျပန္ကပ္သြားေစၿပီး လူကိုဒုကၡျဖစ္ေစႏိုင္တယ္ဆိုတာ ေတြ႕ရပါတယ္။

ဘာေၾကာင့္ ဒီလိုျဖစ္ရတာလဲ။

လက္အေျခာက္ခံစက္သည္ အပူ၊ အေအး ၂မ်ိဳးလုံးျဖင့္ ေလမႈတ္ထုတ္ကာ လက္ကိုအေျခာက္ခံဖို႔ပဲ ျဖစ္ပါတယ္။ အဓိကျပႆနာက စက္ထဲမွာ ႐ွိေနတဲ့ ဖုန္မႈန္႔ေတြအျပင္ အသုံးျပဳသမွ် လူတိုင္းရဲ႕ ေရာဂါပိုးေပါင္းမ်ားစြာ၊ အေပါ့အေလးသြားၿပီးလို႔ ထြက္လာတဲ့ အနံ႔အသက္နဲ႔ မ်က္စိနဲ႔ မျမင္ႏိုင္တဲ့ ဘက္တီးရီးယားပိုးေပါင္းမ်ားစြာ အထဲမွာ ခိုေအာင္းေနပါတယ္။ လက္အေျခာက္ခံစက္ကို အသုံးျပဳတဲ့အခါ နဂို ဆပ္ျပာနဲ႔ ေရနဲ႔ ေသခ်ာေဆးထားၿပီးသားလက္ေပၚကို ေရာဂါပိုးေတြနဲ႔ ျပည့္ႏွက္ေနတဲ့ ေလျပင္းေတြက အ႐ွိန္ျပင္းျပင္းနဲ႔ ဝင္လာၿပီး လက္ေပၚကို ေရေတြကို ေျခာက္ေစကာ ေရာဂါပိုးေတြကို လက္ေပၚမွာ ဒီအတိုင္း ထားပစ္ခဲ့တာျဖစ္ပါတယ္။

တစ္ခ်ိန္တုန္းကေတာ့ အမ်ားသုံးသန္႔စင္ခန္းေတြမွာ လက္အေျခာက္ခံစက္ကို တြင္တြင္က်ယ္က်ယ္ အသုံးျပဳျခင္း မ႐ွိေသးဘဲ တစ္သွ်ဴးလိပ္ေတြကိုသာ ေရသုတ္ဖို႔အတြက္ ထားေပးထားတာပါ။ အဲ့ေနာက္ပိုင္းမွာေတာ့ တစ္သွ်ဴးေတြဟာ ဝန္ထုပ္ဝန္ပိုးအမိႈက္ပြေစတယ္၊ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္ေစတယ္ အစ႐ွိတဲ့ အေၾကာင္းျပခ်က္ေတြနဲ႔ တစ္သွ်ဴးေတြအစား လက္အေျခာက္ခံစက္ကို ေနရာေတာ္ေတာ္မ်ားမ်ားက အိမ္သာေတြမွာ တပ္ဆင္လာၾကတာပဲျဖစ္ပါတယ္။

လက္အေျခာက္ခံစက္ထဲမွာ ဘယ္လိုဘက္တီးရီးယားပိုးမႊားေတြ ႐ွိေနႏိုင္လဲ။

ေရာဂါပိုးမႊားအမ်ားစုက ပူေႏြးစိုစြတ္တဲ့ ေနရာကို သေဘာက်ၿပီး သူတို႔အတြက္ အသက္႐ွင္ရတာလည္း လြယ္ကူသလို အေကာင္ေရ ပြားမ်ားရတာလည္း ပိုလြယ္ပါတယ္။ လက္အေျခာက္ခံစက္ဆိုတဲ့အတိုင္း လက္ေဆးၿပီးသားေရေတြနဲ႔ စိုစြတ္ေနတဲ့အျပင္ လွ်ပ္စစ္မီးနဲ႔ ဆက္သြယ္ထားတာျဖစ္တဲ့အတြက္ အထဲမွာ ပူေႏြးစိုစြတ္ေနမွာ အေသအခ်ာပါပဲ။ ဒီလို လက္အေျခာက္ခံစက္ထဲမွာ

• ဖ်ားနာျခင္း

• ေခ်ာင္းဆိုးျခင္း

• ႏွာေစးျခင္း

• အေအးမိတုပ္ေကြး

• ဗိုက္ေအာင့္ဗိုက္နာ

• ဓာတ္မတည့္ျခင္း

• အသားယားယံေစျခင္း

• ဝမ္းပ်က္ဝမ္းေလွ်ာအျပင္ တျခားေရာဂါေပါင္းမ်ားစြာကို ျဖစ္ေစႏိုင္တဲ့ ေရာဂါပိုးမႊားေတြအျပင္ မစင္ထဲမွာသာ ေတြ႕ရတတ္တဲ့ ပိုးမႊားေတြလည္း ပါႏိုင္ပါတယ္။

ဒါဆိုရင္ တစ္သွ်ဴးသုံးရင္ေတာ့ ဘာေရာဂါပိုးမွ မကူးစက္ႏိုင္ေတာ့ဘူးလား။

ဒီေနရာမွာ တစ္ခုေျပာခ်င္တာက ေရာဂါပိုးမႊားေတြသည္ ေလထဲမွာ အၿမဲ႐ွိေနႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ လူေပါင္းမ်ားစြာ ဝင္ထြက္သြားလာတဲ့အခါ သူတို႔ ႐ွဴသြင္း႐ွဴထုတ္လိုက္တဲ့ေလထဲမွာေရာ၊ အျပင္မသန္႔႐ွင္းတဲ့ ေလထု၊ ဖုန္မႈန္႔ေတြဟာ ကိုယ့္အသားမွာ ကပ္ၿငိေနႏိုင္ပါတယ္။ ကြာသြားတာတစ္ခုက လက္အေျခာက္ခံစက္ေတြက ကိုယ့္လက္အေရျပားေပၚကို တိုက္႐ိုက္က်လာတဲ့အတြက္ ပိုးေကာင္ေရေပါင္းမ်ားစြာက တစ္ပါတည္း ကပ္ၿငိလာတာျဖစ္ၿပီး က်န္တဲ့ အေျခအေနေတြကေတာ့ ကပ္ၿငိခဲ့ရင္ေတာင္မွ ပိုးေကာင္ တစ္ေကာင္၊ ႏွစ္ေကာင္ေလာက္ပဲ ကပ္ႏိုင္ပါတယ္။

ဒါေၾကာင့္ အမ်ားသုံးသန္႔စင္ခန္းေတြ ဝင္ၿပီး ျပန္ထြက္လာတဲ့အခါ လက္ကို ဆပ္ျပာနဲ႔ ေရနဲ႔ ေသခ်ာေဆးေၾကာပါ။ ေရစိုေနတဲ့ လက္ကို လက္အေျခာက္ခံစက္အစား တစ္သွ်ဴးနဲ႔ပဲ ေသခ်ာသုတ္ေပးပါ။ ဒါက ပိုစိတ္ခ်ရၿပီး ေဘးကင္းပါတယ္။ အကယ္လို႔ တစ္သွ်ဴးမထားေပးထားဘူးဆိုရင္ေတာ့ ဒီအတိုင္း ထြက္လာပါ။ ၂ မိနစ္ေလာက္ေနရင္ လက္ေပၚက ေရေတြက သူ႕ဘာသာေျခာက္သြားပါလိမ့္မယ္။ ဒီကိစၥကို ေသခ်ာေလး ဂ႐ုစိုက္ဖို႔ တိုက္တြန္းေပးလိုက္တယ္ေနာ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-966901767, 09-268022352 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: hellosayarwon

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
အိမ်ခြံမြေအရေး iMyanmarHouse ကို တွေးလိုက်ပါ🤔
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အိမ်ပိုင်ရှင်များသတိထားနိုင်ဖို့ တစ်ထပ်အိမ်ကို အဆင့်မြှင့်တဲ့အခါ ဆောင်ရန်ရှောင်ဖွယ်အချက် ( ၄) ချက်...
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
အမိုက်စားဒီဇိုင်းတွေနဲ့ ဂေါ်လွန်းတဲ့အချေစတိုင်ကြောင့် နာမည်ကြီးလာတဲ့ Supermeowdel ကြောင်လေး Je Phil
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။...
လိုနီဝီလီဆင်၏ ကြေကွဲဖွယ်ဘဝ (သို့မဟုတ်) ဟောလိဝုဒ်ရုပ်ရှင်မင်းသားတစ်ဦး၏ ဇနီးဟောင်း၊ မဂ္ဂဇင်းမျက်နှာဖုံးရှင် ဖက်ရှင်မော်ဒယ်မှာ ယခုအခါ အိမ်ရာမဲ့ဖြစ်နေပြီး လမ်းများပေါ် အမှိုက်ပုံးများ၌ လိုက်လံရှာဖွေ စားသောက်နေရသည့် ဘဝသို့ ရောက်ရှိနေ...

Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
Jerry James Stone ပြောပြတဲ့ ကြက်သွန်နီကို ၆ လခံအောင် ထားသိုနည်း
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
၃ နာရီထဲနဲ့ အပြီးဆောက်ကာ ကမ္ဘာ့အမြန်ဆုံးဆောက်လုပ်သောစံအိမ်အဖြစ် ဂင်းနက်စံချိန်တင်ခဲ့တဲ့ အမေရိကန်ပြည်က စံအိမ်ကြီး...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်ခဲ့ပုံ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
အမေရိကန်ပြည်တွင် သူခိုးများက နေအိမ်များကို အလုံးလိုက်ခိုးယူလျက်ရှိနေ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ရုပ်ရှင်သရုပ်ဆောင်အဖြစ် မအောင်မြင်သေးမီက လူသေအလောင်းများ သယ်ယူသည့်အလုပ်လုပ်ခဲ့ရသူ Kenny Ho (သို့မဟုတ်) ကျန်ကျောင်း၏ ဘဝဖြ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
လော့စ်အိန်ဂျလိတွင် တောမီးအကြီးအကျယ် လောင်ကျွမ်းလျက်ရှိရာ ဘင်အက်ဖလက်၊ Tom hanks ၊ စတီဗင် စပီးဘာ့ဂ် တို့အပါအဝင် ကမ္ဘာကျော်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဂျပန်မှ အသက် ၇၅ နှစ်အရွယ် သန်းကြွယ်သူဌေး အဘိုးမှာ စက်ဘီးကိုသာစီးကာ အခမဲ့ရသော ကူပွန်များဖြင့်သာ ၃၆ နှစ်လုံး နေထိုင်ရပ်တည်
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ
ဆောက်လုပ်ရေးလုပ်ငန်းများအတွက် CHID ဘဏ်က ချေးငွေထုတ်ပေးလျက်ရှိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Sweet Dream Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service