Right Here Waiting အဆိုတော် Richard Marx ၏ လော့စ်အိန်ဂျလိ စံအိမ်သစ်

Right Here Waiting အဆိုတော် Richard Marx ၏ လော့စ်အိန်ဂျလိ စံအိမ်သစ် - Property News in Myanmar from iMyanmarHouse.com
11 Mar 2022 11:06 am တွင် တင်ခဲ့သည်
1299 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ရစ်ချတ် မာ့ဇ် Richard Marx ၏ Right Here Waiting သီချင်းသည် ကမ္ဘာပေါ်တွင် မကြားဖူးသူ မရှိလောက်အောင် အောင်မြင်မှုရသည့် သီချင်းဖြစ်သည်။

ယခုအခါ ရစ်ချတ် မာ့ဇ်နှင့် ဇနီးဖြစ်သူ ဒေစီ ဖွင်တက်စ် (Daisy Fuentes) တို့စုံတွဲသည် နေအိမ်များ ပိုင်ဆိုင်ထားပြီး ဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျလိမြို့၊ Hidden Hills အရပ်မှ စံအိမ်တစ်လုံးကို ကန်ဒေါ်လာ ၉ သန်းဖြင့် ထပ်မံ ဝယ်ယူလိုက်ပြန်သည်။

ထိုသို့ ဝယ်ယူမှုနှင့် တဆက်တည်းဆိုသလိုပင် ပင်လယ်ကမ်းခြေမြို့ကလေးဖြစ်သော မာလီဘူးမှ စံအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၁ သန်းဖြင့် ရောင်းချလိုက်သည်။

မာလီဘူးစံအိမ်ကို ၂၀၁၅ ခုနှစ်အတွင်း ရစ်ချတ် မာ့ဇ် ဝယ်ခဲ့စဉ်က ကန်ဒေါ်လာ ၅ သန်းကျော် ပေးခဲ့ရသည်။

အသက် ၅၄ နှစ်ရှိပြီဖြစ်သော ကျူးဘားနိုင်ငံသူ ဒေစီသည် အကျော်အမော်တို့၏ အမည်နာမနှင့် ပုံရိပ်ကို စီးပွားရေးလုပ်ငန်းတို့အား မူပိုင်အသုံးချခွင့် လိုင်စင်ပေးခြင်းလုပ်ငန်း စတင်ခဲ့သူတစ်ဦးဖြစ်ပြီး သူမ၏ နာမည်တစ်သက်တာ အသုံးပြုခွင့်အတွက် ကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံအထိ ရရှိထားသူလည်း ဖြစ်သည်။

အသက် ၅၇ နှစ်ရှိပြီဖြစ်သည့် ရစ်ချတ် မာ့ဇ်မှာလည်း အခြားအဆိုတော်များအတွက် ရေးသားပေးခဲ့သည့် သီချင်းများမှ ယနေ့တိုင် မူပိုင်ခ အနုပညာကြေးများ ရရှိနေဆဲဖြစ်သကဲ့သို့ သူကိုယ်တိုင်၏ သီချင်းများမှလည်း ယနေ့တိုင် ဝင်ငွေများ ရရှိနေသည်။

သူ၏ တေးသီချင်းများကို အမေရိကန်ပြည်ထောင်စုတစ်လွှားရှိ ရေဒီယိုများတွင် ယနေ့တိုင် ပုံမှန်ထုတ်လွှင့်လျက် ရှိနေဆဲ ဖြစ်သည်။

ရစ်ချတ်မာ့ဇ်ဝယ်ယူလိုက်သော လော့စ်အိန်ဂျလိစံအိမ်မှာ ၁၉၇၃ ခုနှစ်က ဆောက်လုပ်ခဲ့ကာ ၂၀၁၉ ခုနှစ်အတွင်း တိုးချဲ့ခြင်း၊ မွမ်းမံခြင်းများ ပြုလုပ်ခဲ့သည်။

ကြမ်းခင်းဧရိယာ စတုရန်းပေ ၉၀၀၀ နီးပါးရှိပြီး အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၆ ခန်း ပါဝင်သည်။

ရစ်ချတ်မာ့ဇ်၏ စံအိမ်မှတဆင့် ပတ်ဝန်းကျင်မှ ဝန်းပတ်ထားသော တောင်ကုန်းများနှင့် ဆန်ဖာနန်ဒိုတောင်ကြား၏ ကောင်းကင်မြင်ကွင်းအလှများကို ရှုမြင်နိုင်မည် ဖြစ်သည်။

အရောင်းဈေးကွက်ကြော်ငြာတွင် ရင်သပ်ရှုမောဖွယ် ခေတ်ပြိုင်ဗိသုကာစံအိမ်ကြီးဟု ဖော်ပြထားသည်။

မှန်နံရံများအတိပြီးသော အဝင်လမ်းကြောင်းမှတဆင့် မြင့်မားသည့်မျက်နှာကြက်ရှိသော အဝင်ခန်းမသို့ ရောက်ရှိကာ ထိုမှတဆင့် မီးလင်းဖိုတစ်ခုပါဝင်သည့် တဆင့်နိမ့်သော ဧည့်ခန်းသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။

ကျယ်ပြောသော ဝက်သစ်ချသား ကြမ်းခင်းများမှတဆင့် ညစာစားခန်းနှင့် ကြီးမားသော မီးဖိုဆောင်သို့ ရောက်ရှိမည်ဖြစ်သည်။

စံအိမ်အပေါ်ထပ်တွင် နားနေခန်း၊ သီးသန့်လသာဆောင်နှင့် ခမ်းနားသော ရေချိုးခန်းပါဝင်သည့် master bedroom တစ်ခန်း အပါအဝင် စံအိမ်တွင်း Master Bedroom ၆ ခန်း ပါဝင်သည်။

ယခုစံအ်ိမ်တည်ရှိရာ Hidden Hills တွင် အခြားအကျော်အမော်များစွာလည်း နေထိုင်လျက်ရှိရာ ရက်ပ်အဆိုတော် Lil Wayne ၊ မက်ဒေါနား၊ ကနေဒါ ရက်ပ်အဆိုတော် Drake ၊ Youtube ကြယ်ပွင့် မိတ်ကပ်ပညာရှင် Jeffree Star ၊ ရုပ်ရှင်မင်းသား John Stamos တို့အပြင် ကာဒါရှီယန်မိသားစုဝင်များစွာ လည်း နေထိုင်လျက်ရှိသည်။

ရစ်ချတ်မာ့ဇ်တို့ စုံတွဲသည် အခြားသော တန်ဖိုးကြီးစံအိမ် ၂ လုံးကိုလည်း ပိုင်ဆိုင်ထားသေးရာ တစ်လုံးမှာ မာလီဘူးကမ်းခြေဒေသတွင် တည်ရှိပြီး တန်ကြေး ကန်ဒေါ်လာ ၅ ဒသမ ၈ သန်းရှိသည်။ အဆိုပါစံအိမ်ကို ၎င်းတို့ လက်မထပ်သေးမီက ဒေစီမှ ၂၀၁၃ ခုနှစ်အတွင်း ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

လက်ထပ်ပြီးနောက် ၂၀၁၉ ခုနှစ်တွင် ဖလော်ရီဒါပြည်နယ်၊ မီယာမီမြို့ပြင်မှ အိမ်ခြံမြေဈေးနှုန်းမြင့်မားသည့် အရပ်ဖြစ်သော Coral Gables တွင် ကန်ဒေါ်လာ ၃ ဒသမ ၁ သန်းတန် စံအိမ်တစ်လုံးကို ဝယ်ယူခဲ့သည်။

(ရစ်ချတ် မာ့ဇ် ဘာလဲ)

ရစ်ချတ်မာ့ဇ် (မွေး-၁၉၆၃) သည် အမေရိကန် ပေါ့ပ်ရော့ခ်အဆိုတော်ဖြစ်သည်။

ရစ်ချတ်မာ့ဇ်သည် ဂီတသမိုင်းတွင် ပထမဆုံး single ဓာတ်ပြား ၇ ခွေ Billboard ၏ Top 5 စာရင်းဝင်သည့် တစ်ဦးတည်းသော အမျိုးသားအဆိုတော်လည်း ဖြစ်သည်။

သူ၏ ကမ္ဘာ့အကျော်ကြားဆုံး သီချင်းများမှာ Right Here Waiting, Hold on to the nights, Endless summer nights, Satisfied အစရှိသည်တို့ ဖြစ်သည်။

၂၀၀၃ ခုနှစ်တွင် Dance with my father သီချင်းဖြင့် တစ်နှစ်တာအကောင်းဆုံးသီချင်း ဂရမ်မီဆု ရရှိခဲ့သည်။

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

Right here waiting စိုးသူ-မင်းသိသင့်တယ်/ ဂျေမောင်မောင်-စောင့်နေမယ်

Endless summer nights ဟန်ထွန်း- ရင်နာတယ်အေပရယ်

Now &forever ညီပုလေး- နောင်လာမယ့်နေ့များ

The way she love me ဇော်ပိုင်- အဘိုးအိုရဲ့ ဒိုင်ယာရီ

Angelia တူးတူး- မမေ့နိုင်သူမို့

Hazard- ဂျေမောင်မောင်- နွေလမ်းမများ

(အဆိုပါသီချင်းကို ဘိုဘိုနှင့် ညီပုလေးတို့၏ ရင်ခုန်နှစ်သစ်စီးရီးတွင် မင်းအတွက် ကံမကောင်းတဲ့ကိုယ် ဟူသောအမည်ဖြင့် ပြန်လည်သီဆိုထားသေးသည်)

ယခုစာရင်းမှာ Richard Marx ၏ သီချင်းများကို ပြန်လည်သီဆိုထားမှုများမှ အချို့သာဖြစ်ပါသည်။ ကျန်ရှိနေသေးသော သီချင်းများကို ကွန်မန့်မှာ ရေးသားပေးခဲ့ကြပါဦး။

(ဆက်စပ်သတင်း)

ရစ်ချတ်မာ့ဇ်၏ စံအိမ်အကြောင်း ဖတ်ရှုရမှုအပေါ် ကျေနပ်နှစ်သက်မည်ဟု iMyanmarHouse.com မှ မျှော်လင့်ပါသည်။ ဖတ်ရှုပြီးနောက် သင်၏ ထင်မြင်ယူဆချက်များကိုလည်း ကွန်မန့်တွင် ဝေမျှပေးခဲ့ပါဦးနော်။ ရစ်ချတ်မာ့ဇ်၏ စံအိမ်အကြောင်းကဲ့သို့ အခြားသော အကျော်အမော်များ၏ စံအိမ်များအကြောင်းကိုလည်း iMyanmarHose.com ၏ သတင်းစာမျက်နှာ https://www.iMyanmarHouse.com/news တွင် ဖတ်ရှုနိုင်ပါသည်။

နောက်ဆုံးအချက်ကား အခြားမည်သည့် အကျော်အမော်၏ စံအိမ်အကြောင်း iMyanmarHouse.com မှာ ဖတ်ရှုလိုပါသလဲ။ ဖတ်ချင်သည့် အကျော်အမော်၏ အမည်ကို ကွန်မန့်မှာ ရေးသားပေးခဲ့ကြပါဦး။

အဆုံးအထိ ဖတ်ရှုပေးသည့်အတွက် ကျေးဇူးတင်ပါသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Daisy Fuentes, Richard Marx Sell in Malibu, Buy $9M Hidden Hills Mansion (hollywoodreporter)

[Zawgyi]

Right Here Waiting အဆိုေတာ္ Richard Marx ၏ ေလာ့စ္အိန္ဂ်လိ စံအိမ္သစ္

ရစ္ခ်တ္ မာ့ဇ္ Richard Marx ၏ Right Here Waiting သီခ်င္းသည္ ကမၻာေပၚတြင္ မၾကားဖူးသူ မရွိေလာက္ေအာင္ ေအာင္ျမင္မႈရသည့္ သီခ်င္းျဖစ္သည္။

ယခုအခါ ရစ္ခ်တ္ မာ့ဇ္ႏွင့္ ဇနီးျဖစ္သူ ေဒစီ ဖြင္တက္စ္ (Daisy Fuentes) တို႔စံုတြဲသည္ ေနအိမ္မ်ား ပိုင္ဆိုင္ထားျပီး ျဖစ္ေသာ္လည္း အေမရိကန္ျပည္ေထာင္စု၊ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Hidden Hills အရပ္မွ စံအိမ္တစ္လံုးကို ကန္ေဒၚလာ ၉ သန္းျဖင့္ ထပ္မံ ဝယ္ယူလုိက္ျပန္သည္။

ထိုသို႔ ဝယ္ယူမႈႏွင့္ တဆက္တည္းဆိုသလိုပင္ ပင္လယ္ကမ္းေျချမိဳ႕ကေလးျဖစ္ေသာ မာလီဘူးမွ စံအိမ္ကို ကန္ေဒၚလာ ၆ ဒသမ ၁ သန္းျဖင့္ ေရာင္းခ်လိုက္သည္။

မာလီဘူးစံအိမ္ကို ၂၀၁၅ ခုႏွစ္အတြင္း ရစ္ခ်တ္ မာ့ဇ္ ဝယ္ခဲ့စဥ္က ကန္ေဒၚလာ ၅ သန္းေက်ာ္ ေပးခဲ့ရသည္။

အသက္ ၅၄ ႏွစ္ရွိျပီျဖစ္ေသာ က်ဴးဘားႏိုင္ငံသူ ေဒစီသည္ အေက်ာ္အေမာ္တို႔၏ အမည္နာမႏွင့္ ပံုရိပ္ကို စီးပြားေရးလုပ္ငန္းတို႔အား မူပိုင္အသံုးခ်ခြင့္ လိုင္စင္ေပးျခင္းလုပ္ငန္း စတင္ခဲ့သူတစ္ဦးျဖစ္ျပီး သူမ၏ နာမည္တစ္သက္တာ အသံုးျပဳခြင့္အတြက္ ကန္ေဒၚလာ ၁ ဒသမ ၅ ဘီလီယံအထိ ရရွိထားသူလည္း ျဖစ္သည္။

အသက္ ၅၇ ႏွစ္ရွိျပီျဖစ္သည့္ ရစ္ခ်တ္ မာ့ဇ္မွာလည္း အျခားအဆိုေတာ္မ်ားအတြက္ ေရးသားေပးခဲ့သည့္ သီခ်င္းမ်ားမွ ယေန႔တိုင္ မူပိုင္ခ အႏုပညာေၾကးမ်ား ရရွိေနဆဲျဖစ္သကဲ့သို႔ သူကိုယ္တိုင္၏ သီခ်င္းမ်ားမွလည္း ယေန႔တုိင္ ဝင္ေငြမ်ား ရရွိေနသည္။

သူ၏ ေတးသီခ်င္းမ်ားကို အေမရိကန္ျပည္ေထာင္စုတစ္လႊားရွိ ေရဒီယိုမ်ားတြင္ ယေန႔တုိင္ ပံုမွန္ထုတ္လႊင့္လ်က္ ရွိေနဆဲ ျဖစ္သည္။

ရစ္ခ်တ္မာ့ဇ္ဝယ္ယူလိုက္ေသာ ေလာ့စ္အိန္ဂ်လိစံအိမ္မွာ ၁၉၇၃ ခုႏွစ္က ေဆာက္လုပ္ခဲ့ကာ ၂၀၁၉ ခုႏွစ္အတြင္း တိုးခ်ဲ႕ျခင္း၊ မြမ္းမံျခင္းမ်ား ျပဳလုပ္ခဲ့သည္။

ၾကမ္းခင္းဧရိယာ စတုရန္းေပ ၉၀၀၀ နီးပါးရွိျပီး အိပ္ခန္း ၆ ခန္းႏွင့္ ေရခ်ဳိးခန္း ၆ ခန္း ပါဝင္သည္။

ရစ္ခ်တ္မာ့ဇ္၏ စံအိမ္မွတဆင့္ ပတ္ဝန္းက်င္မွ ဝန္းပတ္ထားေသာ ေတာင္ကုန္းမ်ားႏွင့္ ဆန္ဖာနန္ဒိုေတာင္ၾကား၏ ေကာင္းကင္ျမင္ကြင္းအလွမ်ားကို ရႈျမင္ႏိုင္မည္ ျဖစ္သည္။

အေရာင္းေစ်းကြက္ေၾကာ္ျငာတြင္ ရင္သပ္ရႈေမာဖြယ္ ေခတ္ျပိဳင္ဗိသုကာစံအိမ္ၾကီးဟု ေဖာ္ျပထားသည္။

မွန္နံရံမ်ားအတိျပီးေသာ အဝင္လမ္းေၾကာင္းမွတဆင့္ ျမင့္မားသည့္မ်က္ႏွာၾကက္ရွိေသာ အဝင္ခန္းမသို႔ ေရာက္ရွိကာ ထိုမွတဆင့္ မီးလင္းဖိုတစ္ခုပါဝင္သည့္ တဆင့္နိမ့္ေသာ ဧည့္ခန္းသို႔ ေရာက္ရွိႏိုင္မည္ ျဖစ္သည္။

က်ယ္ေျပာေသာ ဝက္သစ္ခ်သား ၾကမ္းခင္းမ်ားမွတဆင့္ ညစာစားခန္းႏွင့္ ၾကီးမားေသာ မီးဖုိေဆာင္သို႔ ေရာက္ရွိမည္ျဖစ္သည္။

စံအိမ္အေပၚထပ္တြင္ နားေနခန္း၊ သီးသန္႔လသာေဆာင္ႏွင့္ ခမ္းနားေသာ ေရခ်ဳိးခန္းပါဝင္သည့္ master bedroom တစ္ခန္း အပါအဝင္ စံအိမ္တြင္း Master Bedroom ၆ ခန္း ပါဝင္သည္။

ယခုစံအိ္မ္တည္ရွိရာ Hidden Hills တြင္ အျခားအေက်ာ္အေမာ္မ်ားစြာလည္း ေနထိုင္လ်က္ရွိရာ ရက္ပ္အဆိုေတာ္ Lil Wayne ၊ မက္ေဒါနား၊ ကေနဒါ ရက္ပ္အဆိုေတာ္ Drake ၊ Youtube ၾကယ္ပြင့္ မိတ္ကပ္ပညာရွင္ Jeffree Star ၊ ရုပ္ရွင္မင္းသား John Stamos တို႔အျပင္ ကာဒါရွီယန္မိသားစုဝင္မ်ားစြာ လည္း ေနထုိင္လ်က္ရွိသည္။

ရစ္ခ်တ္မာ့ဇ္တို႔ စံုတြဲသည္ အျခားေသာ တန္ဖိုးၾကီးစံအိမ္ ၂ လံုးကိုလည္း ပိုင္ဆိုင္ထားေသးရာ တစ္လံုးမွာ မာလီဘူးကမ္းေျခေဒသတြင္ တည္ရွိျပီး တန္ေၾကး ကန္ေဒၚလာ ၅ ဒသမ ၈ သန္းရွိသည္။ အဆိုပါစံအိမ္ကို ၎တို႔ လက္မထပ္ေသးမီက ေဒစီမွ ၂၀၁၃ ခုႏွစ္အတြင္း ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

လက္ထပ္ျပီးေနာက္ ၂၀၁၉ ခုႏွစ္တြင္ ဖေလာ္ရီဒါျပည္နယ္၊ မီယာမီျမိဳ႕ျပင္မွ အိမ္ျခံေျမေစ်းႏႈန္းျမင့္မားသည့္ အရပ္ျဖစ္ေသာ Coral Gables တြင္ ကန္ေဒၚလာ ၃ ဒသမ ၁ သန္းတန္ စံအိမ္တစ္လံုးကို ဝယ္ယူခဲ့သည္။

(ရစ္ခ်တ္ မာ့ဇ္ ဘာလဲ)

ရစ္ခ်တ္မာ့ဇ္ (ေမြး-၁၉၆၃) သည္ အေမရိကန္ ေပါ့ပ္ေရာ့ခ္အဆိုေတာ္ျဖစ္သည္။

ရစ္ခ်တ္မာ့ဇ္သည္ ဂီတသမိုင္းတြင္ ပထမဆံုး single ဓာတ္ျပား ၇ ေခြ Billboard ၏ Top 5 စာရင္းဝင္သည့္ တစ္ဦးတည္းေသာ အမ်ဳိးသားအဆိုေတာ္လည္း ျဖစ္သည္။

သူ၏ ကမၻာ့အေက်ာ္ၾကားဆံုး သီခ်င္းမ်ားမွာ Right Here Waiting, Hold on to the nights, Endless summer nights, Satisfied အစရွိသည္တို႔ ျဖစ္သည္။

၂၀၀၃ ခုႏွစ္တြင္ Dance with my father သီခ်င္းျဖင့္ တစ္ႏွစ္တာအေကာင္းဆံုးသီခ်င္း ဂရမ္မီဆု ရရွိခဲ့သည္။

(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)

Right here waiting စိုးသူ-မင္းသိသင့္တယ္/ ေဂ်ေမာင္ေမာင္-ေစာင့္ေနမယ္

Endless summer nights ဟန္ထြန္း- ရင္နာတယ္ေအပရယ္

Now &forever ညီပုေလး- ေနာင္လာမယ့္ေန႔မ်ား

The way she love me ေဇာ္ပိုင္- အဘိုးအိုရဲ႕ ဒိုင္ယာရီ

Angelia တူးတူး- မေမ့ႏိုင္သူမို႔

Hazard- ေဂ်ေမာင္ေမာင္- ေႏြလမ္းမမ်ား

(အဆိုပါသီခ်င္းကို ဘိုဘိုႏွင့္ ညီပုေလးတို႔၏ ရင္ခုန္ႏွစ္သစ္စီးရီးတြင္ မင္းအတြက္ ကံမေကာင္းတဲ့ကိုယ္ ဟူေသာအမည္ျဖင့္ ျပန္လည္သီဆိုထားေသးသည္)

ယခုစာရင္းမွာ Richard Marx ၏ သီခ်င္းမ်ားကို ျပန္လည္သီဆုိထားမႈမ်ားမွ အခ်ဳိ႕သာျဖစ္ပါသည္။ က်န္ရွိေနေသးေသာ သီခ်င္းမ်ားကို ကြန္မန္႔မွာ ေရးသားေပးခဲ့ၾကပါဦး။

(ဆက္စပ္သတင္း)

ရစ္ခ်တ္မာ့ဇ္၏ စံအိမ္အေၾကာင္း ဖတ္ရႈရမႈအေပၚ ေက်နပ္ႏွစ္သက္မည္ဟု iMyanmarHouse.com မွ ေမွ်ာ္လင့္ပါသည္။ ဖတ္ရႈျပီးေနာက္ သင္၏ ထင္ျမင္ယူဆခ်က္မ်ားကိုလည္း ကြန္မန္႔တြင္ ေဝမွ်ေပးခဲ့ပါဦးေနာ္။ ရစ္ခ်တ္မာ့ဇ္၏ စံအိမ္အေၾကာင္းကဲ့သို႔ အျခားေသာ အေက်ာ္အေမာ္မ်ား၏ စံအိမ္မ်ားအေၾကာင္းကိုလည္း iMyanmarHose.com ၏ သတင္းစာမ်က္ႏွာ https://www.iMyanmarHouse.com/news တြင္ ဖတ္ရႈႏိုင္ပါသည္။

ေနာက္ဆံုးအခ်က္ကား အျခားမည္သည့္ အေက်ာ္အေမာ္၏ စံအိမ္အေၾကာင္း iMyanmarHouse.com မွာ ဖတ္ရႈလိုပါသလဲ။ ဖတ္ခ်င္သည့္ အေက်ာ္အေမာ္၏ အမည္ကို ကြန္မန္႔မွာ ေရးသားေပးခဲ့ၾကပါဦး။

အဆံုးအထိ ဖတ္ရႈေပးသည့္အတြက္ ေက်းဇူးတင္ပါသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Daisy Fuentes, Richard Marx Sell in Malibu, Buy $9M Hidden Hills Mansion (hollywoodreporter)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
အိန္ဒိယတွင် ကျောင်းဆရာတစ်ဦးက ကမ္ဘာကျော် တပ်ဂျ်မဟာဗိမာန်ကြီး၏ ပုံတူ စံအိမ်ကြီးတစ်လုံးကို ၃ နှစ်ကြာ အချိန်ယူဆောက်လုပ်ကာ ဇနီးဖြစ်သူ ကျောင်းဆရာမအား လက်ဆောင်ပေး...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
[ကမ္ဘာ့အကြီးမားဆုံးသစ်တောပြုန်းတီးမှုကြီး] အင်ဒိုနီးရှားတွင် ဘယ်လ်ဂျီယံနိုင်ငံ အကျယ်အဝန်းခန့်ရှိသော သစ်တောဧရိယာ ခုတ်ထွင်ရှင်းလင်းရန် စီစဉ်နေ...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင်ခြင်းမှာ အိမ်ငှားနေထိုင်ခြင်းအောက် ကုန်ကျစရိတ် ပိုမိုသက်သာသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
ကင်ညာနိုင်ငံတွင် ဘယ်လ်ဂျီယံနိုင်ငံသား လူငယ် ၂ ဦးကို ပုရွက်ဆိတ်အကောင် ၅၀၀၀ ခိုးယူမှုဖြင့် ဖမ်းဆီးခဲ့မှု နာမည်ကြီးနေ၊ ပုရွက်ဆိတ်များမှာ ယူရို ၇၀၀၀ တန်ကြေးရှိသည်ဟုဆို...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
တရုတ်ပြည်တွင် ခြေအိတ်များကို နမ်းကြည့်တတ်သည့်အကျင့်ရှိသော ရုံးဝန်ထမ်းအမျိုးသားမှာ အဆုပ်တွင် မှိုစွဲသည့်ရောဂါခံစားရသည့်ဖြစ်ပုံ...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[မပျော်နိုင်သော ပျော်ရွှင်မှု] ထူးဆန်းသော နာမည်ကြောင့် ခက်ခဲစွာ ဘဝဖြတ်သန်းခဲ့ရသည့် ဂျပန်အမျိုးသားတစ်ဦးအကြောင်း...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
[သတို့သား၏ ဝက်သစ်ချပင်] ဂျာမနီတွင် ရာစုနှစ်တစ်ခုကျော် ချစ်သူတို့အကြား စာပို့စေတမန်အဖြစ် အသုံးတော်ခံခဲ့သော သစ်ခေါင်း စာတိုက်ပုံးကြီးအကြောင်း...
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်ပင် မချန်ထားဘဲ တစ်ပြားမကျန် လှူဒါန်းပစ်ခဲ့သော ကိုယ့်ထူးကိုယ်ချွန် အိမ်ခြံမြေ developer ကုမ္ပဏီပိုင်ရှင် သူဌေးကြီး ယူ ပန်နီယန်အက...

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
Mingalar Market
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service